ထူးအိမ်သင်ကို မြတ်နိုးတန်ဖိုးထားတဲ့စိတ်နဲ့ ရိုးရိုးလေး ခံစားသီဆိုခဲ့တယ်ဆိုတဲ့ သျှီ
ထူးအိမ်သင်ဂီတပွဲတော်တွင် ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သည့် အဆိုတော် သျှီက ဗင်းဆင့်ဗန်ဂိုးသီချင်း သီဆိုရာတွင် ထူးအိမ်သင်ကို မြတ်မြတ် နိုးနိုး တန်ဖိုးထားသည့် စိတ်နှင့် ရိုးရိုးလေး ခံစားကာ သီဆိုခဲ့သည်ဟု ပြောသည်။
‘‘ပရိသတ်အားပေးသံက အနုပညာသမားရဲ့ အသက်လို ဖြစ်နေတာဆိုတော့ သူတို့လက်ခုပ်သံအချက်တိုင်း က ကိုယ့်အတွက် အသက်ပိုရှည်ခွင့်ရခဲ့သလိုပါပဲ။ ပိုပြီးတော့လည်း တွန်းအား ရတယ်။ ညတုန်းက ပရိသတ်တွေ လည်း Heart ထိသွားပုံရပါတယ်။ လက်ခုပ်တွေ အကြိမ်ကြိမ်တီးကြတယ်။ အဲဒီအချိန်မှာ ကိုယ့်ရင်ထဲမှာလည်း တကယ်ကို လှိုက်လှိုက်လှဲလှဲနဲ့ ပိုပြီးခံစားရတယ်’’ ဟု ၎င်းက ပြောသည်။
ထူးအိမ်သင်အလွမ်းပြေ ပြုလုပ်သည့်ပွဲ ဖြစ်သောကြောင့် အလွမ်းဓာတ်ခံရှိသူများအနေဖြ င့် ငိုနေသူများ၊ မျက်ရည်ဝိုင်းနေသူများရှိသလို ကိုယ်တိုင်လည်း ငိုချင်စိတ်ဖြစ်ပေါ်ခဲ့သော်လ ည်း မျက်ရည်မကျဘဲ သီချင်းဖြင့်သာ ငိုခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် အဆိုပါ ဗင်းဆင့်ဗန်ဂိုးသီချင်းသည် ၎င်းငယ်ရွယ်စဉ်အချိန်ကတည်းက နားထောင်ပြီး သီချင်း၏ အဓိပ္ပာယ်ကို မသိ သော်လည်း မျက်ရည်ကျခဲ့ရသည့် သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သြဂုတ် ၂၃ ရက် ညတွင် ပြုလုပ် သည့် ဖျော်ဖြေပွဲ၌ ပြောခဲ့သည်။
‘‘အဲဒီသီချင်းကလည်း ဗင်းဆင့်ဗန်ဂိုးရဲ့ ဘ၀ကို ဒီသီချင်းထဲမှာ ပြည့်ပြည့်စုံစုံခံစားလို့ရ တယ်။ စာသားတစ်ကြောင်းချင်းဖတ်နေရ င်းနဲ့ကို သူ့ဘ၀တစ်ခုလုံးကို မြင်ပြီး ရင်ထုမနာဖြစ်ရတယ်။ အနုပညာသမားတစ်ယောက်အနေနဲ့ ခံစားပေးလို့လည်း ပိုရတယ်’’ ဟု သျှီက အဆိုပါသီချင်းနှင့်ပတ်သက်၍ ၎င်း၏ခံစားချက်ကို ပြော ပြသည်။
ယင်းဖျော်ဖြေပွဲတွင် သျှီက ထူးအိမ်သင်ရေးသားသည့် လူနဲ့အင်္ကျီ သီချင်းနှင့် ထူးအိမ်သင်သီဆိုခဲ့သော ဗင်းဆင့်ဗန်ဂိုးတမ်းချင်း သီချင်းနှစ်ပုဒ်ကို သီဆိုပေးခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ယင်းဖျော်ဖြေပွဲတွင် သီဆိုသည့် သီချင်းများကို ထူးအိမ်သင်၏ ပရိသတ်များက ဝေဖန်ခဲ့ကြသော်လည်း သျှီ၏သီဆိုမှုကိုမူ ချီးကျူး ခဲ့ကြသည်။
ဇွဲဉာဏ် 7Days
Issue No.
No.481 Monday, August 25, 2014
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ထူးအိမ်သင်ဂီတပွဲတော်တွင် ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သည့် အဆိုတော် သျှီက ဗင်းဆင့်ဗန်ဂိုးသီချင်း သီဆိုရာတွင် ထူးအိမ်သင်ကို မြတ်မြတ် နိုးနိုး တန်ဖိုးထားသည့် စိတ်နှင့် ရိုးရိုးလေး ခံစားကာ သီဆိုခဲ့သည်ဟု ပြောသည်။
‘‘ပရိသတ်အားပေးသံက အနုပညာသမားရဲ့ အသက်လို ဖြစ်နေတာဆိုတော့ သူတို့လက်ခုပ်သံအချက်တိုင်း
ထူးအိမ်သင်အလွမ်းပြေ ပြုလုပ်သည့်ပွဲ ဖြစ်သောကြောင့် အလွမ်းဓာတ်ခံရှိသူများအနေဖြ
ထို့အပြင် အဆိုပါ ဗင်းဆင့်ဗန်ဂိုးသီချင်းသည် ၎င်းငယ်ရွယ်စဉ်အချိန်ကတည်းက နားထောင်ပြီး သီချင်း၏ အဓိပ္ပာယ်ကို မသိ သော်လည်း မျက်ရည်ကျခဲ့ရသည့် သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သြဂုတ် ၂၃ ရက် ညတွင် ပြုလုပ် သည့် ဖျော်ဖြေပွဲ၌ ပြောခဲ့သည်။
‘‘အဲဒီသီချင်းကလည်း ဗင်းဆင့်ဗန်ဂိုးရဲ့ ဘ၀ကို ဒီသီချင်းထဲမှာ ပြည့်ပြည့်စုံစုံခံစားလို့ရ
ယင်းဖျော်ဖြေပွဲတွင် သျှီက ထူးအိမ်သင်ရေးသားသည့် လူနဲ့အင်္ကျီ သီချင်းနှင့် ထူးအိမ်သင်သီဆိုခဲ့သော ဗင်းဆင့်ဗန်ဂိုးတမ်းချင်း သီချင်းနှစ်ပုဒ်ကို သီဆိုပေးခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ယင်းဖျော်ဖြေပွဲတွင် သီဆိုသည့် သီချင်းများကို ထူးအိမ်သင်၏ ပရိသတ်များက ဝေဖန်ခဲ့ကြသော်လည်း သျှီ၏သီဆိုမှုကိုမူ ချီးကျူး ခဲ့ကြသည်။
ဇွဲဉာဏ် 7Days
Issue No.
No.481 Monday, August 25, 2014
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။