Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 29, 2015

ပြည်သူက ရွေးမှ အစိုးရဖြစ်မှာ


ပြည်သူက ရွေးမှ အစိုးရဖြစ်မှာ

|| လှမျိုးထွန်း ||

စစ်အာဏာရှင် ဟူသော စကားလုံးကို ပုံနှိပ်စာလုံးအဖြစ် မြင်တွေ့ရသည်မှာ မကြာသေးပါ ။ စာပေစိစစ်ရေး ပယ်ဖျက်လိုက်သည်မှစ၍ အတိအလင်း ပြောရသည်ရှိသော် လေးနှစ်တောင် မပြည့်တတ်သေး ။ ဖွင့်သူက ဖွင့်သောအခါ စာပေသမားတွေ သတင်းစာဆရာတွေကလည်း အားရပါးရ ရေးလာကြသည် ။ ကာတွန်းဆရာများကား အပြောင်မြောက်ဆုံးပင် ဖြစ်သည် ။ တစ်ခါမှ မဖတ်ဖူးသော စာတွေကို ဖတ်ရတော့ ပြည်သူတွေ ဝမ်းသာအားရ ဖြစ်ရသည် ။ 

ဒါတင်မကသေး ပုဂ္ဂလိကပိုင် သတင်းစာတွေကို ထုတ်ဝေခွင့် ပြုလိုက်သောအခါ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားသည် ။ ဒီမိုကရေစီခေတ် ရောက်ပြီဟုပင် မှတ်ထင်ရသည် ။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကနေ လပိုင်းအတွင်း ပြည်သူ့သမ္မတကြီး ဖြစ်ခဲ့သော ဦးသိန်းစိန်ကို မေတ္တာတွေ ပွားများကြသည် ။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်း ၊ မင်းကိုနိုင်နှင့် ၈၈ ကျောင်းသားများ အပါအဝင် နိုင်ငံရေးသမားတွေကို ပြန်လွှတ် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး တရားဝင် တွေ့ဆုံစသော လုပ်ရပ်တွေ သတင်းစာတွေမှာ နေရာယူလာခဲ့သည်။ ဒါတွေဟာ အမှန်တကယ် ပြောင်းလဲတာမှ ဟုတ်ပါလေစ ။

၁၉၈၈ ခုနှစ်မှ ၂၀၁၀ အထိ ၂၂ နှစ်နီးပါး တစ်နိုင်ငံလုံးကို ဓားမိုးအုပ်ချုပ်သွားခဲ့သော ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်ကြီးငယ်များကို မေ့သလောက် ဖြစ်သွားသည်။ အနီးစပ်ဆုံး ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုခေါ် သံဃာတော်များ၏ မေတ္တာသုတ်ရွတ်ဆို လမ်းလျှောက်မှုကို ပစ်ခတ်ရိုက်နှက် ဖမ်းဆီးနှိမ်နင်းခဲ့သူတွေကို ပြန်သတိ မရနိုင် သလို ဖြစ်လာသည် ။ ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် သောင်းချီသေဆုံးကာ သိန်းချီ၍ ကျန်ရစ်သော ဒုက္ခအတိ ရောက်နေသည့် ထမင်းရှင် ဧရာဝတီသား ပြည်သူများအား လက်လွတ်စပယ်ပစ်ကာ အခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုခဲ့တာကို အတိတ်မှာ ထားခဲ့ရမလို ဖြစ်ကုန်သည်။

ဒီလိုပြုပြင် ပြောင်းလဲဖို့အတွက် အခြေခံဥပဒေကြီးကို ဆယ်စုနှစ်ချီ ရေးဆွဲပေးခဲ့သော ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကိုတောင် ကျေးဇူးတင်ရမလို ပြောသူတွေက ပြောကြသည် ။
အကျိုးအမြတ် တွက်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်စကားများကြောင့် အစိုးရ အဖွဲ့တွင် အပေါင်းလက္ခဏာပေါင်း များစွာရခဲ့သည် ။ အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်တွေ ဖြစ်လာသည် ။

အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုတွေ သိသိသာသာ လျော့ကျသွားသည် ။ ခရိုနီ အချို့ကို နာမည်ပျက်စာရင်းမှ ဖယ်ရှားပေးသည် ။ ယခင် စစ်ခေါင်းဆောင်ဟောင်းများ၏ မိသားစုဝင်တွေ ကမ္ဘာပတ်နိုင်လာသည်။ ဝန်ကြီးတွေ အမေရိကန်နှင့် ဥရောပတစ်ခွင် ခရီးလှည့်နိုင်သွားသည် ။ ဆေးလိပ်၊ ဘီယာ၊ အချိုရည်၊ ကြက်ကြော်ဆိုင်တွေ ရန်ကုန်ရောက်လာသည် ။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာသည် ။ ဟိုတယ်တွေ အလျှိုအလျှို ထပ်ဝင်လာသည် ။ ဘဏ်လုပ်ငန်းတွေ လမ်းပွင့်ကုန်သည် ။ ကောင်းတာတွေ ရွေးလုပ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အစိုးရနှင့် အဆက်အသွယ်ကောင်းသူ စီးပွားရေး လုပ်ငန်းရှင်ကြီးများအတွက် အခွင့်အလမ်းတွေ ပိုပွင့်သွားသည် ။

ပြန်တွက်ကြည့်သော် ပြည်သူတွေ အကျိုးထက် အစိုးရနှင့် နီးစပ်သော စီးပွာရေး လုပ်ငန်းများ အခွင့်အလမ်းကောင်းတွေက ပိုများသည်ဟု ပြောနိုင်သည် ။
ရွေးကောက်ပွဲ တွင် ယူနီဖောင်းချွတ်များ ကာရန်နဘေဖြင့် မဲဆွယ်စည်းရုံး လာသောအခါ ရှေးယခင် အာဏာရှင်ခေတ်က ခေါင်းဆောင်ကြီးငယ်များ၏ လက်စွမ်းပြခဲ့ပုံ တို့ကို အမှတ်ရမိသည် ။

မြန်မာ့သမိုင်းတွင် အထင်ကရ အာဏာရှင်ကြီး နှစ်ဦးရှိခဲ့သည် ။ စစ်အာဏာရှင်စနစ်ကို ထူထောင်သူများ ဖြစ်သောကြောင့် သူတို့လုပ်ခဲ့သမျှ ကောင်းတာ အနည်းငယ်သာ ရှိသော်လည်း တိုင်းပြည်ကတော့ ဖွတ်ဖွတ်ညက်ညက် ကျေသွားသည် ။ ပါလီမန် ဒီမိုကရေစီ ခေတ်အလွန် နှစ်ပေါင်း ၅၀ အတွင်း ပြောင်းပြန်ဖြစ်သွားသည် ။ ဒုတိယ ကမ္ဘာစစ်အလွန် လွတ်လပ်စ နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အကောင်းဆုံး ဖြစ် ခဲ့သည် ။ မြန်မာလူမျိုးတစ်ဦး ကမ္ဘာ့ကုလသမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည် အထိ နိုင်ငံတကာတွင် တင့်တယ်ခဲ့သည် ။

ပထမ စစ်အာဏာရှင် လက်ထက် ၂၆ နှစ်ကြာသောအခါ အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲ မြန်မာနိုင်ငံ ရောက်သွားသည် ။

ရွေးကောက်ပွဲကြီး နီးလာပြီ ။ ကိုယ်စားလှယ်လောင်းတွေ ပျားပန်းခတ် လှုပ်ရှားကြသည် ။ ဆန်ပေး ၊ ဆီပေး ၊ ငွေပေး ၊ လက်ဆောင်ပေးနှင့် သဒ္ဓါတရားတွေ အလိုလျောက် ထက်သန် လာကြကုန်၏ ။ လွှတ်တော်ကို ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အကြောင်းပြ ရပ်ဆိုင်းခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရ အကြီးအကဲများမှအစ သက်ဆိုင်ရာဒေသ လွှတ်တော် ကိုယ်စားလှယ်များအဆုံး ဘယ်သူမှ ထိထိရောက်ရောက် ဆောင်ရွက်နေကြကြောင်း သတင်းမကြားရ ။ မဲစာရင်းတွင် မပါဝင်သူများ ၊ ပါဝင်သော်လည်း အမှားမကင်းသူများ ၊ လုံးဝ မပါဝင်သေးသူများ အစရှိသော ပြသနာပေါင်း သောင်းခြောက်ထောင်ကို အတိုက်အခံပါတီကြီး တစ်ခုကလွဲ၍ မည်သူမှ ဂရုမစိုက်ကြ ။

ဒီကြားထဲတွင် နိုင်ငံတော်မှ အကောင်အထည် ဖော်နေသော ဖွံ့ဖြိုးရေးစီမံကိန်းကို သတ်မှတ်ချိန် မီမမီ မသိရသော်လည်း ဖွင့်ပွဲများကို စည်စည်ကားကား ဖြစ်အောင် အတင်း လုပ်သည် ။ လူကြီးများ ကိုယ်တိုင် တက်ရောက်မည့်ပွဲ ဖြစ်သောကြောင့် ထုံးစံ တိုင်း အောက်ခြေအဆင့် ဝန်ထမ်းများနှင့် ဒေသခံများ မလာမနေရ လာအားပေးရပြန်သည် ။ ပါတီမဲဆွယ်ပွဲ မဟုတ်သော်လည်း ထောက်ခံစာတန်းများ ပါသည့် တီရှပ် ဦးထုပ်များ ဝတ်ရ ၊ ဆောင်းရသည် ။ ဗွီနိုင်းပိုစတာများ ကိုင်ကာ ဓာတ်ပုံ အရိုက်ခံပေးကြရသည် ။ ကတ်ထူစက္ကူပေါ် လက်တန်းရေးလာသော ဆိုင်းဘုတ်ငယ်လေးများကို ကိုင်ပြရသည် ။ ပြည်သူတို့၏ ဒုက္ခအပေါင်းက ကြီးမားလှလေပေ၏ ။

နှစ်ပေါင်း ၅၀ ကျော်အတွင်း စစ်ဘက် ရာထူးကြီးကြီးများမှ အနားယူသွားကြသူ အများစု အရပ်ဘက် အုပ်ချုပ်ရေးတွင် နေရာကောင်းတွေ ရတာများသည် ။ ရာထူးမရလျှင်တောင် စီးပွားရေးအတွက် ပူပင်စရာ မလိုအောင် ငွေကြေး ကျိကျိတက် ချမ်းသာသွားကြသည် ။ သို့သော် ထိုသူများသည် စစ်ဘက်မှ အငြိမ်းစားယူသွားသည့်တိုင် စစ်သားစိတ် စစ်ဗိုလ်စိတ် မပျောက်နိုင်ကြသေး ။ တိုင်းပြည်ကို တကယ် ခေါင်းဆောင်သွားသူတိုင်းသည် စစ်ခေါင်းဆောင်များသာ ဖြစ်သည်ဟု လှေနံဓားထစ် ၁၉၆၂ ခုနှစ်မှ စတင်ရေတွက်ကြ စမြဲပင် ဖြစ်သည်။ ၁၉၆၂ ခုနှစ်၏ အစောပိုင်းကာလများကို မျက်လုံးစုံမှိတ် ငြင်းဆိုနေဆဲ ဖြစ်သည် ။

လတ်တလော နိုင်ငံရေးနယ်ပယ်တွင် ကြည့်ပါက အရပ်သား ဖြစ်သွားသည့်တိုင် တိုင်းပြည် ကို ဆက်လက်အကျိုးပြု ရန်မစဉ်းစားဘဲ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အသိုင်းအဝိုင်းတွင် တစ်နည်းနည်းဖြင့် ပါဝင်နိုင်ရန်အတွက် စစ်အာဏာရှင် ခေတ်ကအတိုင်း ဒီမိုကရေစီရေးကို ဘဝနှင့်ရင်း၍ ဆောင်ရွက်နေသူများကို ဝေဖန် ပုတ်ခတ်သောနည်းဖြင့် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုများကို ဆောင်ရွက်လာကြသည်ကို တွေ့မြင်ရသည် ။

သူတို့သာလျှင် တိုင်းပြည်၏ ကယ်တင်ရှင်များ ဖြစ်ကြသည် ။ လောင်းကစား အသုံးအနှုန်းမှ ဆင်းသက်လာသော အရပ်စကားဖြင့်ဆိုသော် ဘာလာလာ ဒေါင်းနိုင်သော မဟာလူသားများ အဖြစ် တွေးထင်နေကြသူများပင် ဖြစ်ကြသည်။ နှစ်ပေါင်း ၅၀ လုံးလုံး သူတို့ လုပ်သမျှ ခေါင်းငုံ့ခံနေခဲ့ရသော ပြည်သူကို အနည်းငယ်မျှပင် ထည့်သွင်းမစဉ်းစား ။ နှစ် ၅၀ ကျော်စစ်တပ်နှင့် စစ်တပ် အငြိမ်းစားပုဂ္ဂိုလ်ကြီးများ အုပ်ချုပ်သွားသော မြန်မာနိုင်ငံ မည်မျှ ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်ကို မမြင်နိုင်မတွေ့ နိုင်သည်အထိ သွေးနားထင် ရောက်သူတွေ အများအပြားရှိသည် ။ ဘာမဆို အာဏာဖြင့်သာ မောင်းနှင်သွားနိုင်သည်ဟု ထင်နေကြဆဲဖြစ်သည် ။

အာဏာရပါတီကြီးမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ မဲဆွယ်မှုများက သာ၍ပင် ဆိုးသေးသည် ။ ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းများကိုပင်လျှင် ၎င်းတို့၏ဒေသ မဲဆန္ဒနယ်မြေအတွက် ၊ တိုင်းပြည်အတွက် ဆောင်ရွက်မှု အဖြစ် ကြေညာမောင်းခတ်နေ သည် ။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရသွားသည်။ အဓိကပြိုင်ဘက်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းလဲကာ အသက်သွင်းထားသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ။ မဆလခေတ် ထိပ်တန်းခေါင်းဆောင်များတစ်ဦးမှ မပါဝင်တော့သော်လည်း ၁၉၆၂ တော်လှန်ရေး ကောင်စီခေတ် လက်ကျန် ဒုတိယတန်း စစ်ခေါင်းဆောင်ဟောင်း အချို့က ဆက်လက်ဦးဆောင်သည် ။ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သည့် နဝတအဖွဲ့နှင့် တပ်မတော်က နိုင်ငံရေးတွင် ဝင်ရောက်မစွက်ဖက် ။ ဒီကနေ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲလိုမျိုး စစ်ဗိုလ်ချုပ်ကြီးတွေ အစုလိုက်အပြုံလိုက် တပ်မှထွက်ကာ ပါတီထဲဝင် ရွေးကောက်ပွဲ ဝင်ပြိုင်တာမျိုးတွေ မလုပ်ခဲ့ ။
ရွေးကောက်ပွဲ ကော်မရှင်မှာတောင် စစ်ဗိုလ်အငြိမ်းစားတွေ မထည့်ထား ။ မဆလအစိုးရ လက်ထက်က ဖွဲ့စည်းပေးခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်အတိုင်း ဂုဏ်သရေရှိ လူကြီးမင်းများပါဝင်ပြီး အိုင်စီအက်စ် ဦးဘဌေးကို ဥက္ကဋ္ဌအရာ ပေးမြဲပေးသည် ။ နောက်ပိုင်း စစ်အစိုးရနှင့် ပူးပေါင်းသွားသော ကော်မရှင်အတွင်းရေးမှူး တစ်ယောက်သာ ပြောစရာရှိသည် ။
သို့သော် နဝတအစိုးရသည် စစ်အစိုးရသာ ဖြစ်သည် ။ မိမိလုပ်ချင်ရာ လုပ်တတ်သောနေရာတွင် ရှေ့က သွားခဲ့သော တော်လှန်ရေးကောင်စီနှင့် မခြား ။ နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ တည်ထောင်ခွင့် ရွေးကောက်ပွဲဝင်ခွင့် ပေးထားသော်လည်း တစ်ဖက်မှ နည်းမျိုးစုံဖြင့် နှောင့်ယှက်သည်။ NLD ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦး အပါအဝင် ထိပ်တန်းခေါင်းဆောင်များ အားလုံးကို အကြောင်းအမျိုးမျိုးဖြင့် ရွေးကောက်ပွဲ မဝင်နိုင်အောင် ဖမ်းဆီးထိန်းသိမ်းထားသည် ။ သို့သော် NLD ပါတီက ရပ်တန့်မသွား ။ ခေါင်းဆောင်များ၏ မူဝါဒအတိုင်း ဆက်လက် ရွေးကောက်ပွဲ ဝင်ခဲ့သည် ။ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော မထင်မှတ်သည့် ရလဒ်အတွက် နဝတစစ်အစိုးရ၏ တုံ့ပြန်ပုံကတော့ ကြမ်းသည်။ လွှတ်တော် ကိုယ်စားလှယ်ဟူသည် အဖမ်းခံ၊ နှိပ်စက်ခံရန် ပြည်သူက ရွေးချယ်ပေးလိုက်သလားဟုတောင် ထင်ရသည် ။ ပြည်ပထွက်ပြေးသူတွေ ထွက်ပြေးကြရသည်အထိ ဖြစ်သည် ။
ရွေးကောက်ပွဲဆိုတာ စစ်တိုက်သလို တစ်ယောက်ကို တစ်ယောက် သူသေကိုယ်သေ အနိုင်အရှုံးပေါ်အောင် တိုက်ခိုက်ရသော ယှဉ်ပြိုင်ပွဲဟု စစ်ဗိုလ်ဟောင်းတွေက မှတ်ထင်နေကြသည် ။ လက်ရှိ ပါတီတွင်း စစ်ဗိုလ်ဟောင်းများ၏ အင်အားဖြင့် မလုံလောက်ဟု သတ်မှတ်ကာ စစ်ကူပေါင်းများစွာ ထပ်ဖြည့် ပေးထားလိုက်သေးသည် ။ ပူပူနွေးနွေး အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ ရွေးကောက်ပွဲဝင်ဖို့ တပ်မှထွက်ခဲ့ကြသည် ။ ရွေးကောက်ပွဲ ကော်မရှင်တစ်ခုလုံး ဥက္ကဋ္ဌမှစ၍ ညွန်ကြားရေးမှူး အလယ် ၊ မြို့နယ်အဆင့်အဆုံး အငြိမ်းစား စစ်ဗိုလ်ဟောင်းတွေ ပြည့်နှက်နေအောင် ဖြည့်ထားသည် ။ အင်အားအပိုင်းတွင်သာ ပြင်ဆင်ထားသည်မဟုတ် ရွေးကောက်ပွဲ နီးလေလေ လက်သပ်မွေး ဘာသာရေး အဖွဲ့အစည်း၏ ဝင်ရောက်စွက်ဖက်မှုက ပိုများလေလေ ဖြစ်လာတာ တွေ့ရသည် ။ ဆန်ပေး၊ ဆီပေး၊ လက်ဆောင်ပေး၊ မှတ်ပုံတင်လုပ်ပေး၊ မုန့်ဖိုးပေးတာတွေအထိ လုပ်လာကြသည် ။ ဒီကနေ့ လက်လွတ်စပယ် ပြောဆိုနေကြသော အစိုးရအရာရှိကြီးများ၏ လေသံများမှာ နဝတနှင့် နအဖ စစ်အစိုးရခေတ် သတင်းစာများတွင် ဝါဒဖြန့်ချိသော နည်းအတိုင်းပင် ဖြစ်သည် ။
ရွေးကောက်ပွဲဆိုတာ ပြည်သူ့မေတ္တာ ခံယူရသော ပွဲပင်ဖြစ်သည် ။ တစ်သက်လုံး လုပ်ချင်ရာလုပ်ခဲ့သူများ၊ ငါးနှစ်လုံးလုံး ထင်ရာစိုင်းထားသူများ မဲဆွယ်ခွင့် နှစ်လအတွင်း ပြည်သူတွေကို မှန်ကန်သောနည်းဖြင့် စည်းရုံးရမည့်အစား ပေါက်လွှတ်ပဲစား စကားပြောသူကပြော ။ ဟိုတိုင်ဒီတိုင် စစ်ကူရှာသူကရှာ ။ အပေးအကမ်းနှင့် ဆွဲဆောင်သူက ဆောင်။ လူမသိသူမသိ ချောင်ကြိုချောင်ကြား နေရာကနေ ဝင်ပြိုင်သူကပြိုင်နှင့် စစ်တိုက်သလို ပျောက်ကျားနည်းဖြင့် သူတစ်လူ ကိုယ်တစ်မင်း စည်းရုံးလှုံ့ဆော် နေကြခြင်းသည် တိုက်ပုံဝတ်ထားသော်လည်း စစ်သားဟောင်းမှန်း သိအောင် တမင်လုပ်နေသည်နှင့် တူသည်။ ဒီအတိုင်းသာဆိုလျှင် အပြောင်းအလဲကို လိုချင်နေသော ပြည်သူအားလုံး၏ ဆန္ဒမဲနှင့် ဝေးတော့မည်မှာ သေချာသည် ။
စစ်တပ်ယူနီဖောင်းဝတ်ဖြင့် အုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်၏ ပေးခဲ့သော ဒုက္ခများဖြင့် တိုင်းပြည်တစ်ခုလုံး ချွတ်ခြုံကျနေသည်မှာ ရာစုနှစ်ဝက် ကျိုးခဲ့ပြီဖြစ်သည် ။ ပုဆိုးနှင့်တိုက်ပုံ ပြောင်းဝတ်သော်လည်း ထူးမခြားနားမှန်း အားလုံးက သိနေပြီးသား ။ စစ်တပ် ကျောထောက်နောက်ခံဖြင့် ရွေးကောက်ပွဲကို ပေါ့ပေါ့ဆဆ မကိုင်တွယ်တာကတော့ သေချာသည် ။ သို့သော် ပြည်သူကို အထင်သေးလွန်းသည် ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲရလဒ်မှာ လွှတ်တော်တစ်ခုလုံး၏ ၅ ရာခိုင်နှုန်းသာ ဖြစ်သောကြောင့် ဂရုမစိုက်လျှင် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲက ဒီထက်ဆိုးရွားသော အဖြေတွေ ထပ်ထုတ်ပေးဦးမည် ဖြစ်သည် ။ လူအင်အား၊ ငွေကြေး၊ အခြေခံအဆောက်အအုံ၊ တပ်မတော်ထောက်ခံမှု အပြည့်အဝ ရထားသော ၉၀ ခုနှစ်က မဆလတစ်ဖြစ်လဲ ပါတီကြီးလို ခံသွားရမည် ။
ဤသို့ အဖြစ်မခံလိုလျှင် ပြင်ဆင်ရန် အချိန်အနည်းငယ် ကျန်သေးသည်။ စစ်တပ်အား၊ အစိုးရအားကို မမှန်မကန်ယူရန် မကြိုးစားပါနှင့်တော့။ ရွေးကောက်ပွဲတွင် အမှန်တကယ် ရွေးကောက်ပေးမည်မှာ မဲဆန္ဒရှင်ပြည်သူများသာ ဖြစ်ကြောင်းနှင့် အားလုံးက ပြောင်းလဲဖို့ အချိန်တန်ပြီဆိုသည့် အကြောင်း အသိပေးလိုက်ပါသည် ။

လှမျိုးထွန်း
The Ladies News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။