Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 31, 2014

အလှမယ်များအတွက် သင်ခန်းစာ


အယ်ဒီတာ့ အာဘော်

အလှမယ်များအတွက် သင်ခန်းစာ
မြန်မာနိုင်ငံအတွက် အရှက်ရစရာကိစ္စတစ်ခု နိုင်ငံတကာသတင်းစာမျက်နှာများပေါ်တွင် ထပ်မံပေါ်ပေါက်လာပြန်ပါပြီ။ အသက် (၁၉) နှစ်အရွယ် မြန်မာအလှမယ် မေမြတ်နိုး အာရှပစိဖိတ်အလှမယ်သရဖူအသိမ်းခံရခြင်း၏ နောက်ဆက်တွဲအဖြစ် ဒေါ်လာတစ်သိန်းတန် သရဖူကိုယူပြီး တိမ်းရှောင်နေသည်ဆိုသည့် သတင်းများကို နိုင်ငံတကာမီဒီယာများက သြဂုတ် ၂၉ ရက်မှစ၍ အကျယ်တ၀င့်ဖော်ပြနေသောကြောင့် ဖြစ်သည်။
အချို့သတင်းဌာနများတွင်ဆိုလျှင် တောင်ကိုရီးယားရှိ အဖွဲ့အစည်းကို ကိုးကားကာ သရဖူကို ‘‘ခိုးယူသွားသည်’’ဟုပင် သုံးနှုန်းထားသည်။

လွန်ခဲ့သော သုံးလခန့်က မြန်မာနိုင်ငံအတွက် ပထမဆုံး နိုင်ငံတကာ အလှမယ်သရဖူကို ယူဆောင်ပေးခဲ့စဉ် မြန်မာပရိသတ်များ ဂုဏ်ယူ ၀မ်းသာခဲ့ရသော်လည်း ယခုကဲ့သို့ သတင်းများထွက်ပေါ်လာချိန်တွင်တော့ ပရိသတ်များအံ့အားသင့်၊စိတ်ပျက်၊ စိတ်မကောင်းဖြစ်ခဲ့ရပြန်သည်။
အလှမယ်နှင့် အဖွဲ့အစည်းကြားတွင် မည်သူမှားသည်၊ မည်သူမှန်သည် အတိအကျမသိရသော်လည်း နိုင်ငံနှင့် လူမျိုးချီကာ ဂုဏ်သိက္ခာကျဆင်းစရာဖြစ်ခဲ့သည်။
အလှမယ်နှင့် MISS Asia Pacific World အဖွဲ့အစည်း၏ မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးတို့ကြားမှ မပြေလည်မှုများ၊ အချင်းချင်းမစည်းလုံးခဲ့ရာမှ ဖြစ်တည်လာသော အစိုင်အခဲမှသည် ယခုတော့နိုင်ငံနှင့်ချီကာ အရှက်တကွဲအကျိုးနည်းသော ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အထက်ပါ အဖွဲ့အစည်းက မေမြတ်နိုးသည် သူမ၏ မန်နေဂျာ၊ မီဒီယာနှင့် ပရိသတ်များကို မည်သည့်အခါကမှ မလေးစားခဲ့ကာ လိမ်ခဲ့ကြောင်း သရဖူရုပ်သိမ်းကြောင်း ကြေညာချက်တွင် ရေးသားခဲ့သည်။ ထို့အပြင် ပုဂ္ဂိုလ်ရေးဆန်သော မေမြတ်နိုးရင်သားခွဲစိတ်ခဲ့သည့်အကြောင်းကိုပင် ထိုအဖွဲ့အစည်းမှ တာဝန်ရှိသူက မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့၍ ထိုအဖွဲ့၏ လုပ်ရပ်နှင့် အဆင့်အတန်းပေါ်တွင်လည်း မေးခွန်းထုတ်စရာဖြစ်နေသည်။
အဖွဲ့အစည်းသမိုင်း ပြန်ကြည့်လျှင် ပြိုင်ပွဲစတင်ကျင်းပသည်မှာ လေးနှစ်သာရှိသေးပြီး ၂၀၁၁  က ကျင်းပသော ပြိုင်ပွဲတွင် မရိုးသားမှုအချို့ရှိသည်ဆိုကာ အလှမယ်အချို့က ပြိုင်ပွဲတွင် ဆက်မပြိုင်ဘဲ ပြန်သွားခဲ့ဖူးသည်ကို တွေ့ရသည်။
သမ္မတဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံတွင် ထင်သာမြင်သာရှိ သာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီးနောက် နိုင်ငံတကာ စင်မြင့်ထက်တွင် ပြန်လည်လူဝင်ဆံ့နိုင်သည့် သာဓကများ၌  မြန်မာအလှမယ်များ၊ နိုင်ငံတကာမယ်ပြိုင်ပွဲများတွင် ၀င်ပြိုင်လာနိုင်ခြင်းလည်း ပါဝင်သည်။
ဆယ်စုနှစ် ငါးခုကျော်အတွင်း ပထမဆုံးအဖြစ် မယ်စကြ၀ဠာပြိုင်ပွဲသို့ ပြီးခဲ့သောနှစ်က ပြန်လည်ဝင်ပြိုင်ခဲ့သည်။ အဘက်ဘက်က နိမ့်ကျခဲ့ပြီး နိုင်ငံတကာတွင် မြန်မာဟူ၍ ဂုဏ်ယူလိုခဲ့သော နိုင်ငံသား များက နှစ်ထောင်းအားရရှိခဲ့ပြီး အားပေးခဲ့ကြသည်။
အမျိုးသမီးငယ်များစွာ၏ စိတ်ကူးယဉ်အိပ်မက်များတွင် နိုင်ငံကိုယ်စားပြုအလှမယ်ဖြစ်ရေးမှာ တစ်ခုအပါအ၀င်ဖြစ်လာသည်။
ထို့ကြောင့် နိုင်ငံတကာမယ်ပြိုင်ပွဲများယှဉ်ပြိုင်မည့် မြန်မာအလှမယ်များအနေဖြင့် မေမြတ်နိုးဖြစ်စဉ်ကို သင်ခန်းစာယူရန်လိုသည်။ ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်မည်ဆိုလျှင် ထိုပြိုင်ပွဲအကြောင်း ကောင်းစွာ သိရှိရန်နှင့် ပြိုင်ပွဲမှ စည်းကမ်းများ၊ မယ်တစ်ဦး လိုက်နာရမည့်စည်းကမ်းများကို သိရှိလိုက်နာရန်လိုပါသည်။
နိုင်ငံ့ကိုယ်စားပြုမယ်များမှာ နိုင်ငံတကာမယ်ပြိုင်ပွဲစင်မြင့်တွင် တိုင်းပြည်ဂုဏ်တက်အောင် လုပ်နိုင်သကဲ့သို့ တိုင်းပြည်ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်ရန် လွယ်ကူနေသည်ကို အမြဲဆင်ခြင်သတိရကြရန် တိုက်တွန်းအပ်ပါသည်။
http://www.7daydaily.com/story/19564#.VALc3eN_vIo

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။