Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 21, 2017

♣️ တောင်းပန်ခြင်း အနုပညာ ♣️

♣️ တောင်းပန်ခြင်း အနုပညာ ♣️

လူတွေဟာ အမှားကို မှားမှန်းသိပေမယ့် ဝန်ခံဖို့
တစ်ခါတစ်ရံ ခက်ခဲနေတတ်ပါတယ်။ ကိုယ်မှားတာ
သူများသိသွားရင် ကိုယ့်ကိုအထင်သေးသွားမှာ
စိုးရိမ်တဲ့စိတ်ကြောင့် အမှားကို ဝန်မခံရဲကြပါဘူး။
အမှားတွေကို ဝန်ခံတဲ့ ကိစ္စကလည်း လွယ်ကူတဲ့
ကိစ္စရယ်လို့တော့ ကျွန်တော်မဆိုလိုပါဘူး။
ဒါပေမယ့် လေ့ကျင့်ယူရင်တော့ ရနိုင်တဲ့အရာ
တစ်ခုပါ။ ကိုယ်မှားတာကို သူများက ထောက်ပြ
တဲ့အခါ တစ်ခါတစ်လေ စိတ်ထဲမှာ မခံချိန်မခံသာ
ဖြစ်တတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ လူတော်တော်
များများဟာ Defensive ဖြစ်သွားတတ်ကြပါတယ်။
Defensive ဆိုတာ ပြာပြာသလဲ ဘယ်လိုကာကွယ်
ရမလဲ စပြီးစဉ်းစားတာကို ဆိုလိုတာပါ။ (ကျွန်တော်
လည်း တစ်ခါတစ်လေ ဖြစ်နေပါသေးတယ်။ ကောင်း
တဲ့ အကျင့်လုံးဝမဟုတ်ပါ)။

အမှားကို လက်ခံတတ်တဲ့အကျင့်ဟာ ရင်ကျက်မှု
မြင့်မားလာမှသာ ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်
အဲ့ဒီလို အမှားကို လက်ခံခြင်းဟာ သင့်ဘဝကို
လည်း တိုးတက်စေပါတယ်။ မသိတဲ့သူတစ်ယောက်
ကို ပြင်ပေးရတာလွယ်တယ်။ မှားနေမှန်းသိတဲ့သူရက်
နဲ့ ဆက်မှားနေတဲ့သူကိုတော့ ပြင်ပေးရတာခက်ခဲ
လေ့ရှိပါတယ်။ ကိုယ့်အမှား ကိုယ်ပြင်တတ်ခြင်းဟာ
ဘဝကို ရှေ့တွန်းပို့ရာမှာ အရမ်းအသုံးဝင်ပါတယ်။

တစ်ခါက ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ နိုင်ငံခြား
Company တစ်ခုမှာ ဒီလိုအတွေ့အကြုံရှိခဲ့ဖူးပါ
တယ်။ အဲ့ဒီ Company မှာက ကိုယ့်ဘော့စ်နဲ့
ကိုယ် ၃လတစ်ခါ မကျေနပ်တာတွေ ပွင့်လင်းစွာ
ဆွေးနွေးခွင့်ရတဲ့ Meeting ရှိပါတယ်။ ကျွန်တော်
ကလည်း ဘော့စ်ကို မကျေနပ်တဲ့ ကိစ္စတွေရှိရင်
ပြောပါတယ်။ သူကလည်း သူမှားသွားတဲ့ကိစ္စဆို
ကျွန်တော့်ကိုတောင်းပန်တယ်။ နောက်မဖြစ်
အောင် သူထိန်းတယ်။ ကျွန်တော့်ကိုလည်း
ကျွန်တော်မှားနေတဲ့ကိစ္စတွေ သူက ထောက်ပြ
ပါတယ်။ တစ်ခါဆို သူကပြောဖူးတယ်။ "Jay..
မင်း အလုပ်လုပ်တဲ့အခါ အလုပ်ကြိုးစားရုံနဲ့
မပြီးဘူး။ အထက်က လူကို Respect တစ်ခု
ရှိရမယ်တဲ့။ ငါဘယ်လောက်ရောရော ငါ့ကို
Respect တစ်ခုတော့ မင်းရှိရမယ်တဲ့"။ တကယ်
တော့ ကျွန်တော်သူ့ကို ဝန်ထမ်းအချို့ရှေ့မှာ
ပြန်ပြီး ပြောခဲ့ဖူးလို့ပါ။ ကျွန်တော်လည်း မှားသွား
ခဲ့တာပါ။ ဘယ်လောက်ပဲကိုယ်မှန်နေသည်ဖြစ်ပါ
စေ ဝန်ထမ်းတွေရှေ့မှာ Leader တစ်ယောက်ကို
အဲ့ဒီလို ကျွန်တော်မပြောခဲ့သင့်ပါဘူး။ ၂ယောက်
သား မကျေနပ်ရင် Meeting ထိုင်ပြီး ပြောလို့ရတဲ့
ဘော့စ်မျိုးကို ကျွန်တော် အဲ့ဒီလိုမှားပြောမိခဲ့တယ်။

အဲ့ဒီနေ့ Meeting မှာ သူက အဲ့ဒီအကြောင်းပြော
တော့ ကျွန်တော်မှားသွားကြောင်း သူ့ကိုပြန်တောင်း
ပန်ခဲ့ပါတယ်။ သူကလည်း လက်ခံပါတယ်။
နိုင်ငံခြားသား (အဆင့်အတန်းရှိသော နိုင်ငံခြား
သား) တွေနဲ့ အလုပ်လုပ်ရတာ အဲ့ဒီတစ်ခုအရမ်း
ကောင်းပါတယ်။ မကျေနပ်တဲ့ ကိစ္စကို ပွင့်ပွင့်လင်း
လင်း တိုင်ပင်လို့ရတယ်။ သူကလည်း ကျွန်တော့်
ကို လူရှေ့သူရှေ့မှ ဘယ်တော့မှ မဆူဖူးခဲ့ပါဘူး။
ပြောချင်ရင် Meeting ခေါ်တယ်။ အထဲမှာပြော
တယ်။ ပြောတယ်ဆိုတာလည်း ဆူတာမျိုးမဟုတ်
ပါဘူး။ ကိုယ့်ဘက်ကမှန်နေရင် အဲ့ဒီ Meetingထဲ
မှာ ပြန်ပြောလို့ရပါတယ်။ မှားနေရင်တော့ Pro
ပီပီသသ တောင်းပန်ရမှာပေါ့။ အဲ့ဒီအကျင့်လေး
ကျွန်တော် ရလာတယ်။ တကယ်လည်း ကောင်းမွန်
တဲ့အကျင့်။

လူတိုင်းက မှားတတ်တယ်။ မှားတာကို အရင်ဆုံး
သိရမယ်။ ပြန်တောင်းပန်ရဲရမယ်။ ပြုပြင်ပြီး နောက်
ထပ်မဖြစ်အောင် လုပ်ရမယ်။ အဲ့ဒါမှာ တာဝန်ကျေ
တဲ့ လူတစ်ယောက်လို့မြင်မိပါတယ်။ ကိုယ်ကိုယ်တိုင်
Management Level ကိုရောက်လာတော့ သူပြော
ခဲ့တာတွေ မှန်ကြောင်း ကိုယ်လည်း သိလာတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဝန်ထမ်းတွေကို တစ်ခါ
မှ အများရှေ့မှာ မဆူဘူး။ အခုလည်း မဆူဘူး။ နောက်
လည်း မဆူဘူး။ ပြောစရာရှိရင် Meeting ခေါ်ပြီး
၂ယောက်သား ပြောမယ်။ Respect ဆိုတဲ့အရာကို
ကျွန်တော့်ရဲ့ ဘော့စ်က ကျွန်တော့်ကိုသင်ပေးခဲ့တယ်။

Respect ဆိုတာ ငယ်တဲ့သူက ရာထူးကြီးသူကို
ကုန်းကုန်းရုန်းရုန်းနဲ့ ဖားတာကို ဆိုလိုတာမဟုတ်
ပါဘူး။ လူ၂ယောက် ကြားထဲမှာ အပြန်အလှန်ရှိသင့်
တဲ့ လေးစားမှုတစ်မျိုးပါ။ လွန်ခဲ့တဲ့ ၈လလောက်က
ကျွန်တော့်ဆီမှာ ကျွန်တော်အားကိုးရတဲ့၊လေးလည်း
လေးစားရတဲ့ ဝန်ထမ်းအစ်ကိုတစ်ယောက်က စကား
မာမာထန်ထန် (မရည်ရွယ်ပဲ) Skype ကနေပြောခဲ့
ဖူးပါတယ်။ ကျွန်တော်ဘာမှ ပြန်မပြောခဲ့ပါဘူး။ သူ
စိတ်ရှုပ်နေလို့ ဖြစ်တာလို့ပဲ စိတ်ထဲတွေးပြီး မေ့မေ့
ပျောက်ပျောက်နေလိုက်ပါတယ်။ သူပြောပြီးလို့
သိပ်မကြာဘူး ကျွန်တော့်ဆီကို လာပြီး "ညီလေး...
အစ်ကို အိမ်က ကိစ္စတွေနဲ့စိတ်ညစ်နေပြီး ခုနက
စကားမာသွားတာ..ဆောရီးပါကွာ.."ဆို ပြောလာ
ပါတယ်။ ကျွန်တော်သူ့ကို ပိုလေးစားသွားပါတယ်။
ဖြစ်တတ်ပါတယ်...အစ်ကို...လို့ ပြန်ပြောတော့
ကျေးဇူးပါကွာ..လို့ဆိုလာပါတယ်။ သူ့မျက်နှာမှာ
သူတကယ်မှားသွားကြောင်း အထင်းသားမြင်နေ
ရပါတယ်။ သူရည်ရွယ်ခဲ့တာလည်း မဟုတ်ပါဘူး။
ဒါပေမယ့် သူ့စကားအတွက် တာဝန်ယူရဲတဲ့စိတ်
အပြည့်ရှိပါတယ်။ နောက်ထပ်လည်း အလားတူ
ကိစ္စ ဘယ်တော့မှ မဖြစ်တော့ပါဘူး။ ကျွန်တော်နဲ့
သူ့ကြားမှာ လေးစားမှု ၂ဖက်လုံးရှိပါတယ်။

အမှားဆိုတာ သိရုံနဲ့မပြီးဘူး။ တာဝန်ယူရဲရပါမယ်။
ပြုပြင်ရပါမယ်။ မပြုပြင်နိုင်ပဲနဲ့ ဆောရီးလို့ပြောတာ
တာဝန်မဲ့ပါတယ်။ လွယ်တဲ့ကိစ္စလို့တော့ မဆိုလိုပါ
ဘူး။ ဒါပေမယ့် လူပီသတဲ့ လူတစ်ယောက်ဖြစ်အောင်
တော့ ကျွန်တော်တို့အတတ်နိုင်ဆုံး ကြိုးစားကြရမှာပါ။
ကျွန်တော်ကိုယ်တိုင်လည်း အလုံးစုံ ပြည့်စုံနေသူ
မဟုတ်ပါ။ မှားတိုင်း တောင်းပန်ဖြစ်အောင် မိမိကိုယ်ကို
တော့ အမြဲ တိုက်တွန်းလေ့ရှိပါတယ်။

#မိုးရှင်း (I.M.T) ရေးသားသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။