"သင်ယူချင်တဲ့စိတ်ဓာတ်က ဘယ်ကစလဲဆိုတော့
ငါ့မှာ သိစရာတွေ အများကြီးရှိသေးတယ်ဆိုတဲ့
စိတ်နှိမ့်ချခြင်းက စတာပါ။ ငါတို့အားလုံး တတ်ပြီ၊
ငါတို့အားလုံး သိပြီလို့ထင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ
ဘယ်လိုမှ ဆက်ပြီး သင်ယူလို့မရပါဘူး။ လူကြီး
တွေရဲ့ အဓိက ပြဿနာကတော့ သင်ယူချင်စိတ်
မရှိတော့တာနဲ့ ပြည့်စုံသွားပြီလို့ထင်တာပါပဲ။
ကလေးသူငယ်များဟာ သိစရာတွေ အများကြီး
ရှိပါသေးတယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ရှိပါတယ်။
ဒါပေမဲ့ ဒီကလေးတွေကနေပြီးတော့ သိချင်၊တတ်
ချင်တဲ့ စိတ်ဓာတ်ကို လူကြီးတွေက အားမပေးရင်
သင်ပေးတဲ့ဆရာ၊ဆရာမတွေက အားမပေးလို့ရှိရင်
ဒီလိုသင်ယူချင်တဲ့ စိတ်ဓာတ်ဟာ ဖွံဖြိုးနိုင်မှာ
မဟုတ်ပါဘူး။"
-ဒေါ်အောင်ဆန်းစုကြည်
ဒီနေ့ မနက် 7 day daily ဖတ်ရင်း အထက်က
စကားလေးတွေကို ဖတ်မိခဲ့တာပါ။ နေပြည်တော်
MICC-II မှာ ၂၃ရက်နေ့က ကျင်းပတဲ့ အမျိုးသား
ပညာရေး မဟာဗျူဟာ စီမံကိန်း စတင်ဆောင်ရွက်
ခြင်း အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ပြော
သွားတဲ့ စကားတွေဖြစ်ပါတယ်။ အနှစ်တွေချည်းပဲမို့
ပြန်လည်ဖော်ပြပေးလိုက်တာပါ။
Ref: 7daydailyjournal
ငါ့မှာ သိစရာတွေ အများကြီးရှိသေးတယ်ဆိုတဲ့
စိတ်နှိမ့်ချခြင်းက စတာပါ။ ငါတို့အားလုံး တတ်ပြီ၊
ငါတို့အားလုံး သိပြီလို့ထင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ
ဘယ်လိုမှ ဆက်ပြီး သင်ယူလို့မရပါဘူး။ လူကြီး
တွေရဲ့ အဓိက ပြဿနာကတော့ သင်ယူချင်စိတ်
မရှိတော့တာနဲ့ ပြည့်စုံသွားပြီလို့ထင်တာပ
ကလေးသူငယ်များဟာ သိစရာတွေ အများကြီး
ရှိပါသေးတယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ရှိပါတယ်။
ဒါပေမဲ့ ဒီကလေးတွေကနေပြီးတော့ သိချင်၊တတ်
ချင်တဲ့ စိတ်ဓာတ်ကို လူကြီးတွေက အားမပေးရင်
သင်ပေးတဲ့ဆရာ၊ဆရာမတွေက အားမပေးလို့ရှိရင်
ဒီလိုသင်ယူချင်တဲ့ စိတ်ဓာတ်ဟာ ဖွံဖြိုးနိုင်မှာ
မဟုတ်ပါဘူး။"
-ဒေါ်အောင်ဆန်းစုကြည်
ဒီနေ့ မနက် 7 day daily ဖတ်ရင်း အထက်က
စကားလေးတွေကို ဖတ်မိခဲ့တာပါ။ နေပြည်တော်
MICC-II မှာ ၂၃ရက်နေ့က ကျင်းပတဲ့ အမျိုးသား
ပညာရေး မဟာဗျူဟာ စီမံကိန်း စတင်ဆောင်ရွက်
ခြင်း အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ပြော
သွားတဲ့ စကားတွေဖြစ်ပါတယ်။ အနှစ်တွေချည်းပဲမို့
ပြန်လည်ဖော်ပြပေးလိုက်တာပါ။
Ref: 7daydailyjournal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။