Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 22, 2017

စိန်ခေါ်မှုများကျော်လွှားပြီး အသက် ၁၃ နှစ်နှင့်စွန့်ဦးတီထွင်သူဖြစ်လာသူ

စိန်ခေါ်မှုများကျော်လွှားပြီး အသက် ၁၃ နှစ်နှင့်စွန့်ဦးတီထွင်သူဖြစ်လာသူ
++++++++++++++++++++++++++++++++++++++++++++++++

ရေးသူ - လင်းလင်းထွန်း (Success Coach)

ရှားနယူးဆန် (Asia Newson) ဟုအမည်ရသည့် အမေရိကန်သူလေးသည် ဖယောင်းတိုင်များကို ဖြန့်ချိသူထံမှ လက္ကားဝယ်ယူပြီး ပြန်ရောင်းချသည့်အလုပ် ကို အသက်ငါးနှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ယခု သူ့ အသက်မှာ ၁၃ နှစ်ရှိခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် သူသည် ဖယောင်းတိုင်များကို ကိုယ်တိုင်ပင်ထုတ်လုပ်နေပြီဖြစ်ပြီး ၂၀၁၇ အတွင်း သူ့ကုမ္ပဏီမှဝင်ငွေ အမေရိ ကန်ဒေါ်လာတစ်သိန်းအထိ ရရှိဖို့မျှော်မှန်းထားသူဖြစ်သည်။ ပြီးခဲ့သည့်နှစ် ၂၀၁၆ ကမူ သူသည် ၀င်ငွေမျှော်မှန်းချက်မှာဒေါ်လာ ခုနစ်သောင်းဖြစ်ပြီး ဒေါ်လာ ၆၉,၂၁၈.၃၀ အထိ ၀င်ငွေရရှိခဲ့သည်။ ပို၍စိတ်ဝင်စားစရာကောင်းပြီး အရေးကြီးသည့်အချက်မှာ အေးရှားနယူးဆန်သည် အမေရိကန်နိုင်ငံ၊ မစ်ချီ ဂန်ပြည်နယ်၊ ဒက် ထရိုက်မြို့ရှိ သူနှင့်သက်တူရွယ်တူကလေးငယ်ပေါင်း ၄၀ ကိုလည်း စွန့်ဦးတီထွင်သူတွေဖြစ်လာရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နယူးဆန်ဟုခေါ်သော ဆက်ကျော်သက်မလေးသည် သူ၏အသိုင်း အ၀ိုင်းတစ်ခုလုံးအတွင်းတွင် ပါဝါနှင့်ဖြစ်နိုင် ခြေရှိသောအလားအလာများကို ဖန်တီးခဲ့ပြီးဖြစ်သည်ဟုဆိုရမည်။ သူဘယ်လိုများစွမ်းဆောင်ခဲ့ပါသလဲ။ စင်စစ် သူသည် ဂန္ထ၀င်စွန့်ဦးတီထွင်ကြီးတစ်ဦး၏လမ်းကြောင်းအတိုင်း လျှောက်လှမ်း ခဲ့ခြင်းဖြစ်သည်။ သူ့တွင် သူ့ကိုလမ်းညွှန်ပြသပေးသည့် Mentor တစ်ဦးရှိသည်။ အခြားသူမဟုတ် သူ၏ဖခင်ကိုယ်တိုင်ဖြစ်သည်။

သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် စီးပွားရေးအခွင့်အလမ်းကြီးတစ်ခုကိုတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ လမ်းတစ်လျှောက်အခက်အခဲ နှင့်စိန်ခေါ်မှုများစွာ ရင်ဆိုင် ကြုံတွေ့ခဲ့သည့်တိုင်နယူးဆန်သည် ထိုလမ်းကိုလျှောက်မြဲဆက်လျှောက်ခဲ့ သည်။ နယူးဆန်သည် သူ့ကိုယ်သူ စူပါလုပ်ငန်းရှင်မလေး (Super Business Girl) ဟု ကင်ပွန်းတပ်ထားသည့်အတိုင်း အမှန်တကယ်လည်း ထိုအမည် အတိုင်းဖြစ်လာခဲ့သူ ဖြစ်သည်။ ဘယ်အရာကများ သူ့ကိုစွန့်ဦးတီထွင်မှု လမ်းကြောင်းကို လျှောက်လှမ်းအောင်တွန်းပို့ခဲ့ပါသလဲ။ ယင်းမှာ အခြားသော စွန့်ဦးတီထွင်သူ၊ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်သူများကိုလည်း တွန်းအား ဖြစ်စေသည့်လွတ်လပ်မှု (Freedom) ဟူသောအရာပင်ဖြစ်သည်။ "ကျွန်မ ငယ်ငယ်ကဆိုရင် မေမေဟာ အမြဲတမ်းအိပ်ရာက စောစောထပြီးအလုပ်သွားရ တယ်။ ညနေကျရင်လည်း နောက်ကျမှ အိမ်ကိုပြန်ရောက်တယ်။ ပြီးတော့ ညစာပြင်ရတယ်။ အဲဒါက သံသရာလည်နေတာ။ ကျွန်မတို့ဟာ မေမေ့ကို သိပ် ကိုမတွေ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေမေကအခြားတစ်စုံတစ်ယောက်ရဲ့ အိပ်မက်တွေအကောင်အထည်ပေါ်လာဖို့အတွက် အကူအညီပေးတဲ့အနေနဲ့ အလုပ်လုပ်နေရလို့ပါပဲ" ဟု နယူးဆန်ကရှင်းပြသည်။

"ကျွန်မအဖေကတော့ စွန့်ဦးတီထွင်ပါ။ သူငယ်ငယ်တုန်းက ဖယောင်း တိုင်တွေရောင်းခဲ့ပါတယ်။ ပြီးတော့ ကျွန်မကိုလည်း အဲဒီအကြောင်း သင် ကြားပြသခဲ့တယ်။ အဲဒါကြောင့် ကျွန်မဟာဖေဖေနဲ့လည်းဖယောင်းတိုင်တွေ လိုက်ရောင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီအတွေ့အကြုံက အရမ်းပျော်ဖို့ကောင်းတာ ပဲ။ အဲဒါကြောင့် ကျွန်မပိုပြီးပျော်ရွှင်ချမ်းမြေ့ရအောင်နဲ့ လွတ်လပ်မှုတွေပို ရအောင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ချင်ခဲ့ပါတော့တယ်။ ဒါဟာ ကျွန်မ လက်ရှိလုပ်နေတဲ့အလုပ်ကို လုပ်ရတဲ့အကြောင်းအရင်းအမှန်ပါပဲ။ ကျွန်မအရမ်း ကိုနှစ်သက်ပါတယ်" ဟု နယူးဆန်ကပြောပြသည်။သူ၏စီးပွားရေးလုပ်ငန်းသည် ပြောင်းလဲမှုများစွာကြုံခဲ့ပြီးဖြစ်သည်။ အခြားသော စွန့်ဦးတီထွင်သူကဲ့သို့ပင် နယူးဆန်သည်လည်း စိန်ခေါ်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ သို့ဖြစ်၍ သူ့အနေဖြင့် သူဈေးနှုန်း၊ စီးပွားရေး မော်ဒယ်နှင့် အရောင်းဗျူဟာများကို ဆန်းသစ်တီထွင်မှု ရှိစွာပြန်လည်သုံးသပ်ခဲ့ရသည်။ ဖြစ်ပေါ်ပြောင်းလဲနေသည့်အခြေအနေများနှင့် လိုက်လျောညီထွေစွာလိုက်ပါပြောင်းလဲကာ စိန်ခေါ်မှုများကို အခွင့်အလမ်း အဖြစ်ပြောင်းလဲသည်။ သို့ဖြင့် သူ၏ပထမဆုံးစိန်ခေါ်မှုသည် အခွင့်အလမ်းကြီး အဖြစ် ကြီးထွားခဲ့တော့သည်။

"ကျွန်မ ငါးနှစ်အရွယ်တုန်းလောက်က ဖေဖေကမြို့ထဲမှာ၊ ပြီးတော့ အိမ်ရှေ့ အရောက်ဖယောင်းတိုင်တွေလိုက်ရောင်းဖို့ ကျွန်မတို့ကိုခေါ်သွားလေ့ရှိတယ်။ အဲဒီတုန်းက ကျွန်မတို့ဟာ ဖယောင်းတိုင်တွေကိုတစ်ဒေါ်လာနဲ့ဝယ်ပြီး ဆယ်ဒေါ်လာနဲ့ပြန်ရောင်းခဲ့ကြတာ။ ဒါပေမဲ့ လူတွေက ဈေးကိုသိပ်ပြီးအလေး မထားခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က အရမ်းငယ်ပြီးချစ် ဖို့ကောင်းနေတာကိုး။ ဒီလိုနဲ့ ကျွန်မတို့နည်းနည်းကြီးလာတော့ လူတွေက သမီးလေးကချစ်ဖို့ကောင်းလိုက်တာလို့ မပြောကြတော့ဘူးလေ။ အဲဒီတော့ ကျွန်မ အနေနဲ့လည်း ဖယောင်းတိုင်တွေကို အရင်လိုတစ် ဒေါ်လာနဲ့ဝယ်ပြီး ဆယ်ဒေါ်လာနဲ့ ပြန်မရောင်းနိုင်တော့ဘူးပေါ့"။ ထို့ပြင် နယူးဆန်က "ကျွန်မ အသက်နည်းနည်းကြီးလာတော့ ကျွန်မဟာ ရိုက်စားလုပ်နေတယ်။ ဒါမဟုတ် ကျွန်မပိုက်ဆံကို အသုံးပြုပြီး မကောင်းတာတစ်ခုခုလုပ်နေတယ်လို့ လူတွေက ထင်လာကြတယ်လို့ ခံစားလာရတယ်။ အဲဒါကြောင့်ထင်တယ် သူတို့ဟာ တဖြည်းဖြည်းနဲ့ ကျွန်မကို စိတ်ဓာတ်ကျအောင်လုပ်လာကြတယ်။ ဒီလိုနဲ့ လုံခြုံရေးဝန်ထမ်းတွေကလည်း ဈေးဝင်ရောင်းခွင့်မပြုတော့ဘဲ ကျွန်မကို အဆောက်အအုံအပြင်ဘက်ကို မောင်းထုတ်လာကြတယ်။ ကျွန်မကို ဒီစတိုး ဆိုင်ရှေ့မှာလည်း ရောင်းခွင့်မပြုနိုင်ဘူး၊ ဟိုစတိုး ဆိုင်ရှေ့မှာလည်း ရောင်းခွင့် မပြုနိုင်ဘူးလို့ ပြောပြီးတားလာကြတယ်။ အဲဒီအချိန်တွေတုန်းကဆိုရင် ဘာလုပ် လို့လုပ်ရမှန်းတောင်မ သိတော့ပါဘူး" ဟု ဆက်လက်ပြောသည်။

သို့ဖြင့် နယူးဆန်တစ်ယောက် အကျဉ်းအကျပ်ထဲရောက်ခဲ့ပြီးနောက်ဖြေရှင်း ဖို့လမ်းစကိုရှာတွေ့ခဲ့တော့သည်။ သူသည် မိခင် ဖြစ်သူ၏အကူအညီဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရအောင်ကြိုးပမ်းနိုင်ခဲ့သည်။ "တစ်နေ့မှာ အလုပ်ပြီး ချိန် အမေက ကျွန်မဆီကား မောင်းလာတယ်။ စာရွက်စာတမ်းကိစ္စအားလုံး လည်း ပြီးသွားတော့ စိတ်သက်သာရာတော်တော်ရခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ အခုကျွန်မမြို့ထဲမှာ ဈေးသွားရောင်းရင် သူတို့က ဟေ့ညည်းဆီမှာ ဈေးရောင်းခွင့်ပါမစ်ပါမှ ဒီမှာရောင်းလို့ရမယ်။ မပါရင်တော့ နိုးပဲ၊ ဒီမှာ ဈေးရောင်း လို့မရဘူးလို့ပြောရင် ဟောဒီမှာကြည့် ကျွန်မမှာပါမစ်ရှိတယ်။ ဒီမှာတွေ့လား၊ တွေ့လားလို့ပြောပစ်လိုက်ရုံပဲ" ဟု သူကဆိုသည်။ သို့သော် ယနေ့အချိန်တွင် သူ့လက်အောက်တွင်လေ့ကျင့်သင်ကြားပေးထားသူ အယောက် ၂၀ ခန့်ရှိပြီး မြို့ ထဲတွင်ဈေးလှည့်လည်ရောင်းချလျှင်မူ လုံခြုံရေးအရာရှိများက ယခင် အတိုင်းမေးမြန်းဆဲဖြစ်သည်။ သို့သော် ထိုနေရာသည် သူရှိနေဖို့လိုအပ် သည့်နေရာပင်ဖြစ်သည်။ အကြောင်းမူ ဒက်ထရိုက်၏မြို့လယ်သည် ငွေ တွင်းဖြစ်နေသောကြောင့်ပင်။

သို့ဖြင့် သူ့အတွက် ပိုမိုကောင်းမွန်သောဖြေရှင်းချက်လို အပ်လာခဲ့တော့သည်။ တစ်နေ့တွင်သူသည် Quicken Loans ၏ တည်ထောင်သူ Dan Gilbert နှင့်တွေ့ဖို့ဖြစ်လာခဲ့သည်။ ၎င်းမှာ အခြားမဟုတ်၊ ဒက်ထရိုက်မြို့လယ်ကောင်ကို ပြန်လည်ပြုပြင်တည် ဆောက်ရာတွင် နောက်ကွယ်မှပံ့ပိုးကူညီနေသူဖြစ်သည့် အပြင် နာမည်ကြီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအနက် တစ်ဦးအပါအ၀င်လည်း ဖြစ်သည်။ သူနှင့်တွေ့ပြီးနောက် နယူးဆန်၏အခက်အခဲများသည် စိတ်စင်စား စရာကောင်းပြီး အံ့အားသင့်စရာကောင်းလောက်အောင်ကိုပင် ဖြေရှင်းနိုင် ခဲ့တော့သည်။ "တစ်နေ့ Woodward လမ်းထဲလမ်းလျှောက်ဈေးရောင်းနေရင်း သူနဲ့ပက်ပင်းသွားတိုးတယ်လေ။ ကျွန်မ သူ့ကိုသိလို့မဟုတ်ပါဘူး၊ ကျွန်မဘေး ကဖြတ်သွားတဲ့သူတိုင်းကို ဈေးရောင်းဖို့ကြိုးစား နေတာကိုး။ သူက ကျွန်မ ကိုပြောတယ်။ ဟေ့ မင်းကို ဦးလေးသိတယ်။ မင်းနာမည်က အေးရှားနယူးဆန် မလားဆိုပြီးတော့လည်းမေးတယ်။ ကျွန်မကလည်း ဟုတ်ပါတယ်လို့ပြန်ဖြေ လိုက်တာပေါ့" ဟု ပြန်ပြော ပြသည်။ ထိုအချိန်တွင် လုံခြုံရေးအရာရှိများက ၎င်းတို့သည် မြို့ လယ်ကောင်တွင် ဈေးလိုက်ရောင်းနေကြသူတွေဖြစ်ကြောင်း Mr Gilbert ကိုပြောကြသည်။ သို့သော် သူသည်စိတ်ဝင်တစားရှိသည့်အပြင် သွက်သွက်လက်လက်နှင့်ဈေးရောင်းချနေသည့် နယူးဆန် တို့အဖွဲ့ကိုလည်း လေးစားစိတ်ဝင်သွားသည့်အလား အောက်ပါအတိုင်းတုံ့ပြန်လိုက်သည်။ နယူးဆန်ကို သူပိုင်သည့်အဆောက်အအုံများမှထွက် သွားခိုင်းသည့်အစား သူ့ရုံးခန်းတွင်လာတွေ့ဖို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် နယူးဆန် တစ်ယောက် လုပ်ငန်းရှင်ကြီး Mr. Gilbert နှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် Mr. Gilbert က သူသည် ဒီမြို့တွင် အဓိကအရေးပါသူ တစ်ဦးဖြစ်ကြောင်း၊ သို့ဖြစ်၍ ကြိုက်သည့်နေရာတွင် ဈေးရောင်းနိုင်ကြောင်း ခွင့်ပြုခဲ့သည်ဟု နယူးဆန်ကပြန်ပြောပြသည်။

ဤသို့ဖြင့် သူသည် သူ့စီးပွားရေးလုပ်ငန်းကို တည်ဆောက်ရန် အာရုံပြန် စိုက်နိုင်ခဲ့တော့သည်။ သူသည် ပစ္စည်းထုပ်ပိုးမှုကို တိုးတက်ကောင်းမွန်အောင် လုပ်ဖြစ်ခဲ့သည်။ ထို့ပြင် ဒက်ထရိုက်မြို့ခံလုပ်ငန်းဖြစ်ပြီး နာရီ၊ စက်ဘီးနှင့် အခြားအသုံးအဆောင်များ ရောင်းချသည့်အမှတ်တံဆိပ် Shinola ၏အကူအညီ ကိုလည်းရရှိခဲ့သည်။ သူသည် ၎င်းတို့ထံဖုန်းဆက်ရုံဖြင့် မိတ်ဖက်အဖြစ် ဖန် တီးနိုင်ခဲ့ခြင်းဖြစ်သည်။ နယူးဆန်သည် လူတွေကိုလည်းလေ့ကျင့်သင်ကြားမှု ပိုပြီးပြုလုပ်ခဲ့သည်။ ယခုဆိုလျှင် သူသည် နိုင်ငံအ၀န်းရှိ မီဒီယာများ၏ ဖုန်းခေါ် ဆိုမှုတွေကို လက်ခံရရှိနေပြီဖြစ်သည်။ "ကျွန်မရဲ့ဝဘ်ဆိုက်ဟာဆိုရင် အမှာအော်ဒါတွေတဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ အခုဆိုရင် ကျွန်မအသိုင်း အ၀ိုင်းထဲက လူတွေအားလုံး၊ ကျွန်မရဲ့သူငယ်ချင်းအားလုံးနဲ့ကျွန်မတက်နေ တဲ့ကျောင်းကကျောင်းသားတွေတစ်ယောက်ချင်းစီကိုစွန့်ဦးတီထွင် တစ် ယောက်ဖြစ်ရတာ၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ကိုင်ရတာ ဘယ်လောက်ပျော် ရွှင်စရာကောင်းတယ်ဆိုတာ ကျွန်မပြသနိုင်ခဲ့ပါပြီ။ နောက်ပြီး အခုဆိုရင် ကျွန်မရဲ့အိပ်မက်တွေကို တည်ဆောက်နိုင်ခဲ့ပါပြီ။ ဆက်လက်ပြီးတော့လည်း တည်ဆောက်နေတုန်းပါပဲ" ဟု နယူးဆန်က ပြောပြသည်။ သို့တိုင် နယူးဆန်၏ အကြီးမားဆုံးရည်မှန်းချက်သည် သူ့အတွက်သာမဟုတ်။ သူသည် ဒက် ထရိုက်နှင့် အခြားဒေသရှိကလေးငယ်များကို စွန့်ဦးတီထွင်သူများဖြစ်လာအောင် သင်ယူရာတွင် အကူအညီပေးနိုင်လိမ့်မည်ဟု အလေးအနက်ယုံကြည်ထား သည်။ သူသည် အမေရိကန်ရှိပြည်နယ်တိုင်းတွင် ဖယောင်းတိုင်စတိုးဆိုင်တစ် ဆိုင်စီဖွင့်လှစ်လိုသည်။ သူ၏ဖယောင်းတိုင်များကို ရောင်းချချင်သလို Super Business Girl ရှပ်အင်္ကျီများ၊ အိတ် များနှင့် ကျောင်းသုံးပစ္စည်းများကိုလည်း ရောင်းချလိုသည်ဟုဆိုသည်။ ထို့ပြင် သူ၏စတိုးဆိုင်တွင် အခြားကလေးငယ် များသည်လည်းလာရောက်အလုပ်လုပ်ကိုင်ကာ စွန့်ဦးတီထွင်မှုသင်တန်းများကို လည်း တက်ရောက်ခွင့်ရစေချင်သည်။

"ကျွန်မဟာ လူတွေကိုငှားရမ်းတဲ့အလုပ်ကို လုပ်နေရပါတယ်။ ကလေးတွေကို သူတို့ငွေကို ဘယ်လိုရှာရမယ်ဆိုတာ လမ်း ညွှန်သင်ကြားပေးမယ့် Mentor တွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်မထပ်ပြီးလိုအပ်ပါသေးတယ်။ အဲဒါကျွန်မရဲ့ အိပ်မက်ပါပဲ" ဟု နယူးဆန်ကပြောသည်။ သို့သော်လည်း ပထမဦးစွာ သူ့တွင် ကုမ္ပဏီပိုင်ယာဉ်များ လိုအပ်နေသည်ဟုသိရသည်။ သင်တန်းသားများကို တစ်နေရာမှ တခြားနေရာသို့ ရွှေ့ပြောင်းခေါ်ဆောင်သွားရန်ဖြစ်သည်။ လောလောဆယ်အားဖြင့် သူ့ဖေဖေနှင့်မေမေတို့၏ကားများကို အသုံးပြုနေရ ၍ဖြစ်သည်။ စီးပွားရေးလုပ်ငန်းခွင်များတွင် အမျိုးသမီးအများစုနှင့် လူမည်း အများစုသည် တက်လမ်းမရှိကြောင်း ညည်းညူလေ့ရှိကြသည်။ သို့သော် အေးရှားနယူးဆန်အတွက်မူ ၁၃ နှစ်အရွယ်သာ ရှိသေးသော်လည်း စီးပွားရေး လုပ်ငန်းခွင်သို့ ၀င်ရောက်ခဲ့သည်မှာ သူ့ဘ၀၏ အသက်ထက်ဝက်ကျော်ခန့် ပင်ဖြစ်သည်။ လူအများအတွက် သူပေးသောမက်ဆေ့ခ်ျမှာ အောက်ပါ အတိုင်းဖြစ်သည်။ "သင့်ဘ၀မှာ ဘာတွေပဲဖြစ်နေပါစေ၊ သင့်မှာ မိသားစု တာဝန်တွေဘယ်လိုပဲရှိနေပါစေ၊ သင့်အသက်အရွယ်ဘယ်လောက်ပဲရှိပါစေ၊ သင်သည် ဘယ်နေရာမှာနေထိုင်သူဖြစ်ပါစေ၊ သင်ဟာ အမျိုးသား၊ ဒါမှမဟုတ် အမျိုးသမီးဘာပဲဖြစ်နေပါစေ သင်ဟာ အောင်မြင်နိုင်သူတစ်ယောက်သာဖြစ် သည်။ ဘယ်တော့မှ လက်မြှောက် အရှုံးမပေးဖို့ပဲလိုပါတယ်။"

"သင်ဟာ ငယ်ရွယ်တဲ့ကလေးတစ်ယောက်ဖြစ်နေရင် လူတွေက သင့်ကိုသိပ်ပြီး အလေးထားကြမှာမဟုတ်ဘူး။ အဲဒါကြောင့် စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ် လာဖို့ဆိုရင် သင်လုပ်ဆောင်ရမှာတွေကတော့များလှပါတယ်။ လူတွေက ဒါဟာ လွယ်ကူတယ်လို့ ယူဆတတ်ကြပေမဲ့ အမှန်တော့မလွယ်ကူပါဘူး။ ဒါပေမဲ့ လုံးဝလက်မလျှော့ပါနဲ့။ သင်ဟာ ငယ်သေးလို့ဆိုပြီး လက်မလျှော့ပစ်လိုက်ပါနဲ့။ နောက်ပြီး ရှုံးနိမ့်ရမှာကိုကြောက်ရွံ့နေလို့လည်း မဖြစ်ပါဘူး။ ဒါဟာ ကျွန်မလေ့ လာသင်ယူရရှိခဲ့တဲ့အရာပါပဲ" ဟု အေး ရှားနယူးဆန်ကပြန်လည်ဝေမျှသည်။ ယခုဇာတ်လမ်းသည် တစ်ချိန်က ကမ္ဘာကျော်ကားထုတ်လုပ်သည့်မြို့တော်မှ ဖြစ်ရပ်မှန်တစ်ခုဖြစ်သလို ဆယ်ကျော်သက်စွန့်ဦးတီထွင်သူ မိန်းကလေးတစ်ဦး ၏ အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်တော့သည်။
Ref: The 13-Year-Old Entrepreneur Changing The Face of Business In Detroit (www.forbes.com)

#MyanmarB2BManagementMagazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။