Linkin Park တို့လျှောက်ခဲ့တဲ့လမ်း
-------------
အချိန် - ၂၀၀၁ ခုနှစ်
နေရာ - ကနေဒါနိုင်ငံ
ဂီတပွဲနာမည် - OzzFest
နွေနေပူထဲမှာ အသားတွေနေလောင်ပြီး အရက်မူးနေတဲ့ ရော့ခ်ဂီတပွဲလာ ပရိတ်သတ်တွေဟာ အလှည့်ကျဖျော်ဖြေတဲ့ဝိုင်းတ ခုဖြစ်တဲ့ Crazy Town အဖွဲ့ရဲ့ဖျော်ဖြေမှုကို အားမရဖြစ်ပြီး ဘီယာဗူးတွေ ရေဗူးတွေ စီဒီတွေနဲ့ ပစ်ပေါက်ကြပြီး အပီအပြင်ဆဲဆိုကြတယ်။ ရှေ့ဆုံးတန်းကနေပြီး အားပေးတဲ့ ဝဝတုတ်တုတ်ချာတိတ်ကလေးတယောက်ဆိုရင် မကြားဝံ့မနာသာ အပီအပြင်ဆဲတာ။ သူတို့သွေးထဲမှာ ဆာလောင်ငတ်မွတ်မှုကို Crazy Town ဝိုင်းက မပေးဆပ်နိုင်ဘူးလေ။Crazy Town ဝိုင်းတို့ပြီးရင် အလှည့်ကျတဲ့ဝိုင်းက လူသူသိပ်မသိသေးတဲ့ဝိုင်းတခု ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆက်လက်ဖျော်ဖြေရမယ့်ဝိုင်းအ တွက် ဖိအားတွေကများလွန်းလှတယ်။ သီချင်း (၂)ပုဒ်လောက်ပဲဆိုရသေးတယ်။ ပရိတ်သတ်ကြီးက သူတို့ရဲ့သွေးထဲမှာစီးဆင်းေ နတဲ့ ရော့ခ်အင်ရိုးသွေးတွေကို အစာကျွေးမယ့် တီးဝိုင်းအသစ်တခုကို တွေ့ရှိလိုက်ရတယ်။ တခဲနက်အားပေးသံတွေ ဆဲဆိုသံတွေကိုပြောင်းလဲပစ်လိုက်တယ်။ ဒါဟာ အံ့သြစရာသိပ်ကောင်းတဲ့ လျင်မြန်တဲ့ပြောင်းလဲမှုဖြစ် ပါတယ်။ သြော်...မေ့တော့မလို့။ အဲဒီလို ပရိတ်သတ်ကို ပြောင်းလဲပစ်နိုင်တဲ့ဝိုင်း ကတော့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Linkin Park ဖြစ်ပါသတဲ့။ ပြီးခဲ့တဲ့တီးဝိုင်းကို ဆက်တိုက်ကလော်ဆဲခဲ့တဲ့ ဝတုတ်ကလေးလဲ ငယ်သံပါအောင်အားပေးရလွန်းလို့ Linkin Park တို့ဖျော်ဖြေပြီးချိန်မှာ ကျေကျေနပ်နပ်ကြီး ခြေကုန်လက်ပန်းကျသွားခဲ့တယ် ။
Linkin Park ဆိုတဲ့ရော့ခ်ဝိုင်းကို ၁၉၉၆ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ စတင်ခဲ့တယ်။ အထက်တန်းကျောင်းအောင်ပြီးခါ စမှာ ကျောင်းနေဖက်သူငယ်ချင်းတြွေ ဖစ်တဲ့ Mike Shinoda, Rob Bourdon, Brad Delson တို့ပါဝင်ခဲ့တယ်။ နောက်တော့ ဒီဂျေ Joe Hahn ကိုခေါ်ယူခဲ့တယ်။ တီးဝိုင်းနာမည်ကLinkin Park မဟုတ်သေးဘူးပေါ့။ Xero တဲ့။ နောက်တော့ အဆိုတော် မာ့ခ်ကို အစားထိုးဖို့အတွက် Chester Bennington ကိုခေါ်လိုက်တယ်။ အကုန်လုံးက ကယ်လီဖိုးနီးယားကပဲ။ ချက်စ်တာတယောက်ပဲ အရီဇိုးနားပြည်နယ်ကပေါ့။
လင်ကင်းပါ့ခ်တို့ဟာ သီချင်းတွေဆက်တိုက်ရေး၊အသံသွင်းပေမယ့် တကယ်တမ်းဓါတ်ပြားတိုက်တွေက သိပ်မသဘောမတွေ့လို့ အခွေထွက်ဖို့ကို နှစ်ပေါက်အောင် စောင့်ဆိုင်းခဲ့ကြရတယ်။ နောက်တော့ ဝါနားဘရားသားစ်နဲ့စာချုပ်ဖြ စ်တယ်။ ရလာဒ်ကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ Hybrid Theory ဖြစ်ပါတယ်။ အခွေထဲက Crawling, One Step Closer, In the End သီချင်းတို့ဟာ အရမ်းနာမည်ကြီးခဲ့တယ်။ ဂ၇မ်မီဆုတောင်လျာထားခြင်းခံ လိုက်ချိန်မှာ သူတို့ဟာ ဂီတရေစီးထဲမှာ အတော်လေးပေါက်မြောက်တဲ့ ဝိုင်းအဖြစ်အသိအမှတ်ပြုလာကြ တယ်။ နာမည်ကြီး ဂီတပွဲတော်တွေဖြစ်တဲ့ OzzFest, Family Values တို့မှာ ဖျော်ဖြေဖို့ ဖိတ်ကြားခြင်းခံရတယ်။
လင်ကင်းပါ့ခ်အကြောင်းဆက်မြေ ပာခင်မှာ တီးဝိုင်းရဲ့အဓိက မောင်းနှင်အားလဲဖြစ်၊ တီးဝိုင်းရဲ့မာလိန်မှူးလဲဖြ စ်၊ တီးဝိုင်းကိုစတင်သူလဲဖြစ်တဲ့  Mike Shinoda အကြောင်းနည်းနည်းပြောချင်ပါ တယ်။ ဂျပန်သွေးပါတဲ့ မိုက်ခ်ကို အသက် (၆)နှစ်အရွယ်ကတည်းက ကလပ်ဆစ်ကယ် ပီယာနိုသင်ပေးခဲ့ပါတယ်။ ဂရပ်ဖစ်ဒီဇိုင်းမေဂျာနဲ့ အနုပညာကျောင်းပြီးခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ အတန်းထဲမှာ အငယ်ဆုံးဖြစ်ခဲ့တယ်။ တနှစ်စောပြီးကျောင်းပြီးတာကိုး။ စွယ်စုံရတဲ့မိုက်ခ်ဟာ ဂစ်တာ၊ ပီယာနို၊ ကီးဘုတ်အစုံတီးတတ်သူပါ။ ဒါ့အပြင်သူဟာ ပန်းချီကိုလဲ ပရော်ဖက်ရှင်နယ်အဆင့်ဆွဲပြီး ပြပွဲများစွာပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ လင်ကင်းပါ့ခ်အယ်လ်ဘန် ကာဗာတွေကို သူအကုန်ဆွဲခဲ့ပါတယ်။ ဒေဂျေ ဂျိုးလဲကူညီခဲ့တယ်။ ဂီတဗီဒီယိုဆိုရင်လဲ သူကိုယ်တိုင်ရိုက်မှကျေနပ်သူဖြစ်ပါတယ်။
မိုက်ခ်ဟာ လင်ကင်းပါ့ခ်အယ်လ်ဘန်အားလုံးကို အဓိက နေရာကနေပြီး ပါဝင်ခဲ့တယ်။ ဟစ်ပ်ဟော့ပ်၊ ကလပ်ဆစ်ကယ်ဂီတ၊ လျှပ်စစ်ဂီတ၊ နဲ့ ရော့ခ်ဂီတတွေကို ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်မိပြီး အားလုံးကိုအရသာရှိရှိ ရောမွှေနိုင်စွမ်းရှိတာပါ။ ရလာဒ်ကတော့ လင်ကင်းပါ့ခ်ဖြစ်ပါတယ်။ လင်ကင်းပါ့ခ်တို့ဟာ Hip Hop, Electronica, Rock အစရှိတာတွေကို ရောမွှေရုံတင်မကပါဘူး Visual Arts အပိုင်းကိုလဲ အားတက်သရော လုပ်ကိုင်ခဲ့ကြတယ်။
အချိုးအကွေ့အပြောင်းအလဲကြီး တခု ၂၀၁၄ မှာဖြစ်ခဲ့တယ်။ အွန်လိုင်းမှာအမြဲတမ်းရှိတတ်တဲ့ လင်ကင်းပါ့ခ်တို့ဟာ အွန်လိုင်းဖိုရမ်တခုမှာ ပို့စ်တခုဖတ်လိုက်ရတယ်။ “ခုခေတ်ရော့ခ်ဂီတတွေက အသုံးကိုမကျဘူး။ စိတ်ဓါတ်ကျဖို့ကောင်းတယ်“ ။ အဲဒီမှာ မိုက်ခ်လန့်သွားတယ်။ အမှန်ကတော့ ပြောတဲ့တယောက်က ရော့ခ်ကြိုက်တဲ့သူ။ အရင်တုန်းကလိုမျိုး ခုခေတ်ရော့ခ်အင်ရိုးမှာ အင်အားတွေမရှိတော့တာကို အဲဒီတယောက်က ရင်နာနာနဲ့ရေးထားတာကို မိုက်ခ်ဖတ်လိုက်ရတာကိုး။ အဲဒီမှာ အခွေအသစ်ကို ရော့ခ်ဂစ်တာသံခပ်ကြမ်းကြမ်း နဲ့ ရော့ခ်ဖက်ကိုအများကြီးနွယ်တဲ့အခွေလေးလုပ်ဖို့ အခွေကြမ်းလေးစပြီးလုပ်ဖြစ်တ ယ်။ (ရက်ပ်နဲ့အခြားဟာတွေကိုလျှော့ပြီး)။
အဆိုတော်ဖြစ်တဲ့ ချက်စ်တာက မိုက်ခ်ဘယ်လိုပုံစံလုပ်ချင်တယ်ဆိုတာကို ချက်ချင်းသဘောပေါက်လိုက်တယ် ။ ချက်စ်တာကိုယ်တိုင်က Post-Grunge ဝိုင်းထောင်ခဲ့ဖူးတာကိုး။ Nirvana, Alice in Chains, Jane's Addiction သီချင်းတွေ နားထောင်ပြီး ကြီးပျင်းခဲ့သူဆိုတော့ ရော့ခ်ကိုဦးစားပေးမယ်ဆိုတော့ သူက တအားကျေနပ်တယ်။ “ငါ့ရှေ့မှာ ရော့ခ်မဟုတ်ပဲ ပေါ့ပ်သီချင်းတွေလာဖွင့်နေရ င် အဲဒီကောင်ကို သတ်တောင်ပစ်ချင်လောက်အောင် ရော့ခ်မှရော့ခ်ဖြစ်ခဲ့ဖူးတယ်လေ“ လို့ ချက်စ်တာကရှင်းပြတယ်။
ခင်များတို့သတိထားမိမလားမသိ ဘူး။ လင်ကင်းပါ့ခ်မှာ ဂစ်တာသမား ဘရက်ဒ်ဟာ အမြဲတမ်းခပ်အေးအေးနေတတ်တဲ့။ မလိုအပ်ပဲ ဂစ်တာတွေအစွမ်းပြတတ်တဲ့သူမဟုတ်ဘူး။ တခွေနဲ့တခွေ အရသာကွဲပြားလေ့ရှိတဲ့ သူတို့ဝိုင်းမှာ သူဟာသူ့အပိုင်းကိုသူ ပိုင်နိုင်ရုံတင်မကဘူး။ ပရိုဂ၇မ်းမင်းအပါအဝင် အခြားနောက်ကွယ်ကအလုပ်တွေကို အေးအေးဆေးဆေးလုပ်တတ်သူပါ။ ဒါပေမယ့် The Hunting Party ခွေမှာတော့ သူ့ဂစ်တာသံတွေ အများကြီးကြားရပါတယ်။ အမိုက်စား Riff တွေ Distortion အသံတွေနဲ့ အားပါးတရပေါက်ကွဲထားတာပါ။ ဒါနဲ့ ဂစ်တာသမား နဲ့ ဒရမ်မာတို့ဟာ ဂျူးတွေဖြစ်ပြီး ဘရက်ကတော့ နာမည်ကြီး UCLA ကနေပြီး ဘွဲ့ရထားသူဖြစ်ပါတယ်။
ဒီအခွေမှာ အထူးခြားဆုံးထဲက တခုကတော့ ဂစ်တာနဲ့ပါဝင်အားဖြည့်ထားကြ သူတွေစာရင်းဖြစ်ပါတယ်။ Daron (System of a Down), Tom (Rage Against the Machine) နဲ့ Page Hamilton တို့အားဖြည့်ထားပါတယ်။ Daron က Rebellion သီချင်းမှာ အားဖြည့်ပြီး Tom Drawbar မှာ ကူညီတီးခပ်ထားတာပါ။ စွယ်စုံရတဲ့ မိုက်ခ်ဟာ သူ့ဂစ်တာသမား ဘရက်ဒ်နဲ့စတူဒီယိုထဲမှာ နာရီပေါင်းများစွာ သူတို့လိုချင်တဲ့အကြမ်းစားေ ရာ့ခ်အသံတွေရရှိဖို့ကြိုးစားခဲ့တယ်။ ဒါကြောင့်လဲ ဝေဖန်ရေးဆရာတွေက (ခါတိုင်းလို electronica အသံတွေသိပ်မပါတော့လို့) Alternative Metal, Hard Rock, Rap Rock ဓါတ်ပြားအဖြစ် သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ တကယ်တမ်းလဲ အားမာန်အပြည့်နဲ့ အမိုက်စား ရော့ခ်အယ်လ်ဘန်ဖြစ်နေတာကို ခင်များတို့တွေ့ရမှာပါ။
ငယ်သူငယ်ချင်းအများစုပါဝင်တဲ့ လင်ကင်းပါ့ခ်တို့ဟာ အသံသစ်ရှာဖွေသူများဖြစ်ပြီး အသစ်အသစ်တွေကိုပဲဆက်လက်ဖန်တီးနေကြသူတွေဆိုတာ သူတို့ထုတ်လုပ်ခဲ့တဲ့ဓါတ်ပြားတွေက သက်သေပြပြီးဖြစ်ပါတယ်။ သူတို့ရဲ့ ဂီတသမိုင်းအစမှာ ဆဲဆိုကြတဲ့သူတွေဟာ အခုအချိန်မှာ သူတို့ရဲ့ပရိတ်သတ်ကြီးတွေဖြ စ်မှန်းမသိဖြစ်ခဲ့တာကိုပဲ (၁၅) နှစ်ဝန်းကျင်ဖြစ်နေပြီလေ။ ဒါဟာ လင်ကင်းပါ့ခ်တို့လျှောက်ခဲ့ တဲ့လမ်းဖြစ်ပါတယ်။
ခင်တဲ့
ကိုဝီ
The Hunting Party album ဒေါင်းချင်သူများအတွက်
DL : http://www.mediafire.com/ download/413hixplve5oeie/ THP14.rar
pw : ssfs
-------------
အချိန် - ၂၀၀၁ ခုနှစ်
နေရာ - ကနေဒါနိုင်ငံ
ဂီတပွဲနာမည် - OzzFest
နွေနေပူထဲမှာ အသားတွေနေလောင်ပြီး အရက်မူးနေတဲ့ ရော့ခ်ဂီတပွဲလာ ပရိတ်သတ်တွေဟာ အလှည့်ကျဖျော်ဖြေတဲ့ဝိုင်းတ
Linkin Park ဆိုတဲ့ရော့ခ်ဝိုင်းကို ၁၉၉၆ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ စတင်ခဲ့တယ်။ အထက်တန်းကျောင်းအောင်ပြီးခါ
လင်ကင်းပါ့ခ်တို့ဟာ သီချင်းတွေဆက်တိုက်ရေး၊အသံသ
လင်ကင်းပါ့ခ်အကြောင်းဆက်မြေ
မိုက်ခ်ဟာ လင်ကင်းပါ့ခ်အယ်လ်ဘန်အားလုံ
အချိုးအကွေ့အပြောင်းအလဲကြီး
အဆိုတော်ဖြစ်တဲ့ ချက်စ်တာက မိုက်ခ်ဘယ်လိုပုံစံလုပ်ချင
ခင်များတို့သတိထားမိမလားမသိ
ဒီအခွေမှာ အထူးခြားဆုံးထဲက တခုကတော့ ဂစ်တာနဲ့ပါဝင်အားဖြည့်ထားကြ
ငယ်သူငယ်ချင်းအများစုပါဝင်တ
ခင်တဲ့
ကိုဝီ
The Hunting Party album ဒေါင်းချင်သူများအတွက်
DL : http://www.mediafire.com/
pw : ssfs
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။