ချစ်တတ်ဖို့လိုတယ်
*************
ရည်းစားကို စကားနဲ့ရင်းပြီး ချစ်ပါ
နှလုံးသားနဲ့ ရင်းပြီး ချစ်မိရင် နှလုံးသားကို နာဖျားစေတယ်။
ချစ်သူကို တန်ဖိုးထားပြီး ချစ်ပါ
ချစ်သူကို တန်ဖိုးထားသင့်သလို ယုံကြည်မှူရှိဖို့ လိုပြီး
နားလည်အောင် ကြိုးစားပြီး ချစ်ဖို့ လိုတယ်။
ချစ်သူဆိုတာ အိမ်ထောင်ဖက်ဖြစ်လာနိုင်သလို ကိုယ့်ကိုချစ်တတ်အောင်
သင်ပေးသော ဆရာဖြစ်သဖြင့် အပြန်အလှန် တန်ဖိုးထားသင့်ပါတယ်။
ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို ဘဝနဲ့ရင်းပြီးချစ်ပါ
လူတစ်ချို့က ချစ်သူကို ဘဝ နဲ့ရင်းပြီး ချစ်နေကြပြီး အိမ်ထောင်ဖက်ကို
တော့ ချစ်ချင်မှ ချစ်နိုင်ကြပါလိမ့်မယ်။
အိမ်ထောင်ဖက်ဆိုတာက ကိုယ်နဲ့ တစ်ဘဝလုံး လက်တွဲရမည့်
အဖော်မွန်ဖြစ်တဲ့အတွက်ကြောင့် ဘဝတစ်ခုလုံး ပုံအပ်ပြီး
ချစ်သင့်ပါတယ်။
လက်တွဲဖော်ဆိုတာ ကံကြမ္မာက သတ်မှတ်ပေးသော
ကိုယ်နဲ့ထိုက်တန်တဲ့ အဖော်မွန်ကောင်း ဖြစ်သဖြင့် ဘဝနဲ့ရင်းပြီး
ချစ်သင့်ပါတယ်။
သူငယ်ချင်းကိုတော့ ယုံကြည်မူ အပြည့်နဲ့ ချစ်ပါ
သူငယ်ချင်းဆိုတာ ကိုယ်နဲ့ စိတ်တူကိုယ်တူသူဆိုရင် ယုံကြည်ပီး
ချစ်သင့်ပါတယ်။
လူတစ်ချို့်က ခင်တွယ်မိပြီဆိုတာနဲ့ ဇွတ်မှိတ်ယုံပြီး မိမိအတွင်းရေးများကို
ဖွင့်ဟပြောဆိုတတ်ကြပါတယ်။ နားလည်မှူရှိသော သူငယ်ချင်းနဲ့ဆိုရင်
ကိစ္စမရှိပေမယ့် တစ်ဖက်သားရဲ့ အားနည်းချက်ကို ဟာသလုပ်
တတ်သူနဲ့ဆိုရင် ပြက်ရယ်ပြုခံရတတ်ပါတယ်။
မိဘကိုတော့ အသက်ပေးပြီး ချစ်ပါ
မိဘဆိုတာက ကိုယ်နဲ့ပတ်သတ်ရင် အသက်ပေးဖို့ အဆင်သင့်
ဖြစ်နေသူဖြစ်သောကြောင့် အသက်ပေးပြီး ချစ်ရင်လည်း
နောင်တရစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။
လောကမှာ...မိဘကလွဲရင် ကိုယ့်အပေါ်ကို အသက်ပေးပြီးချစ်မယ့်သူ
တွေ့ရခဲသောကြောင့် မိဘကို အသက်ပေးပြီး ချစ်ခြင်းက
မှန်ကန်သော ချစ်ခြင်းဟု ယူဆပါတယ်။
လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး
*************
ရည်းစားကို စကားနဲ့ရင်းပြီး ချစ်ပါ
နှလုံးသားနဲ့ ရင်းပြီး ချစ်မိရင် နှလုံးသားကို နာဖျားစေတယ်။
ချစ်သူကို တန်ဖိုးထားပြီး ချစ်ပါ
ချစ်သူကို တန်ဖိုးထားသင့်သလို ယုံကြည်မှူရှိဖို့ လိုပြီး
နားလည်အောင် ကြိုးစားပြီး ချစ်ဖို့ လိုတယ်။
ချစ်သူဆိုတာ အိမ်ထောင်ဖက်ဖြစ်လာနိုင်သလု
သင်ပေးသော ဆရာဖြစ်သဖြင့် အပြန်အလှန် တန်ဖိုးထားသင့်ပါတယ်။
ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို ဘဝနဲ့ရင်းပြီးချစ်ပါ
လူတစ်ချို့က ချစ်သူကို ဘဝ နဲ့ရင်းပြီး ချစ်နေကြပြီး အိမ်ထောင်ဖက်ကို
တော့ ချစ်ချင်မှ ချစ်နိုင်ကြပါလိမ့်မယ်။
အိမ်ထောင်ဖက်ဆိုတာက ကိုယ်နဲ့ တစ်ဘဝလုံး လက်တွဲရမည့်
အဖော်မွန်ဖြစ်တဲ့အတွက်ကြောင
ချစ်သင့်ပါတယ်။
လက်တွဲဖော်ဆိုတာ ကံကြမ္မာက သတ်မှတ်ပေးသော
ကိုယ်နဲ့ထိုက်တန်တဲ့ အဖော်မွန်ကောင်း ဖြစ်သဖြင့် ဘဝနဲ့ရင်းပြီး
ချစ်သင့်ပါတယ်။
သူငယ်ချင်းကိုတော့ ယုံကြည်မူ အပြည့်နဲ့ ချစ်ပါ
သူငယ်ချင်းဆိုတာ ကိုယ်နဲ့ စိတ်တူကိုယ်တူသူဆိုရင် ယုံကြည်ပီး
ချစ်သင့်ပါတယ်။
လူတစ်ချို့်က ခင်တွယ်မိပြီဆိုတာနဲ့ ဇွတ်မှိတ်ယုံပြီး မိမိအတွင်းရေးများကို
ဖွင့်ဟပြောဆိုတတ်ကြပါတယ်။ နားလည်မှူရှိသော သူငယ်ချင်းနဲ့ဆိုရင်
ကိစ္စမရှိပေမယ့် တစ်ဖက်သားရဲ့ အားနည်းချက်ကို ဟာသလုပ်
တတ်သူနဲ့ဆိုရင် ပြက်ရယ်ပြုခံရတတ်ပါတယ်။
မိဘကိုတော့ အသက်ပေးပြီး ချစ်ပါ
မိဘဆိုတာက ကိုယ်နဲ့ပတ်သတ်ရင် အသက်ပေးဖို့ အဆင်သင့်
ဖြစ်နေသူဖြစ်သောကြောင့် အသက်ပေးပြီး ချစ်ရင်လည်း
နောင်တရစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။
လောကမှာ...မိဘကလွဲရင် ကိုယ့်အပေါ်ကို အသက်ပေးပြီးချစ်မယ့်သူ
တွေ့ရခဲသောကြောင့် မိဘကို အသက်ပေးပြီး ချစ်ခြင်းက
မှန်ကန်သော ချစ်ခြင်းဟု ယူဆပါတယ်။
လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။