တိုးတက်ပြောင်းလဲချင်ရင် ကိုယ့်ကိုကိုယ် မေးခွန်းတွေ ပြန်မေးပါ…
သင့်ကိုယ်သင် တကယ်အရေးပါတဲ့ မေးခွန်းတွေ ပြန်မေးလေလေ၊ သင့်ဘဝက တိုးတက်လာလေလေ ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် မေးခွန်းပြန်မေးခြင်းဆိုတာ အလွန်ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။
အောင်မြင်တဲ့ လူအများစုဟာ ကိုယ့်ကိုကိုယ် မေးခွန်းပြန်မေးပြီး ပိုကောင်းတဲ့ အဖြေတစ်ခု ရရှိအောင် ကြိုးစားကြပါတယ်။
ဒါဆို ဘယ်လိုမေးခွန်းမျိုးတွေကို မေးသင့်တာလဲ ?
ယခုဖော်ပြမယ့် မေးခွန်း (၃) ခုဟာ သင့်ကိုယ်သင် ပြန်မေးသင့်တဲ့ အခြေခံအကျဆုံး မေးခွန်းတွေပဲ ဖြစ်ပါတယ်။
☑ " ငါ့ဘဝက ဘယ်နေရာ ရောက်နေတာလဲ ? "
သင့်ရဲ့ လက်ရှိဘဝက ဘယ်နေရာကို ရောက်နေတယ်ဆိုတာ သေချာသိဖို့ အရေးကြီးပါတယ်။ လူအများစုဟာ ကိုယ်တကယ် ရောက်ရှိနေတဲ့ နေရာကို သေချာသိဖို့ မကြိုးစားကြပါဘူး။ နောင်တစ်ချိန်မှာ နောင်တမရချင်ရင် ဒီမေးခွန်းကို ရိုးသားစွာ ပြန်ဖြေဖို့ လိုပါတယ်။ သင့်ဘဝရဲ့ အခြေအနေမှန်ကို သင့်ကိုယ်သင် ပြန်မေးဖို့ အလွန်အရေးကြီးပါတယ်။
☑ " ငါ ဘယ်လိုဘဝမျိုးကို လိုချင်တာလဲ? "
ဒီမေးခွန်းကို ပြန်ဖြေဖို့ သေချာ လေးလေးနက်နက် စဉ်းစားသင့်ပါတယ်။ သင်စိတ်အားထက်သန်စွာ အကောင်အထည်ဖော်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဆိုတာကို သိဖို့ အရေးကြီးပါတယ်။ သင် Professional ကျကျ ဖြတ်သန်းချင်တဲ့ ဘဝက ဘယ်လိုမျိုးလဲဆိုတာ စဉ်းစားပါ။ ဘယ်လိုဘဝမျိုးကို လိုချင်တာလဲ ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးပါ။
☑ " ငါလိုချင်တဲ့ ဘဝရောက်အောင် ဘယ်လိုကြိုးစားရမလဲ? "
အခုဖော်ပြခဲ့တဲ့ မေးခွန်း (၃) ခုလုံးက ရေးကြီးပါတယ်။ ဒါပေမယ့် နောက်ဆုံး မေးခွန်းကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီမေးခွန်းက သင့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သလို ၊ မေးခွန်းရဲ့ အဖြေထဲမှာ ကြိုးစားရုန်းကန်ရမယ့် အချက်တွေလဲ များစွာပါဝင်လာမှာ ဖြစ်ပါတယ်။ အချိန်တစ်ခု ကြာအောင် စဉ်းစားပြီးမှ ဒီမေးခွန်းကို ပြန်ဖြေသင့်ပါတယ်။
ဒီမေးခွန်းတွေကို သင့်ကိုယ်သင် ပြန်မေးပြီး ဖြစ်နိုင်တဲ့ အဖြေတွေကို စာအုပ်ထဲမှာ ချရေးလိုက်ပါ။ ချရေးလိုက်တဲ့ အဖြေတွေအတိုင်း တကယ်ဖြစ်လာအောင် ကြိုးစားလိုက်ရင် သင့်ဘဝက အမှန်တကယ် တိုးတက်ပြောင်းလဲလာပါလိမ့်မ ယ်။
Linn Linn Maung (Myanmar Leaders)
Ref: Entrepreneur
#linnlinnmaung
www.myanmarleaders.com
သင့်ကိုယ်သင် တကယ်အရေးပါတဲ့ မေးခွန်းတွေ ပြန်မေးလေလေ၊ သင့်ဘဝက တိုးတက်လာလေလေ ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် မေးခွန်းပြန်မေးခြင်းဆိုတာ အလွန်ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။
အောင်မြင်တဲ့ လူအများစုဟာ ကိုယ့်ကိုကိုယ် မေးခွန်းပြန်မေးပြီး ပိုကောင်းတဲ့ အဖြေတစ်ခု ရရှိအောင် ကြိုးစားကြပါတယ်။
ဒါဆို ဘယ်လိုမေးခွန်းမျိုးတွေကို မေးသင့်တာလဲ ?
ယခုဖော်ပြမယ့် မေးခွန်း (၃) ခုဟာ သင့်ကိုယ်သင် ပြန်မေးသင့်တဲ့ အခြေခံအကျဆုံး မေးခွန်းတွေပဲ ဖြစ်ပါတယ်။
☑ " ငါ့ဘဝက ဘယ်နေရာ ရောက်နေတာလဲ ? "
သင့်ရဲ့ လက်ရှိဘဝက ဘယ်နေရာကို ရောက်နေတယ်ဆိုတာ သေချာသိဖို့ အရေးကြီးပါတယ်။ လူအများစုဟာ ကိုယ်တကယ် ရောက်ရှိနေတဲ့ နေရာကို သေချာသိဖို့ မကြိုးစားကြပါဘူး။ နောင်တစ်ချိန်မှာ နောင်တမရချင်ရင် ဒီမေးခွန်းကို ရိုးသားစွာ ပြန်ဖြေဖို့ လိုပါတယ်။ သင့်ဘဝရဲ့ အခြေအနေမှန်ကို သင့်ကိုယ်သင် ပြန်မေးဖို့ အလွန်အရေးကြီးပါတယ်။
☑ " ငါ ဘယ်လိုဘဝမျိုးကို လိုချင်တာလဲ? "
ဒီမေးခွန်းကို ပြန်ဖြေဖို့ သေချာ လေးလေးနက်နက် စဉ်းစားသင့်ပါတယ်။ သင်စိတ်အားထက်သန်စွာ အကောင်အထည်ဖော်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဆိုတာကို သိဖို့ အရေးကြီးပါတယ်။ သင် Professional ကျကျ ဖြတ်သန်းချင်တဲ့ ဘဝက ဘယ်လိုမျိုးလဲဆိုတာ စဉ်းစားပါ။ ဘယ်လိုဘဝမျိုးကို လိုချင်တာလဲ ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးပါ။
☑ " ငါလိုချင်တဲ့ ဘဝရောက်အောင် ဘယ်လိုကြိုးစားရမလဲ? "
အခုဖော်ပြခဲ့တဲ့ မေးခွန်း (၃) ခုလုံးက ရေးကြီးပါတယ်။ ဒါပေမယ့် နောက်ဆုံး မေးခွန်းကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီမေးခွန်းက သင့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သလို ၊ မေးခွန်းရဲ့ အဖြေထဲမှာ ကြိုးစားရုန်းကန်ရမယ့် အချက်တွေလဲ များစွာပါဝင်လာမှာ ဖြစ်ပါတယ်။ အချိန်တစ်ခု ကြာအောင် စဉ်းစားပြီးမှ ဒီမေးခွန်းကို ပြန်ဖြေသင့်ပါတယ်။
ဒီမေးခွန်းတွေကို သင့်ကိုယ်သင် ပြန်မေးပြီး ဖြစ်နိုင်တဲ့ အဖြေတွေကို စာအုပ်ထဲမှာ ချရေးလိုက်ပါ။ ချရေးလိုက်တဲ့ အဖြေတွေအတိုင်း တကယ်ဖြစ်လာအောင် ကြိုးစားလိုက်ရင် သင့်ဘဝက အမှန်တကယ် တိုးတက်ပြောင်းလဲလာပါလိမ့်မ
Linn Linn Maung (Myanmar Leaders)
Ref: Entrepreneur
#linnlinnmaung
www.myanmarleaders.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။