Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 29, 2014

"ထူးအိမ်သင် ၁၀ နှစ်ပြည့်ပွဲတော်အား ပြန်လည်သုံးသပ်ခြင်း"

"ထူးအိမ်သင် ၁၀ နှစ်ပြည့်ပွဲတော်အား ပြန်လည်သုံးသပ်ခြင်း"

မင်္ဂလာပါ မိတ်ဆွေတို့ ..

အားလုံးသိတဲ့အတိုင်း ထူးအိမ်သင် (၁၀) နှစ်ပြည့်ညဟာ အမာခံပရိသတ်တွေကိုသာမက အဆိုတော်တွေအားလုံးကိုပါ အကြီးအကျယ် ဂယက်တွေရိုက်ခဲ့တာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။
တစ်ချို့ကဆို ဒါဟာ လက်ရှိအဆိုတော်တွေကို အဆိုပညာ စာမေးပွဲစစ်လိုက်တဲ့ညလို့လဲ ပြောနေကြတယ်။
ပြောမယ်ဆိုရင်လဲ ပြောရလောက်အောင် အလွဲအမှားတွေ အများကြီးနဲ့ အကျည်းတန်ခဲ့တဲ့ အခိုက်အတန့်တွေအများကြီးလဲ တစ်ကယ်ရှိခဲ့ပါတယ်။

ဒီပွဲကို IC နဲ့ ကိုလေးဖြူတို့ရဲ့ Unbroadcast Opening Act ကလွဲပြီး ကျွန်တော်အစအဆုံး Live ထိုင်ကြည့်ခဲ့တော့ ကျွန်တော် သတိထားမိတာတွေ အများကြီးရှိပါတယ်။
ကျွန်တော့်အမြင်ဟာ ရာနှုန်းပြည့် မှန်မမှန်ဆိုတာကတော့ ပွဲမှာ ကိုယ်တိုင်သီဆိုခဲ့သူတွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ဒါမျိုးတွေ နောက်တစ်ခါ ကြုံလာခဲ့ရရင် ဖန်တီးသူတွေဖက်ကလဲ ခုလို အမှားအယွင်းတွေမလုပ်မိအောင်ဝေဖန်ခံရတာတွေနည်းနိုင်သမျှနည်းအောင် ဆိုတဲ့ စေတနာနဲ့ ကျွန်တော် လေ့လာထားသမျှ အသိဥာဏ်နဲ့ ဖက်လိုက်ခြင်းကင်းစွာ သုံးသပ်တင်ပြလိုက်ပါတယ်။

(၁) ထူးအိမ်သင်၏ နာမတော်အရှိန်အဝါ နှင့် ပရိသတ်အမုန်းကိုကြောက်ရွံ့ခြင်း (Overwhelmingness & Fear of Rejection)

ယနေ့ သက်ရှိရှင်သန်နေတဲ့ မြန်မာဂီတသမားအားလုံး ထူးအိမ်သင်ဆိုတဲ့ ပဂ္ဂိုလ်ကို စူးနစ်လှိုက်လှဲစွာ လေးစားချစ်ခင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

ကမ္ဘာမှာ အနောက်တိုင်းတေးဂီတမျိုးဆက်အတွက် Michael Jackson မပေါ်ခင် Elvis Presley လို ဂီတရဲ့ မဟာဂရုကြီးတွေ တွေရှိခဲ့ပေမယ့် မြန်မာပြည်မှာကတော့ ထူးအိမ်သင်တစ်ယောက်ထည်းသာရှိခဲ့တာပါ။
ပိုထူးခြားတာက ကိုငှက်ကြီးဟာ အဆိုတင်မဟုတ်ဘဲ အရေး အတီး အတွေးအခေါ် လေ့လာမှု အသိပညာ အားလုံးမှာ သူမတူအောင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ မဟာပညာရှင်တစ်ယောက်ဆိုတာ ဂီတ လောကတစ်ခုလုံး တူညီစွာနားလည်လက်ခံထားကြပါတယ်။

ဒီတော့ သူလိုဆရာကြီးရဲ့ သီချင်းတွေကို ပြန်ဆိုဖို့ဆိုတာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဆိုတဲ့ ဖိအားကြီးက အဆိုတော်တွေရဲ့ ရင်ထဲမှာ ပွဲမစခင်ကထည်းက ခြောက်လှန့်နေခဲ့မှာပါဘဲ။
အထူးသဖြင့် ကိုငှက်ကြီးဟာ အနုပညာနဲ့ပါတ်သက်ရင် မာန သစ္စာ သီလ ပညာ တွေတင်မက အနုပညာအတ္တ ပါ အင်မတန်ကြီးမားတဲ့သူပါ။ ဒါ သူနဲ့ အနီးစပ်ဆုံး ပေါင်းခဲ့ အတူနေထိုင်ခဲ့ဖူးသူတွေ အသိဆုံးပါ။

သူဟာ သူရေးခဲ့တဲ့စာသားလေးတွေ ဖန်တီးခဲ့တဲ့ သီချင်းလေးတွေကို သူဖြစ်စေချင်တဲ့ Quality Standard ကို မမှီမှာစိုးရိမ်လို့ ဘယ်သူ့ကိုမှတောင် ပေးမဆိုချင်တော့တဲ့ထိ ပညာအတ္တလဲကြီးမားခဲ့တဲ့သူတစ်ယောက်ပါ။
သူသာ ဝမ်းရေးအတွက် ပိုက်ဆံဆိုတာကို ခေါင်းထဲထည့်စရာမလိုခဲ့ဘူးဆိုရင် သူ့သီချင်းတွေအားလုံးကို ဘယ်တော့မှ ငွေကြေးနဲ့ရောင်းချခဲ့မှာ မဟုတ်ပါဘူးလို့ သူကိုယ်တိုင် ဝန်ခံခဲ့ဖူးပါတယ်။

သူနာမည်စကြီးပြီး ၁၉၈၉ ခုနှစ်လောက်မှာ မဆွေ (မေဆွိ) ကို "ဂျပ်ဆင်ထိပ်ကလရိပ်ပြာ" ဆိုတဲ့ ကိုယ်ပိုင်သံစဉ်တေးစီးရီးတစ်ခွေမှာ မောင်သစ်မင်း ၊ ဇော်မိုးအောင် ၊ မောင်ဇော်သစ် တို့နဲ့အတူ သီချင်းအချို့ ဝင်ရေးပေးခဲ့ဖူးပါတယ်။
အဲ့လိုဘဲ ကိုအောင်ရင်ကို ထိပ်တန်းအဆိုတော်ဖြစ်သွားစေခဲ့တဲ့ "မင်းမရှိတဲ့နောက်" ဆိုတဲ့ ပွဲဦးထွက်ခွေမှာလဲ "မင်းမရှိတဲ့နောက်" "အခါလွန်တဲ့မိုး" အစရှိတဲ့ သီချင်းတွေရေးပေးခဲ့ဖူးပါတယ်။
အဲ့လိုဘဲ သူ သိပ်ချစ်ခင်တဲ့သူတွေကို ရေးပေးခဲ့တဲ့တေးတွေထဲက တစ်ချို့ကို သူအရမ်းကြိုက်လွန်းလို့ သူ့ဖာသာပြန်ဆိုချင်တဲ့ အတ္တကိုသွယ်ဝိုက်ညွှန်းဆိုပြီး "အတ္တပုံဆောင်ခဲများ" ဆိုတဲ့ ခွေတစ်ခွေကိုဖန်တီးပြီး တေးတစ်ချို့ကို ပြန်ဆိုဖြစ်ခဲ့သလို ..
သူ့ဖာသာဆိုထားတဲ့ သူ့သီချင်းတွေကိုတောင်မှ သူမအောင်မြင်ခင် နည်းပညာအားနည်းချက်တွေကြောင့် စိတ်ကြိုက် မဖန်တီးနိုင်ခဲ့တဲ့ သီချင်းတွေကိုလဲ Version အသစ်တွေ ပြန်တီးပြန်ဆိုပြီး ပြန်ထုတ်ခဲ့ပါသေးတယ်။
ဂီတသမားတစ်ချို့က ထူးအိမ်သင် အဟောင်းတွေနဲ့ဘဲ လုပ်စားတယ်လို့ ပျက်ရယ်ပြုခဲ့ကြတာရှိပေမယ့် ပုရိသတ်ဟာ သူ့ရဲ့ ချစ်စရာကောင်းတဲ့ အတ္တကို အခွေတိုင်းမှာ ရာနှုန်းပြည့် ထောက်ခံခဲ့ပါတယ်။

လိုရင်းပြောရရင် သိပ်တော်လွန်းလို့ သူဘာတွေလုပ်လုပ် ပုရိသတ်က အရိုးစွဲအောင် ချစ်စိတ်နဲ့ လက်ခံနားလည်မှုကို ပိုင်ဆိုင်ထားသေးတဲ့ထိ အင်မတန် အရှိန်အဝါကြီးလွန်းတဲ့ ထူးအိမ်သင်ရဲ့ သီချင်းတွေကို ပြန်ဆိုဖို့ဆိုတာ အဆိုတော်တိုင်း တော်တော်ဖြုံကြတဲ့ အလုပ်ပါ။
ဘယ်လောက်တော်တော် ဘယ်လောက်ကောင်းကောင်း အကောင်းပြောခံရဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှိမှန်း အတွေ့အကြုံအရ အဆိုတော်တိုင်း ကြိုနားလည်ပြီးသားပါ။
ဒီအချက်ဟာ အဆိုတော် တော်တော်များများ ဝါနုစဉ်က Live Show တွေမှာ ဖြစ်တတ်တဲ့ Stage Fright ခေါ် စင်/ပရိသတ် ကြောက်တဲ့ စိတ်ကို ကိုယ်စီ ပြန်လည် နိုးထစေခဲ့ပါတယ်။
ဒါမျိုးဟာ ဆိုသက် ဘယ်လောက်ရင့်နေပါစေ ကိုယ်ပြန်ဆိုရမယ့်သီချင်းဟာ သိပ်အရေးကြီးနေပြီဆိုရင် အမေရိကန်အဆိုတော်တွေတောင်မှ ဖြတ်သန်းနေရဆဲ ပြဿနာတစ်ခုပါ။

(၂) ကြိုတင်အရှုံးပေးထားမိခြင်းကြောင့် ယုံကြည်မှုပျောက်ကွယ်နေခြင်း (Loss of Confidence due to {Pre} Under Expectation)

ဒီပွဲကို စလုပ်မယ် အသံတွေထွက်ကထည်းက ထူးအိမ်သင် အမာခံပရိသတ်တွေက စကလော်တုတ်နေတာတွေကို အများနည်းတူ FB Account + Internet Access တွေရှိနေတဲ့ အဆိုတော်တွေ မကြားမမြင်ဘဲ မနေပါဘူး။
ဒီတော့ သူတို့မှာ ပွဲဖြစ်အောင် ဝိုင်းကူညီချင်စိတ်နဲ့ လာသာဆိုရတာ အများစုက ငါတို့ ဘယ်လို ကောင်းအောင် ဆိုဆို ဆဲကြမှာပါဘဲ ဆိုတဲ့ အငုံ့စိတ်က အပြင်းအထန် ဖိစီးတာကို ကြိုခံနေရကြတာပါ။
ဒါကြောင့် သီဆိုသူ အများစုဟာ လွတ်လပ်ပျော်ရွှင်တဲ့ Performance ကို ပြည့်ဝစွာ ပြသနိုင်စွမ်းမရှိတော့ဘဲနဲ့ဒီပြစ်ကွင်းထဲက ဘယ်လို မြန်မြန် အသက်လွတ်အောင်ပြေးရပါ့မလဲ ဆိုတဲ့ ကြောက်စိတ်မျိုးနဲ့ ဆိုသွားကြတဲ့ စိတ်အနေအထားတွေရှိနေကြပါတယ်
ဒီလို အကြီးအကျယ် Nervous ဖြစ်လာတာဟာလဲ အမှားများစွာကို ပြုမိစေတဲ့ အဓိက အချက်တစ်ရပ်ဖြစ်လာပါတယ်။

အဆိုတော် အားလုံးနီးပါး ခုလို အခြေအနေတွေကို ဖြတ်သန်းရတဲ့ အခါမှာ အဓိက ဖြစ်လေ့ဖြစ်ထရှိတာ နှစ်မျိုးကတော့ ..

(၁) Loss of Short Term Memory (ယာယီမှတ်ဥာဏ်ပျောက်ဆုံးခြင်း)
အဲ့ဒိအခါမှာ တစ်သက်လုံးက မှတ်မိနေတဲ့ စာသားတွေ အဝင်အထွက်တွေကိုတောင် မေ့လျော့သွားတတ်ကြပါတယ်။
(၂) Loss Of Synchronizability (ဆက်စပ်ငြှိနှိုင်း ဆောင်ရွက်နိုင်စွမ်းမဲ့သွားခြင်း)
အနောက်က တီးနေတဲ့ Tempo (စည်းချက်) ၊ Pitch (မူရင်းကီးအသံ) တို့နဲ့ စာသားကို ချိတ်ဆက်မိအောင် မဆိုနိုင်တော့ဘဲ ကီးတွေလွဲ အနှေးအမြန် (နရီ) တွေအကုန် စလွဲကုန်ပါတော့တယ်။

ဒါဆို အဲ့ဒိညက ဖြစ်ခဲ့တဲ့ အမှားတစ်ချို့ကို နားလည်လက်ခံပေးနိုင်လောက်ပြီလို့ ထင်ပါတယ်။

(၃) နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ပံ့ပိုးမှု နှင့် အတွေ့အကြုံ အားနည်းခြင်း (Lack of Preparation, Knowledge & Experience in Technicality)

ဒီလောက်များပြားတဲ့ လူဦးရေ ကို Live Show လုပ်မယ်ဆိုရင် Sound Engineer တွေ အများကြီးလိုအပ်သလို စက်ပစ္စည်းတွေ အများကြီး အတွက် ပြင်ဆင်မှုတွေလိုပါတယ်။

(၁) Live Show လုပ်တော့မယ်ဆိုရင် ပါဝင်မယ့် အဆိုတော်တွေ အတီးသမားတွေ တိုင်းရဲ့ နားရွက် အတွင်းပိုင်းတွေကို Molding နဲ့ (ပုံစံခွက်) အရင်ယူရပါတယ်။
အဲ့ဒိ တစ်ယောက်ချင်းစီရဲ့ နားခွက်အတိအကျအတိုင်း High Powered Ear Phone လေးတွေကို အရင်ထုတ်လုပ်ပြီးမှ Rehearsal လုပ်တဲ့အခါမှာ Singer/Player တစ်ဦးချင်းဆီရဲ့ မတူညီတဲ့ အကြား Level တွေပေါ်မူတည်ပြီး Wireless Receivers တွေနဲ့ Main Mixer တွေမှာ သူတို့ တစ်ယောက်ချင်းဆီအတွက် အသံအတိုးအကျယ်ကို ချိန်ပေးရပါတယ်။
စင်ပေါ်က လူတွေ ကြားရတာ Perfect ဖြစ်မှ ပရိသတ်တွေကိုလဲ Perfect တီးဆို ပေးနိုင်မှာပါ။
ဒါပေမယ့် အဲ့ဒိလို လုပ်တာ ဒေါ်လာ သိန်းဂဏန်းနဲ့ ချီပြီးကုန်နိုင်ပါတယ်။
ခုပွဲမှာ ဒီလောက်ထိငွေကုန် မခံနိုင်တာ သေချာပါတယ်။ ဒါကြောင့်လဲ အဆိုတော် တော်တော်များများဟာ Speaker အကြီးကြီးတွေက ထွက်နေတဲ့ Watt အများကြီးနဲ့ နားမခံနိုင်လောက်အောင် ဆူညံနေတဲ့ အသံတွေကြားမှာ သူတို့ Vocal အသံကိုရော Harmony အသံတွေကိုရော Band ရဲ့ Instrument အသံတွေကိုရော လုံးထွေးနေပြီး သေချာ မကြားရတော့ သူတို့ နဲ့ Band တီးနေတဲ့ Key နဲ့ ဆိုတဲ့ကီးတွေ တစ်လွဲဆီဖြစ်နေခဲ့ပါတယ်။

(၂) Rehearsal လုပ်တဲ့အခါမှာ Harmony နဲ့ EQ + Volume Level Setting တွေအားလုံးကို Data အနေနဲ့ တစ်ခါထဲ Main Mixer Controll Board နဲ့ Sync လုပ်ထားတဲ့ Computer ထဲမှာ Record လုပ်ထားရပါတယ်။
နားလည်လွယ်အောင်ပြောရရင် နီနီခင်ဇော် နဲ့ IC နဲ့ ဆိုမယ့် သီချင်းကို တိုက်နေတဲ့ အချိန်မှာ Sound Engineer က Track တိုင်းရဲ့ အတိုးအကျယ်ကို လိုက်ထိန်းနေသမျှကို Computer က အကုန် မှတ်ထားပါတယ်။
ပြီးတော့ Emperor နဲ့ ကို ညီထွဋ် တိုက်တော့လဲ အဲ့လိုဘဲ မှတ်ထားပါတယ်
တစ်ကယ်လဲ ဆိုတဲ့ အခါကျတော့ Computer က အဲ့ဒိ Setting တွေ ကို သီချင်း File အမည်လေး နှိပ်ခေါ်လိုက်တာနဲ့ Mixer ကြီးတစ်ခုလုံးမှာ လက်မပါဘဲ ဖြောက်ဖြောက်ဖြောက်ဆို စက္ကန့်ပိုင်းအတွင်းရွှေ့ပေးသွားတော့ အတီးအဆို Volume + EQ Level ၊ Effect အားလုံးက တိုက်ထားတဲ့နေ့ကအတိုင်း Perfect ဖြစ်သွားပါတယ်။
မြန်မာပြည်မှာ အဲ့လို Motorized Mixer စက်တွေရှိပါတယ် ဒါပေမယ့် Recording လုပ်ဖို့ဘဲ သုံးကြပြီး Live Show အတွက်တော့ အချိန်ကုန်လွန်းလို့ မသုံးနိုင်ကြပါဘူး။ အချိန်ကုန်တော့ ပိုက်ဆံလဲကုန်ပါတယ်။

ဒါပေမယ့် အဲ့ဒိညကဘာလို့ တစ်ချို့ကျတော့ ကောင်းနေတာလဲလို့ မေးစရာရှိမှာပါ။
ဒါကိုတော့ စိတ်ပညာကသာ အဖြေပေးနိုင်ပါတယ်။
ဒီနေရာမှာ တစ်လွဲ နားမလည်ပါနဲ့လို့ ကြိုပြောချင်ပါတယ်။
ရည်းစားစကားပြောတဲ့အခါကို သတိရကြမှာပါ။
ချစ်စကားဆိုတဲ့ အခါ ပိုချစ်မိတဲ့သူ သို့မဟုတ် ပိုအတွေ့အကြုံနည်းတဲ့သူက ပိုတုန်လှုပ်လေ့ရှိပြီး သိပ်မချစ်တဲ့သူ သို့မဟုတ် အတွေ့အကြုံများပြီးသားသူက မတုန်မလှုပ် ဖွင့်ပြောနိုင်ပါတယ်
အဲ့ဒါဟာ အချစ် Love ၊ အတွေ့အကြုံ Experience ၊ ယုံကြည်မှု Confidence ဆိုတာ ၃ ခု ပေါင်းထားတဲ့ ရလာဒ်အဖြေပါဘဲ။

ချမ်းချမ်းတို့ နီနီခင်ဇော်တို့ ကောင်းကောင်းတို့ ဆိုတာ အသံတွေ ကောင်းနေတာဟာ သူတို့ရဲ့ အဆိုပညာတစ်ခုထဲမဟုတ်ဘဲ ယုံကြည်မှုနဲ့လဲ ဆိုင်သလို ကိုငှက် ကို ဘယ်လာက် သူတို့ ချစ်ကြောက်လေးစားသလဲ ဆိုတာပေါ်မှာလဲ မူတည်ပါတယ်။
သူတို့ ချစ်ပေမယ့် ကြောက်ချင်မှကြောက်ပါလိမ့်မယ်။ နောက်ပြီး အထူးသဖြင့် ချမ်းချမ်းရော နီနီခင်ဇော်ရော နှစ်ယောက်လုံးဟာ အဆိုပညာကို ပိုင်နိုင်မှန်း သူတို့ဖာသာသိတဲ့ ယုံကြည်မှု အပြည့်ရှိပါတယ်။
နောက်ပြီး သူတို့ ခေါင်းက အေးနေတဲ့ အခါမှာ သူတို့ ကြားနေရတဲ့ တီးလုံးသံတွေ တိုးနေ လျော့နေပေမယ့် သူတို့ ဆိုရမယ့် Key ထဲမှာ မချော်မတိမ်း ဆက်ထိန်းနိုင်စွမ်းရှိကြပါတယ်။
ဒါဟာလဲ ကြီးတာ ငယ်တာ နဲ့ မဆိုင်တဲ့ အဆိုပညာရဲ့ သင်ယူလို့မရတဲ့ မွေးရာပါ သမ္ဘာ တစ်ခုပါဘဲ။
ဒီတော့ သူတို့ ဘာမှ မပူပင်နေဘဲ ရဲရဲရင့်ရင့် ဆိုသွားတဲ့အခါ အားလုံး ချောမွေ့နေပါတယ်။

ဒါပေမယ့် G-Latt တို့ လို ကိုငှက်ကြီး နဲ့ နီးနီးကပ်ကပ်နေဖူးတဲ့သူတွေမှာ ကိုငှက်ကို တစ်ကယ်ချစ်လွန်း လေးစားလွန်းတဲ့ သတိရလွန်းတဲ့စိတ်တွေ အပါအဝင် ဒီပွဲကြီးမှာ မှားခဲ့ရင်ဆိုတဲ့ Pressure တွေ ပေါင်းလိုက်တဲ့ အခါ သူတို့ ပင်ကိုယ်ရှိပြီးသား တစ်ကယ့် Basic အခြေခံ အဆိုပညာလေးတွေကိုတောင် အထက်မှာ ရှင်းပြထားတဲ့ ပင်မအချက် (၂) က ဖိအားကြောင့် မေ့သွားသလို Sound Engineering ရဲ့ ချို့တဲ့မှုတွေကြောင့် အသံတွေကိုပါ အပြည့်အစုံမကြားရတော့တဲ့အခါ တစ်လွဲတွေ စလုပ်မိပါတော့တယ်။
G-Latt ကို ဥပမာ အနေနဲ့ဘဲပြောထားတာပါ သူတစ်ယောက်ထဲ မဟုတ်ပါဘူး အဲ့လို ဖြစ်ခဲ့ကြတဲ့ အကုန်လုံး တူတူပါဘဲ။
G-Latt ဟာ Vocal ကို Range အကျယ်ကြီး (ကီးအနိမ့်အမြင့်) နိုင်တဲ့သူပါ။ သူ ဒီသီချင်းတွေမျိုးကို တရေးနိုးတောင် ဆိုလို့ရပါတယ်။

အဲ့လိုဘဲ လာဆိုတဲ့ အဆိုတော်အကုန်လုံးဟာလဲ ကိုငှက်သီချင်းတွေ အားလုံးကို သူ့ထက် မသာတောင် နားထောင်လို့ကောင်းအောင် ဆိုနိုင်တဲ့သူတွေချည်းပါဘဲ။
ဘယ်သူကမှတော့ ပေါ့ပေါ့ဆဆ မထီမဲ့မြင် မလုပ်ခဲ့ပါဘူးဆိုတာ ကျွန်တော် သူတို့ အားလုံးကိုယ်စား ကျိန်တွယ်ပြောရဲပါတယ်။

ပြဿနာက ကျွန်တော်ပြောခဲ့တဲ့ အချက် သုံးချက် ကြောင့် အလွဲလွဲအချော်ချော် ဖြစ်ကုန်ခဲ့ရတာပါ။
တစ်ခုတော့ ရှိတာပေါ့လေ ဆိုခဲ့တဲ့ထဲမှာ ငါကတော့ ထူးအိမ်သင်ထက်တောင် တော်တဲ့ ဆရာကြီးပါ ဆိုတဲ့ Attitude နဲ့ ဆိုခဲ့တဲ့သူတွေလဲ ၃ ၄ ယောက်လောက်တော့ ပါပါတယ်။
ဘယ်သူတွေဆိုတာတော့ အားနာခြင်းအားဖြင့် မပြောတော့ပါဘူး။ အားလုံးလဲ သိကြပါတယ်။

အဲ့ဒိညက ကျွန်တော် သျှီ ကို သူနေမကောင်းဘူးဆိုတာ မသိဘဲ ဆိုနေတာကို အားမရလို့ ထရေးမိပါသေးတယ် သူသိချင်မှသိပါလိမ့်မယ်။
ဒါပေမယ့် ကျွန်တော် ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျွန်တော် မသိလို့ ပြောမိတာ သျှီ ကို တောင်းပန်ပါတယ်။

ကဲ သူငယ်ချင်းတွေအားလုံးလဲ အဆိုတော်တွေကို နားလည်ပေးနိုင်လောက်ပြီလို့ ထင်ပါတယ်။

အားလုံးရဲ့ ဒေါသတွေကို ဂီတရဲ့ အေးမြမှုနဲ့ ငြိမ်းသတ်နိုင်ပါစေ ...
ကိုငှက်ကြီးလဲ ကောင်းကင်ဘုံမှာ စိတ်ချမ်းသာစွာ တေးသီကျူးနိုင်ပါစေ ...
ဖြူဖြူလဲ ဂီတကို ဟန်ဆောင်ခြင်းကင်းစွာ ဖန်တီးနိုင်ပါစေ ...

သစ္စာအားဖြင့်

မျိုးချစ်မြန်မာ

#Credit : Myo Chit Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။