ကျနော် ဖုန်းတစ်လုံးဖြစ်ချင်တယ်
================== သျှီ(တမာမြေ)
"""""""""""""""""
တစ်ခါက ဆရာမတစ်ယောက်ဟာ
သူ့အတန်းထဲမှာ ရှိတဲ့လေးတွေရဲ့ ဘ၀မျော်မှန်းချက်တွေ
သူတို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို သိချင်လို့ဆိုပြီး
တစ်ယောက်ချင်းစီကို သူတို့ရဲ့ ဆန္ဒတွေကိုမေးကြတယ်။
တစ်ချို့ကလည်း မင်းသမီး/မင်းသား အဆိုတော် ဆရာဝန်
စသဖြင့် ပြောကြတယ်။
ထိုအားလုံးကတစ်ယောက်ကတော့ သူများတွေနဲ့ မတူပဲ
ဖုန်းတစ်လုံးဖြစ်ချင်ကြောင်းပြောလာတယ်။
" ကျနော်ရဲ့ ဆန္ဒကတော့ ဖုန်းတစ်လုံးဖြစ်ချင်ပါတယ်ဆ ရာမ"
ဆိုပြီး ရဲရင့်ပြတ်သားစွာ ပြောလာခဲ့တယ်။
ဆရာမလည်း အံ့အားသင့်ကာ သူ့ရဲ့ထူးခြားစွာ ဖုန်းတစ်လုံး ဘာကြောင့်ဖြစ်ချင်တာလည်းဆို တာ သိလိုသဖြင့် ဆရာမဟာ မေးခဲ့တယ်။
" သားက ဘာလို့ ဖုန်းတစ်လုံးဖြစ်ချင်ရတာလဲ ပြောပါဦးကွဲ့"
လို့မေးလိုက်တယ်.
" ဟုတ်ကဲ့ပါဆရာမ သားသူများတွေလို ဆရာဝန်တွေ အင်ဂျင်နီယာတွေ မင်းသား/မင်းသမီးတွေ မဖြစ်ချင်ပါဘူး
ကျနော် ဖေဖေတို့ မေမေတို့လက်ထဲက ဖုန်းလေးတစ်လုံးဖြစ်ခွင့်ရရ င်ကျေနပ်ပါပြီ
ဘာလို့လဲဆိုတော့ ဖေဖေတို့ မေမေတို့ဟာ သူတို့ဖုန်းလေးကိုသိပ်ချစ်တာ ဆရာမရဲ့
သူတို့ဖုန်းလေးကိုနေ့တိုင်း ဂရုစိုက်ကြတယ်
နေ့တိုင်းအားသွင်းတယ် လက်ကမချဘူး
ဖေဖေဟာ ဖုန်းနဲ့ဆော့တယ် ကျနော်နဲ့မဆောတော့ဘူး
မေမေက ဖုန်းကိုသာ ဂရုစိုက်တယ် သားကိုဂရုမစိုက်တော့ဘူး
သူတို့ဖုန်းလေး လွတ်ကျရင် အလန့်တကြား ပြန်ကောက်တယ်
သူတို့ ဖုန်းဆော့နေတုန်း ကျနော်ချော်လဲတာတောင် ကျနော့်ကို သတိမထားကြဘူး။
ကျနော်ကြာတော့ သူတို့လက်ထဲမချဖြစ်နေတဲ့ဖုန်းလေးကို မနာလိုဖြစ်မိတယ်။
အရမ်းလည်းဝမ်းနည်းတယ်။
ညအိပ်လို့ သားအပေါ့သွားချင်လို့ နှိုးရင် သားကိုဆူတယ်
သူတို့ဖုန်းလေးများ အသံမြည်လာရင် အရေးတကြီး ထကြည့်ကြတယ်။
သားကိုလည်း ဖတ်မအိပ်တော့ဘူး သူတို့ဖုန်းကလိနေတာနဲ့ သားကို ပုံပြင်ပြောပြဖို့အချိန်မရှိတော့ဘူး။
သားအမြဲတမ်းဆုတောင်းမိတယ် အဖြစ်ချင်ဆုံးဆန္ဒတစ်ခုသာ ပြည့်ဝခွင့်ရမယ်ဆိုရင် သားဖေဖေတို့မေမေတို့ ချစ်တဲ့ဖုန်းလေးဖြစ်ချင်မိတ ယ်။
ဒီဖုန်းလေးရောက်လာမှ ကျနော်ကအလိုလိုဘေးရောက်သွား တယ်
အိမ်မှာ မိဘနှစ်ပါးရှိနေပါလျက်နဲ့ သားဘ၀က မိဘမဲ့ဖြစ်နေရတာကို သားအရမ်းခံစားရတယ်ဆရာမ။
သားနေမကောင်းဖြစ်ရင် သားကိုသိပ်ပြီးဂရုမစိုက်ကြဘူး
သူတို့ဖုန်းလေးမှာ လွတ်ကျလို့ တစ်ခုခုဖြစ်ရင် ချက်ချင်း ဖုန်းဆိုင်ပြေးကြတယ်။
တစ်ဖြည်းဖြည်း သူတို့ဆီက မေတ္တာတွေဟာ သားအတွတ်မဟုတ်တော့ သလိုခံစားရလို့
သူတို့သိပ်ချစ်တဲ့ ဖုန်းလေးဖြစ်ချင်တာပါဆရာမ
သား ဖုန်းလေးလို ဖေဖေတို့ မေမေတို့ ချစ်တာ
ဂရုစိုက်တာ
အရေးပေးတာ
ယုယတာ ခံချင်တယ်ဆရာမရယ်
သားဒါကြောင့် သားရဲ့ ဆန္ဒက ဖုန်းတစ်လုံးဖြစ်ချင်တာပါ"
ဆိုပြီး အက်ကွဲပြီးတုန်ယင်နေတဲ့အသံေ တွနဲ့
ရှိုက်ကာငင်ကာပြောလာတဲ့ ကျောင်းသားရဲ့စကားအဆုံးမှာေ တာ့
ဆရာမသည်လည်း မျောပါကာ ပါးပြင်ဆီမှ မျက်ရည်စတို့ တွဲလောင်းခိုနေခဲ့တယ်။
-------------------
ယနေ့ခေတ်မှာ လူတွေဟာ သက်ရှိထက် သက်မဲ့ကို ပိုပြီးတန်ဖိုးထားတတ်လာကြတယ်။
ဖုန်းတစ်လုံးကြောင့် မိုင်ပေါင်းများစွာ ဝေးကွာတဲ့ လူတွေကို နီးစေတယ်ဆိုပေမယ့်
ကိုယ့်အနားမှာရှိနေတဲ့လူတွေ ကိုတော့ မိုင်ထောင်ချီဝေးစေတယ်ဆိုရ င် သတိမထားမိခဲ့ကြဘူး။
ဖုန်းဟာ ဝေးကွာတဲ့ မိသားစုတွေကို နီးစပ်စေပါတယ်
သို့သော်လည်း တစ်အိမ်တည်းအတူတူနေထိုင်တဲ့ မိသားစုတွေကိုတော့ ဟိုးအဝေးကြီး နှင်ထုတ်စေတတ်ပါတယ်။
ဖုန်းထဲက လူတွေကို ချစ်တတ်ဖို့လွယ်လာကြပေမယ့်
မိမိဘေးက လူတွေကိုတော့ ဥပေက္ခာပြုမိလာကြတတ်ပါတယ်။
ဖုန်းကြောင့်တော့ မိမိရဲ့ မိသားစုဘ၀လေး နွေးထွေးမှု မပျက်ပြယ်ပါစေနဲ့.,......။
လေးစားစွာဖြင့်
သျှီ(တမာမြေ)
================== သျှီ(တမာမြေ)
"""""""""""""""""
တစ်ခါက ဆရာမတစ်ယောက်ဟာ
သူ့အတန်းထဲမှာ ရှိတဲ့လေးတွေရဲ့ ဘ၀မျော်မှန်းချက်တွေ
သူတို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို သိချင်လို့ဆိုပြီး
တစ်ယောက်ချင်းစီကို သူတို့ရဲ့ ဆန္ဒတွေကိုမေးကြတယ်။
တစ်ချို့ကလည်း မင်းသမီး/မင်းသား အဆိုတော် ဆရာဝန်
စသဖြင့် ပြောကြတယ်။
ထိုအားလုံးကတစ်ယောက်ကတော့ သူများတွေနဲ့ မတူပဲ
ဖုန်းတစ်လုံးဖြစ်ချင်ကြောင်
" ကျနော်ရဲ့ ဆန္ဒကတော့ ဖုန်းတစ်လုံးဖြစ်ချင်ပါတယ်ဆ
ဆိုပြီး ရဲရင့်ပြတ်သားစွာ ပြောလာခဲ့တယ်။
ဆရာမလည်း အံ့အားသင့်ကာ သူ့ရဲ့ထူးခြားစွာ ဖုန်းတစ်လုံး ဘာကြောင့်ဖြစ်ချင်တာလည်းဆို
" သားက ဘာလို့ ဖုန်းတစ်လုံးဖြစ်ချင်ရတာလဲ ပြောပါဦးကွဲ့"
လို့မေးလိုက်တယ်.
" ဟုတ်ကဲ့ပါဆရာမ သားသူများတွေလို ဆရာဝန်တွေ အင်ဂျင်နီယာတွေ မင်းသား/မင်းသမီးတွေ မဖြစ်ချင်ပါဘူး
ကျနော် ဖေဖေတို့ မေမေတို့လက်ထဲက ဖုန်းလေးတစ်လုံးဖြစ်ခွင့်ရရ
ဘာလို့လဲဆိုတော့ ဖေဖေတို့ မေမေတို့ဟာ သူတို့ဖုန်းလေးကိုသိပ်ချစ်တ
သူတို့ဖုန်းလေးကိုနေ့တိုင်း
နေ့တိုင်းအားသွင်းတယ် လက်ကမချဘူး
ဖေဖေဟာ ဖုန်းနဲ့ဆော့တယ် ကျနော်နဲ့မဆောတော့ဘူး
မေမေက ဖုန်းကိုသာ ဂရုစိုက်တယ် သားကိုဂရုမစိုက်တော့ဘူး
သူတို့ဖုန်းလေး လွတ်ကျရင် အလန့်တကြား ပြန်ကောက်တယ်
သူတို့ ဖုန်းဆော့နေတုန်း ကျနော်ချော်လဲတာတောင် ကျနော့်ကို သတိမထားကြဘူး။
ကျနော်ကြာတော့ သူတို့လက်ထဲမချဖြစ်နေတဲ့ဖုန
အရမ်းလည်းဝမ်းနည်းတယ်။
ညအိပ်လို့ သားအပေါ့သွားချင်လို့ နှိုးရင် သားကိုဆူတယ်
သူတို့ဖုန်းလေးများ အသံမြည်လာရင် အရေးတကြီး ထကြည့်ကြတယ်။
သားကိုလည်း ဖတ်မအိပ်တော့ဘူး သူတို့ဖုန်းကလိနေတာနဲ့ သားကို ပုံပြင်ပြောပြဖို့အချိန်မရိ
သားအမြဲတမ်းဆုတောင်းမိတယ် အဖြစ်ချင်ဆုံးဆန္ဒတစ်ခုသာ ပြည့်ဝခွင့်ရမယ်ဆိုရင် သားဖေဖေတို့မေမေတို့ ချစ်တဲ့ဖုန်းလေးဖြစ်ချင်မိတ
ဒီဖုန်းလေးရောက်လာမှ ကျနော်ကအလိုလိုဘေးရောက်သွား
အိမ်မှာ မိဘနှစ်ပါးရှိနေပါလျက်နဲ့ သားဘ၀က မိဘမဲ့ဖြစ်နေရတာကို သားအရမ်းခံစားရတယ်ဆရာမ။
သားနေမကောင်းဖြစ်ရင် သားကိုသိပ်ပြီးဂရုမစိုက်ကြဘ
သူတို့ဖုန်းလေးမှာ လွတ်ကျလို့ တစ်ခုခုဖြစ်ရင် ချက်ချင်း ဖုန်းဆိုင်ပြေးကြတယ်။
တစ်ဖြည်းဖြည်း သူတို့ဆီက မေတ္တာတွေဟာ သားအတွတ်မဟုတ်တော့ သလိုခံစားရလို့
သူတို့သိပ်ချစ်တဲ့ ဖုန်းလေးဖြစ်ချင်တာပါဆရာမ
သား ဖုန်းလေးလို ဖေဖေတို့ မေမေတို့ ချစ်တာ
ဂရုစိုက်တာ
အရေးပေးတာ
ယုယတာ ခံချင်တယ်ဆရာမရယ်
သားဒါကြောင့် သားရဲ့ ဆန္ဒက ဖုန်းတစ်လုံးဖြစ်ချင်တာပါ"
ဆိုပြီး အက်ကွဲပြီးတုန်ယင်နေတဲ့အသံေ
ရှိုက်ကာငင်ကာပြောလာတဲ့ ကျောင်းသားရဲ့စကားအဆုံးမှာေ
ဆရာမသည်လည်း မျောပါကာ ပါးပြင်ဆီမှ မျက်ရည်စတို့ တွဲလောင်းခိုနေခဲ့တယ်။
-------------------
ယနေ့ခေတ်မှာ လူတွေဟာ သက်ရှိထက် သက်မဲ့ကို ပိုပြီးတန်ဖိုးထားတတ်လာကြတယ
ဖုန်းတစ်လုံးကြောင့် မိုင်ပေါင်းများစွာ ဝေးကွာတဲ့ လူတွေကို နီးစေတယ်ဆိုပေမယ့်
ကိုယ့်အနားမှာရှိနေတဲ့လူတွေ
ဖုန်းဟာ ဝေးကွာတဲ့ မိသားစုတွေကို နီးစပ်စေပါတယ်
သို့သော်လည်း တစ်အိမ်တည်းအတူတူနေထိုင်တဲ့
ဖုန်းထဲက လူတွေကို ချစ်တတ်ဖို့လွယ်လာကြပေမယ့်
မိမိဘေးက လူတွေကိုတော့ ဥပေက္ခာပြုမိလာကြတတ်ပါတယ်။
ဖုန်းကြောင့်တော့ မိမိရဲ့ မိသားစုဘ၀လေး နွေးထွေးမှု မပျက်ပြယ်ပါစေနဲ့.,......။
လေးစားစွာဖြင့်
သျှီ(တမာမြေ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။