မတိုင်းတာနဲ့
------------------
လူတိုင်းကို ကိုယ်သိသလို သိလိမ့်မယ်လို့
လုံးဝ မထင်ထားပါနဲ့
လူတိုင်းကို ကိုယ် လုပ်နိုင်သလို လုပ်နိုင်လိမ့်မယ်
လုံးဝ မထင်ထားပါနဲ့
သူတို့ ရဲ့ လုပ်နိုင်စွမ်းအား ကိုယ်မသိသလို
သူတို့ရဲ့ အရည်အသွေးဘယ်လောက်ရှိတ ယ်ဆိုတာလဲ
တိတိကျကျ ကိုယ်မသိနိုင်ဘူးလေ
လူတစ်ယောက်ကို အဝေးက အပြစ်တင်မစောလိုက်နဲ့
သူ့မှာ ရှိတဲ့ အခက်ခဲကို ကိုယ်မသိသလို
ကိုယ့် လိုချင်တဲ့ အတိုင်းအတာကို ကိုယ်တိုင်ပဲသိကြတယ်
ပန်းထု ဆရာ ဆယ်ယောက်ကို ပုန်းပုထုဖို့
သစ်သားတုံး ဆယ်တုံးပေးကြည့်ပါ
မတူညီတဲ့ လက်ရာ ဆယ်မျိုး ထွက်လာပါလိမ့်မယ်
ကိုယ်ကြိုက်တဲ့ လက်ရာကို တခြားနောက်တစ်ယောက်က ကြိုက်ချင်မှ ကြိုက်မယ်
ပေါင်းစပ်တယ်ဆို လုပ်အား အတတ်ပညာ
အသိပညာ စိတ်ကူးပုံဖော်မှု ခံစားမှုတွေနဲ့
ဖလှယ်ပြီး အားသာတဲ့ အရာတွေ ကောင်းတဲ့အရာကို
စုပေါင်းပြီး ခိုင်ခံ့လှပတဲ့ အရာတစ်ခုဖြစ်ဖို့အတွက်
ကြိုးစားတည်ဆောက်ရတာမျိုးပါ
၅+၅ =၁၀. ၃+၇=၁၀. ၆+၄=၁၀ ပါပဲ
ကိုယ်နဲ့ပေါင်းသင်းတဲ့လူက ကိုယ်နဲ့ အသိဥာဏ်
တန်းတူလည်း ဖြစ်နိုင်သလို နိမ့်ပါးတာလည်းဖြစ်နိုင် တယ်
ဒီလူ ကိုယ့်လောက်မသိဘူး ဆိုပြီး လက်ညှိုးမထိုးလိုက်နဲ့
လက်ကမ်းကြည့်ပါ ရန်သူတွေမှ မဟုတ်ပဲ
အားနည်းသူတစ်ယောက်တွေ့ လိုက်တိုင်း
ဖေးမ ကြည့်လိုက်ပါ သူ့ရင်ထဲမှာ သင်ရှိနေပါလိမ့်မယ်
ကိုယ်မသိတဲ့ အရာကို လေ့လာပြီး သိရှိသွားခြင်းသည်
ကိုယ့်လို မသိသေးသောသူပေါင်းများစွာကို
ပြန်လည် လမ်းညွှန်ပေးနိုင်ပါတယ်
သစ်သားတစ်ချောင်းသည် တံတားဖြစ်နိုင်သလို
ခြံစည်းရိုး လည်းဖြစ်နိုင်တယ်..ထင်းလည်းဖြစ်နိုင်တယ်
လူကိုလည်း ဒုက္ခ ပေးနိုင်တယ်
အသုံးခံပစ္စည်းအပေါ် အသုံးပြုသူထားတဲ့
စိတ်ကူးသာ အရေးကြီးသွားတယ်
တချို့ အရာတွေက ပြုပြင်မရတာမှန်တယ်
ဒါဆို လှည့်မကြည့်ပါနဲ့
တချို့က ပြုပြင်ယူလို့ရတယ်
ပြုပြင်ရဲဖို့သာ လိုတာပါ
ည ကိုနေ့ဖြစ်အောင်တော့ ဘယ်သူမှ မစွမ်းဆောင်နိုင်ဘူး
ဒါပေမယ့် အမှောင်ထုကို ဖြိုခွင်းဖို့ အလင်းရောင်ရှိတယ်
ရွေးချယ်မှုသည်မိမိအတွက် ဖြစ်ပါစေ
ဘာမထီဘွား....အတွေးစာစုလေးများ
------------------
လူတိုင်းကို ကိုယ်သိသလို သိလိမ့်မယ်လို့
လုံးဝ မထင်ထားပါနဲ့
လူတိုင်းကို ကိုယ် လုပ်နိုင်သလို လုပ်နိုင်လိမ့်မယ်
လုံးဝ မထင်ထားပါနဲ့
သူတို့ ရဲ့ လုပ်နိုင်စွမ်းအား ကိုယ်မသိသလို
သူတို့ရဲ့ အရည်အသွေးဘယ်လောက်ရှိတ
တိတိကျကျ ကိုယ်မသိနိုင်ဘူးလေ
လူတစ်ယောက်ကို အဝေးက အပြစ်တင်မစောလိုက်နဲ့
သူ့မှာ ရှိတဲ့ အခက်ခဲကို ကိုယ်မသိသလို
ကိုယ့် လိုချင်တဲ့ အတိုင်းအတာကို ကိုယ်တိုင်ပဲသိကြတယ်
ပန်းထု ဆရာ ဆယ်ယောက်ကို ပုန်းပုထုဖို့
သစ်သားတုံး ဆယ်တုံးပေးကြည့်ပါ
မတူညီတဲ့ လက်ရာ ဆယ်မျိုး ထွက်လာပါလိမ့်မယ်
ကိုယ်ကြိုက်တဲ့ လက်ရာကို တခြားနောက်တစ်ယောက်က ကြိုက်ချင်မှ ကြိုက်မယ်
ပေါင်းစပ်တယ်ဆို လုပ်အား အတတ်ပညာ
အသိပညာ စိတ်ကူးပုံဖော်မှု ခံစားမှုတွေနဲ့
ဖလှယ်ပြီး အားသာတဲ့ အရာတွေ ကောင်းတဲ့အရာကို
စုပေါင်းပြီး ခိုင်ခံ့လှပတဲ့ အရာတစ်ခုဖြစ်ဖို့အတွက်
ကြိုးစားတည်ဆောက်ရတာမျို
၅+၅ =၁၀. ၃+၇=၁၀. ၆+၄=၁၀ ပါပဲ
ကိုယ်နဲ့ပေါင်းသင်းတဲ့လ
တန်းတူလည်း ဖြစ်နိုင်သလို နိမ့်ပါးတာလည်းဖြစ်နိုင်
ဒီလူ ကိုယ့်လောက်မသိဘူး ဆိုပြီး လက်ညှိုးမထိုးလိုက်နဲ့
လက်ကမ်းကြည့်ပါ ရန်သူတွေမှ မဟုတ်ပဲ
အားနည်းသူတစ်ယောက်တွေ့
ဖေးမ ကြည့်လိုက်ပါ သူ့ရင်ထဲမှာ သင်ရှိနေပါလိမ့်မယ်
ကိုယ်မသိတဲ့ အရာကို လေ့လာပြီး သိရှိသွားခြင်းသည်
ကိုယ့်လို မသိသေးသောသူပေါင်းများစ
ပြန်လည် လမ်းညွှန်ပေးနိုင်ပါတယ်
သစ်သားတစ်ချောင်းသည် တံတားဖြစ်နိုင်သလို
ခြံစည်းရိုး လည်းဖြစ်နိုင်တယ်..ထင်
လူကိုလည်း ဒုက္ခ ပေးနိုင်တယ်
အသုံးခံပစ္စည်းအပေါ် အသုံးပြုသူထားတဲ့
စိတ်ကူးသာ အရေးကြီးသွားတယ်
တချို့ အရာတွေက ပြုပြင်မရတာမှန်တယ်
ဒါဆို လှည့်မကြည့်ပါနဲ့
တချို့က ပြုပြင်ယူလို့ရတယ်
ပြုပြင်ရဲဖို့သာ လိုတာပါ
ည ကိုနေ့ဖြစ်အောင်တော့ ဘယ်သူမှ မစွမ်းဆောင်နိုင်ဘူး
ဒါပေမယ့် အမှောင်ထုကို ဖြိုခွင်းဖို့ အလင်းရောင်ရှိတယ်
ရွေးချယ်မှုသည်မိမိအတွက်
ဘာမထီဘွား....အတွေးစာစုလေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။