" အကြိုက်ဆုံးသုံးသပ်ချက်စာတမ်း"
------------------------------------
ဒ်ါအောင်ဆန်းစုကြည်လုပ်တဲ့နိုင်ငံရေးဝိုင်းဝန်းကူညီလို့အားပေး (အပိုင်း-၂)
=================================
(၆)
အရင်တချိန်DASSKခေါင်းမာသည်ဆို၏။ နောက်တော့ခေါင်းပျော့သည်ဆို၏။အခုတဖန် ခေါင်းမာပြန်ပြီဆို၏။ထိုမာခြင်းပျော့ခြင်းတို့သည်သူတို့တစ်ဦးခြင်းစီ၏သဘောထားများဖြစ်နေပြီး DASSKနှင့်တော့သက်ဆိုင်ပုံမရပေ ခေါင်းပျော့သူက သူနှင့်မတိုက်ဆိုင်သည့်အခါ DASSKခေါင်းမာသည်ဖြစ်၍ ခေါင်းမာသူကသူနှင့်မတိုက်ဆိုင်သည့်အခါ DASSKခေါင်းပျော့သည်ဖြစ်ပြန်၏။
DASSKလွတ်မြောက်လာသည့်အခါ ခေါင်းမာသူတို့ကပွဲကြီးပွဲကောင်းတွေ့ပြီထင်ကုန်၏။ထိုသို့မဟုတ်ပဲ အစိုးရနှင့်ပေါင်းပြသောအခါ ခေါင်းပျော့လှချည်လားပြောကြပြန်သည်။အမှန်တော့ DASSK ခေါင်းသည် ဒီပဲရင်းမှာမကွဲခဲ့၍သာအပြစ်ပြောခံနေရခြင်းဖြစ်၏။DASSKခေါင်းသည် ဒီပဲရင်းမှာကွဲခဲ့လျှင် ထိုကဲ့သို့ပြောစရာရှိတော့မည်မဟုတ်ပေ။သန်း၆၀သောလူတို့သည် ဒီပဲရင်းမှာDASSKနှင့်ပါတီဝင်များ အရိုက်ခံရစဉ်က လည်းကောင်းအဖမ်းခံရစဉ်ကလည်းကောင်း တတိုင်းပြည်လုံးနှင့်ယဉ်လျှင်နှမ်းစေ့လောက်ကသာ အလေးထားပြီးသူ့အားသောင်းသောင်းဖြဖြကြိုဆိုခဲ့သောအများပြည်သူသည်သူတို့နှင့်မဆိုင်သလိုတုံဏှိဘာဝေသောရှိချေ၏။ DASSKကား မြန်မာပြည်အထာနပ်နေလေပြီ။
အင်အားကြီးသောအစိုးရအားယှဉ်ပြိုင်ရန်မှာ အမှန်တရားနှင့်မွန်မြတ်မှုကိုချည်းအားကိုနေ၍မရ ဖြစ်ပေါ်လာသောအခွင့်အရေးများထဲမှအကောင်းဆုံးကိုပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ရန်မှာအလွန်အရေးကြီးနေသည်။ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည်ပြည်တွင်းနိုင်ငံရေးအခြေအနေ တောတွင်းလက်နက်ကိုင်ပုန်မှုများ နိုင်ငံတကာအခြေအနေများကိုသုံးသပ်ပြီး စစ်အစိုးရမှတရားဝင်အရပ်သားအစိုးရသဏ္ဍန်သို့ (လူမိုက်မှ လူလည်သို့)ပြောင်းလဲလိုက်လျှင်ကောင်းလေစွ ဟုတွေးတောခဲ့ပေလိမ့်မည်။ထိုအချက်များကြောင့်ပင်လမ်းပြမြေပုံကိုလည်းကောင်း ၂၀၀၈ဖွဲ့စည်းပုံကိုလည်းကောင်းရေးဆွဲအတည်ပြုခဲ့ရာ တုံဏှိဘာဝေနိုင်ငံအတွင်းအလွန်တရာလွယ်ကူစွာပြီးမြောက်ခဲ့လေပြီ။
DASSKက၂၀၀၈ကိုလက်မခံနဲ့ ဆိုတာပြည်သူအများကလက်ခံခဲ့သည်(ကြောက်ခြင်းနှင့်ပြဿနာအတက်မခံနိုင်ခြင်း တို့ကြောင့် လက်မှတ်ထိုးပေးဖို့အကျင့်ပါနေကြသည် အမြင်ကျဉ်းမြောင်းနေ၍ဖြစ်မည်ထင်သည်)ထိုဖြစ်ပေါ်လာသောနိုင်ငံရေးအခြေအနေကိုလက်ခံပြီးအကောင်းဆုံးအခြေအနေကိုဆုပ်ကိုင်ရန်ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ရသည်။ထိုအခါခေါင်းပျော့သည်ဟုဆိုကြပြန်သည်။ဒါဆို ဘာကိစ္စ ၂၀၀၈ဖွဲ့စည်းပုံကိုလူတွေကန့်ကွက်အောင်မလုပ်ခဲ့ကြသနည်း။
ပျော့သည်မာသည်နှင့်အချိန်ကုန်နေကြသနည်း။အမှန်တော့အားလုံးသည် အားအင်မရှိ၍ အားရှိသူသွားရာနောက်လိုက်ပါနေကြခြင်းသာ။
NLDသည်တရားဝင်ပါတီဖြစ်သော်လည်း မြေအောက်သဏ္ဍန်ဖြစ်နေသည်။လုပ်နိုင်ကိုင်နိုင်သူများစွာတို့ထောင်ထဲရောက်နေသည်။ လူကြောက်များသော မြန်မာပြည်တွင် NLDအကြောင်းဟဟပင်မပြောရဲကြ။DASSKအနေနှင်ပြည်သူ့အားလိုအပ်ကြောင်းကောင်းစွာသိခြင်းကြောင့် ဒဏ္ဍာရီထဲမှ NLDကို ပြည်သူကြားတွင်အသက်သွင်းရတော့မည်။
ထိုအချိန်တွင်ဦးသိန်းစိန်အစိုးရမှာ့နိုင်ငံတကာမှာ အရင်ထက်စာလျှင်မျက်နှာပန်းကလှနေသည်။အမေရိကမှာအိုဘားမားတက်လာပြီးနောက် မြန်မာနှင့်ဆက်ဆံရေးပေါ်လစီကိုပြောင်းလဲကြည့်လာသည်။EUကဆုချချင်သည့်လေသံပစ်လာသည်။ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သောအန္ဒိယ တရုတ်ပြည်တို့နှင့်အနီးကပ်ဆုံးထိုမြေနေရာကိုသူတို့စိတ်ဝင်စားနေသည်။စီးပွားရေးပိတ်ဆို့မှုလက်နက်မှာလည်း မြန်မာပြည်သူတို့၏အမြင်ကျဉ်းမြောင်းမှု အစိုးရ၏ဆိုက်ဝါးများကောင်းမှုတို့ကြောင့် အလုပ်မဖြစ်ချင်တော့။
ထို့ထက်ဆိုးသောနောက်တစ်ချက်ကရိုးအသောပြည်သူများသည် ဆင်းကဒ်ဈေးလျှော့ပေးခြင်းခြင်းကဲ့သို့သောကိစ္စမျိုး၊လစာလေးတိုးပေးသောကိစ္စမျိုး ထိုကဲ့သို့သူတို့မရဖူးသောအခွင့်အရေးလေးရလျှင်ပင် ကျေးဇူးအလွန်တင်ချင်နေကြရာNLDပါချင်ပါ မပါလျှင် ဘေးသို့ရောက်ရတော့မည့်အခြေအနေသို့ဆိုက်ရောက်နေပေပြီ။လူတို့သည်ချစ်တော့ချစ်သည် သူတို့ထမင်းအိုးကွဲမှာတော့ကြောက်သည်။ထမင်းအိုးအကွဲခံ၍NLDနောက်မလိုက်နိုင်ပါ။
NLDနှင့် DASSK အနေနှင့်ကာင်းဆုံးနည်းလမ်းမှာ ရွေးချယ်စရာများများမရှိ ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရလေသည်။ထိုအချက်ကိုမှားသည်ပြောမည်လား ဝေဖန်မှုများရှိနေသော်လည်း ခေတ်ကာလအခြေအနေအရထိုလမ်းမှလွဲ၍အခြားကောင်းမွန်သောလမ်းမရှိခဲ့ပါ။
ရန်သူနှင့်စကားပြောခြင်းကိုဘာသာပြန်ဆိုခဲ့သူDSSKသည် ဒေးလ်ကာနက်ဂျီ၏How to win friends and influence peopleကိုလဲဖတ်ဖူးပေလိမ့်မည်။ထို့အတူတိုက်ပွဲအတွင်းမှလူတစ်ယောင်အနေဖြင့်တိုက်ပွဲ၏အတိမ်အနက်ကိုသဘောပေါက်ပေလိမ့်မည်။သိမ်မွေ့သော စကားတို့သည် အငြင်းပွားဝေဖန်စရာရှိနိုင်သော်လည်းနိုင်ငံရေးသမားတစ်ယောက်အနေဖြင့်သံခင်းတမန်ခင်းစကားတို့ကလည်းစိတ်ပညာအရအရေးပါလှပါသည်။
မည်သည့်အချိန်တွင်မည်သည့်စကားကိုပြောဆိုကြမည်နည်း သူ၏ သုံးသပ်နိုင်စွမ်းအပေါ်မူတည်သည်။ အရေးကြီးသည်မှာ ဒီမိုကရေစီအရေးကိုမျက်ချေမပြတ်ဖို့သာလိုအပ်ပါသည် အခြေအနေနှင့်အချိန်အခါပေါ်မူတည်ပြီးအန္တရယ်ရှိသောအကောင်းမြင်ဝါဒ အန္တရယ်ရှိသောအဆိုးမြင်ဝါဒ တို့မှလွတ်ကင်းအောင်
ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံတကာပါဝါနှင့်ပြည်တွင်းပါဝါကိုယခင်ကထက်မိုမိုစုဆောင်းနိုင်ခဲ့ပြီးယနေ့အခါမှာတော့ NLDဟာ အင်အားအတော်အတန်ကြီးမားသောပါတီကြီးအဖြစ်ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သို့သော်NLDကြီးမားလာသလိုပင် ဦးသိန်းစိန်အစိုးရခြေလှမ်းများကလည်းရပ်တန့်မနေပါ။အစိုးရ၏သည်လည်းအရင်ကလောက်မဆိုးသော imageဖြင့် နိုင်ငံတကာသို့ခြေဆန့်နေလေပြီ။
------------------------
(၇)
၂၀၁၄သည် အလွန်အရေးပါသောနှစ် နိုင်ငံရေးအတွက်အကြီးအကျယ် ဆုံးဖြတ်ရသောနှစ်ဖြစ်သည်ဟု DASSKရော နိုင်ငံရေးကျွမ်းကျင်သူများကပါ သုံးသပ်ထားသည်။ ဖွဲ့စည်းပုံသည် ပြင်ရန်ခက်သထက်ခက်လာသည်။DASSK၏စကားလုံးများသည်လည်းပြင်းထန်သထက်ပြင်းထန်လာသည်
ခေါင်းဆောင်သည် နောက်လိုက်ရှိ၍သာဖြစ်သည်။တိုက်ပွဲတစ်ပွဲအောင်မြင်ရန်ခေါင်းဆောင်သည်များစွာချင့်ချိန်နေရသည်။ကမ္ဘာ့သမိုင်းတွင်လူတို့အတွက်အတတ်နိုင်ဆုံးသောအရာထက်ပိုသော စစ်ပွဲများကိုမည်သည့်စစ်ဗိုလ်ချုပ်ကြီးဖြစ်စေနိုင်အောင်တိုက်ဖို့မညွှန်ကြားနိုင်ပါ။
ဆရာဝန်ဖြစ်မည့်သူသည် တိုင်းပြည်ရုတ်ရုတ်သဲသဲဖြစ်မည်ကိုလက်မခံသလို ဆိုက္ကာသမားသည်လည်းမနက်ဖန်ရပေါက်ရလမ်းဂွင်တွေ့ထားလျှင် ဒီမိုကရေစီအလကားပေးလျှင်ပင်သွားယူနိုင်မည်မဟုတ်။လမ်းပေါ် တိုက်ပွဲများဖြစ်ပွားလာလျှင်နောင်ဘယ်ဆီမှန်းမသိသည့်ချမ်းသာသုခကိုခဏထား လက်ရှိဒုက္ခထက်ကြီးသောဒုက္ခကိုလူအများကမကြုံတွေ့လိုပါ။
DASSKမှာလည်းလက်ရှိတွင်ဒီမိုကရေစီရရန်ထက်နောင်မျိုးဆက်များအထိ တည်ငြိမ်အေ
းချမ်းသော နိုင်ငံရေးယဉ်ကျေးမှုတရပ်ဖြစ်လာအောင်
ပြုစုချင်နေသည့်သဘောရှိရာ အတတ်နိုင်ဆုံးလမ်းပေါ်နိုင်ငံရေးကိုရှောင်ရှားချင်နေပုံရသည်။။အကယ်၍လမ်းပေါ်အန်တုမှုလုပ်နိုင်ရန်ပင်တကယ်ကောအားအင်ရှိပါရဲ့လား။
နိုင်ငံရေးသမားတွေအချင်းချင်းမတည့်ကြ။တိုင်းပြည်တွင်းလူအများတစ်ယောက်တစ်ပေါက်ဖြစ်နေ။ဘုံရန်သူစစ်အုပ်စုမှာဘုံရန်သူမဟုတ်တော့ပေါင်းချင်သူများပြီး ယခင်ကထက်ပင် တောင့်တင်းပြီး နာမည်ကောင်းလက်မှတ်များရကုန်လေပြီ။
အမှန်တကယ်DASSK၏အားနည်းချက်မှာ NLDနှင့်အခြားပါတီများအားမဟာမိတ်အဖြစ်မဖွဲ့စည်းနိုင်ခဲ့ခြင်းသာဖြစ်ပါသည်။အပေးအယူများနှင့်ဖွဲ့စည်းနိုင်ခဲ့လျှင် ပြဿနာရှိနေသောPRကဲ့သို့အဖြစ်မျိုးကိုလွှတ်တော်တွင်အတည်ပြုနိုင်လိမ့်မည်မထင်ပါ။ကြားထဲကစစ်အုပ်စုအကြိုက်ဖြစ်သွားလေ၏။
DSSKသည်အကောင်းဆုံးများကိုရွေးချယ်လုပ်ခဲ့သော်လည်း အမှန်တကယ်လည်းဖြစ်မြောက်သည်များရှိခဲ့သော်လည်း လုံလောက်သောအားအင်များ ပံ့ပိုးမှုများ တော့မရခဲ့ပါ။DASSKထက်မြက်သော်လည်းNLDပါတီနှင့်အခြားသောပါတီအားလုံးသည်စည်းရုံးရေးစွမ်းရည်တွင်ညံ့ဖျင်းလွန်းကြပါသည်။အချို့ဒေသများတွင် လူအမြင်ကပ်စရာဖြစ်ပျက်ခဲ့သည်များမှာလည်း ပြုပြင်စရာများစွာလိုနေကြောင်းပြဆိုနေပါသည်(သောင်းသောင်းဖြဖြကြိုဆိုကြသူအများစုသည် DSSKကိုချစ်နေခြင်းသာဖြစ်ပြီး တကယ်တမ်းအားကိုးရမည်မထင်ပါ)
ထိုကဲ့သို့ဘုံသဘောတူညီချက်ညီညွတ်မှုမရှိကြခြင်းကြားထဲမှာပင်နိုင်ငံရေးဟူသည်နိုင်ရေးသမားအရာသာဖြစ်သည် ကိုယ်နှင့်မဆိုင်ဟုသဘောထားကြသူကသာများလှပါသည်။သူတို့အလိုအရ နိုင်ငံရေးသမားသည်နိုင်ငံရေးလုပ်ဖို့မွေးလာခြင်းဖြစ်ပြီး နိုင်ငံရေးသမားတွေဘာလုပ်နေကြတာလဲဟုသာအပြစ်ဖို့ချင်ကြပါသည်။တော်တော်ဝါသနာကြီးတဲ့လူတွေဟုပင် ချီးကျူးသလိုလိုနိမ်သလိုလိုပြောချင်ကြပါသေးသည်။သက်သက်အားလျားပြီးလုပ်နေသလိုဖြစ်နေသည်။
တကယ်တော့နိုင်ငံရေးသမားသည်လည်း လူသားတစ်ယောက်ဖြစ်ရာ သူတို့လိုနေမည်ဆိုလျှင် ဆရာဝန် ရုပ်ရှင်မင်းသားအဆိုတော် တစ်ခုခုမဖြစ်ဘူးလို့မည်သူပြောနိုင်မည်နည်း။ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်သည့်နိုင်ငံမှာမွေးဖွားခဲ့လျှင် စာရေးဆရာဖြစ်မည်မှာမလွဲ။မြန်မာပြည်သန်း၆၀တွင် နိုင်ငံရေးသမားမှာ အနည်းဆုံးအရေအတွက်ဖြစ်ရာ ခေတ်ကြီးကိုမည်သို့ပြောင်းပြန်လှန်ရမည်နည်း။လူတို့သည်မလိုရာခွ ဟန်ဆောင်နေကြသည်။
(ဥပမာ- နိုင်ငံရေးသမားကနိုင်ငံရေးလုပ် အနုပညာသမားကအနုပညာလုပ်ဟု တစ်စုံတစ်ယောက်ကပြောသည်။သူ့အပြောအရထိုအနုပညာသမားသည် အနုပညာကို တသက်လုံးလုပ်နေသည့်သဘောဖြစ်သည်။အမှန်မှာအနုပညာနှင့်ချီးပါသည့်သူမရှိသလို အနုပညာမြောက်သေးပေါက်သူလဲမရှိပါ။ အနုပညာအရဆေးရုံတက်သူလဲမရှိပါ။အနုပညာဈန်အမြဲဝင်နေပါကလည်း နိုင်ငံရေးကိုအနုပညာဆန်ဆန်ဝင်လုပ်လို့ရပါမှာ)။
တပ်မတော်သာ့းများသည်ကာချုပ်၏စကားကိုနာခံရမည်မှာမှန်ပါသည်။ကာချုပ်သည်လည်းသမ္မတ၏စကားကိုနာခံရသည်ဆိုသည်မှာမှန်ပါသည်။
ထို့အတူသမ္မတသည်လည်းပြည်သူလူထုကြီး၏ဆန္ဒနှင့်အကျိုးကိုနာခံရပါမည်။မိန့်ခွန်းများတွင်ရည်ရွယ်ချက်ကောင်းမွန်သော်လည်း လက်တွေ့တွင် ဗိုလ်နေဝင်းလက်ထက်မှယနေ့အထိသူတို့အကျိုးစီးပွားသာဦးထိပ်ထားနေသည်ကိုလည်းတွေ့မြင်နေရသည်မိုအရာရှိအရာခံများသည့်ပြည်သူကိုလဲငဲ့ကာစဉ်းစားပေးဖို့ပြည်သူအများကလိုလားနေကြပါသည်။စစ်တပ်သည်မူလတာဝန်ဖြစ်သောစစ်တန်းလျားမပြန်သေးသမျှ ပြည်သူတို့သည်လည်း နိုင်ငံရေးကိုအလုပ်တဖက်နှင့်လုပ်နိုင်ရမည်။အကယ်၍လျှပ်စစ်မီးသီးကိုမတီထွင်နိုင်မီ အက်ဒီဆင်သေဆုံးခဲ့သော် လူ့သမိုင်းတစ်ခေတ်ကိုဤမျှမြန်မြန်ဆန်းသစ်စေမည်မဟုတ်။အကယ်၍ဗိုလ်ချုပ်အောင်ဆန်းသာစောစောမသေခဲ့လျှင်ကမ္ဘာမှာခေါင်းမော်နိုင်သောနိုင်ငံဖြစ်နေမှာပဲဟု အားလုံးစိတ်ကူးယဉ်ဖူးကြပါလိမ့်မည်။
ယခုအချိန်အထိအရာရာသည် အဖက်ဖက်မှတားဆီးထားဆဲသာဖြစ်ပြီး ထိုအတားအဆီးများသည် လက်ရှိအစိုးရအပေါ်အားသာအောင်လုပ်ဆောင်ပေးနေသလိုများသာဖြစ်နေတော့သည်။
တိုင်းပြည်၏ရှေ့အလားအလာသည် မမျှော်မှန်းနိုင်သော ရုတ်တရတ်ပေါက်ကွဲမှု အခြင်းအရာပေါ်တွင်မူတည်နေသလား စဉ်းစားစရာကောင်းလှသည်။
ထိုသို့ဘေးထွက်ဆိုးကျိုးများနိုင်သည့်လမ်းကို မရွေးချယ်လိုသောကြောင့် ညှိုနှိုင်းဆွေးနွေးခြင်ဖြင့်ပြေလည်အောင်ဆောင်ရွက်နေသောDASSKနှင့်နိုင်ငံရေးသမားများဖက်မှအသာစီးရလာအောင် ကာယအား ဥာဏအားဝိုင်းဝန်းကူညီရပါမည်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကလည်းတင်းထား။နိုင်ငံရေးသမားများစည်းလုံးညီညွတ် နိုင်ငံတကာဖိအားများကလည်းပြင်းထန် အနုပညာ အတတ်ပညာသမားများ နှင့်ပြည်သူလူထုကြီးအင်အားများသာရှိပါက လာပါက စစ်အုပ်စုအနေဖြင့် တင်းမခံနိုင် အလျှော့ပေးရတော့မည်ဖြစ်ပြီးမလျော့ပေးပါကလည်းအစိုးရနှင်
--------------------------
ဒ်ါအောင်ဆန်းစုကြည်လုပ်တဲ့နိ
==========================
(၆)
အရင်တချိန်DASSKခေါင်းမာသည်
DASSKလွတ်မြောက်လာသည့်အခါ ခေါင်းမာသူတို့ကပွဲကြီးပွဲေ
အင်အားကြီးသောအစိုးရအားယှဉ်
DASSKက၂၀၀၈ကိုလက်မခံနဲ့ ဆိုတာပြည်သူအများကလက်ခံခဲ့သ
ပျော့သည်မာသည်နှင့်အချိန်ကု
NLDသည်တရားဝင်ပါတီဖြစ်သော်လ
ထိုအချိန်တွင်ဦးသိန်းစိန်အ
ထို့ထက်ဆိုးသောနောက်တစ်ချက်
NLDနှင့် DASSK အနေနှင့်ကာင်းဆုံးနည်းလမ်းမ
ရန်သူနှင့်စကားပြောခြင်းကို
မည်သည့်အချိန်တွင်မည်သည့်စက
ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံတကာပါဝါနှင့်ပြည်တွင
သို့သော်NLDကြီးမားလာသလိုပင
------------------------
(၇)
၂၀၁၄သည် အလွန်အရေးပါသောနှစ် နိုင်ငံရေးအတွက်အကြီးအကျယ် ဆုံးဖြတ်ရသောနှစ်ဖြစ်သည်ဟု DASSKရော နိုင်ငံရေးကျွမ်းကျင်သူများ
ခေါင်းဆောင်သည် နောက်လိုက်ရှိ၍သာဖြစ်သည်။တိ
ဆရာဝန်ဖြစ်မည့်သူသည် တိုင်းပြည်ရုတ်ရုတ်သဲသဲဖြစ်
DASSKမှာလည်းလက်ရှိတွင်ဒီမိ
းချမ်းသော နိုင်ငံရေးယဉ်ကျေးမှုတရပ်ဖြစ
ပြုစုချင်နေသည့်သဘောရှိရာ အတတ်နိုင်ဆုံးလမ်းပေါ်နိုင်င
နိုင်ငံရေးသမားတွေအချင်းချင
အမှန်တကယ်DASSK၏အားနည်းချက်
DSSKသည်အကောင်းဆုံးများကိုေ
ထိုကဲ့သို့ဘုံသဘောတူညီချက်ည
တကယ်တော့နိုင်ငံရေးသမားသည်လ
(ဥပမာ- နိုင်ငံရေးသမားကနိုင်ငံရေးလ
တပ်မတော်သာ့းများသည်ကာချုပ်
ထို့အတူသမ္မတသည်လည်းပြည်သူလူ
ယခုအချိန်အထိအရာရာသည် အဖက်ဖက်မှတားဆီးထားဆဲသာဖြစ်
တိုင်းပြည်၏ရှေ့အလားအလာသည် မမျှော်မှန်းနိုင်သော ရုတ်တရတ်ပေါက်ကွဲမှု အခြင်းအရာပေါ်တွင်မူတည်နေသလာ
ထိုသို့ဘေးထွက်ဆိုးကျိုးမျာ
လက်နက်ကိုင်တော်လှန်ရေးအဖွဲ