Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 27, 2014

မော်ဒယ်လ် သရုပ်ဆောင် အေးချမ်းမြတ်မိုး ဓားထိုး အသတ်ခံရသည့်သတင်း

မော်ဒယ်လ် သရုပ်ဆောင် အေးချမ်းမြတ်မိုး ဓားထိုး အသတ်ခံရသည့်သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝီစာရ အိမ်ရာမှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် တက်သစ်စ မော်ဒယ်လ် သရုပ်ဆောင် အေးချမ်းမြတ်မိုး ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်က ဓားထိုးခံရမှုကြောင့် သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ဒဂုံမြို့နယ် ရဲစခန်းရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခွဲ ခန့်မှာ မော်ဒယ်လ် အေးချမ်းမြတ်မိုးက ဦးဝိစာရ အိမ်ရာမှာရှိတဲ့ သူမနေထိုင်ရာ တိုက်ခန်း တတိယထပ်ကို တဦးတည်း ပြန်လာစဉ် အေးချမ်းမြတ်မိုးကို တဖက်သတ်ချစ်ကြိုက်နေခဲ့တဲ့ ကိုအံ့ဖြိုးပိုင် ဆိုသူက ဒုတိယထပ်လှေကားမှာကြိုတင်စောင့်ဆိုင်းပြီး မအေးချမ်းမြတ်မိုးရဲ့ လည်ပင်းကို ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့မော်ဒယ်လ်အေးချမ်းမြတ်မိုးရဲ့ အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးက ဧရာဝတီကို ပြောပြပါတယ်။

“ဘာအငြိုးအတေးရှိလို့ သတ်တယ်မသိဘူး။ ညီမလေး ပြန်မလာခင်ကတည်းက တိုက်ခန်းအောက်မှာ ထိုင်စောင့် နေတယ်လို့ မြင်တဲ့သူတွေကပြောပြတယ်။ ဒုတိယထပ်က ဝုန်းခနဲ အသံတချက်ကြားလိုက်တယ်။ ညီမလေး လည်ပင်းမှာ
သွေးတွေရွှဲလို့။ အမေရေ ကယ်ပါဦး ဆိုပြီး အခန်းဆီ ပြေးတက်လာတဲ့အချိန်ထိ ညီမလေးမှာ သတိရှိနေသေးတာ။ သွေး ထွက်တာလွန်နေပြီး အရေးပေါ်ရောက်မှ ဆုံးသွားတာ”လို့ မအေးချမ်းမြတ်ဖြိုး က အခင်းဖြစ်တဲ့ညက ဖြစ်စဉ်ကို ပြန်ပြောင်း ပြောဆိုပါတယ်။

လည်ပင်းကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ တရားခံ အံ့ဖြိုးပိုင်ကိုတော့ ဦးဝီစာရ အိမ်ရာဝန်းထဲမှာ နေထိုင်သူတွေက ၀ိုင်းဖမ်းဆီးပြီး ရဲစခန်းအပ်နှံလိုက်တယ်လို့ သိရပါတယ်။

အေးချမ်းမြတ်မိုး အသတ်ခံရတဲ့ အမှုကို ဒဂုံမြို့မ ရဲစခန်းမှာ ပ/၁၈၄/၁၄/ ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲစခန်းမှူး ရဲအုပ် ဇာနည်ထွဋ် က ပြောပါတယ်။

“ကျူးလွန်တဲ့ တရားခံကို ဖြစ်ဖြစ်ချင်းဖမ်းမိထားတယ်။ဖြစ်စဉ်အသေးစိတ်က စုံစမ်းတုန်းဆိုတော့ ပြောလို့မရသေးဘူး”လို့ ရဲအုပ် ဇာနည်ထွဋ်က ဆိုပါတယ်။

ကိုအံ့ဖြိုးပိုင် က သေဆုံးသူမော်ဒယ်လ် ရဲ့ အိမ်ကို အရင်က အဝင်အထွက်ရှိခဲ့ပြီး မိသားစု တခုလုံးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မျိုး ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ စာရိတ္တကို မကြိုက်တာကြောင့် အဆက်အဆံ မလုပ်ဖြစ်တာကြာပြီလို့ ကျန်ရစ်သူ မိသားစုက ဆိုပါတယ်။ ကိုအံ့ဖြိုးပိုင်နဲ့ သေဆုံးသူ မော်ဒယ်လ်အေးချမ်းမြတ်မိုးကသမီးရည်းစားတွေဖြစ်တယ်ဆိုတဲ့ သတင်း တွေကို ကျန်ရစ်သူ မိသားစုက မဟုတ်မှန်ကြောင်း ပြောဆိုပါတယ်။

ကွယ်လွန်သူ မော်ဒယ်အေးချမ်းမြတ်မိုးရဲ့နာရေးဈာပနကိုတော့ သြဂုတ်လ ၃၀ နေ့ စနေနေ့၊ နေ့လယ် ၂ နာရီ ၊ ရေဝေး သုဿာန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ မော်ဒယ်လ် အေးချမ်းမြတ်မိုး ဟာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာမှ အနုပညာ လောက ထဲကို ဝင်ရောက် လာသူ ဖြစ်ပြီး Laurel Art Academy မှာ သင်တန်းတက်နေဆဲ ကျောင်းသူတဦး ဖြစ်ပြီး လတ်တ လော ကြော်ငြာတချို့၊ မဂ္ဂဇင်း မျက်နှာဖုံးတချို့ နဲ့ အလှဓာတ်ပုံတချို့ လက်ခံရိုက်ကူးနေတဲ့ မော်ဒယ်လ် သရုပ် ဆောင် တဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

Credit The Irrawaddy (Burmese Version)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။