အလှမယ်နန်းခင်ဇေယျာက Miss international 2012 ပြိုင်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်ခင်က Tourist GUIDE
တစ်ယောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ၂ နှစ်လောက် Guide အလုပ်ကို လုပ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ခရီးသွားရတာကို ဝါသနာပါတဲ့အတွက် (၁ဝ)တန်းအောင်ပြီးတဲ့အချိန်မှာ Guide လုပ်ဖို့ ရွေး ချယ်ဖြစ်ခဲ့တယ်လို့ဆိုလာတဲ့ နန်းခင်ဇေယျာက Tourist Guide ဖြစ်ချင်သူများအတွက် ” ခရီးတွေသွားရင်းနဲ့အတွေ့အကြုံသစ်တွေ အများကြီးရ ခဲ့တယ်။ မြန်မာနိုင်ငံမှာ ဆိုလည်းအခုချိန်ထိ လေ့လာစရာတွေ အများကြီးကျန်သေးတယ်။
ဂိုက်တစ်ယောက်မှာရှိရမယ့် အရည်အချင်းက စာတွေအ များကြီးဖတ်ထားရုံနဲ့ မလုံလောက်ဘူး။ ဧည့် သည် တစ်ယောက်ကိုကိုယ်ကလမ်းညွှန်ပေးနိုင်ရမယ်။ ဧည့်သည်တစ်ယောက်သိချင်တာကို စိတ်ရှည်ရှည်နဲ့ရှင်းပြရမယ်။ ပြီးရင် နန်းခင်တို့ဆို စိတ်ထဲမှာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ ကိုယ့်စိတ်ထဲ မှာဘယ်လောက်ပဲစိတ်ညစ်စရာတွေရှိနေပါစေ ဧည့်သည် တွေနဲ့ခရီးသွားရင်အမြဲတမ်းပြုံး ရွှင်ရမယ်၊ဧည့်သည် သိချင် တာတွေ အားလုံး ကိုသေသေချာချာရှင်းပြနိုင်အောင်လေ့လာထားဖို့လည်းလိုပါတယ်” လို့ ပြောပြပါတယ်။
သိမ့်သိမ့်
popularmyanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။