Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 28, 2014

"ကျနော်တို့ မအဖို့တော့ လိုပြီ"


  • ဧရာဝတီကို ပိတ်ဆို့မယ့် ဆည်တည်ဆောက်ရေး လုပ်ငန်းခွင် (PHOTO: The Irrawaddy)
မန္တလေးမြို့ ဈေးချိုဟိုတယ် မင်္ဂလာခန်းမမှာ ဇူလိုင် ၂၆ ရက် မနက်က ဧရာဝတီအန္တရာယ်ကို ပညာရှင်များ ရှု့ထောင့်မှ သုံးသပ်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲတခု ကျင်းပခဲ့ရာမှာ နောက်ဆုံးပိတ် အလှည့်ကျ အစီအစဉ်အဖြစ် မြန်မာ့စာပေဆုများရှင် စာရေးဆရာ နေ၀င်းမြင့် တက်ရောက်ဟောပြောခဲ့ပါတယ်။

ပျက်စီးယိုယွင်းမှုတွေကြောင့် ဆုံးရှုံးပျောက်ကွယ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဧရာဝတီရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆုံးရှုံးပျောက်ကွယ်သွားမှာကို စိုးရိမ်လျက်ရှိကြတဲ့ မြန်မာနိုင်ငံ ဘူမိသိပ္ပံ ပညာရှင်တွေရယ်၊ ထိန်းသိမ်းစောင့်ရှောက်လိုသူတွေရယ် စုပေါင်းပြုလုပ်ကြတဲ့ ဒီဟောပြောပွဲမှာ မြန်မာ့ စာပေ ပညာရှင် စာရေးဆရာ နေ၀င်းမြင့်က ဧရာဝတီရဲ့ ဖြစ်တည်ပုံ၊ သမိုင်းစဉ်လာတွေ၊ ပျက်စီးယိုယွင်းလာမှုတွေနဲ့ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သင့်ပုံတွေကို စာပေဂီတနဲ့ အနုပညာရှု့ထောင့်ကနေ အထူးတလည် ဟောပြောပို့ချပေးခဲ့ပါတယ်။ ဒီဟောပြောပွဲ အစီအစဉ်က မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း (မန္တလေး) ရဲ့ ဦးဆောင် မှုနဲ့ ဘူမိသိပ္ပံပညာရပ်ရှင်တွေက သက်ဆိုင်ရာ ပညာရပ်အလိုက် ဟောပြောကြတဲ့ အစီအစဉ်ဖြစ်ပြီး ဒီလိုသိပ္ပံပညာရှင်တွေရဲ့ ကြားထဲမှာမှ ဆရာ နေ၀င်းမြင့်က စာပေပညာရှင်တဦးအဖြစ်နဲ့ တက်ရောက်ဟောပြော သွားတာလို့ သိရပါတယ်။



“ဆွေးနွေးသွားကြတဲ့ ပညာရှင်ကြီးများရဲ့ အသက်ဂုဏ် ပညာဂုဏ်ကို ဦးခိုက်ပါတယ်။
ဟောပြောသွားတဲ့ ဟောပြောချက်တွေကိုလည်းပဲ အင်မတန် စိတ်ဝင်စားပါတယ်။
ဧရာဝတီနဲ့ ပတ်သက်ပြီး ရသအမြင်နဲ့ ကြည့်တဲ့ အခါမှာ မြတ်နိုးမှု၊ သဒ္ဓါမှု ယဉ်ကျေးမှု၊ ရသကြောင်းက ချစ်ခဲ့ကြတာကို တင်ပြချင်တာပါ။
ဧရာဝတီအကြောင်း ပြောပါဆိုရင် ပညာရပ်ပိုင်းက ချဉ်းကပ်ပြီး မပြောနိုင်ပါဘူး။ သို့သော် ဧရာဝတီကို ကျနော်တို့ နှမြောပါတယ်။ ပုပ္ပါးတောင်ကြီးကို နှမြောပါတယ်။
အဲဒီလို ချစ်တဲ့စိတ်တွေနဲ့ပဲ ပညာရှင်တွေကြား၊ ပညာရှင်တွေရဲ့ ခြေကြိုးခြေကြားထဲ လာရောက်ဟောပြောရတာပါ”လို့ ဆရာနေ၀င်းမြင့်က ဆိုပါတယ်။

စာပေပညာရှင် စာပေဂီတအနုပညာသမားတယောက်ပီပီ ဧရာဝတီနဲ့ ပတ်သက်သမျှတွေကို စာပေဂီတ အနုပညာတွေနဲ့ ပေါင်းစပ်ပြီး တနာရီကျော်ကြာအောင် ဟောပြောသွားတဲ့ ဆရာနေ၀င်းမြင့်က အခုလို ဧရာဝတီ ထိန်းသိမ်းမှုဆိုင်ရာ ပညာပေးဟောပြောမှုအစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း အသိပညာပေးနောက်ကျတဲ့ ပြည်တွင်းလက်ရှိအခြေအနေတွေအရ ဟောပြောပွဲတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးသင့်တယ်လို့ တိုက်တွန်း ထောက်ခံပြောဆိုသွားပါတယ်။ ဟောပြောပွဲမှာ ဆရာနေ၀င်းမြင့်က ဧရာဝတီကို သာမကဘဲ၊ မြန်မာ့ တောတောင်ရေမြေသဘာဝတွေကို နိုင်ငံသားတိုင်းက ချစ်မြတ်နိုးတဲ့စိတ် ရှိရမယ့် အကြောင်းတွေနဲ့ ပတ်သက် ပြီးတော့လည်း အခုလို ထည့်သွင်းဟောပြောသွားပါသေးတယ်။

“ကျနော်တို့မှာ တောင်တန်းကြီးတွေရှိတယ်၊ မြေပြန့်တွေရှိတယ်၊ မြစ်ချောင်းအင်းအိုင်တွေရှိတယ်၊ လယ်ကွင်းယာကွင်းတွေရှိတယ်၊ ကျောင်းကန်ဘုရားပုထိုးရှိတယ်၊ ကျေးငှက်သာရကာ ဇီဝမျိုးစုံမျိုးကွဲရှိတယ်၊
သစ်တောကြီးတွေရှိတယ်၊ ကျောက်မျက်ရတနာတွေရှိတယ်၊ ဓာတ်သတ္တုနဲ့ တွင်းထွက် ရတနာတွေရှိတယ်၊ အင်မတန် စိမ်းလန်းလှတဲ့ ရေမြေတောတောင် သဘာဝတွေရှိတယ်။
ကျနော်တို့မှာ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင် အက္ခရာ၊ ကိုယ်ပိုင်ဂီတ၊ ကဗျာစာပေတွေရှိတယ်။ ကျနော်တို့မှာ သမိုင်းရှိတယ်၊ ကျနော်တို့မှာ အတိတ်ရှိတယ်။
ဒါတွေကို ချစ်ရမယ်၊ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ 
အထူးပြောချင်တာကတော့ ကျနော်တို့ မအဖို့တော့ လိုပြီ။ဘယ်သူ့ လူလည်ကျမှုကိုမှ မခံရဖို့ လိုပြီ၊ ကျနော်တို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ကျနော်တို့ ကိုယ်တိုင်က မျက်ခြည်မပြတ်ကြဘဲ တောတောင်ရေမြေကို ချစ်တဲ့စိတ်နဲ့ ရှေ့ခရီးကို ဆက်ရမယ့် အချိန်ကာလ ရောက်ပါပြီ”လို့ ဆိုပါတယ်။

မနက် ၁၀ နာရီမှ ညနေ ၅ နာရီကျော်တဲ့အထိ ကျင်းပတဲ့ ဟောပြောပွဲမှာ စာရေးဆရာ နေ၀င်းမြင့်နဲ့ အတူ ဒေါက်တာ မျိုးသန့် (မြန်မာနိုင်ငံ မြေငလျင်အသင်း)၊
ဒေါက်တာ ဇော်မြင့်နီ (မုံရွာတက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး)၊ ဒေါက်တာ ၀င်းမောင် (မြန်မာနိုင်ငံ ပထ၀ီဝင်အသင်း အတွင်းရေးမှူး)၊
ဦးမြသန်းထွန်း (ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး) အစရှိတဲ့ ဘူမိသိပ္ပံ ကျွမ်းကျင်ပညာရှင် တွေကလည်း မြန်မာ့ရေမြေတောတောင်သဘာဝတွေ၊ မြစ်ချောင်းအင်းအိုင် ရာသီဥတုအခြေအနေတွေနဲ့
ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရပ်အလိုက် ဟောပြောခဲ့ကြရာမှာ အထူးသဖြင့် ဧရာဝတီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဧရာဝတီအပေါ် သက်ရောက်မှုရှိနေတဲ့ အဘက်ဘက်က အန္တရာယ်တွေကို
အဓိကထား ဟောပြောခဲ့ကြပါတယ်။

နန္ဒ

အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။
blog.irrawaddy

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။