ဘဝမှာ
မကောင်းတဲ့ လူနဲ့လည်း ကြုံရမယ်...
ကောင်းတဲ့လူနဲ့လည်း ဆုံရမယ်....
ကိုယ့်ကို
မုန်းတဲ့ လူနဲ့လည်း ကြုံရမယ်...
ချစ်တဲ့ လူနဲ့လည်း ဆုံရမယ်..
ကိုယ့်ကို
မနာလိုတဲ့ လူနဲ့လည်း ကြုံရမယ်.....
ကြည်ဖြူတဲ့ လူနဲ့လည်း ဆုံရမယ်.....
ကိုယ့်အပေါ်
တန်ဖိုး မထားတတ်တဲ့ လူတွေနဲ့လည်း ကြုံရမယ်..
တန်ဖိုးသိပြီး တန်ဖိုးထားတတ်တဲ့ လူနဲ့လည်း ဆုံရမယ်..
ကိုယ့်အပေါ် မကောင်းတဲ့လူ
ကိုယ့်ကို အမုန်းပွားတဲ့သူ
ကိုယ့်ကို မနာလိုသူ
ကိုယ့်ကို မချစ်ခင်တဲ့သူ
ကိုယ့်တန်ဖိုးကို နားမလည်တဲ့သူတွေအတွက် ဘာမှခံစားမနေပါနဲ့....
သင့်အတွက် အကျိုးမဲ့စေတဲ့ အရာမှန်သမျှကို
စိတ်ထဲက ထုတ်ပစ်နိုင်လေ သင် စိတ်ချမ်းသာရလေပဲ ဖြစ်တယ်....
ဘာပဲဖြစ်ဖြစ်
လောကမှာ ....
သင်နဲ့ထိုက်တန်တဲ့ နေရာ တစ်နေရာတော့ ရှိကို ရှိပါတယ်....
ဒါကို သင်ရှာမတွေ့ သေးလို့ တန်ဖိုးမဲ့နေတာပါ....
ထို့အတူ
လောကကြီးက သင့်ကို စိတ်ချမ်းသာ ပျော်ရွှင်စေမဲ့ လူတချိုနဲ့ သင့်အတွက် စိတ်အေးချမ်းစေဖို့ ခိုလှူံစရာ နေရာတစ်နေရာ ရှိကိုရှိပါတယ်.....
ဒါကို သင်ရှာမတွေ့သေးလို့ သာ စိတ်မငြိမ်းချမ်းသေးတာပါ...
လောကမှာ ရှာဖွေသင့်တာကို ရှာဖွေပြီး လက်လွှတ်သင့်တာကို စိတ်ပြတ်ပြတ်နဲ့ လက်လွတ်တတ်မှ ဘဝကို စိတ်ချမ်းသာ ပျော်ရွှင်စွာနှင့် လျှောက်လှမ်းနိုင်မှာပဲ ဖြစ်တယ်....
Dr Shwe Tun

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။