==============
၊၊ ဟာသအတိုလေးများ ၊၊
==============
၁။ အငတ်ထားမယ်
အိပ်ပျော်ခါနီးမှ ခြင်တစ်ကောင် အကိုက်ခံလိုက်ရသူက ထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ ခြင်ထွက်မသွားဘူး။
“ကောင်းပြီ... မင်းမထွက်ရင် ငါထွက်တယ်ကွာ”
ပြောပြောဆိုဆို အိပ်ခန်းထဲကနေ ထွက်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။
ပြီးမှ အားရကျေနပ်ဟန်နဲ့...
“ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး၊ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်”
************************** **********
၂။ မှတ်ပြီလား
တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြ င့် ဆရာဝန်ထံသွားပြရာ...
ဆရာဝန် >> “ခင်ဗျားကဘာဖြစ်တာလဲ”
လူနာ >> “ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ”
ဆရာဝန် >> “အင်း... ခင်ဗျားအစားကို မှန်မှန်စားဗျာ၊ အဆီအဆိမ့်ကို လျှော့စား၊ အသီးအနှံတွေ များများစားပေးဗျ၊ အသီးအနှံစားရင်လဲ အခွံတွေကို ချန်မထားနဲ့ဗျ၊ အခွံတွေကလဲ အားရှိတယ်၊ ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ”
ထိုအခါ လူနာဖြေလိုက်သော အဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား...
လူနာ >> “အုန်းသီး”
************************** **********
၃။ နားလေးသူမို့ပါ
“ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား”
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ”
“ဒါဆို တဆိတ်ကူညီစမ်းပါဗျာ၊ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ၊ သူက နားနည်းနည်းလေးတယ်”
************************** **********
၎။ သူဘယ်မှာလဲ
ကိုလှ >> “ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ၊ ဘာဖြစ်နေတာလဲဗျ”
ကိုမြ >> “သွားကိုက်လို့ပါဗျာ၊ သွားဆရာဝန်ကောင်းကောင်း တစ်ယောက်လောက်ခင်ဗျားသိလား၊
နှုတ်ပစ်မလို့ အဲဒီသွားကို”
ကိုလှ >> “ဟာ... နှုတ်ပစ်စရာမလိုပါဘူးဗျာ၊ ကျနော့လိုလုပ်ပါလား၊ ဟိုနေ့က ကျနော်လဲ သွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး နှုတ်ခမ်းချင်းစုပ်ပြီး နမ်းလိုက်တာ ကောင်းသွားရောဗျ၊ ခင်ဗျားလည်း စမ်းကြည့်ပါလား”
ကိုမြ >> “ဟာ... အဲဒါဆိုမဆိုးဘူးဗျ၊ ကျနော်စမ်းကြည့်မယ်ဗျာ၊ ဘယ်မှာလဲ ခင်ဗျားမိန်းမ”
************************** **********
၅။ မိုးရွာမှကျတာ
“အိမ်ခေါင်မိုးပေါ်က ရေတွေဟာ ဒီလိုပဲ အမြဲကျနေမှာလား”
“အမြဲမကျပါဘူး၊ မိုးရွာမှကျတာပါ”
************************** **********
၆။ အထင်နဲ့အမြင်
“ကျွန်မသားလေး ရေနစ်တုန်းက ဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား”
“ဟုတ်ပါတယ်၊ ဒီလိုပေါ့ဗျာ၊ ကြုံကြိုက်လို့ ကယ်တာပဲဟာ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး”
“ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့်၊ သူ့လက်ကဟန်းချိန်းပါမလာလို့ ”
************************** **********
၇။ မမြှောက်ပါနဲ့ဗျာ
“မင်းခိုးတဲ့ပစ္စည်းတွေက အစုံပါပဲလားကွ၊ တီဗွီရယ်၊ အောက်စက်ရယ်၊ ရေခဲသေတ္တာရယ်၊ ပန်ကာရယ်၊ မီးခံသေတ္တာရယ်၊ အိမ်သားတွေ တစ်ယောက်မှ မနိုးစေဘဲ အပြင်ကို ဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ”
“ဟာ... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင် မြှောက်နေပြန်ပြီ”
************************** **********
၈။ ထင်တာကတခြား
တရားသူကြီး >> “တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား”
မိန်းကလေး >> “ဟုတ်ပါတယ်၊ တရားသူကြီးမင်း”
တရားသူကြီး >> “ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့ အော်ဟစ်အကူအညီမတောင်းခဲ့တာလဲ”
မိန်းကလေး >> “ကျွန်မနားကို အသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိ လို့ပါရှင်”
************************** **********
၉။ စနစ်တကျအသုံးပြုနည်း
“မနက်ကဝယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ၊ ဘယ်လိုဖြစ်တာရတာလဲ”
“အသုံးပြုပုံမှားလို့ဖြစ်ပါ လိမ့်မယ်၊ ကျွန်တော်တို့ ရောင်းတဲ့ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့ အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခ င်ဗျား”
************************** **********
၁၀။ ပိုက်ဆံမပေးရအောင်
ဖရဲသီးရောင်းသူ >> “လာနော်... လာနော်... ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”
ကလေးငယ် >> “အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ”
************************** **********
၊၊ ဟာသအတိုလေးများ ၊၊
==============
၁။ အငတ်ထားမယ်
အိပ်ပျော်ခါနီးမှ ခြင်တစ်ကောင် အကိုက်ခံလိုက်ရသူက ထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ ခြင်ထွက်မသွားဘူး။
“ကောင်းပြီ... မင်းမထွက်ရင် ငါထွက်တယ်ကွာ”
ပြောပြောဆိုဆို အိပ်ခန်းထဲကနေ ထွက်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။
ပြီးမှ အားရကျေနပ်ဟန်နဲ့...
“ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး၊ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်”
**************************
၂။ မှတ်ပြီလား
တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြ
ဆရာဝန် >> “ခင်ဗျားကဘာဖြစ်တာလဲ”
လူနာ >> “ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ”
ဆရာဝန် >> “အင်း... ခင်ဗျားအစားကို မှန်မှန်စားဗျာ၊ အဆီအဆိမ့်ကို လျှော့စား၊ အသီးအနှံတွေ များများစားပေးဗျ၊ အသီးအနှံစားရင်လဲ အခွံတွေကို ချန်မထားနဲ့ဗျ၊ အခွံတွေကလဲ အားရှိတယ်၊ ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗ
ထိုအခါ လူနာဖြေလိုက်သော အဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား...
လူနာ >> “အုန်းသီး”
**************************
၃။ နားလေးသူမို့ပါ
“ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား”
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ”
“ဒါဆို တဆိတ်ကူညီစမ်းပါဗျာ၊ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ၊ သူက နားနည်းနည်းလေးတယ်”
**************************
၎။ သူဘယ်မှာလဲ
ကိုလှ >> “ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ၊ ဘာဖြစ်နေတာလဲဗျ”
ကိုမြ >> “သွားကိုက်လို့ပါဗျာ၊ သွားဆရာဝန်ကောင်းကောင်း တစ်ယောက်လောက်ခင်ဗျားသိလား၊
နှုတ်ပစ်မလို့ အဲဒီသွားကို”
ကိုလှ >> “ဟာ... နှုတ်ပစ်စရာမလိုပါဘူးဗျာ၊ ကျနော့လိုလုပ်ပါလား၊ ဟိုနေ့က ကျနော်လဲ သွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
ကိုမြ >> “ဟာ... အဲဒါဆိုမဆိုးဘူးဗျ၊ ကျနော်စမ်းကြည့်မယ်ဗျာ၊ ဘယ်မှာလဲ ခင်ဗျားမိန်းမ”
**************************
၅။ မိုးရွာမှကျတာ
“အိမ်ခေါင်မိုးပေါ်က ရေတွေဟာ ဒီလိုပဲ အမြဲကျနေမှာလား”
“အမြဲမကျပါဘူး၊ မိုးရွာမှကျတာပါ”
**************************
၆။ အထင်နဲ့အမြင်
“ကျွန်မသားလေး ရေနစ်တုန်းက ဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား”
“ဟုတ်ပါတယ်၊ ဒီလိုပေါ့ဗျာ၊ ကြုံကြိုက်လို့ ကယ်တာပဲဟာ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး”
“ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့်၊ သူ့လက်ကဟန်းချိန်းပါမလာလို့
**************************
၇။ မမြှောက်ပါနဲ့ဗျာ
“မင်းခိုးတဲ့ပစ္စည်းတွေက အစုံပါပဲလားကွ၊ တီဗွီရယ်၊ အောက်စက်ရယ်၊ ရေခဲသေတ္တာရယ်၊ ပန်ကာရယ်၊ မီးခံသေတ္တာရယ်၊ အိမ်သားတွေ တစ်ယောက်မှ မနိုးစေဘဲ အပြင်ကို ဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ”
“ဟာ... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင် မြှောက်နေပြန်ပြီ”
**************************
၈။ ထင်တာကတခြား
တရားသူကြီး >> “တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား”
မိန်းကလေး >> “ဟုတ်ပါတယ်၊ တရားသူကြီးမင်း”
တရားသူကြီး >> “ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့ အော်ဟစ်အကူအညီမတောင်းခဲ့တာလ
မိန်းကလေး >> “ကျွန်မနားကို အသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိ
**************************
၉။ စနစ်တကျအသုံးပြုနည်း
“မနက်ကဝယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ၊ ဘယ်လိုဖြစ်တာရတာလဲ”
“အသုံးပြုပုံမှားလို့ဖြစ်ပါ
**************************
၁၀။ ပိုက်ဆံမပေးရအောင်
ဖရဲသီးရောင်းသူ >> “လာနော်... လာနော်... ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”
ကလေးငယ် >> “အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ”
**************************
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။