#ကိုယ်စိုက်တာကိုယ်ပြန်ရိတ် ရ
========================%
အရွယ်တော် အိုမင်းလာပြီဖြစ်သော ဘုရင်ကြီးသည် သူ့ထီးနန်းကို ဆက်ခံမည့် သားတော်တစ်ဦးကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ သားတော်ကလည်း ၇ ဦးရှိနေသဖြင့် သူ့အရိုက်အရာကို အမှန်တကယ် ဆက်ခံနိုင်မည့်သူအား လူသိရှင်ကြား ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
တစ်နေ့တွင် မင်းကြီးသည် သားတော်အားလုံးကို ညီလာခံသို့ခေါ်ပြီး -
“သားတော်တို့ ခမည်းတော် အသက်ကြီးလာပြီဖြစ်လို့ အနားယူဖို့ အချိန် ရောက်လာပြီ။ သားတော်တို့ အထဲက ခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ နတ်ရွာမစံမီ ရွေးချယ်ပေးခဲ့မယ်”
ဘုရင်ကြီး၏ ပြောစကားကို ကြားလိုက်ရသည့်အခါ သားတော်များ တုန်လှုပ်သွားကြသည်။ မည်သို့ ရွေးချယ်မည်ကိုလည်း စိတ်ဝင်စားသွားကြသည်။
“သားတော်တို့ ဒီမှာ သစ်စေ့တွေ တစ်ယောက်ကို တစ်စေ့စီ လာယူကြ။ ဒီသစ်စေ့တွေဟာ အလွန်ထူးခြားတဲ့ သစ်စေ့တွေပေါ့။ ကောင်းကောင်းစိုက်၊ ရေလောင်း၊ ပျိုးထောင်ကြကွဲ့။ ဒီအချိန်ကစလို့ တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာ
အဲဒီသစ်စေ့က ပေါက်တဲ့ သစ်ပင်ပေါက် ကလေးနဲ့ ဟောဒီ ညီလာခံထဲကို သားတော်တို့
ကိုယ်တိုင် ပြန်ပြီး ခစားရမယ်။ အဲဒီအပင်တွေအပေါ် မူတည်ပြီး သားတော်တို့ကို
ထီးနန်းလွှဲပေးဖို့ ဆုံးဖြတ်မယ်”
သားတော် ၇ ပါးဟာ သစ်စေ့တွေကို တစ်ယောက် တစ်စေ့စီယူပြီး ပြန်သွားကြတယ်။ သူတို့နေတဲ့ အိမ်တော်တွေကို ပြန်ရောက်တော့ သစ်စေ့ကို ပန်းအိုးတွေထဲ ထည့်ပြီးတော့ သေချာစွာ စိုက်ပျိုးကြတယ်။ သူတို့ နေ့တိုင်း ရေတွေလောင်း ပေါင်းတွေသင်ကြတယ်။
အငယ်ဆုံး သားတော်လေးဟာ သူစိုက်ထားတဲ့ သစ်စေ့လေးကို နေ့တိုင်း ဂရုစိုက်ပြီးတော့ ရေလောင်းတယ်။ ဒါပေမဲ့ သုံးပတ်ကြာတဲ့အထိ ဘာမှ ထွက်မလာဘူး။ တစ်လကြာလည်း ပေါက်မလာ၊ နှစ်လကြာလည်း ထွက်မလာ၊ သူက စိုးရိမ်ပြီးတော့ သူ့မိခင်ထံသွားပြီး -
“မယ်တော် ၆ လတိုင်ရှိနေပြီ ဘာအပင်မှလည်း ထွက်မလာပါလား။ သားတော်တော့ ထီးနန်းနဲ့ ဝေးပြီ ထင်ပါရဲ့”လို့ သွားပြောလိုက်တယ်။ မိခင်က
“အေးကွယ် သားတော်ရယ်၊ သားတော်မှာ ကံဇာတာ မပါဘူး ထင်ပါတယ်”လို့ပြောပြီး နှစ်သိမ့်လိုက်တယ်။
သတ်မှတ်ထားတဲ့ အချိန်ရောက်တော့ ညီလာခံကို ဝင်ရတော့မယ်။ အငယ်ဆုံး သားတော်လေးဟာ အပင် မပေါက်တဲ့ ပန်းအိုးလေးကို ညှိုးငယ်စွာနဲ့ ယူလာတယ်။ သူအစ်ကိုတော်တွေကတော့ အပင်ပေါက်လေးတွေပါတဲ့ ပန်းအိုးတွေကို ဂုဏ်ယူဝင့်ကြွားစွာ ယူဆောင်လာကြတယ်။
ဘုရင်ကြီးက ညီလာခံမှာ သားတော်တွေ အားလုံးကို ပန်းအိုးတွေ လာပြဖို့ ပြောလိုက်တယ်။ သားတော် ၆ ဦးက ဘုရင်ကြီးရှေ့မှောက်မှာ ပန်းအိုးတွေ လာချပေမယ့် အငယ်ဆုံး သားတော်လေးကတော့ လာမချဘူး။
“သားတော်လေး ဘာဖြစ်လို့ ပန်းအိုး ယူမလာတာလဲ”
“ယူလာပါတယ် ခမည်းတော်။ ဒါပေမဲ့ ဘာပင်မှ ပေါက်မလာတဲ့အတွက် နောင်တော်တို့နဲ့ယှဉ်ပြီး မချဝံ့ပါဘူး”
“သားတော် သစ်စေ့က ဘာဖြစ်လို့ မပေါက်တာလဲ”
“သားတော်လည်း မသိပါ ခမည်းတော်။ အချိန်မှန် ရေလောင်းပြီး မြေဆီကောင်းမှာ စိုက်ပျိုးတာပါပဲ။ ဒါပေမဲ့ အပင်က ထွက်မလာပါဘူး ဘုရား”
“ဟဲ့ သားတော် သင့်နောင်တော်တွေတောင် ဖြစ်အောင် စိုက်နိုင်သေးတာ။ သင်က အဘယ်ကြောင့် မစိုက်နိုင်ရသလဲ”
“အပြစ်ပေးလည်း သားတော်ခံပါ့မယ်။ မဖြစ်တာကို ရှက်မိလို့ ပြောစရာစကား မရှိတော့ပါဘုရား”
“အေး ကောင်းပေစွ။ ခမည်းတော်မှာ ပြောစရာရှိတယ်။ ခမည်းတော် သားတော်တို့ကို ပေးလိုက်တဲ့ သစ်စေ့ ၇ စေ့ဟာ ရေနွေးဆူဆူမှာ ပြုတ်ထားပြီး၊ ဘယ်လိုမှ အပင်မပေါက်နိုင်တဲ့သစ်စေ့တွေကွဲ့။
ဒီသစ်စေ့တွေကို အပင်ပေါက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သားတော်ခြောက်ပါး
ဝန်ခံကြစမ်း။ သင်တို့ သစ်စေ့တွေ လဲစိုက်ထားကြတယ် မဟုတ်လား”
သားတော်ခြောက်ပါး ရှက်လွန်းလို့ ခေါင်းတွေ ငုံ့နေကြတယ်။
“ကဲ မင်းကြီးများနဲ့ ပြည်သူများ ငါ၏ ထီးနန်းကို ဘယ်သူ ဆက်ခံထိုက်သလဲဆိုတာ ပြောစရာလိုသေးလား။ ငါမရှိတဲ့နောက် အငယ်ဆုံး သားတော်ကို ထီးနန်းဆက်ခံရန် အမိန့်တော်မှတ်တယ်။ သားတို့ ခမည်းတော် နောက်ဆုံး မှာကြားခဲ့ချင်တယ်”
- ရိုးသားမှုကိုစိုက်ရင်၊ ယုံကြည်မှုကို ပြန်ရမယ်
- ကောင်းမြတ်ခြင်းကိုစိုက်ရင် ၊ ခင်မင်ရင်းနှီးမှုကို ပြန်ရမယ်
- နှိမ့်ချရိုကျိုးမှုကိုစိုက် ရင်၊ ကြီးမြတ်ခြင်းကို ပြန်ရမယ်
- ဇွဲလုံ့လကိုစိုက်ရင်၊ အောင်မြင်မှုကို ပြန်ရမယ်
- စာနာထောက်ထားမှုကိုစိုက်ရင်၊ မျှတမှုကို ပြန်ရမယ်
- ကြိုးစားရင် အောင်မြင်မှုကို ပြန်ရမယ်
- ခွင့်လွှတ်ရင် ပြေလည်မှုကို ပြန်ရမယ်
- ပွင့်လင်းရင် ရင်းနှီးမှုကို ပြန်ရမယ်
- သည်းခံရင် တိုးတက်မှုကို ပြန်ရမယ်
- ယုံကြည်ရင် ထူးခြားမှုကို ပြန်ရမယ်
ဒါပေမဲ့
- မရိုးသားရင် မယုံကြည်မှုကိုရမယ်
- အတ္တကြီးရင် အထီးကျန်မယ်
- မာနကြီးရင် ပျက်စီးမယ်
- မနာလိုရင် ဒုက္ခရောက်မယ်
- ပျင်းရင် ကျဆုံးမယ်
- မုန်းတီးရင် အထီးကျန်မယ်
- လောဘကြီးရင် ဆုံးရှုံးမယ်
- အတင်းပြောရင် ရန်သူပေါမယ်
- စိုးရိမ်ရင် သိမ်ငယ်မယ်
- အပြစ်လုပ်ရင် လိပ်ပြာမသန့်ဖြစ်မယ်
“ဒါကြောင့် သားတော်တို့ ကိုယ်စိုက်တာ ကိုယ်ပြန်ရတယ်ဆိုတာ အမြဲသတိထားကြ။ ငါဘာစိုက်ရင် ဘာရမယ်ဆိုတာ စိတ်ထဲမှာ တွေးထား။ မင်းတို့စိုက်တာ မင်းတို့ ပြန်ရမှာ။ ဒါကြောင့် ခမည်းတော် ပြောတာမှတ်ထား။ ဒီနေ့ကစပြီး ဘာစိုက်မလဲဆိုတာ တွေးထားကြ”
E-01 (The Seeds)
The Voice
========================%
အရွယ်တော် အိုမင်းလာပြီဖြစ်သော ဘုရင်ကြီးသည် သူ့ထီးနန်းကို ဆက်ခံမည့် သားတော်တစ်ဦးကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ သားတော်ကလည်း ၇ ဦးရှိနေသဖြင့် သူ့အရိုက်အရာကို အမှန်တကယ် ဆက်ခံနိုင်မည့်သူအား လူသိရှင်ကြား ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
တစ်နေ့တွင် မင်းကြီးသည် သားတော်အားလုံးကို ညီလာခံသို့ခေါ်ပြီး -
“သားတော်တို့ ခမည်းတော် အသက်ကြီးလာပြီဖြစ်လို့ အနားယူဖို့ အချိန် ရောက်လာပြီ။ သားတော်တို့ အထဲက ခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ နတ်ရွာမစံမီ ရွေးချယ်ပေးခဲ့မယ်”
ဘုရင်ကြီး၏ ပြောစကားကို ကြားလိုက်ရသည့်အခါ သားတော်များ တုန်လှုပ်သွားကြသည်။ မည်သို့ ရွေးချယ်မည်ကိုလည်း စိတ်ဝင်စားသွားကြသည်။
“သားတော်တို့ ဒီမှာ သစ်စေ့တွေ တစ်ယောက်ကို တစ်စေ့စီ လာယူကြ။ ဒီသစ်စေ့တွေဟာ အလွန်ထူးခြားတဲ့ သစ်စေ့တွေပေါ့။ ကောင်းကောင်းစိုက်၊ ရေလောင်း၊ ပျိုးထောင်ကြကွဲ့။ ဒီအချိန်ကစလို့ တစ်နှစ်ပြည့်မြောက်တဲ့နေ့မှ
သားတော် ၇ ပါးဟာ သစ်စေ့တွေကို တစ်ယောက် တစ်စေ့စီယူပြီး ပြန်သွားကြတယ်။ သူတို့နေတဲ့ အိမ်တော်တွေကို ပြန်ရောက်တော့ သစ်စေ့ကို ပန်းအိုးတွေထဲ ထည့်ပြီးတော့ သေချာစွာ စိုက်ပျိုးကြတယ်။ သူတို့ နေ့တိုင်း ရေတွေလောင်း ပေါင်းတွေသင်ကြတယ်။
အငယ်ဆုံး သားတော်လေးဟာ သူစိုက်ထားတဲ့ သစ်စေ့လေးကို နေ့တိုင်း ဂရုစိုက်ပြီးတော့ ရေလောင်းတယ်။ ဒါပေမဲ့ သုံးပတ်ကြာတဲ့အထိ ဘာမှ ထွက်မလာဘူး။ တစ်လကြာလည်း ပေါက်မလာ၊ နှစ်လကြာလည်း ထွက်မလာ၊ သူက စိုးရိမ်ပြီးတော့ သူ့မိခင်ထံသွားပြီး -
“မယ်တော် ၆ လတိုင်ရှိနေပြီ ဘာအပင်မှလည်း ထွက်မလာပါလား။ သားတော်တော့ ထီးနန်းနဲ့ ဝေးပြီ ထင်ပါရဲ့”လို့ သွားပြောလိုက်တယ်။ မိခင်က
“အေးကွယ် သားတော်ရယ်၊ သားတော်မှာ ကံဇာတာ မပါဘူး ထင်ပါတယ်”လို့ပြောပြီး နှစ်သိမ့်လိုက်တယ်။
သတ်မှတ်ထားတဲ့ အချိန်ရောက်တော့ ညီလာခံကို ဝင်ရတော့မယ်။ အငယ်ဆုံး သားတော်လေးဟာ အပင် မပေါက်တဲ့ ပန်းအိုးလေးကို ညှိုးငယ်စွာနဲ့ ယူလာတယ်။ သူအစ်ကိုတော်တွေကတော့ အပင်ပေါက်လေးတွေပါတဲ့ ပန်းအိုးတွေကို ဂုဏ်ယူဝင့်ကြွားစွာ ယူဆောင်လာကြတယ်။
ဘုရင်ကြီးက ညီလာခံမှာ သားတော်တွေ အားလုံးကို ပန်းအိုးတွေ လာပြဖို့ ပြောလိုက်တယ်။ သားတော် ၆ ဦးက ဘုရင်ကြီးရှေ့မှောက်မှာ ပန်းအိုးတွေ လာချပေမယ့် အငယ်ဆုံး သားတော်လေးကတော့ လာမချဘူး။
“သားတော်လေး ဘာဖြစ်လို့ ပန်းအိုး ယူမလာတာလဲ”
“ယူလာပါတယ် ခမည်းတော်။ ဒါပေမဲ့ ဘာပင်မှ ပေါက်မလာတဲ့အတွက် နောင်တော်တို့နဲ့ယှဉ်ပြီး မချဝံ့ပါဘူး”
“သားတော် သစ်စေ့က ဘာဖြစ်လို့ မပေါက်တာလဲ”
“သားတော်လည်း မသိပါ ခမည်းတော်။ အချိန်မှန် ရေလောင်းပြီး မြေဆီကောင်းမှာ စိုက်ပျိုးတာပါပဲ။ ဒါပေမဲ့ အပင်က ထွက်မလာပါဘူး ဘုရား”
“ဟဲ့ သားတော် သင့်နောင်တော်တွေတောင် ဖြစ်အောင် စိုက်နိုင်သေးတာ။ သင်က အဘယ်ကြောင့် မစိုက်နိုင်ရသလဲ”
“အပြစ်ပေးလည်း သားတော်ခံပါ့မယ်။ မဖြစ်တာကို ရှက်မိလို့ ပြောစရာစကား မရှိတော့ပါဘုရား”
“အေး ကောင်းပေစွ။ ခမည်းတော်မှာ ပြောစရာရှိတယ်။ ခမည်းတော် သားတော်တို့ကို ပေးလိုက်တဲ့ သစ်စေ့ ၇ စေ့ဟာ ရေနွေးဆူဆူမှာ ပြုတ်ထားပြီး၊ ဘယ်လိုမှ အပင်မပေါက်နိုင်တဲ့သစ်စေ့တေ
သားတော်ခြောက်ပါး ရှက်လွန်းလို့ ခေါင်းတွေ ငုံ့နေကြတယ်။
“ကဲ မင်းကြီးများနဲ့ ပြည်သူများ ငါ၏ ထီးနန်းကို ဘယ်သူ ဆက်ခံထိုက်သလဲဆိုတာ ပြောစရာလိုသေးလား။ ငါမရှိတဲ့နောက် အငယ်ဆုံး သားတော်ကို ထီးနန်းဆက်ခံရန် အမိန့်တော်မှတ်တယ်။ သားတို့ ခမည်းတော် နောက်ဆုံး မှာကြားခဲ့ချင်တယ်”
- ရိုးသားမှုကိုစိုက်ရင်၊ ယုံကြည်မှုကို ပြန်ရမယ်
- ကောင်းမြတ်ခြင်းကိုစိုက်ရင်
- နှိမ့်ချရိုကျိုးမှုကိုစိုက်
- ဇွဲလုံ့လကိုစိုက်ရင်၊ အောင်မြင်မှုကို ပြန်ရမယ်
- စာနာထောက်ထားမှုကိုစိုက်ရင်၊
- ကြိုးစားရင် အောင်မြင်မှုကို ပြန်ရမယ်
- ခွင့်လွှတ်ရင် ပြေလည်မှုကို ပြန်ရမယ်
- ပွင့်လင်းရင် ရင်းနှီးမှုကို ပြန်ရမယ်
- သည်းခံရင် တိုးတက်မှုကို ပြန်ရမယ်
- ယုံကြည်ရင် ထူးခြားမှုကို ပြန်ရမယ်
ဒါပေမဲ့
- မရိုးသားရင် မယုံကြည်မှုကိုရမယ်
- အတ္တကြီးရင် အထီးကျန်မယ်
- မာနကြီးရင် ပျက်စီးမယ်
- မနာလိုရင် ဒုက္ခရောက်မယ်
- ပျင်းရင် ကျဆုံးမယ်
- မုန်းတီးရင် အထီးကျန်မယ်
- လောဘကြီးရင် ဆုံးရှုံးမယ်
- အတင်းပြောရင် ရန်သူပေါမယ်
- စိုးရိမ်ရင် သိမ်ငယ်မယ်
- အပြစ်လုပ်ရင် လိပ်ပြာမသန့်ဖြစ်မယ်
“ဒါကြောင့် သားတော်တို့ ကိုယ်စိုက်တာ ကိုယ်ပြန်ရတယ်ဆိုတာ အမြဲသတိထားကြ။ ငါဘာစိုက်ရင် ဘာရမယ်ဆိုတာ စိတ်ထဲမှာ တွေးထား။ မင်းတို့စိုက်တာ မင်းတို့ ပြန်ရမှာ။ ဒါကြောင့် ခမည်းတော် ပြောတာမှတ်ထား။ ဒီနေ့ကစပြီး ဘာစိုက်မလဲဆိုတာ တွေးထားကြ”
E-01 (The Seeds)
The Voice
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။