Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 26, 2017

အိုမင်းသွားတဲ့ နုပျိုခြင်း


အိုမင်းသွားတဲ့ နုပျိုခြင်း
✿✿✿✿✿✿✿✿✿

"မေကြီး... သမီးရဲ့ပစ္စည်းကို မေကြီး
ဘယ်နားထားလိုက်သလဲ?"

ရိုးရိုးရှင်းရှင်းစကားလေး တစ်ခွန်းတည်းပါပဲ..
ဒါပေမယ့် မိခင်အပေါ် မှီခိုခြင်းတွေပါနေခဲ့တယ်။
ကျွန်မတို့ဟာ မိဘတွေရဲ့ ကရုဏာအကြင်နာ၊ ဂရုစိုက်ပျိုးထောင်မှုအောက်ကနေ တဖြေးဖြေး
ကြီးပြင်းလာခဲ့ကြတယ်။

"သမီး အရွယ်ရောက်နေပြီနော်.. ကိုယ့်ပစ္စည်း
ကိုယ်သေချာမသိမ်းဘဲ အမေ့ကို လာမေးနေသေးတယ်"

အမေရဲ့တဗျစ်တောက်တောက် မြည်တွန်းမှုတွေက
ချစ်ခြင်းမေတ္တာအသွင် ပြောင်းသွားခဲ့တယ်။

"မြန်မြန် မေကြီးရဲ့.. ဘယ်နားထားလိုက်လဲဆို ..
သမီးရုံးနောက်ကျတော့မယ်"

အမေရဲ့ဗျစ်တောက်တောက်ကို ကျွန်မတို့ကအမြဲတမ်း
စိတ်မရှည်၊ စိတ်ရှုပ်တာနဲ့ တုန့်ပြန်ခဲ့တယ်။

"သမီး.. ရုံးမသွားခင် အမေ့ကို အပ်နဲ့အပ်ချည်ထိုးပေးခဲ့ပါနော်"

အရင်တုန်းက အပ်တစ်ပင်ချင်းထိုးပြီး ကျွန်မတို့အတွက် အမေအင်္ကျီတွေဖာထေး၊ ချုပ်ပေးခဲ့တာတွေကို
ကျွန်မအမှတ်တမဲ့ သတိရလိုက်မိတယ်။
အရင်တုန်းကပုံရိပ်လေး မတွေ့တာတောင်
ကြာခဲ့ပါပေါ့လား!

အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန်
သားသမီးတွေက မိခင်ကိုမှီခိုရာကနေ မိခင်က
သားသမီးတွေကို ပြန်မှီခိုချိန်ရောက်ခဲ့ပြီ

အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန်
မိဘတွေရဲ့ခေါင်းပေါ်က ဆံပင်နက်နက်တွေ
ငွေရောင်သမ်းခဲ့ပြီ။

အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန်
မိဘတွေရဲ့မျက်ထောင့်က အရစ်ကြောင်းတွေ
နက်သထက်နက်ခဲ့ပြီ။

မိဘတွေရဲ့ ပါးစပ်ဖျားက တပျစ်ပျစ်တောက်တောက်
သံတွေဟာ ဘယ်အချိန် ဘယ်အခါကတည်းက
သက်ပြင်းချသံတွေအဖြစ် ပြောင်းသွားခဲ့ပြီလဲ?

သူတို့ ဘာကိုသက်ပြင်းချနေသလဲ? လူ့ဘဝ
တိုတောင်းတာကိုပေါ့။
သူတို့ ဘာကိုပူပင်သောကရောက်နေသလဲ?
သားသမီးတွေရဲ့ အနာဂတ်ကိုပေါ့။
လောကမှာ ကိုယ့်သားသမီးကိုမချစ်တဲ့
မိဘဆိုတာမရှိသလို၊ ကိုယ့်သားသမီးရဲ့
အနာဂတ်ကို စိတ်မပူတဲ့မိဘဆိုတာလည်း
မရှိပါဘူး။

ကိုယ့်မျက်စိရှေ့က သစ်ပင်ကြီးဟာ ဘယ်အချိန်
ဘယ်အခါကတည်းက အိုမင်းရင့်ရော်သွားခဲ့ပါသလဲ?
ကိုယ့်ကိုစောင့်မျှော်နေတဲ့ မီးအိမ်လေးတစ်လုံးက
ဘယ်အချိန် ဘယ်အခါမှာ ငြိမ်းသွားခဲ့သလဲ?
မိဘတွေရဲ့စကားတွေမှာ မောပန်းနွမ်းနယ်မှုတွေ
ဘယ်အချိန် ဘယ်အခါကတည်းက ပါနေခဲ့သလဲ?

ပြင်ပလောကမှာ စိတ်ထိခိုက်ကြေကွဲစရာတွေ
ဘယ်လောက်ပဲကြုံခဲ့ကြုံခဲ့ မိဘတွေက ကျွန်မတို့ရဲ့
ရင်ဖွင့်ရာနေရာ၊ မှီခိုကမ်းကပ်ရာ ဆိပ်ကမ်းကြီးပါ။

နွေမိုးဆောင်းရာသီတွေ ဘယ်လိုပဲဖြတ်သန်း
ကုန်လွန်ပါစေ... ဒီရာသီပြီးရင် နောက်ရာသီကလာစမြဲ၊
ဒီကနေ့ကုန်ရင် မနက်ဖြန်ကရောက်လာစမြဲ။

အချိန်အလှည့်အပြောင်းမှာ ကုန်လွန်ဖြတ်သန်းရတာက
ဥတုရာသီ၊ ဒီကနေ့၊ မနက်ဖြန်ဆိုတဲ့ နေ့ရက်တွေအပြင်
မြင်သာမြင်ပြီး ကိုင်တွယ်လို့မရတဲ့
နုပျိုခြင်းတွေလည်း ပါပါတယ်။

မိဘတွေက အိုမင်းသွားလည်း ချစ်ခြင်းမေတ္တာက
မပြောင်းလဲဘူး။ အဲဒီချစ်ခြင်းမေတ္တာကို သားသမီးတွေက ဆက်လက်ထိန်းသိမ်းတယ်။ ဒါဟာ လောကကြီးမှာ
မပြောင်းလဲတဲ့ မပြောင်းလဲနိယာမပဲဖြစ်မယ်ထင်ပါတယ်။

ကျွန်မတို့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊
ရာထူးကြီးသည်ဖြစ်စေ၊ ရာထူးမဲ့သည်ဖြစ်စေ
မိဘတွေရဲ့အကြည့်မှာ၊ မိဘတွေရဲ့ရှေ့မှာ ကျွန်မတို့ဟာ
အမြဲတမ်း ကလေးငယ်တစ်ယောက်ပါပဲ။
ကိုယ့်သားသမီးဘေးမှာနေပြီး သားသမီးတွေကြီး
ပြင်းလာတာကို အရိပ်တကြည့်ကြည့် ကြည့်ချင်ခဲ့တာ မိဘတိုင်းရဲ့ရင်ထဲကဆန္ဒပါ။

"ဖေဖေမေမေတို့ ပင်ပန်းပါပြီ။ ကျွန်မတို့ ကြီးပြင်းလာခဲ့ပါပြီ။ ဖေဖေမေမေတို့ကို ကျွန်မတို့ တစ်လှည့်ပြုစုပါရစေနော်" ဆိုတဲ့စကားတစ်ခွန်းက မိဘတွေအပေါ်
ကျွန်မတို့အမြဲအကြွေးတင်နေတဲ့ စကားပဲဖြစ်မယ်
ထင်ပါတယ်။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
www.facebook.com/knowledgevillage11

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။