Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 21, 2017

အမေရက်စက်တာလား၊ လေ့ကျင့်ပေးတာလား။


Bamaw Thein Pe added 2 new photos.

#အမေရက်စက်တာလား၊ လေ့ကျင့်ပေးတာလား။
ရစ်ချတ်ဘရင်ဆန် (Richard Branson) ဟာ စာရေးစာဖတ်ခက်တဲ့ ဒီစလက်ရှာ (dyslexia) ရောဂါရှိလို့ အလယ်တန်းမှာ ကျောင်းထွက်လိုက်ရတယ်။ ပိုက်ဆံတပြားမှ မရှိပဲ သူ့အား သူကိုးရင်း အသက် ၂၃ နှစ်မှာ မီလျံနာ ဖြစ်လာခဲ့တယ်။ အသက် ၄၁ နှစ်မှာ ကုမ္ပဏီ ၃၀၀ ကျော်ပါတဲ့ ဒေါ်လာ ၈ ဘီလီယံတန် Virgin Group ပိုင်ရှင် ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တယ်။ သူခုလို ဖြစ်လာခဲ့ရတာ သူ့အမေကြောင့်လည်း ပါပါလိမ့်မယ်။ အောက်မှာ ရေးပြထားတာ သူကိုယ်တိုင်ရေးစာအုပ်ထဲက ထုတ်နူတ်ချက်ပါ။

------------------//---------------------
ကျွန်တော့်ငယ်စဉ်ကလေးဘဝကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ အဖြစ်အပျက် အတော်များများကို မှုန်ဝါးဝါးလေးပဲ မှတ်မိပါတော့တယ်။ ဒါပေမဲ့ တချို့အကြောင်းတွေကျတော့ ခေါင်းထဲက ဖျောက်မရဘဲ အခုထိ အမှတ်ရနေဆဲပါ။ အဲဒါတွေထဲက တစ်ခုကတော့ အမေဟာ ကျွန်တော်ကို ငယ်စဉ်ကတဲက အခက်အခဲ၊ စိမ်ခေါ်မှုတွေကို မကြောက်တတ်အောင်၊ ရင်ဆိုင်ရဲအောင် မညှာမတာ လေ့ကျင့်ပေးခဲ့တယ်။ အဲဒီတုန်းကတော့ အမေဟာ ကျွန်တော့်အပေါ် ရက်စက်လွန်းတယ်၊ ကျွန်တော့်ကို မချစ်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါမှာ အခက်အခဲကို မကြောက်တတ်တော့ဘူး၊ ကိုယ်အားကိုယ်ကိုးတတ်လာတယ်၊ စွန့်စားရဲလာတယ်။ ဒါတွေဟာ ငယ်စဉ်က အမေ့ရဲ့ လေ့ကျင့်ပေးမှုတွေကြောင့်ပါလားဆိုတာကို နောက်မှ နားလည်လာခဲ့တယ်။
ကျွန်တော် ၄ နှစ်သားအရွယ်ပဲ ရှိအုံမှာပါ။ အမေက ကျွန်တော့်ကို ခေါ်ပြီး တနေရာကို ကားမောင်းသွားတယ်။ လမ်းမှာ အမေက ကားကို ရုတ်တရက် ထိုးရပ်လိုက်ပြီး ကျွန်တော့်ကို ကားပေါ်က ဆင်းခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို တစ်ယောက်ထဲ အိမ်ကို ခြေလျင်လမ်းလျှောက်ပြန်ခိုင်းလိုက်တယ်။ ကျွန်တော်လည်း ငိုပြီး အိမ်ရှိရာဘက်ကို လမ်းလျှောက်ပြန်လာရတယ်။ လမ်းတစ်ဝက်ရောက်မှ နောက်ဖက်ခတ်လှမ်းလှမ်းကနေ ကားကို ဖြည်းဖြည်းလေး မောင်းရင်း လိုက်လာတဲ့ အမေက ကျွန်တော့်ကို ကားပေါ်ပြန်တက်ခိုင်းပြီး အိမ်ကို ပြန်ခေါ်လာတယ်။ အိမ်အပြန်လမ်းမှာ ကျွန်တော် ငိုနေတာကို အမေက တချက်လေးမှ ပြန်မချော့ဘူး။ ဒါလေးနဲ့များ ငိုစရာလားဆိုတဲ့ အမေရဲ့အကြည့်ကို အခုထိ မြင်ယောင်နေမိပါတယ်။
ဇန်နဝါရီလလယ်တစ်ခုရဲ့ အလွန်ချမ်းအေးလှတဲ့ မနက်ခင်း ၃ နာရီလောက်မှာ အမေက ကျွန်တော်ကိုယ်ပေါ်က ခြုံထားတဲ့ စောင်တွေကို ရုတ်တရက် ဆွဲဖယ်လိုက်ပြီး ကျွန်တော့်ကို နိုးလိုက်တယ်။ အခု ချက်ခြင်း အိပ်ယာထပြီး ဘွန်နေမောက်မြို့ကို စက်ဘီးနင်းပြီး သွားလို့ ပြောတယ်။ ပြောတယ်ဆိုတာထက် အမိန့်ပေးတယ်ဆိုတာက ပိုမှန်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ကျွန်တော့်အသက် ၁၀ နှစ်တောင် မပြည့်သေးပါဘူး။ ကျွန်တော်လည်း အမေပြောတဲ့အတိုင်း အိပ်ယာက ချက်ခြင်းထပြီး စက်ဘီးကို ဂိုဒေါင်ထဲက သွားထုတ်လိုက်တယ်။ အပြင်မှာ နှင်းတွေကျပြီး အရမ်းကို အေးစိမ့်နေတယ်။ အမေက အသားညှပ်ပေါင်မုန့် ၂ ချပ်နဲ့ ပန်းသီးတစ်လုံးကို ပလတ်စတစ်အိတ်တစ်လုံးထဲမှာ ထည့်ပြီး စက်ဘီးလက်ကိုင်မှာ လာချိတ်ပေးတယ်။ ပြီးတော့ စကားတစ်ခွန်း ပြောလိုက်တယ်။ ရေကို လမ်းမှာ ရှာသောက်တဲ့။
ဘွန်နေမောက်မြို့ဆိုတာ ကျွန်တော်တို့နေတဲ့ ရှမ်မလီဂရင်းမြို့နဲ့ မိုင် ၅၀ ကွာဝေးပါတယ်။ ကျွန်တော်လည်း အလင်းရောင်မရှိ မှောင်မဲမဲ နှင်းတောထဲမှာ ကြောက်ကြောက်လန့်လန့်နဲ့ လမ်းမပေါ်မှာ စက်ဘီးနင်းသွားရတယ်။ လမ်းမှာ ခရီးသွားသူ၊ စက်ဘီး၊ မော်တော်ကားတစ်စီးမှ မတွေ့ဘူး။ အဲဒီမြို့ကို ရောက်သွားပြီး ဆွေမျိုးတစ်ယောက်ရဲ့ အိမ်မှာ ရေတောင်းသောက်ရတယ်။ အဲဒီမှာ ခဏ အပန်းဖြေပြီး ရှမ်မလီဂရင်းကို စက်ဘီးပြန်နင်းလာခဲ့တယ်။ ညနေကျမှ အိမ်ကို ပြန်ရောက်လာတယ်။ ကျွန်တော်ဟာ အရမ်းပင်ပန်းနေပေမယ့် အမေရှိတဲ့ မီးဖိုချောင်ထဲကို ခေါင်းမော့ ရင်ကော့ပြီး ၀င်လာလိုက်တယ်။ ခက်ခဲတဲ့ တာဝန်ကြီးကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ပေါ့။ ကျွန်တော်ထင်တာက အမေဟာ ကျွန်တော့်ကို မြင်တာနဲ့ အတင်းပြေးလာပြီး ဖက်မယ်။ ကျွန်တော့်ကို နမ်းရှုတ်ရင်း ပါးစပ်ကလည်း “တော်လိုက်တဲ့ ငါ့သား”လို့ ၀မ်းသာအားရ ချီးကျူးစကားတွေ ပြောမယ်ပေါ့။
အမေ မီးဖိုချောင်ထဲမှာ ကြက်သွန်နီဥတွေကို အခွံနွာနေတာကို ကျွန်တော် မီးဖိုချောင်အခန်းအ၀ကနေ လှမ်းမြင်ရတယ်။ အမေ ကျွန်တော့်ကို မမြင်ဘူး ထင်လို့ မီးဖိုချောင်အဝင်ခန်းဝကနေ “အဟမ်း အဟမ်း” လို့ ချောင်းဟန့်အသံပြုလိုက်တယ်။ အမေဟာ ကြက်သွန်နွာနေရာကနေ ကျွန်တော့်ဘက်ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ “ကောင်းတယ် ရစ်ကီ” လို့ပဲ ပါးစပ်က တိုးတိုးပြောလိုက်တယ်။ ကျွန်တော် ရင်ဆို့သလို ခံစားလိုက်ရတယ်။
ပြီးတော့ အမေက ဆက်ပြောတယ်။
“ပျော်စရာ ကောင်းတယ် မဟုတ်လား ရစ်ကီ။ အခု ချက်ခြင်း ဘုရားရှိခိုးကျောင်းက ဘုန်းကြီးဆီကို ပြေးပြီး သွားတွေ့လိုက်အုံး။ စောစောလေးကပဲ ဘုန်းဘုန်းက ထင်းခွဲပေးဖို့ မင်းကို လာခေါ်တယ်။ မင်း မရောက်သေးဘူး။ ပြန်ရောက်ရောက်ချင်း လွှတ်ပေးလိုက်မယ်လို့ အမေပြောထားတယ်”
အော်၊ ကျွန်တော်ကသာ အမေခိုင်းလိုက်တာကို ခက်ခဲတဲ့ တာဝန်ကြီးလို့ အောက်မေ့နေလိုက်တာ၊ အမေကဖြင့် အသေးအဖွဲလိုပဲ သဘောထားပါတယ်။ အမေက ခက်ခဲတဲ့အလုပ်ကို လွယ်ကူတယ်လို့ မြင်လာအောင် ကျွန်တော့်ကို လေ့ကျင့်ပေးနေတယ်ဆိုတာ အဲဒီတုန်းက သဘောမပေါက်ခဲ့ဘူး။
မှတ်ချက်။ မကြာခင်ထွက်တော့မယ့် ရစ်ချတ်ဘရင်ဆန်အကြောင်းစာအုပ်ထဲက စာမြည်းလေးပါ။
ဗန်းမော်သိန်းဖေ
၂၁-၀၂-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။