Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 19, 2017

သဲအိမ်

သဲအိမ်
✿✿✿✿


တစ်ခါတုန်းက ပင်လယ်ကမ်းစပ်မှာ
ကလေးတစ်သိုက် 'သဲအိမ်' ဆောက်တမ်း
ကစားနေကြတယ်။
ရတဲ့ တုတ်ချောင်းလေးတွေ၊ သစ်သား
အတိုအစလေးတွေကို ကောက်ပြီး သဲလေးတွေကို
ပုံလိုက်ကြတယ်။ ပြီးတော့ ခြေထောက်ကလေးကို
ထိုးထည့်ပြီး အပေါ်က လက်ဖမိုးလေးနဲ့ ဖိလိုက်တယ်။ ခြေထောက်ကလေးကို ပြန်ဆွဲထုတ်လိုက်တော့
ဂူကလေးတစ်လုံးနဲ့ တူသွားတယ်။

ကလေးတစ်ယောက်ကတော့ ပလတ်စတစ်ပုံးထဲမှာ
သဲတွေကို အပြည့်ထည့်တယ်။ ဖိသိပ်ပြီးတော့ ပုံးကို
မှောက်ချလိုက်တယ်။ ပလတ်စတစ်ပုံးပုံစံ သဲပုံး
ကလေးရလာတဲ့အခါ တုတ်ချောင်းကလေးနဲ့
တိုက်ပုံစံဖြစ်အောင် ဖော်လိုက်တယ်။

တချို့ကလေးတွေလည်း သူ့နည်းသူ့ဟန်နဲ့
သဲအိမ် ကလေးတွေ ဆောက်ကြတယ်။
အတွေးဉာဏ်ရှိတဲ့ ကလေးတချို့ဆိုရင်
သူတို့ဆောက်ထားတဲ့ 'သဲအိမ်' ကို သဲလေးတွေနဲ့ပဲ ခြံစည်းရိုးခတ်လိုက်ကြတယ်။ တချို့ 'သဲအိမ်'
လေးတွေဆိုရင် အရမ်းကို သပ်ရပ်တယ်။ လှတယ်။

ပြီးတော့ တစ်ယောက်ကိုတစ်ယောက် သူ့
'သဲအိမ်' က ငါ့ 'သဲအိမ်' လောက် မလှဘူး။ ငါ့ 'သဲအိမ်'
က မင်း 'သဲအိမ်' ထက် ခိုင်တယ်၊ လှတယ်ဆိုပြီး
ငြင်းကြတယ်။ စကားများကြတယ်။ ပါးစပ်ကလည်း
စကားတွေပြောလိုက်၊ စိတ်ကူးထဲရှိတဲ့အတိုင်း
သဲသောင်ပြင်ပေါ်မှာ အိမ်ကလေးတွေ
ဆောက်လိုက်နဲ့ ပျော်စရာကြီးပါ။

သူတို့ရဲ့ မလှမ်းမကမ်းမှာ သဲသောင်ပြင်ပေါ် ပြေးလွှားဆော့ကစားနေတဲ့ ခွေးတစ်အုပ်လည်း
ရှိနေသေးတယ်။ သူတို့က ကလေးတွေဆောက်ထားတဲ့
'သဲအိမ်' တွေကို ဖျက်စီးဖို့ အမြဲကြည့်နေကြတယ်။

ပင်လယ်ထဲမှာလည်း လှိုင်းတွေက တဝုန်းဝုန်းနဲ့
ကမ်းကို ရိုက်ခတ်နေကြတယ်။
နေပူကျဲကျဲမှာ ပင်ပန်းရမှန်းမသိဘဲ 'သဲအိမ်'
ဆောက်နေလိုက်ကြတာ။
တချို့ကလေးတွေက ပင်လယ်ထဲ
ရေဆင်းကူးလိုက်၊ 'သဲအိမ်' ဆောက်လိုက်နဲ့
အပျော်ကြီး ပျော်နေကြတာပေါ့။

.

ပင်လယ်ဆိုတာ ညနေစောင်းရင် 'ဒီရေ' တွေ
တက်လာတတ်တယ်။
တက်လာတဲ့ 'ဒီရေ' တွေအောက်မှာ 'သဲအိမ်'
ကလေးတွေ အချိန်တန်ရင် ပျက်စီးသွားမယ်ဆိုတာ ကလေးလေးတွေဆိုတော့ မတွေးမိကြဘူးပေါ့။ နောက်တစ်နေ့မနက်လည်းရောက်ရော သူတို့
ဆောက်ခဲ့တဲ့ 'သဲအိမ်' တွေအားလုံး သဲသောင်ပေါ်မှာ
မရှိတော့ဘူး။ 'ဒီရေ' လှိုင်းတွေနဲ့အတူ ပင်လယ်ထဲကို
မျောပါသွားခဲ့ပြီလေ။

နောက်တစ်နေ့မှာလည်း ဒီပင်လယ်ဘေးက
ဒီသောင်ပြင်ပေါ်မှာပဲ ကလေးတွေဟာ သဲအိမ်ကလေးတွေ
ထပ်ပြီး ဆောက်နေကြဦးမှာပါ။ မနေ့က 'သဲအိမ်'
တွေကို မတွယ်တာတော့ဘူး။ နောက်ထပ် 'သဲအိမ်'
တစ်လုံးကို မနေ့ကထက်ကောင်းအောင် ထပ်ပြီး
ဆောက်ကြလိမ့်ဦးမယ်။ ထပ်ပြီး ပြိုင်ဆိုင်ကြလိမ့်ဦးမယ်။

.

,

စာဖတ်သူများခင်ဗျာ. . .
ကျွန်တော်တို့ကလည်း 'သဲအိမ်'ဆောက်နေကြသူတွေပါ။
တချို့ သဲအိမ်တွေက နန်းတော်ကြီး.....
တချို့ သဲအိမ်တွေက ရာဇပလ္လင်.....
တချို့ သဲအိမ်တွေက ရာထူး အာဏာ ဂုဏ်ပါဝါ.....
တချို့ သဲအိမ်တွေက ဘွဲ့ထူး၊ ဂုဏ်ထူး.....
တချို့ သဲအိမ်တွေက .....
တချို့ သဲအိမ်တွေက .....
တချို့ သဲအိမ်တွေက .....

.

'သဲအိမ်' ချင်း အလှပြိုင်လို့ မာန်ဝင့်နေကြသူတွေပါ။
ဒါပေမယ့် ကိုယ်တည်ဆောက်နေရတဲ့ဘဝကို
'သဲအိမ်' လို့ မတွေးမိကြဘူး။

သူ့ 'သဲအိမ်' နဲ့ ငါ့ 'သဲအိမ်' နှိုင်းယှဉ်ပြီး
စိတ်ဓာတ်ကျတဲ့အခါလည်း ရှိရဲ့။ ဂုဏ်ယူမော်ကြွားမိ
တဲ့အခါလည်း ရှိရဲ့။ မာန်တက်မိတဲ့အခါလည်း ရှိရဲ့။

ပြီးတော့ ဒီ 'သဲအိမ်' တွေကို ကိုယ်အမြဲပိုင်မယ်
ထင်ပြီး အတ္တတွေ၊ လောဘတွေ၊ ဒေါသတွေနဲ့ နေပူလို့
ပူမှန်းမသိတဲ့ ပင်လယ်ပြင်ဘေးက ကလေး
တွေလိုပေါ့။ အပျော်ကြီးပျော်နေကြတာ။

အချိန်တန်ရင် ပင်လယ်ပြင်ဘေးက
သဲအိမ်ကလေးတွေ 'ဒီရေ' အောက်ရောက်ကြသလို
ကျွန်တော်တို့ ဆောက်နေတဲ့ 'ဘဝရဲ့သဲအိမ်'
တွေလည်း ပျက်စီးကြမှာပါ။
ဒါကို သတိမထားမိဘဲ ကိုယ့်ရဲ့ ဘဝသဲအိမ်ကို
တွယ်တာကြတယ်။ ပြိုင်ဆိုင်ကြတယ်။
အနိုင်လိုချင်ကြတယ်။ ကိုယ့်ရဲ့ ဘဝသဲအိမ်
ပျက်စီးသွားမှာကို ကြောက်ရွံ့ကြတယ်။ ကိုယ့်သဲအိမ်ကို
ဘယ်သူများ လာပြီးဖျက်ဆီးမလဲလို့ အမြဲတွေးတောပြီး
ပူပန်နေရတယ်။

.

ဒါပေမယ့် ပင်လယ်ပြင်ဘေးရဲ့ သဲသောင်ပြင်ပေါ်က
'သဲအိမ်' ပျက်သွားတဲ့ ကလေးတစ်ယောက်က မငိုဘူး။
နောက်ထပ် 'သဲအိမ်' တစ်လုံးကို ပျော်ပျော်ပါးပါးကြီး
ထပ်ဆောက်နေဦးမှာ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့
'ဘဝသဲအိမ်' ပျက်သွားရင် ငိုကြွေးကြမယ်။ နောက်ထပ်
'ဘဝသဲအိမ်' တစ်လုံး ထပ်ဆောက်ဖို့ ဇွဲမရှိကြဘူး။

ကလေးတွေဟာ သူတို့ 'သဲအိမ်' ကို
မတွယ်တာဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့
ဘဝသဲအိမ် ကို တွယ်တာလွန်းတယ်။ ပြီးတော့ သူများ
'ဘဝသဲအိမ်' ကို တန်ဖိုးမထားတတ်ကြဘူး။ နောက်ထပ်
'သဲအိမ်' တစ်လုံးကို တည်ဆောက်နိုင်စွမ်း ကိုယ့်မှာရှိတာ
သတိမပြုမိကြဘူး။သူများရဲ့ 'ဘဝသဲအိမ်'
ပျက်စီးသွားရင်လည်း အပျော်ကြီး ပျော်နေတတ်ကြတယ်။

.

ကျွန်တော်တို့အားလုံးဟာ ပင်လယ်ပြင်ဘေးက
သံသောင်ပြင်ပေါ်မှာ 'သဲအိမ်' ဆောက်တမ်း
ဆော့ကစားနေကြတဲ့ ကလေးလေးတွေနဲ့ တူပါတယ်။

ဒါပေမယ့် မတူတာနှစ်ခု ရှိတယ်။
တစ်ခုကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့
'ဘဝသဲအိမ်' ကို အတ္တစိတ်တွေနဲ့ တွယ်တာလွန်းကြတယ်။
မာန်မာနတွေနဲ့ ပြိုင်ဆိုင်ချင်ကြတယ်။

နောက်တစ်ခုကတော့ နောက်ထပ် 'ဘဝသဲအိမ်' တစ်လုံးတည်ဆောက်ဖို့ ဇွဲမရှိခြင်းပါပဲ။

ဘာပဲဖြစ်ဖြစ် 'ဒီရေ' တွေ တက်လာတဲ့တစ်နေ့မှာ
'သဲအိမ်' အားလုံး ပင်လယ်ထဲကို ရောက်သွားကြရမှာပါ။
တွေးဆကြည့်ကြရအောင်ဗျာ။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
www.facebook.com/knowledgevillage11
#ဦးဘုန်း(ဓာတု)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။