Ref: The Mirror Daily
အနုပညာသက်တမ်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲကျင်းပသွားမယ့် ဆိုဂျီဆပ်
===========
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့
ဆိုဂျီဆပ်ဟာ သူ့ရဲ့အနုပညာခရီးလမ်း စတင်ခဲ့တဲ့ နှစ် ၂ဝ ပြည့် အထိမ်း
အမှတ်အဖြစ် သူ့ရဲ့ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ အခမ်းအနားတစ်ရပ်
ကျင်းပသွားရန် စီစဉ်ထားကြောင်း ကိုရီးယား အပ်ဒိတ်ထ်ဒေါ့ကွန်းရဲ့
ဖော်ပြချက်တွေအရ သိရပါတယ်။
ရုပ်သံအစီအစဉ်တွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး အဖြစ်မှသည် အောင်မြင်တဲ့ ထိပ်တန်းမင်းသား တစ်ဦးအဖြစ် ရောက်ရှိခဲ့သည်သာမက ရက်ပ် တေးသံရှင်တစ်ဦးအဖြစ်ပါ လူသိများ တဲ့ ဆိုဂျီဆပ်ဟာ သူ့ရဲ့ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာမြို့မှာ လာမယ့်ဧပြီလအတွင်း ကျင်းပသွားရန်စီစဉ်ထားကြောင်းနဲ့ အဆိုပါအခမ်းအနားကို ဓွှတနညအပဓ လို့ အမည်ပေးထားကြောင်းလည်း သိရပါတယ်။
ဆိုဂျီဆပ်ရဲ့ အနုပညာခရီးကို ပြန်လည်ကြည့်ရှုရမယ်ဆိုရင် သူဟာ ၁၉၉၆ ခုနှစ်မှာ သရုပ်ဆောင်တစ်ဦး အဖြစ် စတင်လှုပ်ရှားခဲ့တာပါ။ သူ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကတော့" Three Guys and Three Girls" ဖြစ်ပြီး အဆိုပါရုပ်ရှင် မှာ ဆိုဂျီဆပ်ဟာ ကမ်ချူဆိုးနေရာက ပါဝင်သရုပ်ဆောင်ခဲ့ကာ ယင်းဒရမ်မာ ဇာတ်လမ်းအပြီးမှာ သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေဟာ ပုံမှန်လေးတိုးတက် လာခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၂ ခုနှစ် မှာ ရိုက်ကူးခဲ့တဲ့"Glass Slippers" (ဖန်ခြေနင်းနဲ့ ယမင်းရွှေစင်) ရုပ်ရှင် မှာ ဒုတိယဇာတ်လိုက်အဖြစ် ပါဝင်ခွင့် ရခဲ့ပြီး အဲဒီနောက်မှာတော့"What Happened in Bali" (ဘာလီကျွန်းက ချစ်ပုံပြင်) ရုပ်ရှင်ကို ရိုက်ကူးခဲ့ကာ ပြီးခဲ့တဲ့ ၂ဝဝ၄ ခုနှစ် အတွင်းရိုက်ကူး ခဲ့တဲ့ ဆိုဂျီဆပ်ရဲ့ ရုပ်ရှင်"I’m Sorry, I Love You" (ချစ်မိတဲ့အတွက် တောင်းပန်ပါတယ်) ရုပ်ရှင်ကတော့ အထူးအောင်မြင်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်အတွင်းမှာလည်း ဆိုဂျီဆပ်ဟာ ဂိုဟိုဂျင်နဲ့တွဲဖက်ပြီး"Ma ster’s
Sun" ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု
ကို တစ်ခဲနက်ရရှိခဲ့ပါတယ်။ ဆိုဂျီဆပ် နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲ
ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် အတွင်း စတင်ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံ
ဇာတ်လမ်းတွဲ ရုပ်ရှင် "Oh My Venus" ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဆိုဂျီဆပ်ဟာ ရုပ်ရှင်ကား ပေါင်းများစွာမှာလည်း ပါဝင်သရုပ် ဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့အောင်မြင် ခဲ့တဲ့ ရုပ်ရှင်တစ်ကားကတော့ ၂ဝဝ၂ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင် "Can’t Live Without Robbery" ဖြစ်ပြီး လတ်တလောမှာလည်း "Descendants of the Sun" ရုပ်ရှင်ရဲ့ ဇာတ်ဆောင်မင်းသား ဆောင်ဂျွန်ကီ၊ မင်းသား ဟွန်ဂျန်မင်း တို့နဲ့ တွဲဖက်ကာ"Battleship Island’ "ရုပ်ရှင်ကို ရိုက်ကူးလျက်ရှိပြီး အဆိုပါရုပ်ရှင်ကိုတော့ ယခုနှစ် အတွင်း စတင်ပြသသွားမှာဖြစ် ကြောင်းလည်း သိရပါတယ်။
ဆိုဂျီဆပ်ဟာ သူ့ရဲ့ အနုပညာ သက်တမ်းနှစ်၂ဝ ပြည့် ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကို လာမယ့် ဧပြီ ၇ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ တွေ့ဆုံပွဲဟာ ဆိုဂျီဆပ်ရဲ့ အနုပညာ သက်တမ်းတစ်လျှောက် အင်ဒိုနီးရှား နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲတစ်ခုဖြစ် လာမှာဖြစ်ကြောင်းလည်း သိရပါ တယ်။
အေး ပြည့် - စု စည်း ရေး သား သည်
…………
Ref: The Mirror Daily
အနုပညာသက်တမ်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲကျင်းပသွားမယ
===========
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ
ရုပ်သံအစီအစဉ်တွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး အဖြစ်မှသည် အောင်မြင်တဲ့ ထိပ်တန်းမင်းသား တစ်ဦးအဖြစ် ရောက်ရှိခဲ့သည်သာမက ရက်ပ် တေးသံရှင်တစ်ဦးအဖြစ်ပါ လူသိများ တဲ့ ဆိုဂျီဆပ်ဟာ သူ့ရဲ့ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာမြို့မှာ လာမယ့်ဧပြီလအတွင်း ကျင်းပသွားရန်စီစဉ်ထားကြောင
ဆိုဂျီဆပ်ရဲ့ အနုပညာခရီးကို ပြန်လည်ကြည့်ရှုရမယ်ဆိုရင် သူဟာ ၁၉၉၆ ခုနှစ်မှာ သရုပ်ဆောင်တစ်ဦး အဖြစ် စတင်လှုပ်ရှားခဲ့တာပါ။ သူ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကတော့" Three Guys and Three Girls" ဖြစ်ပြီး အဆိုပါရုပ်ရှင် မှာ ဆိုဂျီဆပ်ဟာ ကမ်ချူဆိုးနေရာက ပါဝင်သရုပ်ဆောင်ခဲ့ကာ ယင်းဒရမ်မာ ဇာတ်လမ်းအပြီးမှာ သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေဟာ ပုံမှန်လေးတိုးတက် လာခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၂ ခုနှစ် မှာ ရိုက်ကူးခဲ့တဲ့"Glass Slippers" (ဖန်ခြေနင်းနဲ့ ယမင်းရွှေစင်) ရုပ်ရှင် မှာ ဒုတိယဇာတ်လိုက်အဖြစ် ပါဝင်ခွင့် ရခဲ့ပြီး အဲဒီနောက်မှာတော့"What Happened in Bali" (ဘာလီကျွန်းက ချစ်ပုံပြင်) ရုပ်ရှင်ကို ရိုက်ကူးခဲ့ကာ ပြီးခဲ့တဲ့ ၂ဝဝ၄ ခုနှစ် အတွင်းရိုက်ကူး ခဲ့တဲ့ ဆိုဂျီဆပ်ရဲ့ ရုပ်ရှင်"I’m Sorry, I Love You" (ချစ်မိတဲ့အတွက် တောင်းပန်ပါတယ်) ရုပ်ရှင်ကတော့ အထူးအောင်မြင်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်အတွင်းမှာလည်း ဆိုဂျီဆပ်ဟာ ဂိုဟိုဂျင်နဲ့တွဲဖက်ပြီး"Ma
ဒါ့အပြင် ဆိုဂျီဆပ်ဟာ ရုပ်ရှင်ကား ပေါင်းများစွာမှာလည်း ပါဝင်သရုပ် ဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့အောင်မြင် ခဲ့တဲ့ ရုပ်ရှင်တစ်ကားကတော့ ၂ဝဝ၂ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင် "Can’t Live Without Robbery" ဖြစ်ပြီး လတ်တလောမှာလည်း "Descendants of the Sun" ရုပ်ရှင်ရဲ့ ဇာတ်ဆောင်မင်းသား ဆောင်ဂျွန်ကီ၊ မင်းသား ဟွန်ဂျန်မင်း တို့နဲ့ တွဲဖက်ကာ"Battleship Island’ "ရုပ်ရှင်ကို ရိုက်ကူးလျက်ရှိပြီး အဆိုပါရုပ်ရှင်ကိုတော့ ယခုနှစ် အတွင်း စတင်ပြသသွားမှာဖြစ် ကြောင်းလည်း သိရပါတယ်။
ဆိုဂျီဆပ်ဟာ သူ့ရဲ့ အနုပညာ သက်တမ်းနှစ်၂ဝ ပြည့် ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကို လာမယ့် ဧပြီ ၇ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ တွေ့ဆုံပွဲဟာ ဆိုဂျီဆပ်ရဲ့ အနုပညာ သက်တမ်းတစ်လျှောက် အင်ဒိုနီးရှား နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲတစ်ခုဖြစ် လာမှာဖြစ်ကြောင်းလည်း သိရပါ တယ်။
အေး ပြည့် - စု စည်း ရေး သား သည်
…………
Ref: The Mirror Daily
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။