ကိုယ်ကျင့်သိက္ခာ
မှားမှန်းသိပေမယ့်
- တစ်ချို့က စိတ်ကွယ်ရာမလို့ ဘာမှမဖြစ်ပါဘူးဆိုပြီး လုပ်တယ်။
- တစ်ချို့က ငါ့ဘို့၊ ငါ့မိသားစုဘို့ ဆိုပြီး မျက်စိတစ်ဖက်မှိတ်ပြီး လုပ်တယ်။
- တစ်ချို့က အာဏာကို အကာအကွယ်ယူပြီး လုပ်တယ်။
- တစ်ချို့က ကျော်ကြားမှုကို အခြေခံပြီး လုပ်တယ်။ (လိမ်ရောင်းတာမျိုး)
- တစ်ချို့က ပတ်ဝန်းကျင် ဖိအားကြောင့် လုပ်တယ်။
- တစ်ချို့က ပေါ်တင်ကြီးလုပ်၊ ငွေအားနဲ့ပြန်ဖိပြီး အပုတ်နံ့ကို ဖုံးပြီးလုပ်တယ်။
လူမသိအောင် လိမ်လိုက်လို့ ရချင်ရမယ်။ ဒါပေမယ့် ကိုယ်ကျင့်သိက္ခာဆိုတာ သူများအတွက် မဟုတ်ဘူး။ ကိုယ်ကျင့်သိက္ခာဆိုတာ ညမအိပ်ခင် ကိုယ့်လိပ်ပြာလေး ကိုယ်လှအောင် လုပ်ဖို့ ဖြစ်တယ်။ ကိုယ်ကျင့်သိက္ခာဆိုတာ သူများကို ပြဖို့မဟုတ်ပဲ မိမိကိုယ်ကို စိတ်ရှင်းစွာ ပြနိုင်ဖို့ဖြစ်တယ်။
" ကိုယ်ကျင့်သိက္ခာဆိုတာ မည်သည့်အခြေအနေမှာမဆို မှန်ရာကို ဖက်တွယ်လုပ်ဆောင်ခြင်း ဖြစ်တယ်။ "
**********************
ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါသည်။
Like the page for daily awesome contents

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။