နိုင်ငံခြားမှာ
တုန်းက ကစားကွင်းထဲမှာ ကလေးလေး တစ်ယောက် dome climber ပေါ်ကို တက်နေတယ်။
အမေက မလှမ်းမကမ်းက ခုံတန်းလေးမှာ ထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်နေတယ်။ အသက်က
နှစ်နှစ်လောက်ပဲ ရှိအုံးမယ်။ အောက်ဆုံးက သံဘားကို ကိုင်တက်တယ်။ လက်ကလည်း
သိပ်မခိုင်သေးတော့ အပေါ် နှစ်ဆင့်လောက် ပဲ ရောက်သေး တယ် နောက်ပြန်လန်ကျတယ်။
အောက်က သဲပေမယ့် နောက်ပြန် ကျတာမို့ ခေါင်းတော်တော်နာသွားတယ်။ ကလေးအမေနဲ့
မျက်စောင်းထိုးမှာ ထိုင်နေတဲ့ ကျမက
ထသွားမယ်လုပ်တော့ အမေက မျက်လုံး လှန်ကြည့်ပြီး ခေါင်းခါပြတယ်။ ကလေးက
အော်ငိုတယ်။ အမေရှိရာကို ကြည့်တယ်။ အမေဟာ မော့လည်း မကြည့် တုပ်တုပ်မှတောင်
မလှုပ်။ ခဏနေတော့ ကလေးလေးက သူ့ဖသူ အငိုတိတ်သွားတယ်။ နာရီဝက်လောက် အကြာမှာ
တက်လိုက် ပြန်ပြုတ် ကျလိုက်နဲ့ အပေါ်ကို ရောက်သွားတယ်။ အမေကို ကလေးက
မားမားဆို လှမ်းခေါ်တယ်။ အမေက မော့ကြည့်တယ်။ နေရာက ထလာတယ်။ ကလေးကို
လှမ်းချီတယ်။ တော်တယ်ဆိုပြီး ချီးကျူးတယ်။ ကလေးလည်း ကျေနပ်သွားတယ်။ အမေက
အောက်ပြန်ချလိုက်တော့ သူ့ဖသူ ခက်ခက်ခဲခဲ နှစ်ခါလောက် ပြန်တက်ပြတယ်။ ကြားထဲ
သုံးခါလောက် ပြန်ပြုတ်ကျတယ်။ မငိုတော့ဘူး။ ပထမအကြိမ် ကျတုန်းက ပြေးပြီး
ကလေးကို ချီ ဥုံဖွဆိုလုပ်မယ့် ကျမ အံ့သြမိတယ်။
ဟုတ်တယ်လေ။ ကျမတို့သာဆို တသက်လုံး ကိုယ့်ပါတ်ဝန်းကျင် ကိုယ်ကိုယ်တိုင် ကိုယ်ကြီးပြင်းလာတဲ့ နေရာ အသိုက်အ၀န်း၇ဲ့ထုံးတမ်းစဉ်လာအရ
ပထမလဲကျတာနဲ့ ပြေးထူမယ်။ အငိုတိတ်အောင်ချော့မယ်။ ဘယ်နားနာသွားလဲ
တဖွဖွဖြစ်မယ်။ ငါ့သားကိုနာအောင် လုပ်တဲ့ dome climber ဘာညာဆိုပြီး
ရိုက်ပြမယ်။ အိမ်ရောက်လို့ အဖိုးအဖွား အဖေ ရှိသမျှ လူကုန်ကို ပြောပြမယ်။
အားလုံးက လဲကျတဲ့ ကလေးကို ၀ိုင်းသနားကြမယ်။ စိုးရိမ်ကြမယ်။
နောက်မတက်နဲ့တော့ လို့ ကန့်ကွက်သူရှိမယ်။
ကျမတို့ဟာ ရင်ခွင်ပိုက်အရွယ်ကစလို့ မိဘကို မှီခိုကြတယ်။ ကျောင်းသား အရွယ်မှာ ဆရာ ဆရာမတွေ ကို မှီခိုကြပြန်တယ်။ ဆယ်တန်းကနေ တကသိုလ်အကူးမှာ မိဘတွေ အဆုံးအဖြတ်နဲ့ ကျောင်းတက်ကြတယ်။ ဘွဲ့ရတော့လည်း မိဘရဲ့ ဆုံးဖြတ်ချက်တော်တော်များများနဲ့ပဲအလုပ်အကိုင်ကို ရွေးချယ်ကြတယ်။ အလုပ်ထဲရောက်တော့ ကိုယ့် အထက်က မန်နေဂျာကို မှီခိုကြတယ်။
မိဘစကားနားထောင်တာ၊ ကျောင်းမှာ စာတော်တာတွေဟာ လိမာတဲ့ သားသမီးဖြစ်ပြီး ဒီလမ်းကြောင်းကနေ သွေဖီရင် ဆိုးတယ်ဆိုတဲ့ စာရင်းသွင်းလိုက်ကြတယ်။ ပါတ်ဝန်းကျင်ကိုယ်တိုင်ကလည်း ဆိုးတယ်လို့ တံဆိပ်တပ်ပြီး ဆိုးခြင်းရဲ့ ပြသာနာကိုပဲ ဖြေရှင်း ကြတော့တယ်။ ဘာလို့ ဆိုးရတယ်ကို မရှာကြတော့ဘူး။
အလုပ်ထဲမယ် ခိုင်းတဲ့ အတိုင်းလုပ် တာနဲ့ တာဝန်ကျေပြီလို့ ယူဆကြတယ်။ ဇွန်းနဲ့ ခွံ့သမျှ အကုန်လက်ခံတယ်။ ကိုယ့်ဖကိုယ်စားဆို အဖိတ်ဖိတ်အစင်စင်တွေ ဖြစ်မယ်စိုးလို့ စားဖို့ အားမထုတ်တော့ဘူး။ ဆာလည်း ခွံ့အလာကိုပဲ ထိုင်စောင့်နေတယ်။
ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ကိုယ် ဆိုတဲ့ IDENTITY ပျောက်သွားပြီး အမှီအခိုရှိမှ ပဲ နေနိုင်တယ်။ ကိုယ်ရည်ကိုယ်သွေးဝေးလို့ မူရင်းရှိပြီးသား စဉ်းစားချင့်ချိန်ခြင်း၊ ဆင်ခြင်တွေးခေါ်ခြင်း၊ ဝေဖန် ပိုင်းခြားနိုင်မူတွေ လျော့ပါးလာတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မူ နည်းလာပြီး အများ ထင်တာ လိုက်ထင် အများလုပ်သလို လိုက်လုပ်မှ ကိုယ်ဆိုတာ ဖြစ်တည်မယ်လို့ ထင်လာကြတယ်။
#credit
ဟုတ်တယ်လေ။ ကျမတို့သာဆို တသက်လုံး ကိုယ့်ပါတ်ဝန်းကျင် ကိုယ်ကိုယ်တိုင် ကိုယ်ကြီးပြင်းလာတဲ့ နေရာ အသိုက်အ၀န်း၇ဲ့ထုံးတမ်းစဉ်လ
ကျမတို့ဟာ ရင်ခွင်ပိုက်အရွယ်ကစလို့ မိဘကို မှီခိုကြတယ်။ ကျောင်းသား အရွယ်မှာ ဆရာ ဆရာမတွေ ကို မှီခိုကြပြန်တယ်။ ဆယ်တန်းကနေ တကသိုလ်အကူးမှာ မိဘတွေ အဆုံးအဖြတ်နဲ့ ကျောင်းတက်ကြတယ်။ ဘွဲ့ရတော့လည်း မိဘရဲ့ ဆုံးဖြတ်ချက်တော်တော်များမျ
မိဘစကားနားထောင်တာ၊ ကျောင်းမှာ စာတော်တာတွေဟာ လိမာတဲ့ သားသမီးဖြစ်ပြီး ဒီလမ်းကြောင်းကနေ သွေဖီရင် ဆိုးတယ်ဆိုတဲ့ စာရင်းသွင်းလိုက်ကြတယ်။ ပါတ်ဝန်းကျင်ကိုယ်တိုင်ကလည်
အလုပ်ထဲမယ် ခိုင်းတဲ့ အတိုင်းလုပ် တာနဲ့ တာဝန်ကျေပြီလို့ ယူဆကြတယ်။ ဇွန်းနဲ့ ခွံ့သမျှ အကုန်လက်ခံတယ်။ ကိုယ့်ဖကိုယ်စားဆို အဖိတ်ဖိတ်အစင်စင်တွေ ဖြစ်မယ်စိုးလို့ စားဖို့ အားမထုတ်တော့ဘူး။ ဆာလည်း ခွံ့အလာကိုပဲ ထိုင်စောင့်နေတယ်။
ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ကိုယ် ဆိုတဲ့ IDENTITY ပျောက်သွားပြီး အမှီအခိုရှိမှ ပဲ နေနိုင်တယ်။ ကိုယ်ရည်ကိုယ်သွေးဝေးလို့ မူရင်းရှိပြီးသား စဉ်းစားချင့်ချိန်ခြင်း၊ ဆင်ခြင်တွေးခေါ်ခြင်း၊ ဝေဖန် ပိုင်းခြားနိုင်မူတွေ လျော့ပါးလာတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မူ နည်းလာပြီး အများ ထင်တာ လိုက်ထင် အများလုပ်သလို လိုက်လုပ်မှ ကိုယ်ဆိုတာ ဖြစ်တည်မယ်လို့ ထင်လာကြတယ်။
#credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။