သူငယ်ချင်းထံသို့ပေးစာ
💪💪💪💪💃💃💃💃
သူငယ်ချင်းရေ ဘဝဆိုတာတိုက်ပွဲတစ်ခု
သာယာပျော်ရွှင်ခြင်းတွေရှိမယ်
ဝမ်းနည်းကြေကွဲစရာတွေလည်း ကြုံရနိုင်တာပဲ
ဘဝဆိုတာ တစ်သက်မတ်တည်း ရှိမနေပါဘူး
ရေစီးတစ်ခါ ရေသာတစ်လှည့်မို့ သူငယ်ချင်း
မင်းဘဝကို အားငယ်ဝမ်းနည်းခြင်းတွေနဲ့
အချိန်မဖြုန်းနေမှာလား ဝမ်းနည်းခြင်းတွေမှာ
ရပ်နေတော့မှာလား
ငါတို့တွေကြိုးစားနေတယ်ဆိုတာ ငါတို့နောက်က
မိသားစု ညီကိုမောင်နှမတွေရဲ့ ဘဝကို
တစ်ဖက်တစ်လမ်းက နိုင်တဲ့ဝန်ထမ်းဖို့
ပီတိကိုစားရင်း တို့ကြိုးစားနေကြတာ
ဘဝဆိုတာ တိုက်ပွဲအဆင့်ဆင့်ကို တိုက်နေရသလိုပါပဲ လှုပ်ရှားဖို့ ရုန်းကန်ဖို့
အခက်အခဲတွေကို တွန်းလှန်ပြီး ဘဝတိုက်ပွဲကို
သတ္တ္တိရှိရှိရင်ဆိုင်နိုင်ဖို့ ဒုက္ခဆိုတာကို
သည်းခံခြင်း ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ အနိုင်တိုက်နိုင်ဖို့လိုတယ်
သူငယ်ချင်း ထိုင်ပြီးငိုနေရင် လုပ်စရာရှိတာတွေ
ဘာမှမလုပ်ဖြစ်ပဲနေမယ်
သူငယ်ချင်း မင်းကို ထိခိုက်နာကျင်စေသူကို
ကျေးဇူးတင်ပါ သူ့ကြောင့် မင်းစိတ်ဓာတ်တွေ
ပိုကြံ့ခိုင်အောင်ကြိုးစားပါ
သူငယ်ချင်း မင်းကို ခလုတ်တိုက်လဲကျစေသူကို
ကျေးဇူးတင်ပါ သူ့ကြောင့် မင်းခြေနှစ်ဖက် ပိုသန်မာအောင် ကြိုးစားပါ
သူငယ်ချင်း မင်းကို လိမ်ညာခဲ့သူကိုလည်း
ကျေးဇူးတင်ပါ သူ့ကြောင့် မင်းအသိဥာဏ်တွေပိုတိုးလို့ အမှား အမှန်
ခွဲခြားတတ်အောင် ကြိုးစားလိုက်ပါ
သူငယ်ချင်း မင်းကို အထင်သေးကဲ့ရဲ့သူကို
ကျေးဇူးတင်ပါ သူတို့ကြောင့် သူများအပေါ်
မကောင်းစိတ်မမွေးပဲ မင်းကိုယ်မင်း
လေးစားတတ်အောင် ကြိုးစားပါ
သူငယ်ချင်း မင်းကို စွန့်လွှတ်ခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါ သူတို့တွေကြောင့် မင်းဘဝကို
မင်းကိုယ်တိုင် ကြိုးစားတတ်ခဲ့လို့ လျှောက်လှမ်းရဲ့တဲ့သတ္တိတွေရ ခဲ့လို့
ကိုယ့်အားကိုယ်ကိုးနိုင်လို့  ကျေးဇူးတင်ပါ
သူငယ်ချင်း မင်းခုကစပြီး မငိုနဲ့နော်
ဘဝဆိုတာတိုက်ပွဲတစ်ခုမို့ မင်းအရှုံးပေးငိုနေရင်း
အချိန်ဖြုန်းမှာလား ခိုင်မာတဲ့ စိတ်ဓာတ်တွေ ပြောင်းလဲပြင်ဆင်ပြီး တိုက်မှာလား
သူငယ်ချင်းရေ အားမငယ်ပါနဲ့ အခက်အခဲတွေပြီးရင် လွယ်ကူခြင်းအဆင့်ကို
ရလာမှာပါ အလုပ်တစ်ခုအတွက် ယုံကြည်မှုကိုရဖို့
မိမိဘက်က ရိုးသားမှုနဲ့ ကြိုးစားမှုကိုတော့
အရင်ရင်းရတယ်
သည်းခံခြင်းစိတ်တွေလျော့ရင် ထပ်ဖြည့်ပါ
မင်းစိတ်ဓာတ်တွေ ကျမယ်ကြံတိုင်း မင်းနောက်မှာ
မင်းကိုမှီခိုနေတဲ့ မိဘ ညီလေး ညီမလေးတွေရဲ့
မျက်နှာကိုမြင်ယောင်ရင်း အားတင်းလို့ ဆက်လျှောက်နိုင်ပါစေကွာ
ရှေ့က အခက်အခဲတွေ များစွာကိုလည်း
ကျော်ဖြတ်နိုင်ခဲ့ပြီးပြီ ဒီတစ်ကြိမ်အပြင်
နောင်ကြုံလာမည့် အခက်အခဲတိုင်းကို
အားတင်းလို့ ကြိုးစားကျော်ဖြတ်နိုင်ပါစေ ကွာ.....
#ဆောင်းသဇင်
💪💪💪💪💃💃💃💃
သူငယ်ချင်းရေ ဘဝဆိုတာတိုက်ပွဲတစ်ခု
သာယာပျော်ရွှင်ခြင်းတွေရှိမယ
ဝမ်းနည်းကြေကွဲစရာတွေလည်း ကြုံရနိုင်တာပဲ
ဘဝဆိုတာ တစ်သက်မတ်တည်း ရှိမနေပါဘူး
ရေစီးတစ်ခါ ရေသာတစ်လှည့်မို့ သူငယ်ချင်း
မင်းဘဝကို အားငယ်ဝမ်းနည်းခြင်းတွေနဲ့
အချိန်မဖြုန်းနေမှာလား ဝမ်းနည်းခြင်းတွေမှာ
ရပ်နေတော့မှာလား
ငါတို့တွေကြိုးစားနေတယ်ဆိုတ
မိသားစု ညီကိုမောင်နှမတွေရဲ့ ဘဝကို
တစ်ဖက်တစ်လမ်းက နိုင်တဲ့ဝန်ထမ်းဖို့
ပီတိကိုစားရင်း တို့ကြိုးစားနေကြတာ
ဘဝဆိုတာ တိုက်ပွဲအဆင့်ဆင့်ကို တိုက်နေရသလိုပါပဲ လှုပ်ရှားဖို့ ရုန်းကန်ဖို့
အခက်အခဲတွေကို တွန်းလှန်ပြီး ဘဝတိုက်ပွဲကို
သတ္တ္တိရှိရှိရင်ဆိုင်နိုင်ဖိ
သည်းခံခြင်း ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ အနိုင်တိုက်နိုင်ဖို့လိုတယ်
သူငယ်ချင်း ထိုင်ပြီးငိုနေရင် လုပ်စရာရှိတာတွေ
ဘာမှမလုပ်ဖြစ်ပဲနေမယ်
သူငယ်ချင်း မင်းကို ထိခိုက်နာကျင်စေသူကို
ကျေးဇူးတင်ပါ သူ့ကြောင့် မင်းစိတ်ဓာတ်တွေ
ပိုကြံ့ခိုင်အောင်ကြိုးစားပ
သူငယ်ချင်း မင်းကို ခလုတ်တိုက်လဲကျစေသူကို
ကျေးဇူးတင်ပါ သူ့ကြောင့် မင်းခြေနှစ်ဖက် ပိုသန်မာအောင် ကြိုးစားပါ
သူငယ်ချင်း မင်းကို လိမ်ညာခဲ့သူကိုလည်း
ကျေးဇူးတင်ပါ သူ့ကြောင့် မင်းအသိဥာဏ်တွေပိုတိုးလို့ အမှား အမှန်
ခွဲခြားတတ်အောင် ကြိုးစားလိုက်ပါ
သူငယ်ချင်း မင်းကို အထင်သေးကဲ့ရဲ့သူကို
ကျေးဇူးတင်ပါ သူတို့ကြောင့် သူများအပေါ်
မကောင်းစိတ်မမွေးပဲ မင်းကိုယ်မင်း
လေးစားတတ်အောင် ကြိုးစားပါ
သူငယ်ချင်း မင်းကို စွန့်လွှတ်ခဲ့တဲ့သူတွေကိုလည်
ကျေးဇူးတင်ပါ သူတို့တွေကြောင့် မင်းဘဝကို
မင်းကိုယ်တိုင် ကြိုးစားတတ်ခဲ့လို့ လျှောက်လှမ်းရဲ့တဲ့သတ္တိတွေရ
ကိုယ့်အားကိုယ်ကိုးနိုင်လို
သူငယ်ချင်း မင်းခုကစပြီး မငိုနဲ့နော်
ဘဝဆိုတာတိုက်ပွဲတစ်ခုမို့ မင်းအရှုံးပေးငိုနေရင်း
အချိန်ဖြုန်းမှာလား ခိုင်မာတဲ့ စိတ်ဓာတ်တွေ ပြောင်းလဲပြင်ဆင်ပြီး တိုက်မှာလား
သူငယ်ချင်းရေ အားမငယ်ပါနဲ့ အခက်အခဲတွေပြီးရင် လွယ်ကူခြင်းအဆင့်ကို
ရလာမှာပါ အလုပ်တစ်ခုအတွက် ယုံကြည်မှုကိုရဖို့
မိမိဘက်က ရိုးသားမှုနဲ့ ကြိုးစားမှုကိုတော့
အရင်ရင်းရတယ်
သည်းခံခြင်းစိတ်တွေလျော့ရင်
မင်းစိတ်ဓာတ်တွေ ကျမယ်ကြံတိုင်း မင်းနောက်မှာ
မင်းကိုမှီခိုနေတဲ့ မိဘ ညီလေး ညီမလေးတွေရဲ့
မျက်နှာကိုမြင်ယောင်ရင်း အားတင်းလို့ ဆက်လျှောက်နိုင်ပါစေကွာ
ရှေ့က အခက်အခဲတွေ များစွာကိုလည်း
ကျော်ဖြတ်နိုင်ခဲ့ပြီးပြီ ဒီတစ်ကြိမ်အပြင်
နောင်ကြုံလာမည့် အခက်အခဲတိုင်းကို
အားတင်းလို့ ကြိုးစားကျော်ဖြတ်နိုင်ပါစေ
#ဆောင်းသဇင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။