သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေမယ့် အချက် (၁၀) ချက်
ဆွဲဆောင်မှုရှိချင်တာကို ထုတ်မပြောကြပေမယ့် လူတွေရဲ့ မသိစိတ်ထဲကတော့ ဆွဲဆောင်မှုရှိလိုကြတာချည်း ပါပဲ။ မျက်နှာသွင်ပြင်နဲ့ ခန္ဓာကိုယ်သာမက ကိုယ်ရည်ကိုယ်သွေးတွေပါ ဆွဲဆောင်မှုရှိစေဖို့ ဘယ်လိုနေထိုင်ကြမလဲ...
(၁) အံ့အားသင့်ပါစေ
သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးမယ် အမှတ်တရတစ်ခုခု လုပ်ပေးမယ် စိတ်ကူးထားရင် ပြောမပြထားပါနဲ့။ ကတိပေးပြီး လုပ်ပေးတာထက် အံ့သြသွားအောင် Surprise လုပ်ပေးလိုက်တာက ပိုပြီး အမှတ်တရရှိစေမှာပါ။
(၂) ငြင်းဆန်ပါ
သင်မလုပ်လိုတဲ့ အရာ၊ မသွားလိုတဲ့ပါတီတွေကို ငြင်းဆန်ပါ။ သူတစ်ပါးတောင်းဆိုတိုင်း တာဝန်တစ်ခုလို လက်ခံစရာမလိုပါဘူး။ ဒီတော့ ရိုးသားစွာပဲ သင်မလုပ်လိုတဲ့အရာတွေကို ငြင်းဆန်ပါ။
(၃)သူစိမ်းတွေအပေါ် ကောင်းမွန်စွာ ဆက်ဆံပါ
သင်တွေ့သမျှသူစိမ်းတွေကို ဖော်ရွေခိုင်းတာ မဟုတ်ပါဘူး။ ဥပမာ - ဘတ်စ်ကားပေါ်မှာ နေရာဖယ်အပ်သူမို့ ဖယ်ပေးလိုက်တာမျိုးကို ဆိုလိုတာပါ။
(၄) မာန်မာနနှိမ့်ချပြီး သင်ယူပါ
သင့်ထက်သာတဲ့သူတွေ့ရင် မာန်မာနကို နှိမ့်ချပြီး သူတို့ဆီက ကောင်းတာတွေကို သင်ယူပါ။ တစ်နေ့ကို အကျင့်ကောင်းတစ်ခု၊ ပညာတစ်ခု သင်ယူနိုင်မယ်ဆိုရင် သင့်ရဲ့နေ့ရက်တိုင်းက ပိုပြီးနေပျော်စေမှာပါ။
(၅) စပ်စုပါ
ဆိုလိုတာက နည်းနည်းပြောပြီး များများနားထောင်ပါ။ သာမာန်နားထောင်တာမျိုးမဟုတ်ပဲ စိတ်ဝင်တစားနားထောင်တတ်မယ်ဆိုရင် သင့်အတွက် အကျိုးရှိမယ့်အပြင် မိတ်ဆွေတွေလည်း ပိုတိုးလာမှာပါ။ အထူးသဖြင့် သင့်စကားပြောဖော်ကို ကျွမ်းကျင်တဲ့နယ်ပယ်မျိုးကို စိတ်ဝင်တစားမေးမြန်းတဲ့အခါ သင်ရော သူ့အတွက်ပါ အကျိုးရှိစေမှာပါ။
(၆) ထိန်းချုပ်ပါ
သင့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပါ။ ဒေါသတကြီး အော်ဟစ်ပြောဆိုခြင်းက ဘယ်တော့မှ အကျိုးရှိတဲ့ အပြုအမူမဟုတ်ပါဘူး။ ဒီတော့ မပြောခင် မပြုမူခင် စဉ်းစားပြီး သင့်နှုတ်နဲ့ အမူအရာတွေကို ထိန်းချုပ်ပါ။
(၇) မိတ်ဆွေဖွဲ့ပါ
သင်မသိတဲ့ အသိုင်းအ၀ိုင်း ဧည့်ခံပွဲတွေ၊ ပါတီတွေက သင့်ကို စိတ်ကသိကအောက် ဖြစ်စေသလား။ ဒါဆိုရင်တော့ သင်မိတ်ဖွဲ့ကြည့်ပါ။။ တစ်ခါမှ မသိဖူး မမြင်ဖူးတဲ့လူတွေရဲ့ မိတ်ဖွဲ့စကားစမြည်ပြောဆြို ခင်းက သင့်ကို စိတ်သက်သာရာရစေပြီး မိတ်ဆွေအပေါင်းအသင်းလည်း များလာစေပါတယ်။
(၈) လေ့လာသင်ယူလိုတာတွေကို စာရင်းပြုစုထားပါ
လေ့လာသင်ယူခြင်းဟာ ဘယ်တော့မှ ပြီးဆုံးတယ်၊ အိုမင်းသွားတယ်လို့ မရှိပါဘူး။ ဒီတော့ သင့်အနေနဲ့ လေ့လာသင်ယူလိုတာတွေကို စာရင်းပြုစုထားပြီး သင့်အားလပ်ချိန်တွေကို အကျိုးရှိရှိအသုံးးချပါ။
(၉) ကျေးဇူးတင်ပါ
ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ ၀န်မလေးပါနဲ့။ သင့်ကို နေရာဖယ်ပေးသူပဲဖြစ်ဖြစ်၊ ကားငှားစီးလို့ ကားပေါ်ကမဆင်းခင်ပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်လို့ ပြောကြည့်ပါ။ သင့်အတွက်ရော သူတစ်ပါးအတွက်ပာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားဟာ နှစ်လိုဖွယ်ရာပါ။
(၁၀) သင့်ကိုယ်သင်အချိန်ပေးပါ
တစ်နေ့တာလုံး မိသားစု၊ အလုပ်နဲ့ လူမှုရေးတွေကြားထဲမှာ သင့်အချိန်တွေ ပျောက်ဆုံးနေပြီလား။ သင့်ကိုယ့်သင်လည်း အချိန်ပေးပါဦး။ သင့်စိတ်ကူးတွေ ကွန့်မြူးဖို့ သင်ဝါသနာပါတဲ့အရာတွေလုပ်ဖို့ သင်ကိုယ်သင် အချိန် သီးသန့်ပေးသင့်ပါတယ်။
အရေးကြီးဆုံးကတော့ သင့်ဆီမှာရှိတဲ့ ဆွဲဆောင်နိုင်တဲ့အရာတွေဟာ သင်မျက်နှာနဲ့ ခန္ဓာကိုယ်မဟုတ်ပဲ သင့်နှလုံးသားနဲ့ အမူအကျင့်တွေဆိုတာ မမေ့လျော့ဖို့ပါပဲ...
#source_lifehack
#savetimebesmart
Original Save Time Be Smart!
ဆွဲဆောင်မှုရှိချင်တာကို ထုတ်မပြောကြပေမယ့် လူတွေရဲ့ မသိစိတ်ထဲကတော့ ဆွဲဆောင်မှုရှိလိုကြတာချည်း
(၁) အံ့အားသင့်ပါစေ
သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးမယ် အမှတ်တရတစ်ခုခု လုပ်ပေးမယ် စိတ်ကူးထားရင် ပြောမပြထားပါနဲ့။ ကတိပေးပြီး လုပ်ပေးတာထက် အံ့သြသွားအောင် Surprise လုပ်ပေးလိုက်တာက ပိုပြီး အမှတ်တရရှိစေမှာပါ။
(၂) ငြင်းဆန်ပါ
သင်မလုပ်လိုတဲ့ အရာ၊ မသွားလိုတဲ့ပါတီတွေကို ငြင်းဆန်ပါ။ သူတစ်ပါးတောင်းဆိုတိုင်း တာဝန်တစ်ခုလို လက်ခံစရာမလိုပါဘူး။ ဒီတော့ ရိုးသားစွာပဲ သင်မလုပ်လိုတဲ့အရာတွေကို
(၃)သူစိမ်းတွေအပေါ် ကောင်းမွန်စွာ ဆက်ဆံပါ
သင်တွေ့သမျှသူစိမ်းတွေကို ဖော်ရွေခိုင်းတာ မဟုတ်ပါဘူး။ ဥပမာ - ဘတ်စ်ကားပေါ်မှာ နေရာဖယ်အပ်သူမို့ ဖယ်ပေးလိုက်တာမျိုးကို ဆိုလိုတာပါ။
(၄) မာန်မာနနှိမ့်ချပြီး သင်ယူပါ
သင့်ထက်သာတဲ့သူတွေ့ရင် မာန်မာနကို နှိမ့်ချပြီး သူတို့ဆီက ကောင်းတာတွေကို သင်ယူပါ။ တစ်နေ့ကို အကျင့်ကောင်းတစ်ခု၊ ပညာတစ်ခု သင်ယူနိုင်မယ်ဆိုရင် သင့်ရဲ့နေ့ရက်တိုင်းက ပိုပြီးနေပျော်စေမှာပါ။
(၅) စပ်စုပါ
ဆိုလိုတာက နည်းနည်းပြောပြီး များများနားထောင်ပါ။ သာမာန်နားထောင်တာမျိုးမဟုတ
(၆) ထိန်းချုပ်ပါ
သင့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပါ။ ဒေါသတကြီး အော်ဟစ်ပြောဆိုခြင်းက ဘယ်တော့မှ အကျိုးရှိတဲ့ အပြုအမူမဟုတ်ပါဘူး။ ဒီတော့ မပြောခင် မပြုမူခင် စဉ်းစားပြီး သင့်နှုတ်နဲ့ အမူအရာတွေကို ထိန်းချုပ်ပါ။
(၇) မိတ်ဆွေဖွဲ့ပါ
သင်မသိတဲ့ အသိုင်းအ၀ိုင်း ဧည့်ခံပွဲတွေ၊ ပါတီတွေက သင့်ကို စိတ်ကသိကအောက် ဖြစ်စေသလား။ ဒါဆိုရင်တော့ သင်မိတ်ဖွဲ့ကြည့်ပါ။။ တစ်ခါမှ မသိဖူး မမြင်ဖူးတဲ့လူတွေရဲ့ မိတ်ဖွဲ့စကားစမြည်ပြောဆြို
(၈) လေ့လာသင်ယူလိုတာတွေကို စာရင်းပြုစုထားပါ
လေ့လာသင်ယူခြင်းဟာ ဘယ်တော့မှ ပြီးဆုံးတယ်၊ အိုမင်းသွားတယ်လို့ မရှိပါဘူး။ ဒီတော့ သင့်အနေနဲ့ လေ့လာသင်ယူလိုတာတွေကို စာရင်းပြုစုထားပြီး သင့်အားလပ်ချိန်တွေကို အကျိုးရှိရှိအသုံးးချပါ။
(၉) ကျေးဇူးတင်ပါ
ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ ၀န်မလေးပါနဲ့။ သင့်ကို နေရာဖယ်ပေးသူပဲဖြစ်ဖြစ်၊ ကားငှားစီးလို့ ကားပေါ်ကမဆင်းခင်ပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်လို့ ပြောကြည့်ပါ။ သင့်အတွက်ရော သူတစ်ပါးအတွက်ပာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားဟာ နှစ်လိုဖွယ်ရာပါ။
(၁၀) သင့်ကိုယ်သင်အချိန်ပေးပါ
တစ်နေ့တာလုံး မိသားစု၊ အလုပ်နဲ့ လူမှုရေးတွေကြားထဲမှာ သင့်အချိန်တွေ ပျောက်ဆုံးနေပြီလား။ သင့်ကိုယ့်သင်လည်း အချိန်ပေးပါဦး။ သင့်စိတ်ကူးတွေ ကွန့်မြူးဖို့ သင်ဝါသနာပါတဲ့အရာတွေလုပ်ဖိ
အရေးကြီးဆုံးကတော့ သင့်ဆီမှာရှိတဲ့ ဆွဲဆောင်နိုင်တဲ့အရာတွေဟာ သင်မျက်နှာနဲ့ ခန္ဓာကိုယ်မဟုတ်ပဲ သင့်နှလုံးသားနဲ့ အမူအကျင့်တွေဆိုတာ မမေ့လျော့ဖို့ပါပဲ...
#source_lifehack
#savetimebesmart
Original Save Time Be Smart!
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။