.
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#news_yyl

(Unicode version)
ဖန်နဲ့ လုပ်တဲ့ ကြိုးတံတား
ဖန်သားနဲ့ ပြုလုပ်ထားတဲ့ ကြိုးတံတားကို တရုတ်ပြည်မ အလယ်ပိုင်း Hunan ပြည်နယ်ရှိ Pingjiang မြို့က တောင်ကြား တစ်နေရာမှာ တည်ဆောက်ထား ပါတယ်။ အရှည်အားဖြင့် မီတာ ၃၀၀ ရှိပါတယ်။
ကြိုးတံတား ဖြစ်ပြီး အလယ်မှာ ဘာ ထောက်တိုင်မှ မရှိပါဘူး။ ဖန်သားကတော့ သာမန် ဖန်များထက် ၂၅ ဆ သန်မာပါတယ်။ ဖန်ရဲ့ အထူကတော့ ၂၄ မီလီမီတာ ရှိပါတယ်။ ဖန်သားနဲ့ ပြုလုပ်ထားတဲ့ တံတားရဲ့ တောင်နံရံ ဘေးတစ်လျှောက်မှာလည်း ရှည်လျားတဲ့ သစ်သားဖြင့် ပြုလုပ်သော တံတား ဖြစ်ပါတယ်။ တောင်နံရံမှာ ရင်တုံဖွယ် တည်ဆောက်ထားတဲ့ သစ်သား တံတားတောင် တော်ရုံလူ သွားဖို့ ကြောက်ကြပြီး တောင် နှစ်တောင်ကြား ဖြတ်ဆောက်တဲ့ ကြိုးတံတားကို ဆိုရင် ပိုလို့တောင် ကြောက်မက် ကြပါတယ်။
အချို့ဆိုရင် လျှောက်ပြီးတော့ လမ်းတစ်ဝက် မရောက်ခင်မှာပဲ ပြန်လည့်ပြန် ကြသလို အချို့ဆိုရင် အလယ်မှာပဲ ထိုင်ချလိုက်တာကြောင့် လုံခြုံရေးမှ လာရောက် ခေါ်ယူပေးရတာမျိုးလည်း ရှိပါတယ်။
.
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။