Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 21, 2014

သတိရစရာအမှတ်တရများ (၁၁)

သတိရစရာအမှတ်တရများ (၁၁)
မိုးဇေညိမ်း

မနေ့ညက အိပ်ခါနီးမှာပဲ ကျွန်တော့်ရေးထားတဲ့ စာတစ်ပိုဒ်အောက်မှာ “အာလူး လံကြုတ်တွေ” ဆိုပြီး လူတစ်ယောက်က ကွန်မန့်လာရေးပါတယ်။ ရန်ကုန် စံတော်ချိန်အရ မနက် (၄) နာရီလောက်မို့ ကျွန်တော်မတုန့်ပြန်နိုင်ဘူး ထင်ပြီး ၀င်ရေးပုံရပါတယ်။ ဒါပေမဲ့ ကျွန်တော်မအိပ်သေးတဲ့ အချိန်မို့ ဘယ်နေရာမှာ လံကြုတ်ထားလဲ ပြောပါ၊ မှားနေရင် ကျွန်တော်ဝန်ခံပါ့မယ် လို့ချက်ချင်း ပြန်တုံ့ပြန်ပေမဲ့ ဘာမှ ထပ်မပြောတော့ပါဘူး။ ကျွန်တော်ရေးခဲ့တာတွေဟာ ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့တာလည်းရှိသလို ကျွန်တော့်အနီးနားမှာ ဖြစ်သွားတဲ့ ကိစ္စတွေကိုပဲ ရေးခဲ့တာဖြစ်ပါတယ်။ တဆင့်စကား တဆင့်ကြားပြီး ရေးတာမျိုးတွေ မဟုတ်ပါဘူး။ အချက်အလက်တွေ ပိုပြီးခိုင်မာအောင်လို့ သေချာတဲ့ အချက်အလက်တွေလည်း ရနိုင်သလောက်ဖြည့်စွက်ထားတာကို သတိပြုမိမယ် ထင်ပါတယ်။ သို့ပေမဲ့ တစ်ချိန်ကတော့ ခုလိုရေးဖြစ်မယ် မထင်လို့ တချို့ ကိစ္စတွေမှာ မှတ်မှတ်သားသား မရှိခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီလို နေရာတွေမှာ မမှတ်မိဘူးလို့ပဲ ကျွန်တော်ဝန်ခံပြီး ရေးပါတယ်။ ဒီလိုရေးတဲ့အတွက် အကျိုးအမြတ်ရလို့ရေးနေတာလည်း မဟုတ်ပါဘူး။ စာမူခရလို့ ရေးနေတာလည်း မဟုတ်ပါဘူးခဗျာ။ ရေးချင်တဲ့စိတ်ရှိလို့ ရေးမိကြောင်းပါ။

စစ်တပ်အကြောင်း၊ ရဲအကြောင်းတွေချည်းပြောနေရလို့ ဒီတစ်ခါတော့ ခေါင်းစဉ်လေးပြောင်းလိုက်ပါဦးမယ်။ ၂၀၀၈ ခုနှစ်တုန်းက ပြင်ပလူတွေ တက်ရောက်ခွင့်မရှိပဲ အကျဉ်းထောင်ထဲမှာ ပြုလုပ်တဲ့ သီးသန့်တရားရုံး စစ်ဆေးခွင် တစ်ခုက (၈၈) မျိုးဆက် ကျောင်းသားတွေရဲ့စကားတွေပါပဲ။ သူတို့ဟာ စစ်အစိုးရရဲ့ သတ်မှတ်ချက်အရ အထူးသီးသန့် အကျဉ်းသားတွေ ဖြစ်တာကြောင့် ပြည်ထဲရေးဝန်ကြီးရုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ကို သူတို့ရဲ့ အကျဉ်းထောင်တွင်း နေထိုင်လှုပ်ရှားမှု၊ ကျန်းမာရေး၊ ထောင်ဝင်စာ တွေ့ဆုံမှုများအား နေ့စဉ်တင်ပြဖို့နဲ့ တရားရုံးစစ်ဆေးမှု၊ ပြန်လည်ပြောဆို လှုပ်ရှားမှုနှင့် အခြားထူးခြားမှုဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီတင်ပြပါ ဆိုပြီး ညွှန်ကြားခဲ့ပါတယ်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာ ကိုမင်းကိုနိုင် အပါအ၀င်အမှုတွဲ တရားခံ (၉) ဦးကို မအူပင်အကျဉ်းထောင်မှာ သီးသန့်တရားရုံးဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။ အဲဒီ တရားခံ (၉) ဦးကတော့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် (ခ) ပေါ်ဦးထွန်း၊ ကိုဌေးကြွယ်၊ ကိုကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမျိုးအောင်နိုင် (ခ) အောင်နိုင်၊ ကိုမြအေး (ခ) သူရ၊ ကိုအောင်သူ၊ ကိုဥာဏ်လင်း၊ ကိုလှမျိုးနောင် (ခ) မှန်ကြီး တို့ပဲဖြစ်ပါတယ်။ သီးသန့်တရားရုံးဖြစ်တဲ့အပြင် အကျဉ်းထောင်ထဲမှာ စစ်ဆေးတာဖြစ်တဲ့ အတွက်ကြောင့် ပြင်ပလူတွေ ၀င်ရောက်ခွင့်မရှိပဲ အမှုစွဲတင်တဲ့သူတွေ၊ တရားစွဲခံရတဲ့သူတွေ၊ တရားသူကြီးတွေသာ တရားခွင်မှာ ရှိခဲ့ကြပါတယ်။ ဒါကြောင့်မို့ ကိုမင်းကိုနိုင်တို့ရဲ့ ထွက်ဆိုချက်တွေ၊ ပြောချက်တွေကို ပြင်ပက မသိရှိခဲ့ရပါဘူး။ ကိုမင်းကိုနိုင်တို့၊ ကိုပြုံးချိုတို့လို ကာယကံရှင်တွေတောင်မှ မှတ်မိချင်မှ မှတ်မိတော့မှာပါ။ တရားရုံးမှာ သူတို့တွေ ဘာတွေပြောခဲ့တယ်၊ ဘယ်လိုပြောခဲ့တယ်ဆိုတာကို အများသိရအောင် တင်ပြလိုက်ပါတယ်။

သူတို့ကို စွဲချက်တင်ခဲ့တဲ့ ပုဒ်မတွေကို မှတ်မိသလောက် ပြန်ပြောရရင် (၁) သင်္ဃန်းကျွန်းရဲစခန်း (ပ)၂၅၂/ဝ၈၊ အီလက်ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) (၂) သင်္ဃန်းကျွန်းရဲစခန်း (ပ)၂၄၈/ဝ၈၊ အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) (ပြစ်မှုကြီးအမှုအမှတ် ၂၈/ဝ၈)၊ (၃) သင်္ဃန်းကျွန်းရဲစခန်း (ပ)၂၉၈/ဝ၈၊ အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) အမှု (ပြစ်မှုကြီးအမှုအမှတ် ၉/ဝ၈) (၄) သင်္ဃန်းကျွန်းရဲစခန်း (ပ)၃၂ဝ/ဝ၈၊ အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) အမှု (ပြစ်မှုကြီးအမှုအမှတ် ၃ဝ/ဝ၈) (၅) သင်္ဃန်းကျွန်းရဲစခန်း (ပ)၃၁/ဝ၈၊ အသင်းအဖွဲ့အစည်းများဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၆/၇ (ပြစ်မှုကြီးအမှုအမှတ် ၃၁/ဝ၈) စတဲ့ ပုဒ်မ (၅) ခုနဲ့ စွဲချက်တင်ပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို့ကို စစ်ဆေးခဲ့တဲ့ တရားသူကြီးတွေကတော့ မအူပင်ခရိုင် တရားသူကြီး ဦးခင်မောင်ထွန်းနဲ့ ဒုခရိုင်တရားသူကြီး ဦးထိန်မင်း တို့ ဖြစ်ပါတယ်။ ဥပဒေအရာရှိတွေအနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့သူတွေကတော့ ခရိုင်ဥပဒေအရာရှိ ဦးစိုးမြင့်နဲ့ လ/ထတိုင်းဥပဒေအရာရှိ ဦးစိန်သောင်း တို့ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို့ကို တရားစွဲခဲ့တဲ့ တရားလိုကတော့ သတင်းတပ်ဖွဲ့က လ ၅၈၂၈၄ ဒုရဲမှူးကြီးဇော်မင်းအောင် ဖြစ်ပါတယ်။ သက်သေတွေကလည်း သတင်းတပ်ဖွဲ့က ရဲတွေပါပဲ။ အမှုတစ်ခုချင်းအလိုက် သက်သေတွေကို ပြောရမယ်ဆိုရင် အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ အတွက် သက်သေက ရှစ်ယောက်ရှိပါတယ်။ အဲဒီလူတွေကတော့ ဒုရဲမှူးကြီးသန်းထွန်း၊ ရဲမှူးလှမြင့်၊ ရဲမှူး အောင်ထွဋ်ကျော်၊ ဒုရဲမှူးကျော်တင့်ရှိန်၊ ဒုရဲမှူးမြတ်ကြည်၊ ဒုရဲမှူးခင်ဝင်း၊ ဒုရဲမှူးလှမြင့် နဲ့ ဒုရဲမှူးမောင်မောင်မြင့် တို့ဖြစ်ပါတယ်။ အသင်းအဖွဲ့ အစည်းများဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၆/၇ အတွက် သက်သေလုပ်ခဲ့တဲ့ သူတွေကတော့ ဒုရဲမှူးကြီးသန်းထွန်း၊ ရဲမှူးလှမြင့်၊ ဒုရဲမှူးလှမြင့်၊ ဒုရဲမှူး မောင်မောင်မြင့်၊ ရဲအုပ်စိုးလွင်၊ ရဲအုပ်ဆွေလင်း၊ ရဲအုပ် စိန်ဝင်းမောင်၊ ရဲအုပ်စိုးနိုင်၊ ရဲအုပ်သိန်းတိုးဇော် နဲ့ ရဲအုပ်ကျော်သန်း တို့ဖြစ်ပါတယ်။ အဲဒီ သက်သေတွေထဲမှာ အရပ်သားတစ်ယောက်လည်း ပါလာပါသေးတယ်။ သူကတော့ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ရွှေနှင်းဆီ ရိပ်သာလမ်း၊ အိမ်အမှတ် (၁) မှာနေတဲ့ ဦးနိုင်ဦးအောင် လို့သိရပါတယ်။

ကိုမင်းကိုနိုင်နဲ့ အမှုတွဲ (၉) ယောက်ကို သီးသန့်တရားရုံးမှာ စစ်ဆေးတာနဲ့ ပတ်သတ်ပြီး နေ့စဉ် စစ်ဆေးချက်တွေ၊ အပြန်အလှန်ပြောချက်တွေကို ဖော်ပြရင် စာလည်းရှည်မယ်၊ အချိန်လည်းယူရမှာမို့ ကိုမင်းကိုနိုင်တို့ ပြောခဲ့တာတွေကိုပဲ ရွေးချယ်ပြီး ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။ သူတို့ပြောခဲ့ တာတွေက တစ်နေ့တည်း၊ တစ်ရက်တည်းမှာ ပြောခဲ့တာတွေမဟုတ်ဘူး။ တရားစစ်ဆေးစဉ် ရက်တွေမှာ ပြောခဲ့တာတွေပါ။ ရက်စွဲအလိုက်တပ်ပြီး ဖော်ပြရင် ရှည်မှာစိုးလို့ စုစည်းပြီးဖော်ပြလိုက်ပါတယ်

ကိုမင်းကိုနိုင် - ကျွန်တော်တို့ကို ဖမ်းဆီးခဲ့ပြီးကတည်းက အခွင့်အရေးတွေကို မျှမျှတတမရခဲ့ပါဘူး၊ တရားမျှတမှုမရှိသည့်အတွက် (လုံးဝမရှိသည့် အတွက်) ပြန်လှန်မေးခွန်းထုတ်ခြင်း လုပ်မှာမဟုတ်ဘူး၊

ပြန်လှန်မေးရန်မရှိဘူးလို့မပြောဘူး၊ တရားသူကြီးစဉ်းစားကြည့် ဥပဒေနှင့်အညီအခွင့်အရေးပေးရမှာ ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေးမူ မရှိကြောင်းကိုတော့ ပြောချင်ပါတယ်။

ပထမအကြိမ်တုန်းကလည်းပြောခဲ့ပြီးပြီ၊ ဒုတိယအကြိမ်မှာပြောချင်တာကတော့ မမှန်မကန်လုပ်ခြင်းဖြစ်လို့ မမှန်မကန်သဖြင့်ပြန်လှန်မေးခြင်းမပြုလုပ်ပါ။ တိုင်ချက်ပါ ပါတဲ့ကျန်လူများဘယ်မှာလဲ ကျွန်တော်တို့သိချင်ပါတယ်။ သောနုထ္တိုရ် နေရာမှာ တရားသူကြီးရောက်နေတယ်၊ တက်နိုင်သမျှမြန်မြန်အမိန့်ချမှတ်လိုက်ပါ။ ဒါလဲတရားသူကြီးအပေါ်မှာ မူမတည်ဘူး ဆိုတာ သိပါတယ်။ အမိန့်အပေါ်မှာသာ မူတည်နေတယ်။
လုပ်စရာရှိတာလုပ်ပါ၊ အခုလိုတရားရုံးကျဉ်းကျဉ်းလေးမှာ ခုလိုလက်ထိပ်တွေ၊ သံကြိုး၊ ခြေချင်းတွေနဲ့အသံကြားနေရမှာဘဲ။

ကိုကိုကိုကြီး - ကျွန်တော်ရုံးရှေ့ရောက်လာတာနှင့်ပတ်သက်၍ ပြောစရာရှိတာ ပြောရပါလိမ့်မယ်၊ အာဏာစက်၊ အမိန့်အရဆောင်ရွက်တဲ့တရားရုံးဖြစ်သည့် အတွက် ကျွန်တော်ခုချိန်မှာဘာမှပြောမှာမဟုတ်ဘူး။

ဗုဒ္ဓဘာသာမှာ ဟိရိသြတပ္ပရှိတယ်၊ မဟုတ်ဘာလုပ်ရမှာ ရှက်ခြင်း၊ မမှန်မကန် လုပ်ရာမှာကြောက်ခြင်းတို့ရှိတယ်။ Social Value ရှိတယ်။ ကျွန်တော်တို့ဟာလည်း မေးစရာပြောစရာမရှိတော့ဘူး။လုပ်ချင်တာလုပ်ပါလို့ ပြောခဲ့ပြီးပြီ၊ မှန်တယ် မှားတယ်ဆိုတာ သမိုင်းကသက်သေပါဘဲ။

(အဲဒီ့အချိန်မှာ ကိုကိုကိုကြီးမှာ တင်ပလ္လင်ချိတ်ထိုင်နေတာမို့အဲဒီလို မထိုင်ဖို့ ပြောလိုက်ပါတယ်) ဒီလို ထိုင်တဲ့အတွက် ပုဒ်ထီး/ပုဒ်မများထပ်တပ်ပြီး အရေးယူပါအုံး၊ ကျွန်တော်ထိုင်တာဘယ်လိုဖြစ်နေလို့လဲ၊ လုပ်ချင်ရာလုပ်ပါ၊ လက်ထိပ်၊ သံကြိုး ခတ်ထားပြီးလို့ ကျွန်တော်တို့ပျော့နေတာမဟုတ်ဘူး၊ အခုအခြေအနေရောက်နေလို့ ပျော့နေတာမဟုတ်ဘူးနော်။

ကျွန်တော်တို့ကိုလည်းကြည့်ပါဦး၊ မနက် (၉) နာရီကတည်းက အခုအချိန်ထိ လက်ထိပ်၊ သံကြိုး၊ ခြေကျင်းတွေနဲ့ ကျွန်တော်တို့ကလုံးဝလက်မခံနိုင်ဘူး၊ ခင်ဗျားတို့ကိုဘာမှမပြောတာ ခင်ဗျားတို့ကိုစာနာတဲ့အနေဖြင့်နေတာ၊ တရားရုံးကို လုံးဝအသိအမှတ်မပြုဘူး၊ တရားရုံးကို လှပအောင်ပြင်ဆင်ပေမဲ့ ဥပဒေမဲ့ လုပ်ချင်တိုင်းလုပ်နေတယ်၊ကျွန်တော်တို့မျက်ကွယ်မှာ စစ်ဆေးချင်စစ်ဆေးပါ၊ ကိစ္စမရှိဘူး၊ ခင်ဗျားတို့လုပ်ငန်း တာဝန်တွေ ပြီးစီးအောင်လို့ ကျွန်တော်တို့ သည်းခံပြီးဘာမှမပြောဘဲနေတာ၊ ကျွန်တော်တို့ကို စာနာပေးပါ။ စည်းကမ်း ပြည့်ဝတဲ့ဒီမိုကရေစီဖြစ်ဖို့ ဒါပထမခြေလှမ်းလား၊ ခင်ဗျားတို့ကို ကြောက်နေလို့ မပြောဘဲနေတာမဟုတ်ဘူး။ ကျွန်တော်တို့က ရောဂါတွေကိုယ်စီရှိကြတယ်၊ ဆေးသောက်ရန်အချိန်တွေရှိတယ်

ကိုအောင်သူ - (ကိုအောင်သူကို မေးမြန်းမယ်အလုပ်မှာ အသက်ရှုကြပ်တယ်ဆိုပြီး ယပ်တောင် တောင်းတာမို့ တရားသူကြီးဆီမှာ ခွင့်ပြုချက်တောင်းပြီး အကျဉ်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ယောက်ကို ယပ်တောင်တစ်ချောင်း ယူပြီးပေးခိုင်း လိုက်ပါတယ်) မြန်မာနိုင်ငံအရေးအတွက် ပြည်သူတွေ ကြုံနေရတဲ့ ဒုက္ခတွေကို ညှိနှိုင်းပေးဘို့တောင်းဆိုချင်ပါတယ်၊ ကျန်တာတော့ ဘာမှမေးမှာမဟုတ်ပါဘူး။
တရားသူကြီးမင်း၊ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပြောပြနေတယ်၊ ခင်ဗျားတို့ တရားရုံးအခင်းအကျင်းကိုပြန်ကြည့်ပါ၊ မွန်းကြပ်နေတာဘဲ ဘယ်တော့ တရားရုံး အခင်းအကျင်းကိုပြန်လည်ပြင်ဆင်ပေးမလဲ၊ တရာရုံးအခင်းအကျင်းကို ဝင်လေ့လာဘို့ဒေါက်တာနိုင်လင်းအောင်ကို ဝင်ကြည့်ခိုင်းသေးတယ်။

ကျွန်တော်တို့ကိုစာနာတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ၊ ခင်ဗျားတို့ကိုရွေးချယ်ခွင့် ပေးနေတာဘဲ၊ နားနားပြီးစစ်ဆေးဘို့ပြောနေတာ၊ မရှက်ကြလို့လုပ်နေတာ သိက္ခာ လည်း မရှိဘူး၊ ငွေ (၅) သိန်းလည်း ခိုးသွားသေးတယ်၊ မပြောချင်လို့ကြည့်နေတာ၊ ကျွန်တော်တို့ မမေးတက်လို့မဟုတ်ဘူး၊ လူတွေက သိက္ခာမရှိရင် သတ္တိရှိရမယ်၊ လူတွေငြိမ်နေတာသတ္တိမရှိလို့မဟုတ်ဘူး၊ လူတွေငြိမ်နေတာ၊ မေးရင်တစ်နှစ်လုံး မေးလို့ရတယ်၊ တရားသူကြီးလဲအလကားဘဲ၊ ကိုယ်ထင်ရာကိုယ်လျောက်လုပ် နေတယ်၊ အသားမဲမဲနဲ့ တရားသူကြီးက စောင်ပေပေကြည့်သွားတယ်၊ ဘာပြောချင် လို့လဲ၊ စစ်ကြောရေးလက်ချက်ဖြင့် မျက်စိတစ်လုံးကွယ်သွားတယ်၊ လူလို နားမလည်ကြဘူး၊ ခိုင်းတဲ့အတိုင်းလုပ်နေကြတယ်။

ကိုမြအေး - အမိန့်အရဖွင့်လှစ်တဲ့တရားရုံးမှာ ပြန်လှန်မေးခွန်းမေးရန် ရပ်ဆိုင်းပါတယ်။

ကိုဥာဏ်လင်း - ဥပဒေအခွင့်အရေးဘာမှမရှိတဲ့တရားရုံးဖြစ်တယ်၊ ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေးမူက အများပြည်သူရှေ့မှောက်မှာ စီရင်စစ်ဆေးရမှာဖြစ်လို့ ပြန်လှန် မေးခွန်းမေးရန်မရှိပါဘူး။
ကိုဌေးကြွယ် - ဒီလိုတရားစီရင်ရေးဆောင်ရွက်တဲ့အတွက် မြန်မာနိုင်ငံ အနာဂတ်နဲ့ တိုက်ရိုက်က်ပတ်သက်မှုတွေဖြစ်လာနိုင်ပါတယ်၊ မေးစရာမရှိပါ။

ကိုလှမျိုးနောင် - ဘာမှပြောစရာမရှိဘူးဆိုပေမယ့် ဒီတရားစီရင်ရေးစနစ်ကို အစွယ်လိုသူမိဖုရား၊ အသွားစေသူဧကရာဇ်၊ လေးပစ်သူကဘုရား လို့ပဲ မြင်ပါတယ်။ ကျွန်တော်ဆိုသလို သောနုထ္တိုရ်ဖြစ်နေတာ တရားသူကြီးပါ၊ မြန်မြန်စစ်ဆေး၊ မြန်မြန်ဆောင်ရွက်ပေးပါလို့ပြောချင်ပါတယ်၊ တရားစီရင်ရေးမူအရ အများပြည်သူရှေ့မှာ Open Trail လုပ်ရမယ်။ ခုတရားရုံးကတော့ အမိန့်အရ ဖွဲ့ထားတဲ့တရားရုံးဖြစ်သည့်အတွက်ကြောင့် ကျွန်တော်ခုချိန်မှာဘာမှပြောမှာ မဟုတ်ဘူး။

တရားသူကြီးမင်းများခင်ဗျား၊ ကျွန်တော်တို့တရားသူကြီးမင်းတို့ရဲ့ လုပ်ငန်းတာဝန် ဆောင်ရွက်နေတာကို ဘာမှမပြောဘဲလက်ခံခဲ့တာ စာနာသနားလို့ပါ။ နာရီလည်း ကြည့်ပါဦး။ သွားလေသူဒေါက်တာမောင်မောင် ပြောသွားတဲ့ ''ဥပဒေမရှိရင် မင်းမဲ့တိုင်းပြည်ဘဲ'' ဆိုတဲ့ စကားကို သတိရကြပါဦး။

ကျွန်တော့်ခါးကျောရိုး (၃/၄/၅) ဒဏ်ရာရရှိထားပါတယ်။ ညတုန်းကဒေါက်တာ နိုင်လင်းအောင်နဲ့ ဆေးကုသမှုခံယူနေရတယ်၊ ဒေါက်တာနိုင်လင်းအောင်ကို မေးကြည့်ပါ၊ ကျွန်တော့်မျက်ကွယ်မှာစစ်ဆေးပါ၊ ကျွန်တော်သဘောတူပါတယ်။ သဘောတူကြောင်း ကျွန်တော်လက်မှတ်ရေးထိုးပေးပါမယ်။
နေ့စဉ်စစ်ဆေးနေတာ တစ်ရက်တည်းလဲမဟုတ်ဘူး၊ နေ့စဉ်ဆက်တိုက် ဆောင်ရွက်နေလို့ အဆင်ပြေတဲ့နည်းလမ်းကို စဉ်းစားပေးဘို့တင်ပြချင်ပါတယ်။ တရားသူကြီးတွေက ရှေ့နေငှားခွင့်ရှိတယ်ပဲ ပြောနေတယ်။ ကျွန်တော်တို့က ဘယ်လိုရှေ့နေငှားရမှာလဲ၊ ရုံးစစ်ခါနည်း (၁ဝ/၁၅) မိနစ်အလိုမှရုံးထုတ်တာ၊ မအူပင်မှာ ဘယ်လိုရှေ့နေငှားရမှာလဲ၊ ကျွန်တော်မသိဘူး၊ ကျွန်တော့် အမျိုးသမီးလည်း စာမတက်ဘူး၊ ဒါဆို ကျွန်တော် အိပ်ယာလိပ်ယူပြီး လှဲနေရမှာဘဲ။

ကိုပြုံးချို - တရားရုံးအဖြစ်အသိအမှတ်မပြုနိုင်ဘူးလို့ တရားရုံးကို လျှောက်ထားချင်ပါတယ်၊ တရားစီရင်တာ ထောင်အတွင်းမှာ ပြုလုပ်တဲ့အတွက် တရားရုံးအဖြစ် အသိအမှတ်မပြုနိုင်ပါဘူး၊ လက်ထိပ်ခြေကျင်းခတ်တာကို တရားသူကြီးမင်းတို့ကို အပြည့်အဝနားလည်ထားပါတယ်၊ တာဝန်အရ လုပ်နေခြင်းဖြစ်တယ်၊ ဒီဘက်က တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်လည်း (သူတို့ကို လုံခြုံရေးယူထားသူများ၊ သက်သေ၊ တရားလို လုပ်နေကြသော ရဲများကို ညွှန်ပြပြီး) တာဝန်အရဆောင်ရွက်တာကိုနားလည်ပါတယ်၊ ဒါပေမယ့် တရားစီရင်ရာမှာ လွတ်လပ်မျှတမှုမရှိဘူးလို့ ပြောချင်ပါတယ်။

ကိုမျိုးအောင်နိုင် - အားလုံးပြောသွားသလိုဘဲ တရားစီရင်မှု မမျှတသည့် အတွက် မမေးတော့ပါ၊ မေးစရာတွေအများကြီးရှိပါတယ်၊ သင်္ဘောဆေးနံများနဲ့ အသက်ရှုကြပ်ပါတယ်၊ လေဝင်လေထွက်မရှိသလို အသက်ရှုကြပ်ပါတယ်၊ ကျွန်တော်တို့က ရဲမှူးတစ်ဦးသတ်သေသွားသည့် အတွက် တရားသူကြီးတို့ကို သနားပါတယ်။ (သူတို့ကို တရားလိုလုပ်နေသည့် ရဲမှူးတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေခဲ့သည့် ကိစ္စကို ရည်ညွှန်းခြင်းပါတယ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။