DrMyint Thein added 2 new photos.
ဝမ်းချုပ်ခြင်းကို ကုစားရန်
************************
************************
လူကြီး လူငယ် မရွေး ၀မ်းချုပ်တဲ့ ဝေဒနာကို ခံစားကြရပါတယ် ။
ဝမ်းချုပ်တိုင်း ၀မ်းနုတ်ဆေးသောက်ရမှာလားလို့ မေးရင် မသောက်သင့်ပါ
လို့ ဖြေရမှာပါ ။
မြန်မာဝမ်းပျော့ဆေးများရော ပုံမှန်စားသုံးသင့်သလား လို့ မေးရင်လည်း
မသင့်ပါလို့ ဖြေရမှာပါ ။
ဒါဖြင့် ဘယ်လိုလုပ်ရမလဲ လို့ မေးရင် ၊ ၀မ်းသွားလွယ်ကူစေတတ်တဲ့ အစား
အစာများကို တင်ပြခဲ့ပြီးပါပြီ လို့ ဖြေရမှာပါ ။
အဲဒါတွေစားလည်း ၀မ်းက ချုပ်မြဲ ချုပ်တာဘဲ ဆိုရင်တော့ ၊
မြန်မာ့အိမ်သုံးဆေးကို ညွှန်ပြရတော့မှာပါ ။
.
ဘာများပါလိမ့်လို့ အထူးအဆန်း တွေးနေပလားဘဲ ။
မထူးဆန်းပါဘူး ။ ကျနော်တို့ နဲ့ လက်လှမ်းမီတဲ့နေရာမှာ ရှိတဲ့ မီးဖိုချောင်
ထဲက မန်ကျီးသီး နဲ့ ထန်းလျက် ပဲ ဖြစ်ပါတယ် ။
.
မန်ကျီးသီး နဲ့ ထန်းလျက် နဲ့ ဖျော်ရည်စိမ်သောက်တဲ့နည်းပါဘဲ ။
မထူးဆန်းပေမယ့် အထိရောက်ဆုံး ဆေးနည်းဖြစ်ပါတယ် ။
.
ထန်းလျက်က ယင်ကောင်ကြိုက်တာမို့ ၊ သံကောင် နဲ့ ပိုးမွှားတွေ
မကူးစက်ရအောင် ရေနွေးကျက်ကျက်ဆူ နဲ့ ဖျော်လျှင်ဖျော် ၊
မီးနဲ့ ဆူပွက်အောင် ကျိုလျှင်ကျို ။သေချာတော့ လုပ်သင့်ပါတယ် ။
မန်ကျီးသီးလည်း ဖုန် နဲ့ ပိုးမွှားတွေ ပါနိုင်ပါတယ် ။ ပိုးလိုးပက်လက် ထားတာ
မဟုတ်လား ။ ဒါကြောင့် ရေ ကျက်ကျက်ဆူ နဲ့ ဖျောစေချင်ပါတယ် ။
.
အချိုးအဆ ကတော့ စိတ်တိုင်းကျ ဖျော်နိုင်ပါတယ် ။ အချို မကဲဖို့ လိုရင်းပါ ။
.
မန်ကျီးသီးရဲ့ အကြောင်း
—————————
—————————
မကျီးသီးမှာ non - starch polysaccharides ( NSP ) သို့မဟုတ်
dietary - fiber ဖိုင်ဘာမျှင်ဓါတ် ( gums ကော်စေးဓါတ် ၊
hemicelluloses ဆဲလူးလို့ ၊ mucilage အချွဲဓါတ် ၊ pectin အစေးဓါတ် ၊
tannins သစ်ဆေးရောင် တို့ ပါဝင်ပါတယ် ။
ဤ အမျှင်ဓါတ် များဟာ ၀မ်းတွင်းမှာ အစာများကို ပွထလာစေသဖြင့်
အူလမ်းတလျှောက် လွယ်ကူစွာ ရွေ့ လျားပြီး ၀မ်းပျော့စေပါတယ် ။
အစေးဓါတ် အချွဲဓါတ်များက အဆိပ်အတောက်များကင်ဆာဖြစ်စေတတ်သော
ဓါတ်ပစ္စည်းများကိုပေါင်းစည်း ဆွဲယူခြင်းဖြင့် အူနံရံ ကို
မထိခိုက်အောင် ကာကွယ်ပေးပါတယ် ။
ဖိုင်ဖာမျှင်ဓါတ်ဟာ သည်းခြေမှ စွန့် ထုတ်သော ကိုလက်စထရော
သည်းခြေဆား ( bile salt ) မျာကို အူမကြီးမှ ပြန်လည် မစုပ်ယူ
အောင် ကာကွယ်ပါတယ် ။ ဤနည်းဖြင့် မကောင်းသော ကိုလက်စထရော
( LDL cholesterol ) စွန့် ထုတ်ခြင်းကို ကူညီသဖြင့်
သွေးတွင်း ကိုလက်စထရော မများအောင် ဆောင်ရွက်ပေးပါတယ် ။
မကျီးသီးမှာ ပါဝင်တဲ့ တာတာရစ်အက်ဆစ် ( tataric acid ) ဟာ
အချဉ်အရသာကို ပေးသလို ၊ အစွမ်းထက်တဲ့ ဓါတ်တိုးကာကွယ်ပစ္စည်း
powerful antioxidant လည်းဖြစ်ပါတယ် ။
မကျီးသီးမှာ ဆေးဘက်ဝင်စေတဲ့ ဓါတုဓါတ်များ ( limonene, geraniol,
safrole, cinnamic acid, methyl salicylate, pyrazine and
alkylthiazoles.) ပါဝင်ပါတယ် ။
မကျီးသီးမှာ copper, potassium, calcium, iron, selenium, zinc and
magnesium စတဲ့ သတ္တုဓါတ်များလည်း ပါဝင်ပါတယ် ။
မကျီးသီးမှာ ဗီတာမင်များ B1 ၊ vitamin-A, folic acid, B2 ( riboflavin ) ,
niacin, and vitamin-C. တို့ လည်း ပါဝင်ပါတယ်
.
အသုံးဝင်ပုံ
.
မကျီးနှစ်ကို ၀မ်းနုတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ် ။ အူများလှုပ်ရှားမှု
နှေးကွေးခြင်းကို ကုစားရာမှာ အကောင်းဆုံးဖြစ်ပါတယ် ။
မကျီးနှစ်ကို ရေနွေးနွေးမှာ ဖျော်ပြီး ပလုပ်ကျင်းပေးလျှင် လည်ချောင်းနာ
ပျောက်ပါတယ်
မကျီးနှစ်၊ နံနံပင် ၊ ပူဒီနာ ရောချေကြိတ်ပြီး သုံးပါက ပါးစပ်နာ ပျောက်ပါတယ်
.
ထန်းလျက်အကြောင်း
—————————
—————————
ထန်းလျက် မှာ ဗီတာမင် A , B , C နဲ့
သတ္တုဓါတ် potassium . iron . calcium . phosphorous တို့ ပါရှိပါတယ် ။
.
ထန်းလျက်အကြောင်းကတော့ သိပ်များများ ရှာမတွေ့ လို့ ဤမျှဘဲ တင်ပြ
နိုင်ပါတယ် ။
.
ကျန်းမာကြပါစေ
ဒေါက်တာမြင့်သိန်း
23 September 2015
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။