Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 26, 2017

ဒါကြောင့် ပြောင်းလဲပစ်သင့်ပါသည်…


Than Win added 3 new photos.

ဒါကြောင့် ပြောင်းလဲပစ်သင့်ပါသည်…
ဂျပန် လ ၀ က ထိန်းသိမ်းရေးစခန်းထဲမှာ အဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသူ/သားတွေ ရာကျော်သွားပါပြီ..။
ဒီအကြောင်းကိုလည်း DVB သတင်းမှာလည်း ထုတ်လွှင့်သွားတာကို ကြားမိ နားထောင်မိကြမယ်ထင်ပါတယ်..။
တရားဝင် အလုပ်လုပ်ခွင့်မရှိသေးပဲ အလုပ်လုပ်တာကို စစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံထားရသူများ..
ဒုက္ခသည်အဖြစ် ငြင်းပယ်ခံရလို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူများ..
ဗီဇာသက်တမ်းကုန်ဆုံးနေသဖြင့်(အိုဗာစတေး) ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူများ..
စသည် စသည့်ဖြင့်.. စိတ်မကောင်းစရာ စိတ်မချမ်းမြေ့စရာ သတင်းတွေပါ..။
တကယ်ကို ရာနဲ့ချီပြီး ရှိနေပါပြီ..။
ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မိဘ ဆွေမျိုးညီအကို မောင်နှမများကလည်း သူတို့ သား/သမီးတွေ ဘယ်လိုဖြစ်မလဲဆိုတာ သိချင်လို့ မောင်ရှင့်ကို မေးကြ မြန်းကြပါတယ်။

ထောင်ချမှာလား..
ဒဏ်ငွေဆောင်ခိုင်းမှာလား..
ကြိမ်ဒဏ်တပ်မှာလား..
ဂျပန်က ဒီလိုမျိုး တစ်ခုမှ မလုပ်ပါဘူး..။
(က) နေရပ်နိုင်ငံကို ပြန်ပို့မှာပါ..
(ခ) ပြစ်ဒဏ်သတ်မှတ်တဲ့အနေနဲ့ ဂျပန်နိုင်ငံအတွင်း ၁ နှစ် (သို့) ၃ နှစ် (သို့) ၅ နှစ် အတွင်း မည်သည့်အကြောင်းနှင့်ဖြစ်စေ ပြန်လည်ဝင်ရောက်ခွင့်မပြု ..
ဒါပဲလုပ်မှာပါ..။
ဒီလို ပြစ်ဒဏ်သတ်မှတ်ပြီး မြန်မာနိုင်ငံကို ပြန်ပို့မှာပါ..။
ပြန်ပို့ဖို့အတွက်လည်း ဂျပန်အစိုးရဘက်က အမြဲအဆင်သင့်ဖြစ်နေပါပြီ..။
ဒါဆို ရာနဲ့ ချီတဲ့မြန်မာတွေ ဂျပန် လ ၀ က ထိန်းသိမ်းရေးစခန်းထဲမှာ ဘာကြောင့်ရှိနေရတာလဲ..။
ဒီအကြောင်းရေးချင်တာပါ..
နှစ်ထပ်ကွမ်း ဒုက္ခသည်ဖြစ်နေလို့ပါ..
လို တို ရှင်း ရေးရရင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အခြေစိုက်ထားတဲ့ မြန်မာနိုင်ငံသူ/သား များရဲ့ စံပြုအားကိုးစရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံးကြောင့်ပါ..။
ဒုက္ခရောက်နေတဲ့ ကိုယ့်နိုင်ငံသူ/သားများကို နေရပ်ဌာနေ အမြန်ဆုံးပြန်ရအောင် ကူညီဆောင်ရွက်ပေးရမယ့်အစား..
`ရေနှစ်သူကို ၀ါးကူထိုး`ဆိုတဲ့ စကားအတိုင်း လ ၀ က ထိန်းသိမ်းရေးစခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ ကိုယ့်နိုင်ငံသူ/သားများ ထံကနေ အခွန်တောင်းပါတယ်..။
တစ်ပြားမှ မလျော့ပေးနိုင်ပါဘူး..တဲ့။
ငါတို့ မပြောင်းခင် မင်းတို့ဆီက အခွန်တော့ ရမှာဖြစ်မှာပါတဲ့..။
တကယ်ပါ..။ တကူးတကကို မင်းကိုင်း(ထောင်ဝင်စာ)သွားတွေ့ပြီး အခွန်ပေးဖို့ တောင်းပါတယ်.တဲ့။
ဒီအကြောင်းကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က မောင်ရှင့် သူငယ်ချင်း Kyawthu Soe ရေးခဲ့ဘူးပါတယ်..။
`ဂျပန်မှာ ဒါတွေ ဒီလို ရှိတယ်..`ဆိုတဲ့ ခေါင်းစဉ်လေးနဲ့..
https://www.facebook.com/kyawthu.soe.79/posts/929498510451985
မှာ သွားဖတ်ကြည့်နိုင်ပါတယ်။
ဘယ်အရာမဆို လက်တွေ့ကျမှ ယုံကြည်တတ်တဲ့ မောင်ရှင်က ကိုယ့်မိတ်ဆွေရဲ့ အစ်ကိုတစ်ယောက်လည်း ဒီလို အဖြစ်မျိုးကြုံတွေ့နေလို့ ခုလို ရေးတင်လိုက်တာပါ..။
``ဟာ ကိုမောင်ရှင်ရာ ကျနော်တို့ ဒီလိုမလုပ်ပါဘူးဗျာ..
ဒါ သက်သက်မဲ့ သိက္ခာချတာပါ..
ကောလ ဟာလ တွေပါ..
အရင်လူတွေ(သံအမတ်တွေ)လုပ်တာပါ..
ကျနော်တို့လက်ထက်မှာ ဒီလိုမျိုး မရှိပါဘူးဗျာလို့..``
ဖင်ပိတ်ငြင်းမယ်လို့ ကြံရင် ညီငယ်မျိုးကြီးရိုက်ထားတဲ့ ဒီ ဗွီဒီယိုလင့်လေးကို ဖွင့်ကြည့်လိုက်ပါ..
https://www.facebook.com/myo.gyi.3557/videos/vb.100003064707675/751986714913478/?type=2&theater
ပြီးခဲ့တဲ့နှစ်တုန်းက မဲပေးဖို့လာတဲ့ ကျောင်းသားလေးတစ်ဦးကို ဘယ်လိုဆက်ဆံသလဲဆိုတာ တွေ့မြင်လိုက်ရမှာဖြစ်ပါတယ်..။
မယုံမရှိပါနဲ့ မိတ်ဆွေ..။
ဒါ ဂျပန်မှာ ရှိတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံး ရဲ့ အမှုထမ်း အရာထမ်းတွေရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်ပါ..။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က A အဆင့်ရှိတဲ့ သံရုံးမှာ ထမ်းဆောင်နေတဲ့သူတွေကို အရင်ပြောင်းလဲဖို့ တောင်းဆိုထားတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ပါ..
ဒါတင်ပဲလားဆိုတော့..
ဆားကလေးနဲ့ပါဆိုသလို..
အသက်ရှင်သူထံက အခွန်တောင်းယုံသာမက ကံအကြောင်းမလှလို့ ဒီမှာသေဆုံးသွားတဲ့ ကိုယ့်နိုင်ငံသူ/သားတွေရဲ့ အရိုးပြာလေးကိုတောင် မြန်မာမှာရှိတဲ့ မိဘ ဆွေမျိုးသားချင်းထံပို့မယ်ဆိုရင် အခွန်ဆောင်မှ ပို့ခွင့်ရမှာဖြစ်ပါတယ်..။
အရိုးပြာအထိတောင် အခွန်တောင်းပါတယ် မိတ်ဆွေ။
မယုံမရှိပါနဲ့..
ဒါ ဂျပန်မှာ ရှိတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံး ပါ..။
ဒါကြောင့် အမြန်ဆုံး ပြောင်းလဲပစ်သင့်ပါတယ်..
တစ်ခုကျန်သွားလို့..
ခုလိုတောင်းတဲ့အခွန်တွေဟာ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာတွေမှာသုံးမယ်လို့ ထင်ပါသလား.
Maung Shin
ပြန်လည်မျှဝေပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။