စိတ်ရင်းကောင်းခြင်းနဲ့ ဘ၀လမ်းပြ မှတ်တိုင်
xxxxxxxxxxxxxxxxxxxxxxxxxx xxxxxx
ဆာဟာရ သဲကန္တာရ၊ သမို်င်းမှာ ကျိမ်စာသင့်ခံထားရတဲ့ သဲကန္တာရ ၊ Dead Sea လို့ နာမည်ကြီးခဲ့တဲ့ သဲကန္တာရ ဖြစ်ခဲ့ပါတယ်။ အဲဒီ သဲကန္တာရကို ၀င်သွားတဲ့သူတိုင်း ပြန်ထွက်မလာနိင်ခဲ့ကြဘူးဆိုပြီး ကျော်ကြားခဲ့ပါတယ်။
ဒီလိုနဲ့ ၁၈၁၄ ခုနှစ် မှာ အဲဒီကျိမ်စာကို စိန်ခေါ်မဲ့ ရှေးဟောင်းသုတေသနအဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပါတယ်။ သူတို့ဟာ ကန္တာရထဲ ၀င်ဝင်ချင်းနဲ့ လမ်းတစ်လျှောက်လုံးမှာ လူသားအရိုးစုတွေ အမြောက်အများတွေ့ရပါတယ်။ အသင်းခေါင်းဆောင်က တွေ့ရှိတဲ့ အရိုးစုများကို မြင့်တဲ့နေရာကိုရွေးချယ်ပြီး အသင်းသားများကို မြုပ်နှံစေပါတယ်။ မြုပ်နှံတဲ့နေရာတိုင်းမှာလ ည်း
သစ်သား၊ သစ်ကိုင်းများနဲ့ အမှတ်အသား ပြုလုပ်စေခဲ့ပါတယ်။ ဒီလိုနဲ့
အသင်းသားများဟာ သွားရင်းမြုပ်ရင်း၊ မြုပ်ရင်းသွားရင်းနဲ့ အဲဒီ မြုပ်နှံတဲ့
လုပ်ငန်းအတွက် အချိန်တော်တော် ကုန်ဆုံးသွားစေပါတယ်။
ကြာလာတော့ အသင်းသားများဟာ စိတ်မရှည်တော့ပဲ ပြစ်တင်ငြီးညူ လာကြပါတယ်။ “ ကျွန်တော်တို့က ရှေးဟောင်းသုတေသန အတွက်ဒီကိုရောက်လာတာ၊ အလောင်းရှင်းဖို့ ဒီကိုရောက်လာတာမဟုတ်ဘူး”
အသင်းခေါင်းဆောင်က စိတ်ရှည်ရှည်နဲ့ ပြန်လည်ရှင်းပြတာက “ ဒီနေရာမှာ တွေ့ရှိတဲ့ အရိုးစုတိုင်းဟာ ငါတို့ရဲ့ လုပ်ငန်းတူ လုပ်ဖေါ် ကိုင်ဖက်တွေဖြစ်ခဲ့ကြတယ်။ သူတို့ကို လေဟာပြင်ပေါ်မှာ ဒီအတိုင်း ပစ်မထားခဲ့သင့်ဘူး။ ငါတို့ တတ်နိုင်သမျှ သူတို့ကို မြုပ်နှံရမယ်။” လို့ သူ့အသင်းသားများကို ဖြောင်းဖျပါတယ်။
ဒီလိုနဲ့ အလောင်းရှင်းပြီးလို့ တစ်ပတ်လောက်အကြာမှာ သူတို့ဟာ ကမ္ဘာကျော်စေမဲ့ ရှေးဟောင်းအမွေအနှစ် များစွာကို ရှာဖွေတွေ့ရှိ့ ခဲ့ပါတယ်။ အိမ်ပြန်တော့မယ်လို့ ပြင်ဆင်တဲ့အချိန်မှာပဲ သူတို့ ဟာ လေမုန်တိုင်း အကြီးအကျယ် တစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီမုန်တိုင်းဟာ နေ့စဉ်ရက်ဆက် နေမမြင် မိုးမမြင်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ နောက်ဆုံးမှာ သူတို့ပါလာတဲ့ သံလိုက်အိမ်မြောင်ပျက်ဆီးသွားတဲ့အထိ
ဖြစ်ခဲ့ရပါတယ်။ သူတို့ အစာရေစာနဲ့ သောက်ရေ မရှိတော့ပါ ။ အဲဒီအခါ ကျမှ
အရင်ကလူတွေ ဘာကြောင့်အပြင်ပြန်လည် မထွက်ခွာနိုင်ခဲ့တာကို
နားလည်သဘောပေါက်လာပါတော့တယ် ။
အားလုံးစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အချိန်မှာ အသင်ခေါင်းဆောင်ကပြောလိုက် တယ်။
“ အားလုံးစိတ်မပျက်ကြပါနဲ့၊ ငါတို့ လမ်းမှတ်တိုင်တွေ ချန်ခဲ့တယ်။ ”
သူတို့ဟာ သူတို့ စိုက်ထူထားခဲ့တဲ့ သင်းချိုင်းမှတ်တိုင်အတို င်း ပြန်ထွက်ခဲ့ ကြပြီး နောက်ဆုံး ကန္တာရ အပြင်ကို အောင်မြင်စွာထွက်ခွာနိုင်ခဲ့ကြပါတယ်။
The Times သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ အသင်းခေါင်းဆောင်က ဒီလိုမှတ်ချက်ပေးပါတယ်။
“ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ချန်ခဲ့တဲ့ လမ်းမှတ်တိုင်တွေဖြစ်တယ်။”
သဲကန္တာရထဲမှာ စိတ်ရင်းကောင်းလို့ အပြန်လမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
လူဘ၀လမ်းကြောင်းမှာလည်း အလားတူပါပဲ၊ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ
ဘ၀အတွက် လမ်းပြမီးတိုင် ဖြစ်သွားမှာပါ။ သူများကို ကူညီမူ မှန်သမျှ
မိမိကိုယ်မိမိ ကူညီခြင်းဖြစ်ပါတယ်။ လူ့ဘ၀မှာ မိတ်ဆွေအစစ်လိုချင်ရင်
ကိုယ်ကအရင်မိတ်ဆွေ စစ်ဖြစ်ရပါတယ်။ ကိုယ်က ပျော်ရွှင်မူ အစစ်လိုချင်ရင်
သူများကို အရင်ပျော်ရွှင်မူပေးရမယ်။ ကိုယ်က စိတ်ချမ်းသာမူလိုချင်
သူများကို စိတ်ချမ်းသာအောင် လုပ်ပေးရမယ်။ စိတ်ရင်းခံ ကောင်းမွန်ခြင်းဟာ
ဘ၀အတွက် လမ်းပြမှတ်တိုင်ဖြစ်ပါတယ်။
Ref: WeChat
xxxxxxxxxxxxxxxxxxxxxxxxxx
ဆာဟာရ သဲကန္တာရ၊ သမို်င်းမှာ ကျိမ်စာသင့်ခံထားရတဲ့ သဲကန္တာရ ၊ Dead Sea လို့ နာမည်ကြီးခဲ့တဲ့ သဲကန္တာရ ဖြစ်ခဲ့ပါတယ်။ အဲဒီ သဲကန္တာရကို ၀င်သွားတဲ့သူတိုင်း ပြန်ထွက်မလာနိင်ခဲ့ကြဘူးဆို
ဒီလိုနဲ့ ၁၈၁၄ ခုနှစ် မှာ အဲဒီကျိမ်စာကို စိန်ခေါ်မဲ့ ရှေးဟောင်းသုတေသနအဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပါတယ်။ သူတို့ဟာ ကန္တာရထဲ ၀င်ဝင်ချင်းနဲ့ လမ်းတစ်လျှောက်လုံးမှာ လူသားအရိုးစုတွေ အမြောက်အများတွေ့ရပါတယ်။ အသင်းခေါင်းဆောင်က တွေ့ရှိတဲ့ အရိုးစုများကို မြင့်တဲ့နေရာကိုရွေးချယ်ပြ
ကြာလာတော့ အသင်းသားများဟာ စိတ်မရှည်တော့ပဲ ပြစ်တင်ငြီးညူ လာကြပါတယ်။ “ ကျွန်တော်တို့က ရှေးဟောင်းသုတေသန အတွက်ဒီကိုရောက်လာတာ၊ အလောင်းရှင်းဖို့ ဒီကိုရောက်လာတာမဟုတ်ဘူး”
အသင်းခေါင်းဆောင်က စိတ်ရှည်ရှည်နဲ့ ပြန်လည်ရှင်းပြတာက “ ဒီနေရာမှာ တွေ့ရှိတဲ့ အရိုးစုတိုင်းဟာ ငါတို့ရဲ့ လုပ်ငန်းတူ လုပ်ဖေါ် ကိုင်ဖက်တွေဖြစ်ခဲ့ကြတယ်။ သူတို့ကို လေဟာပြင်ပေါ်မှာ ဒီအတိုင်း ပစ်မထားခဲ့သင့်ဘူး။ ငါတို့ တတ်နိုင်သမျှ သူတို့ကို မြုပ်နှံရမယ်။” လို့ သူ့အသင်းသားများကို ဖြောင်းဖျပါတယ်။
ဒီလိုနဲ့ အလောင်းရှင်းပြီးလို့ တစ်ပတ်လောက်အကြာမှာ သူတို့ဟာ ကမ္ဘာကျော်စေမဲ့ ရှေးဟောင်းအမွေအနှစ် များစွာကို ရှာဖွေတွေ့ရှိ့ ခဲ့ပါတယ်။ အိမ်ပြန်တော့မယ်လို့ ပြင်ဆင်တဲ့အချိန်မှာပဲ သူတို့ ဟာ လေမုန်တိုင်း အကြီးအကျယ် တစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီမုန်တိုင်းဟာ နေ့စဉ်ရက်ဆက် နေမမြင် မိုးမမြင်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ နောက်ဆုံးမှာ သူတို့ပါလာတဲ့ သံလိုက်အိမ်မြောင်ပျက်ဆီးသ
အားလုံးစိတ်ပျက်လက်ပျက်ဖြစ
“ အားလုံးစိတ်မပျက်ကြပါနဲ့၊ ငါတို့ လမ်းမှတ်တိုင်တွေ ချန်ခဲ့တယ်။ ”
သူတို့ဟာ သူတို့ စိုက်ထူထားခဲ့တဲ့ သင်းချိုင်းမှတ်တိုင်အတို
The Times သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ အသင်းခေါင်းဆောင်က ဒီလိုမှတ်ချက်ပေးပါတယ်။
“ စိတ်ရင်းခံကောင်းမွန်ခြင်းဟ
သဲကန္တာရထဲမှာ စိတ်ရင်းကောင်းလို့ အပြန်လမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
လူဘ၀လမ်းကြောင်းမှာလည်း အလားတူပါပဲ၊ စိတ်ရင်းခံကောင်းမွန်ခြင်းဟ
Ref: WeChat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။