Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 26, 2017

ဒီအက်စ်အေ သို့မဟုတ် လူသတ်သမား သင်တန်းကျောင်း



Tun Lat

ဒီအက်စ်အေ သို့မဟုတ် လူသတ်သမား သင်တန်းကျောင်း
=====================================
အမေရိကန်ပြည်ထောင်စုမှာ School of Assassins လူသတ်သမားသင်တန်းကျောင်းလို့ လူ့အခွင့်အရေးသ မားတွေက ခေါ်တဲ့ စစ်သင်တန်းကျောင်း တကျောင်းရှိတယ်။ သူ့မူလ နာမည်ရင်းက The School of Americas ဖြစ်ပါတယ်။ စစ်ပညာ၊ ထောက်လှမ်းရေးပညာ၊ သုတ်သင်ရေး၊ ဗုံးခွဲ၊ မိုင်းထောင်ဆိုတဲ့ အတတ်ပညာတွေ အပြင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်၊ နိုင်ငံရေး အမြင်တွေ သင်ကြားပို့ချတဲ့ သင်တန်းကျောင်းဖြစ်တယ်။ နိုင်ငံတကာက စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခေါ်ယူသင်တန်းပေးတယ်။
အဲဒီသင်တန်းကျောင်းက ဆင်းလာတဲ့သူတွေတော်တော်များများဟာ သက်ဆိုင်ရာ နိုင်ငံတွေမှာ အကြမ်းဖက်တာ၊ အာဏာသိမ်းတာ၊ လုပ်ကြံသတ်ဖြတ်တာတွေကို လုပ်ခဲ့ကြတယ်။ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံတွေမှာ အဲသလိုလုပ်ခဲ့ကြတယ်။ ချီလီသမ္မတ ဆာလ်ဗေဒို အာယန်းဒေးကို လုပ်ကြံ အာဏာသိမ်းမှု၊ ကက်သလစ် ဘုရားရှိခိုးကျောင်းကို အကြမ်းဖက် တိုက်ခိုက်ပြီး ကက်သလစ် ဘုန်းတော်ကြီးတွေကို သတ်ဖြတ်မှုတွေအပါအဝင် အကြီးကျယ်ဆုံး အဆိုးဝါးဆုံး အကြမ်းဖက်လူသတ်မှုတွေ အများအပြားကို နိုင်ငံပေါင်းစုံမှာ အဲဒီကျောင်းဆင်းတွေက လုပ်ခဲ့တယ်။ (မြန်မာနိုင်ငံက ပြန်ကြားရေးဝန်ကြီးဟောင်း၊ အခုငြိမ်းချမ်းရေး ကော်မရှင်အကြံပေး ဦးအောင်ကြည်ဟာလည်း အဲဒီကျောင်းဆင်း တယောက်ဖြစ်တယ်။) အဲသလို လူသတ်သမားတွေကို မွေးထုတ်ပေးနေတဲ့ အတွက် အဲဒီကျောင်းကို ပိတ်ပစ်ဖို့ လူ့အခွင့်အရေးသမားတွေက ကန့်ကွက်တဲ့ ဒဏ်ကို မခံနိုင်တဲ့ အဆုံးမှာ အမေရိကန် အစိုးရဟာ အဲဒီသင်တန်းကျောင်းကို ဂျော်ဂျီယာ နိုင်ငံ ဖို့ဘန်းနင်းကို ရွှေ့ပြောင်းလိုက်ရတယ်။ ကျောင်းနာမည်ကိုလည်း နာမည်ပြောင်းပစ်ခဲ့ရတယ်။
မြန်မာနိုင်ငံက ဒီအက်စ်အေ စစ်သင်တန်းကျောင်းဟာလည်း လူသတ်သမားသင်တန်းကျောင်းလို့ ခေါ်ဆို ထိုက်တဲ့ ကျောင်းတကျောင်းပဲ။ မြန်မာနိုင်ငံမှာ ဒီအက်စ်အေနဲ့ အိုတီအက်စ် ကျောင်းဆင်းတွေသာ မရှိရင် ဒီနိုင်ငံ ငြိမ်းချမ်းဖွံ့ဖြိုးနေတာ ကြာပြီ။ တိုင်းပြည်ကို ဖျက်ဆီးဒုက္ခပေးသူတွေထဲမှာ အဲဒီလူတွေက အဓိကပဲ။ အဲဒီလူတွေ ရှေ့ဆုံးကပဲ။ အခု ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုကို လေ့လာကြည့်ရင် ဒီအက်စ်အေကို လူသတ်သမား သင်တန်းကျောင်းလို့ ခေါ်ဆိုထိုက်ကြောင်း ပိုပြီး ထင်ရှားစေတယ်။
ဦးကိုနီကို သေနတ်နဲ့တေ့ပစ်သူက ဘုရားခိုး၊ ဒုစရိုက်သမား ကြည်လင်း။ အဲသလို ဘုရားခိုး ဒုစရိုက်သမားကို နောက်ကနေ ငွေပေးခိုင်းစေခဲ့သူတွေက ဒုဗိုလ်ကြီးဟောင်း အောင်ဝင်းဇော် (ဒီအက်စ်အေ အပတ်စဉ် ၃၄) ၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် (ဒီအက်စ်အေ အပတ်စဉ် ၃၆)၊ ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုး (ဒီအက်စ်အေ အပတ်စဉ် ၃၈)။ ဒီသုံးယောက်က ရဲအဖွဲ့က တရား ဝင်ထုတ်ပြန်ကြေညာတဲ့ လူသတ်သမားတွေ။ သူတို့နဲ့ ဆက်စပ်ပတ်သက်တဲ့ စစ်တက္ကသိုလ် ဒီအက်စ်အေ ကွန်ရက် စစ်အာဏာရှင် ကွန်ရက်က အလွန်ကျယ်ပြန့်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ ပတ်သက်နေတယ်။
ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နဲ့အတူ ဦးကိုနီကို သတ်ဖြတ်ရေး မော်ဒန်လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ဆွေးနွေးခဲ့ကြသူတွေထဲမှာ မိုင်းဖြတ်မြို့နယ်ကနေ ဝင်ရောက် အရွေးကောက်ခံခဲ့တဲ့ ပြည်သူ့လွှတ် တော်အမတ် ဦးလင်းဇော်ထွန်းလည်း ပါဝင်တယ်လို့ ရဲအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့က တရားဝင်ထုတ်ဖော် ကြေညာသွားတယ်။ အဲဒီ ဗိုလ်မှူးကြီး လင်းဇော်ထွန်းဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်ရေးအရာရှိ (ပီအက်စ်အို) ဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲနားနီးတော့မှ သူ့ကိုစစ်ဘက်ကနေ အနားယူခိုင်းပြီး နိုင်ငံရေး ဘက်မှာ နေရာပေးဖို့အတွက် ရွေးကောက်ပွဲဝင်ခိုင်းခဲ့တာဖြစ်တယ်။ အဲဒီလင်းဇော်ထွန်းဟာ ဦးကိုနီကို လုပ်ကြံဖို့ မော်ဒန်လက်ဖက်ရည်ဆိုင်မှာ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်တို့နဲ့ အတူဆွေးနွေးရာမှာ ပါဝင်ခဲ့ပေမယ့် ပိုပြီး အစွန်းရောက်တဲ့ အောင်ဝင်းခိုင်တို့က တကယ်သတ်တဲ့လူတွေ ဖြစ်သွားတယ်လို့ ဆိုတယ်။ "လင်းဇော်ထွန်းကတော့ တကယ်သတ်တဲ့အထဲမှာ ပါဝင်သူမဟုတ်ဘူး"လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောတယ်။" မော်ဒန်လက်ဖက်ရည်ဆိုင်မှာ ဦးကိုနီကို သတ်ချင်တဲ့ အကြောင်း အတူဆွေးနွေးခဲ့တဲ့ လင်းဇော်ထွန်းဟာ လက်တွေ့လုပ်ရာမှာမပါဘူးလို့ ဘာ့ကြောင့် ပြောနိုင်သလဲ"လို့ သတင်းထောက်က မေးတဲ့အခါမှာတော့ သူဖြေသွားတဲ့ အဖြေက "သူကလွှတ်တော်ကိုယ်စားလှယ်ပဲ။ လွှတ်တော်ကိုယ်စားလှယ်က လုပ်ပါ့မလား"တဲ့။ ပြီးတော့ "လူသတ်သမားအုပ်စုဟာ လူငယ်တွေတဲ့။ လူငယ်တွေက မျိုးချစ်စိတ်ကြောင့် အမှား လုပ်မိတာပါ"တဲ့။ သူပြောတဲ့လူငယ်တွေဟာ အသက်အားဖြင့် ၅၀ နားနီးတွေချည်းပဲ။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာနဲ့ သူတော်စင်တွေ ဖြစ်သွားရောလား။ "တပ်မတော် ထောက်လှမ်းရေးက တိုင်းပြည်ကို သစ္စာဖောက်တဲ့လူတွေမှ မဟုတ်တာ။ သတ်စရာ အကြောင်းမရှိဘူး" လို့လည်း တနေရာမှာ ပြောပြန်တယ်။ ဒါဆိုရင် ဒီအက်စ်အေဆင်းတွေကတော့ တိုင်းပြည်သစ္စာဖောက်တွေမို့ အခုလို သတ်တာလားဆိုတဲ့ မေးခွန်းကိုရော သူဘယ်လိုများ ဖြေမလဲ။
ဦးကိုနီက "မူဆလင် တွေ ၆၆ ယောက်လောက် လွှတ်တော်ထဲမှာ ရှိသင့်တယ်ပြောလို့ လူငယ်တွေက မကျေမနပ်ဖြစ်တာမျိုး ဖြစ်နိုင်တယ်"လို့လည်း ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောတယ်။ ပြည်ထဲရေးဝန်ကြီး ရဲ့ သ တင်းစာရှင်းလင်းပွဲကို သေသေချာချာ ဂရုစိုက်ကြည့်ရင် လုပ်ကြံသတ်ဖြတ်ခံရသူ ဦးကိုနီကို သွယ်ဝိုက် အပြစ်တင်နေပြီး လုပ်ကြံသတ်ဖြတ်သူတွေကိုတော့ မျိုးချစ်စိတ်ကြောင့် အမှားလုပ်မိသူ လူငယ်လေးတွေအဖြစ်နဲ့ စာနာ ဂရုဏာ သက်ကြောင်း ဖော်ပြနေတယ်ဆိုတာ သိပ်သိသာ ထင်ရှားတယ်။ သတင်းစာရှင်းလင်းပွဲ ဗီဒီယိုခွေကို ပြန်ကြည့်ကြပါ။ သိပ်ပေါ်လွင်ပါတယ်။ သိမ်းလည်း သိမ်းဆည်းထားကြပါ။ ဒါဟာ သမိုင်းဝင်မှတ်တမ်းပါ။ နောင်တချိန်မှာ စာရင်းရှင်းရမယ့် ကိစ္စတခုပါ။ စစ်စိတ်စစ်သွေးစစ်မာန်မကုန်တဲ့ ဒီချုပ်ပြောရေးဆိုခွင့်ရ ဦးဝင်းထိန်ကတောင် "လူငယ်လေးတွေ မျိုးချစ်တွေလို့ ပြောတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ အကြောင်း" ဘီဘီစီမှာ ပြောသွားပါတယ်။ ဘီဘီစီရဲ့ ဖေဖော်ဝါရီလ ၂၅ ရက် စနေည အသံလွှင့်အစီအစဉ်ကို နားဆင်ပါ။
အောင်ဝင်းဇော်ကို သံလွင်တံတားပေါ်မှာ ဖမ်းမိစဉ်က သူ့ကို နိုင်ငံခြားထွက်ပြေးဖို့ ကားမောင်းလိုက်ပို့ပေး သူက သူ့အစ်ကို အောင်ဝင်းထွန်းဖြစ်တယ်။ ဦးကိုနီကိုသတ်မယ့်နေ့က အောင်ဝင်းဇော်ကို လေဆိပ်မှာကား မောင်းပို့ပေးတာကိုလည်း အောင်ဝင်းထွန်းကလုပ်ခဲ့တယ်လို့ တချို့သတင်းတွေက ဆိုတယ်။ ရဲအဖွဲ့ရဲ့ အတည်ပြုချက်တော့ မရဘူး။ သူတို့ညီအစ်ကိုတတွေရဲ့ အငယ်ဆုံးနှမ မအေးငြိမ်း ခေါ် မိငြိမ်းရဲ့ ယောက်ျားက ဒေါ်ကြိုင်ကြိုင်ရဲ့ တူအရင်းဖြစ်တယ်။ အခုမိငြိမ်းတို့လင်မယားဟာ နိုင်ငံခြားမှာ ရောက်နေတယ်။ တိမ်းရှောင် နေတယ်လို့ ယူဆစရာရှိတယ်။
ဒါတွေကိုကြည့်ရင် ဒီအက်စ်အေကျောင်းဆင်း လူသတ်သမားတွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဘယ်လောက်အထိ နီးနီးကပ်ကပ် ပတ်သက်နေတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။
စစ်တက္ကသိုလ်ဆင်းပြီး သန်းကြွယ်သူဌေးဖြစ်နေတဲ့ ဒီလိုလူတွေဟာ လူတယောက်ကို မုန်းတီးစိတ်လေး တခု သက်သက်နဲ့ ရန်ငြိုးရန်စလည်း ဘာမှမရှိဘဲနဲ့ သိန်းနှစ်ထောင် သုံးထောင် အကုန်အကျခံပြီး လုပ်ကြံမယ့် သူတွေ မဟုတ်ဘူးဆိုတာ လူတိုင်းသိနိုင်တယ်။ ဒီလူတွေဟာ အမြတ်အစွန်းမျှော်လင့်ချက်မရှိဘဲ လုပ်ကြံမယ့်သူမဟုတ်ဘူး။ အမြတ်အစွန်းဆိုတာကလည်း နိုင်ငံရေး ရာထူးလို အမြတ်အစွန်းမျိုး အထိဖြစ်နိုင်တယ်။ သူတို့ကို ခိုင်းစေသူ နောက်ကွယ်ကလူ ဟာလည်း အင်မတန်ကြီးမားတဲ့ နိုင်ငံရေး အမြတ်အစွန်းကို မျှော်လင့်ပြီး လုပ်ကြံခိုင်းတယ်ဆိုတာ သိပ်ထင်ရှားသေချာတယ်။ ပြည်ထဲရေးဝန်ကြီးကတော့ လူငယ်လေး တွေပါ။ ပုဂ္ဂိုလ်ရေးသက်သက်ပါဆိုပြီး ဆင်သေကို ဆိတ်ရေနဲ့ ဖုံးဖို့ကြိုးစားတယ်။ ဖုံးချင်ဖိချင်စိတ်ဟာ သိပ်သိသာလွန်းနေတယ်။ သိပ်ပေါ်လွင်လွန်းနေတယ်။ လူသတ်ကောင်တွေကို စာနာပြီး အသတ်ခံရသူကို အပြစ်တင်ချင်တဲ့ သဘောထားဟာလည်း ဖုံးမရဖိမရနိုင်အောင်ပဲ။
ဒီကြားထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းဆိုတဲ့သူက ဦးကိုနီလုပ်ကြံမှု အမှုမှန်ပေါ်ပေါက်ရေး ဖိအားပေးရင် ရင်ကြား စေ့ရေး ပျက်ပြားမှာ စိုးရိမ်တယ်လို့ ဆိုပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ စားဖားတွေနဲ့ ညီညွတ်ရေးတော့ မလုပ်နိုင်ဘူးလို့ ပြောခဲ့တယ်။ ကျနော်တို့ခေတ်ကျမှ လူသတ်သမားနဲ့ သင့်မြတ်ရေး လုပ်နေရလို့ လူသတ်မှုကိုတောင် အမှုမှန်မဖော်ထုတ်ရဲဘူးဆိုပါလား။ သူယူထားတဲ့ ရာထူးက တရားစီရင်ရေးနဲ့ ဥပဒေရေးကော်မတီဥက္ကဋ္ဌတဲ့။ ရှက်ဖွယ်။
ကြည်လင်းကို ဖမ်းဆီးစဉ်က တက္ကဆီသမား ဦးကျော်ဦးကို ဖယ်ခိုင်းပြီး သူ့နေရာမှာဝင်ရောက်ကားမောင်း ခဲ့သူ ရဲမှူးကြီး ဝင်းမင်းသိန်းဟာလည်း ဒီအက်စ်အေ အပတ်စဉ် ၃၆ ဆင်းပဲဖြစ်တယ်။ ရဲမှူးကြီး ဝင်းမင်းသိန်းနဲ့ အောင်ဝင်းခိုင်နဲ့ကလည်း အလွန်ရင်းနှီးသူတွေဖြစ်တယ်ဆိုတာကို သူတို့ချင်းတွဲရိုက်ထားတဲ့ ပူးတွဲဓာတ်ပုံကို ကြည့်ရင် ထင်ရှားတယ်။ ရဲမှူးကြီးဝင်းမင်းသိန်းဟာ ပုံမှန်အားဖြင့် လေဆိပ်မှာ တာဝန်ကျသူ မဟုတ်ဘူး။ အဲဒီနေ့က ရဲမှူးကြီးဝင်းမင်းသိန်းဟာ ဘာ့ကြောင့် လေဆိပ်မှာ တာဝန်ကျနေသလဲ။ ဒါကလည်း မေးခွန်းထုတ်စရာဖြစ်တယ်။ အဲဒီနေ့က ရဲတွေ မိအောင် မဖမ်းနိုင်ဘဲ လွတ်ပြေးလို့ တက္ကဆီသမားတွေက ဖမ်းပေးခဲ့ရတာကိုလည်း အားလုံးအသိ။
လက်ရှိနိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်ဟာလည်း ဒီအက်စ်အေ အပတ်စဉ် ၃၆ ဆင်းဖြစ်တယ်။ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ခေါ် မှူးဇော်ကတော့ ဒီအက်စ်အေ အပတ်စဉ် ၃၇ ဆင်းဖြစ်တယ်။ ဦးဇော်ဌေးဟာ ရခိုင်ပြည်နယ်မှာ သီတာထွေးကိစ္စပြဿနာတက်စဉ်က မမှန်သတင်းတွေကို သူ့ရဲ့ မှူးဇော် ဖေ့စ်ဘုတ် အကောင့်ကနေ တင်ပြီး လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့သူ ဖြစ်တယ်။ လွှတ်တော်လုံခြုံရေး တာဝန်ယူထားတဲ့ ရဲမှူးကြီး နေမျိုးထွဋ်ဟာလည်း ဒီအက်စ်အေ အပတ်စဉ် ၃၆ ဆင်းဖြစ်တယ်။
ဒီအက်စ်အေ စစ်သင်တန်းဟာ သင်တန်းကျောင်းသားဘဝမှာလည်း ကျောင်းသားအချင်းချင်း နှိပ်စက်ညှင်း ပန်းလို့ သေတဲ့အထိ အဖြစ်မျိုးလည်း မကြာခဏ ဖြစ်တတ်တဲ့ ကျောင်းဖြစ်တယ်။ အဲဒီထဲက ဖုံးမနိုင်ဖိမရ တဲ့ အဖြစ်အပျက်တခုဟာ မကြာခင်တုန်းက ပွင့်ထွက်လာခဲ့တာကိုလည်း အားလုံးကြားကြပြီး ဖြစ်တယ်။
ဒါ့အပြင် ဒီအက်စ်အေ သင်တန်းဆင်းတွေဦးဆောင်ကြီးကြပ်တဲ့ တပ်ဖွဲ့တွေဟာ တိုင်းရင်းသားဒေသတွေမှာ မုဒိန်းကျင့်လူသတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်လေ့ရှိတာကိုလည်း အားလုံးသိကြပြီး ဖြစ်တယ်။ မကြာခင်တုန်းက ကချင်ပြည်နယ်မှာ အရပ်သား ၅ ယောက်ကို သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တပ်မတော်အရာရှိတွေလုပ်တာ ဟုတ်မှန်ကြောင်း တပ်မတော်ကပါ ဝန်ခံပြီး အပြစ်ပေးအရေးယူမှု လုပ်ခဲ့ရတာကိုလည်း အားလုံးမှတ်မိကြပါလိမ့်ဦးမယ်။
ဒါတွေကို ကြည့်ရင် ဒီအက်စ်အေ သင်တန်းသားတွေဟာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ချင်တဲ့ ဓလေ့စရိုက်ရှိတယ်ဆိုတာ ပေါ်လွင်တယ်။ အဲသလို ဓလေ့စရိုက်တွေ စွဲမြဲ ပါဝင်လာတာဟာလည်း သူတို့ ဒီအက်စ်အေ သင်တန်းကျောင်းကနေ ဦးနှောက်ဆေး (brain wash) လုပ်ပေးလိုက်တဲ့ အတွေးအခေါ် တွေ ကြောင့်ပဲ ဆိုတာ ပေါ်လွင်တယ်။ ဒါ့ကြောင့် ဒီအက်စ်အေကို လူသတ်သမား သင်တန်းကျောင်း school of assassins လို့ ခေါ်ဆိုသင့်တယ်။
ဒီအက်စ်အေ သင်တန်းကျောင်းပိတ်ပင်ရေး၊ ဒီအက်စ်အေ သင်တန်းဆင်း တွေကို တိုင်းပြည်ရဲ့ အရေးကြီး ထိပ်သီးနေရာတွေကနေ ဖယ်ရှားရေးကို ပြည်တွင်းပြည်ပ လူ့အခွင့်အရေး သမားတွေက ဖော်ထုတ်တောင်းဆိုကြသင့်တယ်။ ဒီအက်စ်အေတွေနဲ့ အိုတီအက်စ် ကျောင်းဆင်းတွေကိုသာ နိုင်ငံရေး၊ အုပ်ချုပ်ရေးနေရာတွေကနေ ဖယ်ရှားလိုက်ရင် မြန်မာပြည်နိုင်ငံရေး အခြေအနေဟာ ၉၀ ရာနှုန်းလောက် ကောင်းသွားမယ်ဆိုတာ သံသယဝင်စရာမရှိဘူး။
ဇော်ဝင်း
၈၈ ဗကသ ကျောင်းသားဟောင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။