ဘရုစ်က ကျွန်တော့်ကို တစ်နေ့ ၃ မိုင် နေ့တိုင်း ပြေးခိုင်းလေ့ရှိတယ်။ ၃မိုင် ခရီးကို ပုံမှန်အားဖြင့် ၂၁မိနစ် - ၂၂မိနစ် အတွင်း ပြေးနိုင်ပါတယ်။ တစ်မိုင်ကိုတော့ ၈ မိနစ်လောက်ပေါ့။ ဒါဟာ ကျွန်တော်အားစိုက်ပြီးပြေးတဲ့နှုန်းပေါ့.။
တစ်ရက်တော့ ဘရုစ်က ကျွန်တော့်ကိုပြောတယ်။
"ဒီနေ့ ကျွန်တော်တို့ ၅ မိုင် ပြေးကြမယ်"
" ၅မိုင်တော့ မဖြစ်နိုင်ဘူးကွာ ၊ သေသွားလိမ့်မယ် ၊ အခု ၃ မိုင်တောင် မနည်းပြေးနေရတာ"
" ဖြစ်နိုင်ပါတယ် ၊ ၃မိုင်တောင် ပြေးနိုင်သေးတာပဲ ၊ အရှိန်ကို နည်းနည်းလျှော့ပြီး ၂မိုင် ပိုပြေးရုံပါပဲ"
" ဟုတ်ပြီလေ ၊ အဲဒါဆိုလည်း ပြေးကြည့်တာပေါ့"
တကယ်ပြေးကြတော့ ၃မိုင် ကျော်ကြာတဲ့အခါ ကျွန်တော်မဟန်တော့ဘူး သိလာတယ်။ ဒါနဲ့ ပြေးရင်း ပြေးရင် ၄မိုင်ရောက်လာတယ်။ ၄မိုင် ကျော်တဲ့အခါ ကျွန်တော် ဘရုစ်ကို
လှမ်းပြောလိုက်တယ်။
"ဘရုစ် ငါမပြေးနိုင်တော့ဘူးကွာ ၊ နှလုံးခုန်မြန်လာပြီး ၊ မလှုပ်နှိုင်တော့ဘူး ၊ ဒီထက်ပိုပြေးရင် သေဖို့ပဲ ရှိတယ်"
" ဒါဆိုရင်လည်းသေလိုက်ပါ"
ဘရုစ်က ရှေ့ကပြေးနေရင်း ကျွန်တော့်ကိုပြောလိုက်တဲ့ စကားပါ။ ကျွန်တော် မခံချင်စိတ်နဲ့ အတူဒေါသ ထွက်သွားတယ်။ အားတင်းပြီးပြေးတဲ့အခါ ၅မိုင်ခရီးကိုပြည့်အောင် ပြေးနိုင်ခဲ့တယ်။
ဘရုစ်ကို ကျွန်တော်မကျေနပ်ဘူး။ မိတ်ဆွေအချင်းချင်း သေလိုက်လို့ပြောတဲ့ အပေါ်မှာပေါ့။ ဒါနဲ့ သူ့ကိုမေးမယ်။
"ဘရုစ်..မင်းနဲ့ ငါမိတ်ဆွေ အချင်းချင်း ဘာလို့ မင်းအဲလိုပြောရတာလဲ"
ဘရုစ် ရဲ့ အဖြေကြောင့် သူအပေါ်ရှိနေတဲ့ ဒေါသ ပျောက်ပြီး ကျေးဇူးတင်နေမိတယ်။ ဘရုစ်ပြောတာက-
" သေချင်လည်း သေသွားနိုင်ပါတယ် ။ ဒါပေမယ့် လူသေတာထက်ဆိုးတာက စိတ်သေသွားတာပဲ။ ခင်ဗျားဘ၀ကို ကန့်သတ်ချက်တွေထားနေမယ်ဆိုရင် ခင်ဗျားဟာ ဒီထက်ပိုပြီး ဘာမှလုပ်နိုင်လာမှာ မဟုတ်ဘူး။ ခင်ဗျားဘ၀မှာ ဒီကန့်သတ်ချက်တွေက လွှမ်းမိုးနေလိမ့်မယ် ။ ဒီကနေပြီးတော့ ခင်ဗျားရဲ့ အလုပ် ၊ ခင်ဗျားရဲ့ အကျင့်စရိုက် ၊ ဘ၀တွေပေါ်မှာ ကန့်သတ်ချက်တွေ ဖုံးသွားလိမ့်မယ်။ တကယ်တော့ ကန့်သတ်ချက်ဆိုတာ မရှိပါဘူး။ လူဆိုတာ အမြဲတိုးတက်နေရမယ် မဟုတ်လား..၊ ဒီလိုတိုးတက်ဖို့ဆိုတာကလည်း ကိုယ့်ကိုယ်ကို တွန်းတင်မှရမယ် ၊ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မှ ရမယ် ၊ ကန့်သတ်ချက်တွေ ထားနေရင်တော့ ခင်ဗျားရှင်လျက်နဲ့ သေနေမှာပဲ ၊ ဒါကြောင့် ကျွန်တော် ဒီလိုပြောလိုက်တာ"
http://www.thutazone.com/2017/02/blog-post_68.html
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။