အားမာန်အပြည့်နဲ့ Suicide Silence တို့ရဲ့အနာဂါတ်ခရီး
---------
၂၀၀၂ ခုနှစ်မှာ မက်တယ်ဂီတလောကထဲမှာ တန်ဖိုးဖြတ်မရတဲ့ ချာတိတ်တယောက် ခြေစုံပစ်ပြီးဝင်လာခဲ့တယ်။ လူက ပိန်ပိန်သွယ်သွယ်။ မတိုမရှည်ဆံပင်က မျက်ခုံးမွှေးအထိဖုံးနေပြီး တကိုယ်လုံးမှာ ဆေးမှင်ကြောင်အပြည့်နဲ့။ မျက်နှာပေါ်မှာ ဂျပန်ဘာသာစကားနဲ့ထိုးထားတဲ့ တက်တူးက Strength လို့ သဘောရတယ်။ အရေးကြီးဆုံးကတော့ သူဟာ စင်ပေါ်မှာ မိုက်ခရိုဖုံးကိုင်လိုက်တာနဲ့ လူတွေမက်တယ် နတ်ကြီးရဲ့ဖမ်းစားခြင်းကို အပီအပြင်ခံကြရတာပါပဲ။ သူ့အသံက သီချင်းဆိုတာမျိုးထက် ဒဏ်ရအနာတရနဲ့ ဒေါသတကြီး ညည်းတွားနေတာမျိုး။
သြော်...ဒါနဲ့။ သူပင်တိုင်သီဆိုပြီး တည်ထောင်ခဲ့တဲ့ တီးဝိုင်းနာမည်ကတော့ Suicide Silence ဖြစ်ပြီး အကြမ်းစား Deathcore သီချင်းတွေကို သီဆိုကြတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် Suicide Silence တို့ဟာ မက်တယ်ဂီတလောကထဲကို ၂၀၀၇ ခုနှစ်မှာထွက်ခဲ့တဲ့ The Cleansing အမည်ရတဲ့ အယ်လ်ဘန်နဲ့ ဝင်ရောက်ခဲ့တယ်။ အခွေထွက်ထွက်ချင်းမှာပဲ အောင်မြင်မှုတွေရရှိခဲ့ပြီး မက်တယ်သမားတွေရဲ့ ဂီတပွဲတော်ကြီးဖြစ်တဲ့ Mayhem Music Festival ကြီးမှာ ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ခံရတ ယ်။ death growls အသံနဲ့ ညာသန်စူးစူးနဲ့ pitch အမြင့်တွေကို တလှည့်စီအော်ပြီး အမိုက်စားသီဆိုတဲ့ အဆိုတော်မစ်ခ်ျကို မက်တယ်ဂီတသမားတွေ သတိမပြုပဲ မနေနိုင်ဘူး။ ပရိတ်သတ်ရဲ့အချစ်တော် ချက်ချင်းဖြစ်သွားတာပါ။
အဲဒီနောက်မှာ ဖြေဖျော်ပွဲတွေ ဆက်တိုက်လုပ်ဖြစ်တယ်။ မက်တယ်လောကရဲ့ သြဇာအရှိဆုံးဆရာကြီးတွေဖြစ် တဲ့ Black Label Society အပါဝအဝင် Static X, Mudayne, Bury Your Dead အစရှိတဲ့မက်တယ်ဝိုင်းတွေနဲ့ အတူ ခရီးထွက်ပြီး ဖျော်ဖြေခွင့်ရရှိခဲ့တယ်။ ဒါ့အပြင် Warped Tour 2010 မှာလဲ အားပါးတရဖျော်ဖြေခဲ့ပါသေးတယ်။
၂၀၀၉ မှာထွက်ခဲ့တဲ့ No Time to Bleed နဲ့ ၂၀၁၁ မှာထွက်ခဲ့တဲ့ The Black Crown အယ်လ်ဘန်တို့မှာ ဒရမ်ဖြစ်တဲ့ Alex Lopez ရဲ့ double bass drumming, blast beats တွေကိုအသုံးပြုထားတဲ့ အမိုက်စား ဒရမ်တွေဟာ Suicide Silence ရဲ့ ပရိတ်သတ်တွေ စွဲလမ်းရတဲ့အကြောင်းအရင်းများစွာထဲက တခုဖြစ်ခဲ့ပါတယ်။
၂၀၁၂ Halloween (အောက်တိုဘာ ၃၁ ရက်နေ့) ညမှာတော့ ဆိုးဝါးလှတဲ့ အဖြစ်သနစ်တခုကို Suicide Silence ဝိုင်းဟာ ခါးစည်းပြီးခံစားခဲ့ကြရပါတော့တယ်။ အဆိုတော်မစ်ခ်ျဟာ အရက်မူးပြီးတော့သူ့အချစ်တော် ဟာလေးဒေးဗစ်ဆင်ဆိုင်ကယ်ကြီး မောင်းပြီး အပြင်ထွက်သွားတယ်။ အရှိန်မထိန်းနိုင်ဖြစ်ပြီး ဓါတ်တိုင်ကို ဝင်တိုက်မိတာပါ။ ဆိုးဆိုးဝါးဝါးဒဏ်ရာရပြီး ဆေးရုံကို ချက်ချင်းပို့ပေမယ့် နောက်တရက် နိုင်ဝင်ဘာ (၁) ရက်နေ့မှာ ဆုံးပါးသွားခဲ့တယ်။ ဒါဟာ မက်တယ်လောကကြီးတခုလုံးအတွက် ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ အဲဒီအချိန်မှာ မစ်ခ်ျဟာ အသက်က (၂၈)နှစ်ပဲရှိပါသေးတယ်။
ရုတ်တရက်ချက်ချင်းကြီးမှာ ဝိုင်းသားတွေအနေနဲ့ ဘာဆက်လုပ်ရမယ် မသိပါဘူး။ ဒါဟာ တီးဝိုင်းပျက်ဖို့ဖြစ်လာတယ် လို့ ထင်မြင်ချက်တွေပေးကြတယ်။ သူတို့ကို အပြစ်မပြောလိုပေမယ့် ကျန်ရစ်သူ ဝိုင်းသားတွေမှာ ရှေ့ဆက်ဖို့အဖြေမရှိဘူး။ ဂစ်တာသမား ခရစ်စ်ဂါဇာ ပြောတာကတော့ပြတ်သားတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် မစ်ခ်ျမပါပဲ တီးဝိုင်းကိုဆက်တောင်မလုပ်ချင်ဘူး။ ဒါပေမယ့် သွားလေသူ မစ်ခ်ျမျက်နှာနဲ့ ဆက်လုပ်မှဖြစ်မယ်လို့ ငါယုံကြည်တယ်။ မစ်ခ်ျ ချစ်တဲ့ ဒီဝိုင်းကို ဆက်လုပ်ခြင်းဟာ သူ့သက်ရှိထင်ရှားဖြစ်နေသေးတ ယ်လို့ ငါတို့ကို ခံစားရစေတယ်။ ဒီတီးဝိုင်းကို ဆက်မလုပ်ရင် သူငယ်ချင်းလဲဖြစ် တီးဝိုင်းထူထောင်သူအချင်းချ င်းလဲဖြစ်တဲ့ မစ်ခ်ျကို မလေးစားရာရောက်မယ်။ ဒါကြောင့် ငါတို့ဆက်လုပ်ဖြစ်တယ်။“
ဒီလိုနဲ့ Suicide Silence တီးဝိုင်းသားတွေရဲ့ သူငယ်ချင်းလဲဖြစ် မက်တယ်အသိုင်းအဝိုင်းထဲမှာ ရင်းနှီးပြီးသားဖြစ်တဲ့ All Shall Perish ဝိုင်းက အဆိုတော် Eddie ကို Suicide Silence ဝိုင်းမှာ သီဆိုဖို့ ဖိတ်ခေါ်ခဲ့တယ်။ အစကတော့ သူ့ရဲ့မူလဝိုင်းမှာလဲဆို Suicide Silence မှာလဲ ဆိုဖို့ပါပဲ။ အခွေသစ်ဖြစ်တဲ့ You Can't Stop Me အသံသွင်းနေတုန်းမှာ ဝိုင်းအဟောင်းနဲ့ပြသနာတက်ပြီး Suicide Silence တခုထဲမှာပဲ ဆက်ဆိုဖို့ဖြစ်လာတယ်။
ဒီအခွေအသစ်ထဲက ခေါင်းစီးသီချင်းဖြစ်တဲ့You Can't Stop Me သီချင်းဟာ သွားလေသူး မစ်ခ်ျအသံသွင်းဖို့ရေးသားထားတဲ့သီချင်းဖြစ်ပါတယ်။ ဒီအယ်လ်ဘန်ဟာ ထွက်ထွက်ချင်းမှာပဲ အရောင်းရဆုံးစာရင်းတွေထဲမှ နံပတ် (၂) နေရာတက်ပြီးယူရလောက်အောင် အောင်မြင်ခဲ့ပါတယ်။
Mitch Lucker လို့အမည်ရတဲ့ မက်တယ်ဂီတ ပါရမီရှင်တယောက်ဆုံးရှုံးခဲ့ ပေမယ့် သွားလေသူကို လေးစားသမှုနဲ့ တီးဝိုင်းကိုဆက်ပြီးအသက်ရှင်အောင်ဖန်တီးခဲ့ကြသူတွေရဲ့ စိတ်ဓါတ်ပြင်းပြမှုကို မက်တယ်ပရိတ်သတွေ မလေးစားပဲ မနေနိုင်ဘူး။ သွားလေသူ မစ်ခ်ျဟာ ကောင်းကင်ဘုံကနေပြီး အသွင်သစ်နဲ့ Suicide Silence ဝိုင်းသားတွေကို ကျေကျေနပ်နပ်ကြီးပြုံးပြီြး ကည့်နေမယ်လို့ ထင်မြင်ယူဆမိကြောင်းပါ။
ခင်တဲ့
ကိုဝီ
မှတ်ချက်။ ။ အင်တာနက်ကွန်နက်ရှင်ကောင်းသူများ ယူကျူ့မှာ မစ်ခ်ျအမှတ်တရပွဲလုပ်ထားတာေ လး ကြည့်ရှု့နိုင်ပါတယ်။ Ending Is the Beginning: The Mitch Lucker Memorial Show လို့အမည်ရပါတယ်။ အရမ်းကြည့်လို့ကောင်းပါတယ်။
---------
၂၀၀၂ ခုနှစ်မှာ မက်တယ်ဂီတလောကထဲမှာ တန်ဖိုးဖြတ်မရတဲ့ ချာတိတ်တယောက် ခြေစုံပစ်ပြီးဝင်လာခဲ့တယ်။ လူက ပိန်ပိန်သွယ်သွယ်။ မတိုမရှည်ဆံပင်က မျက်ခုံးမွှေးအထိဖုံးနေပြီး တကိုယ်လုံးမှာ ဆေးမှင်ကြောင်အပြည့်နဲ့။ မျက်နှာပေါ်မှာ ဂျပန်ဘာသာစကားနဲ့ထိုးထားတဲ့
သြော်...ဒါနဲ့။ သူပင်တိုင်သီဆိုပြီး တည်ထောင်ခဲ့တဲ့ တီးဝိုင်းနာမည်ကတော့ Suicide Silence ဖြစ်ပြီး အကြမ်းစား Deathcore သီချင်းတွေကို သီဆိုကြတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် Suicide Silence တို့ဟာ မက်တယ်ဂီတလောကထဲကို ၂၀၀၇ ခုနှစ်မှာထွက်ခဲ့တဲ့ The Cleansing အမည်ရတဲ့ အယ်လ်ဘန်နဲ့ ဝင်ရောက်ခဲ့တယ်။ အခွေထွက်ထွက်ချင်းမှာပဲ အောင်မြင်မှုတွေရရှိခဲ့ပြီး မက်တယ်သမားတွေရဲ့ ဂီတပွဲတော်ကြီးဖြစ်တဲ့ Mayhem Music Festival ကြီးမှာ ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ခံရတ
အဲဒီနောက်မှာ ဖြေဖျော်ပွဲတွေ ဆက်တိုက်လုပ်ဖြစ်တယ်။ မက်တယ်လောကရဲ့ သြဇာအရှိဆုံးဆရာကြီးတွေဖြစ်
၂၀၀၉ မှာထွက်ခဲ့တဲ့ No Time to Bleed နဲ့ ၂၀၁၁ မှာထွက်ခဲ့တဲ့ The Black Crown အယ်လ်ဘန်တို့မှာ ဒရမ်ဖြစ်တဲ့ Alex Lopez ရဲ့ double bass drumming, blast beats တွေကိုအသုံးပြုထားတဲ့ အမိုက်စား ဒရမ်တွေဟာ Suicide Silence ရဲ့ ပရိတ်သတ်တွေ စွဲလမ်းရတဲ့အကြောင်းအရင်းမျ
၂၀၁၂ Halloween (အောက်တိုဘာ ၃၁ ရက်နေ့) ညမှာတော့ ဆိုးဝါးလှတဲ့ အဖြစ်သနစ်တခုကို Suicide Silence ဝိုင်းဟာ ခါးစည်းပြီးခံစားခဲ့ကြရပါတေ
ရုတ်တရက်ချက်ချင်းကြီးမှာ ဝိုင်းသားတွေအနေနဲ့ ဘာဆက်လုပ်ရမယ် မသိပါဘူး။ ဒါဟာ တီးဝိုင်းပျက်ဖို့ဖြစ်လာတယ်
“ပွင့်ပွင့်လင်းလင်းပြောရရင
ဒီလိုနဲ့ Suicide Silence တီးဝိုင်းသားတွေရဲ့ သူငယ်ချင်းလဲဖြစ် မက်တယ်အသိုင်းအဝိုင်းထဲမှာ ရင်းနှီးပြီးသားဖြစ်တဲ့ All Shall Perish ဝိုင်းက အဆိုတော် Eddie ကို Suicide Silence ဝိုင်းမှာ သီဆိုဖို့ ဖိတ်ခေါ်ခဲ့တယ်။ အစကတော့ သူ့ရဲ့မူလဝိုင်းမှာလဲဆို Suicide Silence မှာလဲ ဆိုဖို့ပါပဲ။ အခွေသစ်ဖြစ်တဲ့ You Can't Stop Me အသံသွင်းနေတုန်းမှာ ဝိုင်းအဟောင်းနဲ့ပြသနာတက်ပြ
ဒီအခွေအသစ်ထဲက ခေါင်းစီးသီချင်းဖြစ်တဲ့You
Mitch Lucker လို့အမည်ရတဲ့ မက်တယ်ဂီတ ပါရမီရှင်တယောက်ဆုံးရှုံးခဲ့
ခင်တဲ့
ကိုဝီ
မှတ်ချက်။ ။ အင်တာနက်ကွန်နက်ရှင်ကောင်းသ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။