Mi Mi Tun added 2 new photos — with Mi Mi Tun and Shwe Nyar Thu.
ပြောမယုံကြုံဖူးမှသိဆိုသလိုပဲ ကိုယ်တွေ့ကြုံမှပဲသိတော့တယ်၊ ဒီမနက်ဈေးထဲကနေ ငါးပုဏ္ဏားလေးတွေတွေ့တာနဲ့ဝယ်လာတာ အမြှီး၊
ခေါင်းလေးတွေကတ်ကြေးနဲ့ညှပ်ရင်း ဝမ်းဗိုက်အောက်နားလောက်မှာ
အနီစက်လေးတွေတွေ့တော့သတိရသွားတာက လွန်ခဲ့တဲ့၂ပတ်လောက်က ရုံးကအမတယောက်နဲ့နေ့လည်စာအတူစားရင်းသူ့ရဲ့ကိုယ်တွေ့အဖြစ်အပျက်ကိုပြောပြတာမှာ သူ့အမေအတွက် ကြည့်မြင်တိုင်ငါးဈေးက
ငါးပုဏ္ဏားဝယ်လာတာ ငါးကိုင်ရင်းသတိထားမိလာတာက ငါးအားလုံးရဲ့ဝမ်းဗိုက်အောက်မှာတူညီတဲ့အနီစက်လေးတွေတွေ့တယ်တဲ့၊
သူကအပ်ပေါက်ရာလို့ယူဆပြီး ငါးအားလုံးကိုဒီအတိုင်းပန်းကန်ကန်ထဲထည့်ပြီး
ထားလိုက်တယ်တဲ့၊ ခဏကြာတော့ ပုရွက်ဆိတ်အနက်တွေပန်းကန်ပေါ်ကိုတက်လာတာတွေ့တယ်၊
ဒါပေမဲ့ ပါးရွက်ဆိတ်နက်လေးတွေဟာချက်ချင်းပဲပန်းကန်ပေါ်ကနေပြန်ဆင်းသွားကြတယ်တဲ့၊သူတို့သားအမိ တနေကုန်စောင့်ကြည့်တာ ဘာအကောင်မှ မလာတော့တဲ့အပြင်ညနေစောင်းအထိ အဲ့ငါးကမပုပ်မသိုးရှိနေတယ်တဲ့၊
ဟိုတလောလေးကလည်း တယောက်ကကိုယ်တွေ့ကိုရှယ်ထားတာမှာ မုန့်ဖတ်ဝယ်တာ တနေကုန်အဲဒီမုန့်ဖတ်ကမချဉ်မသိုး ဒီတိုင်းလေးပဲတဲ့ ကြာရှည်ခံအောင် ဖော်မလင်တွေနဲ့စိမ်ထားတယ်ဆိုလားဖတ်လိုက်ရတယ်၊
ဖော်မလင်ဆိုတာက လူသေတွေကြာရှည်ထားခံအောင် အလောင်းတွေမှာထိုးတဲ့ဆေးတဲ့၊ခုလည်းဒီဈေးကြီးငါးတွေရေရှည်ခံအောင် တကောင်ခြင်းစီကိုစိတ်ရှည်လက်ရှည်ဆေးထိုးထားပြီးရောင်းတဲ့၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ဝိသမလောဘသားစီးပွားရေးသမားတွေရယ်၊ အဲလိုလူမျိုးတွေကိုဖော်ထုတ်ပေးမဲ့ ခိုင်မာတဲ့ စားသုံးသူအခွင့်အရေးကာကွယ်ပေးတဲ့အဖွဲ့လိုမျိုးတွေမရှိတာကြောင့်
မြန်မာနိုင်ငံဟာ ကင်ဆာမှာ ကမ္ဘာ့အဆင့် နံပါတ်၂ဖြစ်နေပါပြီဆိုတာ အများသိအောင် ရှယ်လိုက်ရပါကြောင်း။
May Than Oo

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။