Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 31, 2014

ချစ်ခြင်းရဲ့မှန်ဘောင်

ချစ်ခြင်းရဲ့မှန်ဘောင်
______________

လက်ထပ်ပြီးရက်ပေါင်း ၂၅၅၅ရက်….
သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက လုံးဝကွဲအက်သွားခဲ့တယ်။
ဘောင်ခတ်ထားတဲ့စည်းရိုးတစ်ခုကို ကျော်ဖြတ်ခဲ့တဲ့ ယောက်ျားမိန်းမတွေလည်း လက်ရှိသူ့ပုံစံအတိုင်းဖြစ်မယ်လို့ တံခါးဝက လှမ်းထွက်သွားတဲ့သူ့ကိုကြည့်ပြီး ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော့်ကို နောက်ထပ်တစ်ချက် စောင်းငဲ့လို့ သူမကြည့်ချင်ခဲ့တော့ဘူး။

ဘယ်မှာနေလဲ မေးတဲ့သူတွေကို ဒီကဗျာလေးနဲ့ ဖြေလိုက်တယ်

ဘယ်မှာနေလဲ မေးတဲ့သူတွေကို
ဒီကဗျာလေးနဲ့ ဖြေလိုက်တယ်
_______________

ဘယ်မှာနေသလဲ မမေးပါနဲ့
*******************
လူသွား ပလက်ဖောင်း ပျောက်
ဈေးဆိုင်တွေ လမ်းပေါ်ရောက်နေတဲ့မြို့

မိုးတွင်းဆို အသွင်ပြောင်း
လမ်းတွေ မြောင်းဖြစ်တဲ့မြို့

လေပြင်းတစ်ချက်တိုက်ရင်
ဖုန်းလိုင်းတွေပြတ်မီးတွေမှောင်မိုက်တတ်တဲ့မြို့

အပြင်ပန်း အမြင်လှတဲ့
သင်တန်းဟန်ပြတွေများတဲ့မြို

စပွန်ဆာဆိုတဲ့ စကား ခေတ်စားပြီး
ဟိုတယ် မာဆတ်တွေ များတဲ့မြို့

ငါးပိသိပ် ငါးချဉ်သိပ် ခရီးသည်တင်
အဲကွန်းပျက်နေတဲ့ အထူးယာဉ်တွေ များတဲ့မြို့

မြို့လည်ခေါင် သေနတ်နဲ့ပစ်
အာဏာရှင်အကျင့်ဆိုးတွေ အုပ်မိုးခဲ့ဖူးတဲ့မြို့

တစ်ခေတ်က အာရှရဲ့ရှေ့ဆောင်
ခုချိန်မှာ နန်းကျ ချောင်ထိုးခံထားရတဲ့မြို့

အဲဒီမြို့မှာ ကျွန်တော်နေတယ်......../ /
ကိုရေဦး

.

Khaing Thitsar
==============

Facebook ပေါ်တင်ထားသည့် သတင်းဓာတ်ပုံမူရင်းကို ခြေရာခံနည်း

Facebook ပေါ်တင်ထားသည့် သတင်းဓာတ်ပုံမူရင်းကို ခြေရာခံနည်း

အခုရက်ပိုင်းအတွင်း Facebook စာမျက်နှာတော်တော်များများ မှာ နဂါး၊ ဘီလူး စသဖြင့် ကောလဟာလတွေ တော်တော် များနေပါတယ်။ အနုပညာရှင်တွေ နဲ့ပတ်သက်လို့လည်း ဓာတ်ပုံတွေဖြတ်ညှပ်ကပ်လုပ် ခံရတာနဲ့ပတ်သက်ပြီး ဟိုးလွန်ခဲ့သော ၆နှစ်လောက်ကတည်းက ဒါမျိုးတွေ အင်တာနက်မှာ ရှိနေခဲ့တာပါ။ ယခုထိလည်း ရှိနေဆဲပါ။ သတင်းဌာနက တင်တယ်ဆိုတိုင်းလည်း မျက်စိစုံမှိတ်ယုံ လို့မရပါဘူး။ ကိုယ်တိုင်ဆန်းစစ်ပြီးမှ ယုံကြည်ကြပါ။ Facebook ပေါ်တက်လာတဲ့သတင်းဓာတ်ပုံတွေဟာ အခြေမြစ်ရှိ၊ မရှိ၊ မှန်ကန်၊ မမှန်ကန် ဆိုတာ ဘယ်လိုဆန်း စစ်ကြမလဲ။ 

နဂါး


Min Burma added 4 new photos.
နဂါး 
_______________________________31august2014
နဂါး ဆိုသည်မှာ ပါဋ္ဌိ ဘာသာ စကားနှင့် သက္က္တတ မှ တိုက်ရိုက်ဆင်းသက်လာပြီး ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူ ဘာသာ အရ အလွန် ကြီးမားသော မြွေ ကြီးလို့ အဓိပ္ပယ်ရတယ်။ကျွန်တော အခုပြောမယ့် နဂါးကခြေ၊လက် မပါတဲ့ နဂါးကို စပြောပြမယ်။ ဗုဒ္ဓဘာသာနဲ့ မြန်မာ အကြောင်းပြော ရရင် နဂါးက မပါမဖြစ်ပါခဲ့တယ်။ ခလေးလူကြီးကစသိနေတဲ့ နဂါးဟာ ပုံပြင်တွေသမိုင်းဟောင်းနဲ့ ရုပ်ထုတွေသာတွေ့ ရပြီး တကယ်ရှိမရှိ အားလုံးတိတိကြကြ အဖြေမပေးနိုင်ကြပါဘူး။

မလေးရှားနိုင်ငံရောက် ရွှေညီအစ်ကို မောင်နှမများ ဖတ်ရန် (Taxi စီးရင် ဂရုစိုက်ဖို့ သတိပေးချက် (၂)

မလေးရှားနိုင်ငံရောက် ရွှေညီအစ်ကို မောင်နှမများ ဖတ်ရန်
(Taxi စီးရင် ဂရုစိုက်ဖို့ သတိပေးချက် (၂)

မင်္ဂလာပါ အစ်ကို
မလေးရှာမှာနေတဲ့ လူတွေ Taxi စီးရင် 
သတိထားဖို့ သတင်းကို တင်ပေးပါဦး။

ဒီနေ့ ကျနော့် သူငယ်ချင်းတယောက် ချရီဓမာစာယာကနေ
ဆိုက်ဘာဂျာယာကို Taxi ငှားစီးသွားတယ်။

Taxi ခက၃၀ ပဲတောင်းပါတယ်။
ဒါနဲ့ ငှားသွားတာ လမ်းတဝက်တောင် မရောက်ဘူး
သူဆီက ပါသမျှငွေကို တောင်းတော့တာပဲ။

ပြည်သူလူထုအပေါ် အကြမ်းဘက်နိုင်အောင် အကြမ်းဘက်နည်းတွေ သင်ယူနေကြတဲ့ သင်ပေးနေကြတဲ့ လုပ်ရပ်များ။


ပြည်သူလူထုအပေါ် အကြမ်းဘက်နိုင်အောင် အကြမ်းဘက်နည်းတွေ သင်ယူနေကြတဲ့ သင်ပေးနေကြတဲ့ လုပ်ရပ်များ။

အမျိုးသမီးတွေပါ မရှောင်၊ လူကြီးသူမတွေကိုပါ အရိုအသေမထား၊ တောသူတောင်သား လယ်သမားတွေအပေါ်မှာပါ သနားညှာတာမှု မရှိသည်အထိ ရမ်းကားနေသော ရဲတပ်ဖွဲ့ ဝင် တွေဟာ ရဲစစ်စစ်တွေရော ဟုတ်ပါရဲ့ လားဆိုတာ သံသယရှိစရာပါဘဲ။ 

ဒ်ါအောင်ဆန်းစုကြည်လုပ်တဲ့နိုင်ငံရေးဝိုင်းဝန်းကူညီလို့အားပေး (အပိုင်း-၂)


 
 
" အကြိုက်ဆုံးသုံးသပ်ချက်စာတမ်း"
------------------------------------

ဒ်ါအောင်ဆန်းစုကြည်လုပ်တဲ့နိုင်ငံရေးဝိုင်းဝန်းကူညီလို့အားပေး (အပိုင်း-၂)
=================================

(၆)

အရင်တချိန်DASSKခေါင်းမာသည်ဆို၏။ နောက်တော့ခေါင်းပျော့သည်ဆို၏။အခုတဖန် ခေါင်းမာပြန်ပြီဆို၏။ထိုမာခြင်းပျော့ခြင်းတို့သည်သူတို့တစ်ဦးခြင်းစီ၏သဘောထားများဖြစ်နေပြီး DASSKနှင့်တော့သက်ဆိုင်ပုံမရပေ ခေါင်းပျော့သူက သူနှင့်မတိုက်ဆိုင်သည့်အခါ DASSKခေါင်းမာသည်ဖြစ်၍ ခေါင်းမာသူကသူနှင့်မတိုက်ဆိုင်သည့်အခါ DASSKခေါင်းပျော့သည်ဖြစ်ပြန်၏။

သွေးကင်ဆာအကြောင်း သိကောင်းစရာများ

သွေးကင်ဆာအကြောင်း သိကောင်းစရာများ
============================
Leukaemias ( လူကီးမီးယား) ကို သွေးကင်ဆာအဖြစ် လူသိများကြပါတယ် ။ လူကီးမီးယားဆိုတာ ရိုးတွင်းချဉ် ဆီတွေ ကို ထုတ်လုပ်တဲ့ Haematopoietic stem cell ဌာနမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ တစ်မျိုး (Malignant disorder ) ဖြစ်ပါတယ် ။ လူကီးမီးယား ဖြစ်ပြီဆိုရင် Bone Marrow လို့ခေါ်တဲ့ ရိုးတွင်းချဉ်ဆီထဲမှာ (သို့မဟုတ်) Peripheral Blood ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက်တွေမြင့်တက်လာပါတယ် ။

မြန်မာပြည်ဖွား အမျိုးသမီး Alex Wagner ရဲ့ လက်ထပ်ပွဲ အိုဘားမားတက်မယ်


အမေရိကန်ရုပ်သံလိုင်း  MSNBC ရဲ့ နာမည်ကျော် စီစဉ်တင်ဆက်သူတယောက်ဖြစ်တဲ့ Alex WAGNER က မြန်မာပြည်ဖွား အမျိုးသမီးပါ။
သူ အခု မင်္ဂလာဆောင်ပါပြီ။ 
  
သူ့မင်္ဂလာဆောင်ကို သမ္မတအိုဘားမားတို့ဇနီးမောင်နှံလည်း တက်ရောက်ပါမယ်။
ဘာကြောင့်လဲ ဆိုတော့ သတို့သားက အိမ်ဖြူတော်ရဲ့ စားဖိုမှူးကြီးဖြစ်နေလို့ပါပဲ။

သူတို့နှစ်ယောက် ပြီးခဲ့တဲ့နှစ်မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်လုပ်တဲ့နိုင်ငံရေးဝိုင်းဝန်းကူညီလို့အားပေး (အပိုင်း-၁)

" အကြိုက်ဆုံးသုံးသပ်ချက်စာတမ်း"
------------------------------------

ဒေါ်အောင်ဆန်းစုကြည်လုပ်တဲ့နိုင်ငံရေးဝိုင်းဝန်းကူညီလို့အားပေး (အပိုင်း-၁)
=================================

(၁)

***မစ္စတာ ဒီကလပ်ကိုဖြောင့်မတ်တည်ကြည်သူဟုကျွန်တော်ခေါ်သည်
သို့သော်ဤစကားအတိုင်းသူ မလုပ်သည့်ပုံပေါ်သည့်အခါ ထိုစကားလုံးများက
ကျနော့်ကိုအကြိမ်ပေါင်းများစွာခြောက်လှန့်စေခဲ့သည်***

အထက်ပါစကားလုံးများသည် တောင်အာဖရိကလွတ်မြောက်ရေးခေါင်းဆောင်
နယ်လ်ဆင်မင်ဒဲလား၏ကိုယ်တိုင်ရေးအထ္ထုပတ္တိစာအုပ်ထဲတွင်ပါဝင်သောစကားစုထဲမှဖြစ်သည် သူသည်အသစ်တက်လာသောလူဖြူသမ္မတဒီကလပ်ကိုအပြုသဘောဆောင်သောလုပ်ရပ်များအတွက်ချီးကျူးအားပေးခဲ့သော်လည်း မူမမှန်သောလုပ်ရပ်များအတွက်ရှုံ့ချခဲ့သည်။ တောင်အာဖရိက၏လူဖြူအစိုးရအောက်မှရုန်းကန်တိုက်ပွဲသည်
မြန်မာနိုင်ငံ၏ဒီမိုကရေစီရုန်းကန်မှုကြီးနှင့် နေရာအတော်များများတွင်ဆင်တူခဲ့သည်။

မိုက်ကယ်မိုးမြင့် (သို့မဟုတ်) ပြိုင်ဘက်ကင်း ရေနံသူဌေးကြီး

မိုက်ကယ်မိုးမြင့် (သို့မဟုတ်) ပြိုင်ဘက်ကင်း ရေနံသူဌေးကြီး
---------------------

မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၏ ရေနံတွင်းလေးခုကို တူးဖော်လုပ်ကိုင်ခွင့်ကို ရရှိသွားကြောင်း ကြေညာစာကို ၀မ်းသာအားရ ဝှေ့ယမ်းပြရင်း ဦးမိုးမြင့်က ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ လောလောလတ်လတ် ပရင့်ထုတ်ယူလာခဲ့သည့် အခြားနိုင်ငံတကာကုမ္ပဏီကြီးဆယ်ခု ပါဝင်နေသည့် ထိုကြေညာချက်က ပြည်တွင်းစွမ်းအင်လုပ်ငန်း ကျွမ်းကျင်သူများ ပြောကြားကြသော သတင်းစကားများ မှန်ကန်နေကြောင်း သက်သေပြနေပါသည်။ ဦးမိုးမြင့်က သည်နယ်ပယ်တွင်တော့ ပြိုင်ဘက်မရှိဘူးဆိုသည့်စကားပင် ဖြစ်ပါသည်။

မြန်မာ့မယ်လေးကို စင်္ကာပူက ရေးထားတာလေးဖတ်ကြည့်ကြပါဦး၊၊

မြန်မာ့မယ်လေးကို စင်္ကာပူက
ရေးထားတာလေးဖတ်ကြည့်ကြပါဦး၊၊

အဲဒါပြောတာလေ လူပေါင်းမှားသွားရင် ဒီလိုပါပဲ၊၊
သူတို့ဘာသာ agency နဲ့စာချူပ်စာတမ်း စိတ်မဝင်စားပါဘူး၊၊

မြန်မာနိုင်ငံ မြန်မာလူမျိုးအတွက်ပဲ စိတ်ဝင်စားတယ်၊၊ နိုင်ငံခြားသားတွေကတော့
သူ့နာမည်တပ်ပြောမှာ မဟုတ်ဘူး မြန်မာ မြန်မာလို့ပဲ တပ်ပြောကြမှာလေ၊၊

သူကြောင့် မြန်မာ တော့ ဂုဏ်သိက္ခာကျပါပြီ၊၊
မိန်းခလေးချင်း ကိုယ်ချင်းစာပါတယ်၊၊
နိုင်ငံက ရွေးချယ်ထားရင် နိုင်ငံနဲ့ပြည်သူအတွက်ဖြစ်ရမယ်၊၊
လူတစုအတွက်မဖြစ်ရဘူး၊၊

တာဝန် မမဲ့ကြနဲ့...

တာဝန် မမဲ့ကြနဲ့...
******************

ဘယ်သူတက်တက် တို့မငတ်ဘူး
ကိုယ်လုပ်ပါမှ ကိုယ်စားရမှာ....
ဘယ်သူ အုပ်ချုပ် မင်းလုပ်နေလည်း
ကိုယ့်ရှိပါမှ ကိုယ်စားရမှာ......တဲ့။

ပြောတတ်လိုက်တာ...
တာဝန်မရှိ ပီဘိ ကလေးတယောက်နှယ်...

အသက်ကို မငှဲ့ကွက်..
ကိုယ်ကျိုးမဖက်ပဲ ချီတက်ခဲ့တဲ့
ရာဇ၀င်ထဲက သူရဲကောင်းတွေကို အားနာတယ်။

ခန္ဓာကို ပေး...
အသက်ကို စတေး ခဲ့တဲ့
သမိုင်းထဲက အာဇာနည်တွေကို အားနားတယ်။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ပြောတဲ့ သူ့ဘ၀ သူ့အမြင် သူ့အိပ်မက် မျက်နှာဖုံးဆောင်းပါးမှ


ဆရာတို့ အနေနဲ့ စီးပွားရေးပညာကို တကယ်တတ်ဖို့လိုတယ်။ စီးပွားရေးပညာ တကယ်တတ်တဲ့သူက နိုင်ငံရေးနားလည်မှရမယ်။ စီးပွားရေးသီအိုရီ သက်သက်ဆိုတာကြီးက သဘာဝမကျဘူး။ နိုင်ငံရေးနဲ့ဆက်စပ်တဲ့ စီးပွားရေးအမြင်ရှိသလို၊ စီးပွားရေးနဲ့ဆက်စပ်တဲ့ နိုင်ငံရေးအမြင် ရှိရမယ်။ အခုဖြစ်နေတာက နိုင်ငံရေးလို့ပြောတဲ့သူက စီးပွားရေး အမြင်လုံးဝမရှိဘူး။ စီးပွားရေးလို့ပြောတဲ့သူက နိုင်ငံရေးအမြင် မရှိဘူး။ ဆရာထင်တယ် မပြည့်စုံဘူး။ အဲဒါကြောင့် နှစ်ခုစလုံးကို ထဲထဲဝင်ဝင်သိဖို့၊ လေ့လာဖို့ Politic ကို နားလည်ဖို့လိုတယ်။

Nationalist and politician


 
Nationalist and politician
--------------------------------
ဒီစကားစုနှစ်စုကအလတ်တလော မြန်မာမှာပွတ်တိုက်မှုရှိနေတာ တော်တော်စဉ်းစားစ
ရာပါပဲ။ဘာလို့ဒီစကားစုနှစ်ခုဟာပွတ်တိုက်မှုဖြစ်စရာလိုလို့လားစဉ်းစားကြပါစို့။ အမျိုး
သားရေးသမားကို nationalist ...။ နိုင်ငံရေးသမားကို politician..။ ဒီစကားစုနှစ်ခုက
တွဲလျှက်မရှိဘဲတစ်သီးတစ်သန့်စီစကားစုအနေနဲ့ရပ်တည်နေတာဟာ စကားစုတစ်ခု
ချင်းစီကို သေသေချာချာသုတေသနပြုထားတာတွေ ရှိပါလိမ့်မယ်။ ဒါ့ကြောင့်လည်း
ကွဲပြားနေတာလို့ထင်ပါတယ်။ nationalist ဟာဘာ့ကြောင့်ပေါ်လာသလဲ။ politician ကဘာ့ကြောင့်ပေါ်လာသလဲ တွေးကြည့်တဲ့အခါမှာ political ကအရင်းအမြစ်ဖြစ်နေ တယ်။ political အကြောင်းတရားကြောင့် nationalist (အမျိုးသားရေးသမား) ,politician (နိုင်ငံရေးသမား) တွေထွက်လာတယ်။ politician နဲ့ Nationalist ဟာ
စပ်ဆက်မှုမရှိဘူးလားဆိုတော့စပ်ဆက်မှုရှိနေတယ်။ တစ်ခုနဲ့တစ်ခုကိုအပြန်အလှန်
ထိန်းကျောင်းထားတယ်။ ဒီလူတန်းစားနှစ်ရပ်ဟာဘာ့ကြောင့်ပွတ်တိုက်ရသလဲစဉ်းစား
ကြည့်ရင် ကျွန်တော်တို့မြန်မာတွေအလွဲကြီးကို လွဲနေတာသွားတွေ့တယ်။

အလှမယ်များအတွက် သင်ခန်းစာ


အယ်ဒီတာ့ အာဘော်

အလှမယ်များအတွက် သင်ခန်းစာ
မြန်မာနိုင်ငံအတွက် အရှက်ရစရာကိစ္စတစ်ခု နိုင်ငံတကာသတင်းစာမျက်နှာများပေါ်တွင် ထပ်မံပေါ်ပေါက်လာပြန်ပါပြီ။ အသက် (၁၉) နှစ်အရွယ် မြန်မာအလှမယ် မေမြတ်နိုး အာရှပစိဖိတ်အလှမယ်သရဖူအသိမ်းခံရခြင်း၏ နောက်ဆက်တွဲအဖြစ် ဒေါ်လာတစ်သိန်းတန် သရဖူကိုယူပြီး တိမ်းရှောင်နေသည်ဆိုသည့် သတင်းများကို နိုင်ငံတကာမီဒီယာများက သြဂုတ် ၂၉ ရက်မှစ၍ အကျယ်တ၀င့်ဖော်ပြနေသောကြောင့် ဖြစ်သည်။
အချို့သတင်းဌာနများတွင်ဆိုလျှင် တောင်ကိုရီးယားရှိ အဖွဲ့အစည်းကို ကိုးကားကာ သရဖူကို ‘‘ခိုးယူသွားသည်’’ဟုပင် သုံးနှုန်းထားသည်။

မယ်ရွေးပွဲနှင့် တိုင်းပြည် ဂုဏ်သိက္ခာ


 
မယ်ရွေးပွဲနှင့် တိုင်းပြည် ဂုဏ်သိက္ခာ

Sunday, August 31, 2014

"...ဆုရပြီးမှ ပြန်လည်ရုပ်သိမ်းခြင်း ခံရသည်ကတော့ ကာယကံရှင် မေမြတ်နိုးသာမက မေမြတ်နိုး ကိုယ်စားပြုသည့် မြန်မာနိုင်ငံပါ ဂုဏ်သိက္ခာကျသည်။ ကာယကံရှင်၏ ဂုဏ်သိက္ခာ၊ တိုင်းပြည်၏ ဂုဏ်သိက္ခာအတွက် မည်သူတွေက မည်သို့မည်ပုံ ဖြေရှင်းပေးကြမလဲ၊ အဖတ်ဆည်နိုင်ကြမလဲ..."

Miss Asia Pacific World 2014 ပြိုင်ပွဲကော်မတီက မေမြတ်နိုးကိုပေးခဲ့တဲ့ သရဖူ ပြန်သိမ်းတယ်လို့ ကြေညာထားပါတယ်။ ကော်မတီ၊ မြန်မာပြည်ဘက်က စီစဉ်သူ၊ အလှမယ် မေမြတ်နိုး ဘယ်သူ့ရဲ့ အားနည်းချက်ကြောင့် ဒီလို ဖြစ်သွားတာလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။

လောလောဆယ်တော့ အားလုံးက သူတို့ မမှားကြောင်း ပြောနေပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ဆက်စပ်ဆောင်းပါးတပုဒ်ကို ဧရာဝတီမြန်မာပိုင်းစာမျက်နှာကနေ ကူးယူဖော်ပြလိုက်ပါတယ်။

နဂါးများ..။

နဂါးများ..။
=======

လှိုင်သာယာ ရှိ လုံးချင်းအိမ်ရာတစ်ခုအနီး ဖွင့်ထားသော ..Beauty Saloon တစ်ခုအတွင်းတွင်ဖြစ်သည်.။
အသားဖြူဖြူ မျက်ရစ်မပါသူများ အုပ်စုလိုက် ၀င်လာကြသည်..။ 

ထို အလှပြင်ဆိုင်မှ အ၀မှ စကပ်တိုတို၊့ 
ဆံပင်ကို အရောင်ဆိုးထားသော
တိုင်းရင်းသူ မျက်နှာဝိုင်းဝိုင်း မျက်လုံးပြူးပြုး ကောင်မလေးမှ
ခေါင်းလျှော်မလား ...ထောင်ကဲဒီဖက်လာ..ဒီဖက်လာ ဟု ..ခရီးဦးကြိုပြုသည်.။
ထို့နောက် .. အထဲသို့ လှမ်းအော်ကာ..
အမရေ ..ခြောက်ယောက်နော်..။ အလျှော်မိန်းကလေးခြောက်ယောက် အသင့်ပြင်ပါဟု....။

အော်စကာဆုများရှင် Adele ကို သတင်းထောက်တစ်ဦးက မေးပါတယ်


အော်စကာဆုများရှင် Adele ကို သတင်းထောက်တစ်ဦးက

မေးပါတယ် ခင်ဗျားရဲ့ကိုယ်အလေးချိန်က ဘယ်လောက်ရှိပါသလဲ?? ခန္ဓာကိုယ်အတွက် ဝိတ်ချဖို့ရှိမရှိပေါ့!!! အဲ့ဒါနဲ့ Adeleက ပညာသားပါပါ ပြန်ပြောလိုက်ပါတယ်

ကျွန်မက အဆိုတော်တစ်ယောက်ပါ
ကျွန်မပရိတ်သတ်တွေအတွက် ဘယ်လိုကောင်းမဲ့ သီချင်းကို ပီပီပြင်ပြင် အကောင်းဆုံး သီဆိုနိုင်မလဲ ဆိုတာပဲ ကျွန်မကြိုးစားပါတယ်

သီချင်းဆိုတာ နားက နားစဉ်ခံစားရတာပါ ခန္ဓာကိုယ်ကို အလှကြည့်တာ မဟုတ်ဘူးလို့ ပြန်ဖြေလိုက်ရော သတင်းထောက်လဲ ပါးစပ်ပိတ်သွားတယ်

ဆပ်ပြာမှုန့်မလိုတဲ့ စက်ရုပ်ငါးအ၀တ်လျှော်စက်



ဆပ်ပြာမှုန့်မလိုတဲ့ စက်ရုပ်ငါးအ၀တ်လျှော်စက်

ဆပ်ပြာမှုန့်အစား စက်ရုပ်ငါးတွေ အသုံးပြုပြီး အ၀တ်လျှော်နိုင်မယ့် စက်တစ်မျိုးကို ကိုရီးယား ဒီဇိုင်နာတစ်ဦးက တီထွင်ခဲ့ပါတယ်။ လျှော်မယ့် အ၀တ်အစားက အညစ်အကြေးတွေကို ရှာဖွေဖို့ စက်ရုပ်ငါးတွေမှာ အသေးစား ကင်မရာတစ်လုံး တပ်ဆင်ပေးထားပြီး အ၀တ်အစားထဲက အညစ်ကြေးမှုန်တွေကို စက်ရုပ်ငါးတွေ စုပ်ထုတ်ကြမှာဖြစ်ပါတယ်။ အဲဒီအ၀တ်လျှော်စက်ကို Pecera လို့ ခေါ်ပါတယ်။

မင်းဖမ်းနိုင်ရင်ဖမ်း (Catch me if you can)

မင်းဖမ်းနိုင်ရင်ဖမ်း (Catch me if you can)
===========================

Frank William Abagnale ဟာ အမေရိကန်သမိုင်းမှာ အလွန်ထူးခြားတဲ့ လူလိမ်ကြီးအဖြစ်နာမည်ကြီးခဲ့ပါတယ်။

သူ့ကို ၁၉၄၈ ဧပရယ် ၂၇ မှာမွေးဖွားခဲ့ပြီး
သူ အထက်တန်းကျောင်းသားဘဝမှာ သမိုင်းဆရာ တစ်ယောက် ခွင့်ယူထားတဲ့ အတန်းကို Lecture တွေဝင်ပေး စာတွေသင် ပျော်ပွဲစားတွေတောင် လုပ်ခဲ့တယ်ဆိုပဲ။

ကျောင်းအုပ်ဆရာမကြီး သိတဲ့ အချိန်မှာ ကျောင်းသူကျောင်းသားတွေနဲ့ လေ့လာရေးခရီးထွက်ဖို့တောင် ပြင်ဆင်နေပြီတဲ့။

အိန္ဒိယအမျိုးသမီးတစ်ဦး ကျားသစ်ကို အနိုင်သတ်ဖြတ်ခဲ့

အိန္ဒိယအမျိုးသမီးတစ်ဦး ကျားသစ်ကို အနိုင်သတ်ဖြတ်ခဲ့
=======================================

နယူးဒေလီ

အိန္ဒိယနိုင်ငံမှာ ကျားသစ်တစ်ကောင်ကို တံစဉ် ဖြင့် သတ်ဖြတ်နိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။

အဆိုပါအိန္ဒိယအမျိုးသမီးဟာKamla Devi အမည်ရပြီး သူမရဲ့အသက်မှာ ၅၆နှစ်ရှိပြီဖြစ်တယ်လို့ သိရပါ တယ်။

အသက်၅၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိန္ဒိယအမျိုးသမီးကြီး ကတော့ သူမအားရန်မူခဲ့တဲ့ ကျားသစ်တစ်ကောင်ကို တံစဉ်နဲ့ ပြန်လည် တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယအမျိုးသမီး Kamla Devi က ကျားသစ်ကို တံစဉ်ဖြင့်မသတ်နိုင်မီ နာရီဝက်ခန့် အသေအကျေတိုက်ခိုက် ခဲ့ရပါတယ်လို့ သိရပါတယ်။ 

Saturday, August 30, 2014

အုန်းသီးရောင်းတဲ့ ဘုရင်

အုန်းသီးရောင်းတဲ့ ဘုရင်

တစ်ခါက တိုင်းပြည်တစ်ခုမှာ အုန်းသီးရောင်းတဲ့သူရှိသတဲ့။ သူဟာ အုန်းသီးစိမ်းတွေကို ဓါးနဲ့ ခွဲပြီး အုန်းရည်တို့ အုန်းသားတို့ ရောင်းချတဲ့ သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ သူတို့နိုင်ငံမှာ စစ်ဖြစ်တယ်။ ဒီလိုနဲ့ သူဟာ စစ်ထဲလိုက်သွားပြီးတော့ တိုက်ရည်ခိုက်ရည်က လဲ ကောင်းတာကြောင့် အဆင့်တွေတက်ပြီးတော့ စစ်သူကြီးဖြစ်သွားတယ်။ နှစ်တွေကြာလာတော့ နန်းတော်ထဲမှာ နေရာရပြီးတော့ ဘုရင်အဖြစ် အမတ်တွေက တင်မြောက်လိုက်တယ် ဆိုပါတော့။

မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ

မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ
==========================
မြန်မာ အလှမယ် မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်လည် ရုပ်သိမ်းလိုက်တာဟာ နှစ်ဘက် သဘော တူညီချက်တွေကို ချိုးဖောက်ခဲ့လို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောဆိုပြီး မေမြတ်နိုးကို အပြစ်ပုံချခဲ့ ပါတယ်။

ဒါပေမဲ့ မေမြတ်နိုးကို အပ်နှင်းထားတဲ့ Miss Asia Pacific World အလှမယ်ဘွဲ့ကို နောက်တစ်ယောက်ကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားက နိုင်ငံ ပွဲစီစဉ်ရေး အဖွဲ့က ပြောခွင့်ရသူ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

ဘာကြောင့် သွားဖုံးသွေးယိုရတာလဲ


ဘာကြောင့် သွားဖုံးသွေးယိုရတာလဲ
=======================
(၁) ခံတွင်းသန့်ရှင်းရေး လုပ် ဆောင်မှုနည်းခြင်းကြောင့် အစာအ ကြွင်းအကျန်တွေက သွားဖုံးမှာ စုပုံ ပြီး ယင်းကတစ်ဆင့် သွားဖုံတွေနီရဲ၊ ရောင်ရမ်း၊ နာကျင်တာတွေ ဖြစ်နိုင် ပါတယ်။

(၂) သွားအနေအထား မမှန်ခြင်း၊ သွားများအနေအထား မမှန်လျှင် သွားသန့်ရှင်းရေး လုပ်ရခက်ခဲပြီး ယင်းသွားကြားမှာ အစားအကြွင်း အကျန်တွေ ကပ်ကျန်ကာ ယင်းမှ တစ်ဆင့် သွားဖုံးသွေးယိုနိုင်ပါတယ်။

(၃) သွားဖုံးတွင် ဒဏ်ရာရခြင်း သွားတိုက်လျှင် အလွန်အကျွံဖိတိုက် ခြင်းနဲ့ သွားပွတ်တံအမာတွေ ကြောင့် သွားဖုံးမှာ ဒဏ်ရာရပြီး သွားဖုံး သွေးယိုနိုင်ပါတယ်။