Yangon Media Group added 12 new photos.
One More Thing ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားလာတဲ့ Xiaomi (ရှောင်မီ)
===========================================
===========================================
ကုမ္ပဏီသက်တမ်းနုနည်သေးတဲ့ အီလက်ထရွန်နစ်ကုမ္ပဏီလေးဖြစ်သော Xiaomi(ရှောင်မီ) ဟာ ကမ္ဘာ့မှာ အချိန်တိုအတွင်းပေါက်ကွဲထွက်လာခဲ့ပါတယ်။ ကုမ္ပဏီသက်တမ်း ၄ နှစ်သာ ရှိသေးတဲ့ Xiaomi(ရှောင်မီ) ဟာ ကမ္ဘာ့ပေါ်မှာ လူသိများပြီး လူစိတ်ဝင်စားမှု အခံရဆုံး ကုန်အမှတ်တံဆိပ်ဖြစ်လို့ နေပါပြီ။
Xiaomi(ရှောင်မီ) ဟာ အမှန်တကယ်ကိုပဲ ပြောင်ပြောင်တင်းတင်းအနေနဲ့ Apple ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာတွေကို အသုံးချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Xiaomi(ရှောင်မီ) က အလိုရှိနေတာကတော့ ကုမ္ပဏီကို တရုတ်နိုင်ငံကနေ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်ကာ အခြားပြင်ပနိုင်ငံတွေအထိကိုပါ မိုဘိုင်းဖုန်း ဈေးကွက် ကို ထိုးဖောက်ဖို့ ကြိုးစားနေပါပြီ။
တရုတ်နိုင်ငံမှာရှိတဲ့ အော်ပရေတာဈေးကွက်အနေအထားဟာ အမေရိက ဈေးကွက်နဲ့ တစ်မျိုးတစ်ဖုံ ခြားနားလို့နေပါတယ်။ ဒီနေရာမှာ မူလအားဖြင့် အသိညဏ်ဆိုင်ရာ မူပိုင်ခွင့်တွေကို ဘယ်လို ကာကွယ်မလဲဆိုတဲ့ အချက်ဖြစ်လာပါတယ်။ သို့သော်လည်းပဲ တရုတ်နိုင်ငံရဲ့ IP Laws ဟာ ယေဘုယျအားဖြင့် အားနည်းပြီး ထိန်းချုပ်မှု အားနည်းနေပါတယ်။
သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ပုံတူကူးချခြင်းဟာ တစ်ခါတစ်ရံမှာ စွန့်စားရမှုမှာ အတော်လေးကြီးမားတဲ့ ပေးဆပ်မှုတွေ ဖြစ်စေပါတယ်။ ထူးခြားစွာပဲ Apple ဟာ Graphical user interface ပိုင်းဆိုင်ရာကို Xerox ဆီကနေ ကူးယူခဲ့ပါတယ်။ အဲဒီလိုပဲ မိုက်ခရိုဆော့ဖ်ကလည်း Apple ရဲ့ OS ဆီကနေ Windws OS အတွက် ကူးယူးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီ နှစ်ခုစလုံးဟာ ယခုအချိန်မှာ အောင်မြင်နေတဲ့ လုပ်ငန်းတွေ ဖြစ်နေကြပါပြီ။ ကုမ္ပဏီ နှစ်ခုစလုံးဟာ ဝေဖန်မှုတွေကို ကြံကြံခံနိုင်ခဲ့ကြပါပြီ။ နောက်ဆုံးအနေနဲ့ကတော့ Samsung ဟာ မြောက်များစွာသော ဂရုပြု ၊ သတိထားလောက်သော Features များစွာကို Apple ဆီကနေ ပုံစံတူ ရယူခဲ့ပါတယ်။ ယခုအချိန်ထိ Samsung နဲ့ Apple တို့ဟာ မဆုံးနိုင်တဲ့ တရားခွင်တွေမှာ ရင်ဆိုင်နေရတုန်းပါပဲ။
ဒါပေမယ့်လို့ Xiaomi(ရှောင်မီ) ကတော့ တစ်မျိုးတစ်ဘာသာထူးခြား နေပါတယ်။ မိုက်ခရိုဆော့ဖ်နဲ့ apple တို့ကတော့ သူတို့ရဲ့ ဈေးကွက်အနေအထားက ကြီးမားကျယ်ပြန့်ပါတယ်။ Xiaomi(ရှောင်မီ) ကတော့ ဒီဇိုင်းပိုင်းကို ပုံစံတူနီးပါး ဖြစ်အောင် ပြုလုပ်ကြပါတယ်။ ဒါပေမယ့် ဒီထုတ်ကုန်တွေဟာ ကလုန်းတွေ မဟုတ်ပါဘူး။ သူမှာ ပါဝင်တဲ့ အချက်အလက်တွေ ၊ ပေါင်းစပ်ဖွဲ့စည်းမှုတွေဟာ ထပ်တူကူးထားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ကုမ္ပဏီအနေနဲ့ကတော့ ဒီဇိုင်းအိုင်ဒီယာပိုင်းဆိုင်ရာကိုတော့ ငြင်းဆိုလို့မရအောင် ဖြစ်နေပါတယ်။ ကုမ္ပဏီအနေနဲ့ သူရဲ့ ကိုယ်ပိုင်ထုတ်ကုန်တွေကိုစိတ်တိုင်းကျထုတ်လုပ်မှု တွေလဲ ရှိနေပါတယ်။
ဒါပေမယ့်လို့ ကုမ္ပဏီအနေနဲ့ကတော့ လုံးဝကို ဗဟုသုတမရှိပဲ လုပ်နေတာမျိုးတော့ မဟုတ်ပဲ သူမှာ ဘာဆက်လုပ်ရမယ်ဆိုတဲ့ တိတိကျကျ သတ်မှတ်ထားတာမျိုး ရှိနေပါတယ်။
Xiaomi(ရှောင်မီ) ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာတွေမှာ ကိုယ်ပိုင်တီထွင်ဖန်တီးမှုတွေ များစွာ ရှိပါတယ်။ သို့ပေမယ့် ကုမ္ပဏီရဲ့ အဓိကပစ်မှတ်ထားတာကတော့ Apple ကို ထိခိုက်စေချင်ပြီး ကပြောင်းကပြန်ဖြစ်စေလို့တဲ့ ဆန္ဒဖြစ်နေပါတယ်။
ပြီးခဲ့တဲ့အပတ်ကပဲ Xiaomi(ရှောင်မီ) ရဲ့ CEO ဖြစ်သူ Lei Jun ဟာ သူရဲ့ Xiaomi(ရှောင်မီ) Mi4 စမက်ဖုန်းသစ်မိတ်ဆက်ပွဲမှာ စတီဂျော့ဖ်ကို အကောင်းဆုံး တုဘက်ပြိုင်မှုတစ်ခုအဖြစ် အနက်ရောင်တီရှပ် နဲ့ အပြာရောင် ဂျင်းကို ၀တ်ဆင်ကာ Mi4 စမက်ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ နောက်ပြိး သူဟာ Apple ရဲ့ ထုတ်ကုန်တွေအကြောင်းကိုပဲ ထပ်ခါထပ်ခါ ပြောနေခဲ့ပါတယ်။ သူက အဲဒီပွဲမှာ ကုမ္ပဏီအနေနဲ့ iPhone လိုမျိုး ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်တဲ့ တူညီတဲ့စက်ရုံမျိုးကို အလိုရှိပါတယ်လို့ ဆိုပါတယ်။ အဲဒီ သရုပ်ပြပွဲအဆုံးမှာတော့ သူဟာ စလိုက်ရှိုးတစ်ခုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အဲဒါကတော့ " One More Thing.... " ဆိုတာပါပဲ။ Apple ရဲ့ နောက်ဆုံးထုတ်ဖုန်းဖြစ်တဲ့ iPhone 5S မှာတုန်းက သုံးခဲ့တဲ့ Slogan ကတော့ " Forward thinking " ပဲဖြစ်ပါတယ်။
Xiaomi(ရှောင်မီ) ဟာ Apple အပေါ်မှာ များစွာလွှမ်းမိုးမှုရှိနေခဲ့တာကို သိနေပါတယ်။ Businessweek က ဆိုရင် Mi4 ကို iPhone နဲ့ တူတဲ့ စမက်ဖုန်း ဆိုပြီး ခေါ်ဝေါ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က The New York Times ဂျာနယ်ကလည်း Xiaomi(ရှောင်မီ) ရဲ့ CEO ဖြစ်သူ Lei Jun ကို စတီဂျော့ဖ်ကို စိတ်ခေါ်သူလို့ ခေါ်ဆိုခဲ့ပါတယ်။
Brian Blair သုတေသနဌာကတော့ Xiaomi(ရှောင်မီ) ဟာ တရုတ်နိုင်ငံပြင်ပကို ထွက်ဖို့အတွက်ဆိုရင် copycat mode ပြဿနာကို အတော်လေး ဖြေရှင်းရဖို့ ရှိကြောင်းဆိုပါတယ်။ သူကပဲ ဆက်ပြီး Samsung ဟာလည်း အဲဒီလိုပဲ လုပ်လာခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီလို့ဆိုပါတယ်။
Xiaomi(ရှောင်မီ) ဟာ အခြားကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေနဲ့ မတ်ကတ်တင်းဆိုင်ရာတွေကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့် သိထားသလိုပါပဲ။ ဒါပေမယ့် အများဆုံးသူ ယူသုံးခဲ့တာကတော့ Apple ဆီနေဖြစ်ပါတယ်။ အကောင်းဆုံး ကူးယူခဲ့မှုကတော့ Mi4 ဖြစ်ပါတယ်။ ဒီဖုန်းဟာ Apple ရဲ့ iPhone 4S နဲ့ iPhone 5 တို့ဆီကနေ ရယူခဲ့တာဖြစ်ပါတယ်။ ဒါကလည်း အကောင်းဆုံး အကြောင်းပြချက်ရှိပါတယ်။ Apple ဟာ တရုတ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် လူသိများပေမယ့် အော်ပရေတာ ကယ်ရီယာတွေအတွက်မှာတော့ အတော်လေးကို မြင့်မားတဲ့ ဈေးနှုန်းဖြစ်နေပါတယ်။
နောက်ထက် ကူးယူများစွာထဲကမှ တစ်ခုကတော့ Xiaomi(ရှောင်မီ) ရဲ့ Streaming box ပဲဖြစ်ပါတယ်။ ဒီ Xiaomi(ရှောင်မီ) Mi Box လို့ခေါ်တဲ့ Streaming box ဟာလည်း Apple ရဲ့ Apple TV box ကို ခင်ဆင်ဆင်ကူးယူထားခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ MiPad တက်ဘလက်ပဲဖြစ်ပါတယ်။ ဒီတက်ဘလက်ဟာလဲ Apple ရဲ့ iPad Mini နှင့် iPhone 5S ကို မှီငြမ်းထားမှန်း သိသာစေပါတယ်။ နောက်ထပ် တစ်ခုကတော့ Xiaomi(ရှောင်မီ) Mi Router Mini ပဲဖြစ်ပြီး အဲဒီဒီဇိုင်းကိုလည်း Apple ရဲ့ Apple Magic Trackpad ဆီကနေ ကူးယူထားပါတယ်။ နောက်ထပ် Mi Power Bank ကတော့ iPod mini ဆီကနေ ဒီဇိုင်းပိုင်းဆိုင်ရာတွေကို ရယူထားပါတယ်။ နောက်ဆုံး Mi3 မှာ အသုံးပြုထားတဲ့ ကင်မရာ lens ကအစ Apple Aperture icon ကို ရယူအသုံးပြုထားပါတယ်။ ပုံထဲမှာ ပြထားတဲ့ အတိုင်း မေးစရာကို မလိုလောက်အောင် ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ဇူလိုင်လ ၂၉ ရက်နေမှ ပြောင်းလဲပေးခဲ့ပါတယ်။
Xiaomi(ရှောင်မီ) ရဲ့ အဓိက ပစ်မှတ်ထားတာကတော့ Apple ဟာ စမက်ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။ iPhone အနေနဲ့ကတော့ တရုတ်နိုင်ငံဈေးကွက်မှာ ဈေးနှုန်းကြီးမြင့်ပေမယ့် Xiaomi(ရှောင်မီ) ရဲ့ ထုတ်ကုန်တွေကတော့ အတော်လေး ဈေးသက်သာနေပါတယ်။ ဥပမာအနေနဲ့ Xiaomi(ရှောင်မီ) Mi3 ရဲ့ ရောင်းဈေးဟာ Apple ရဲ့ ဘတ်ဂျက်ဖုန်းဖြစ်တဲ့ iPhone 5C ရဲ့ တစ်ဝက်ဈေးလောက်ပဲ ရှိပါတယ်။ Xiaomi(ရှောင်မီ) ဟာ သူကိုယ်သူ Apple နဲ့ ကွဲပြားခြားနားပြီး တည်ရှိနေတယ်ဆိုတာမျိုးကို တွေးထားပုံရပါတယ်။ Xiaomi(ရှောင်မီ) ဟာ ရင်းနှီးမြှုပ်နှံထားတဲ့ တရားဝင် brand အသစ်တစ်ခု ဖြစ်ပါတယ်။ Xiaomi(ရှောင်မီ) ဟာ တရုတ်ဈေးကွက်မှာတဟုန်ထိုး တိုးတက်လာပြီး ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ၂၇၁ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ပါတယ်။ Bloomberg ရဲ့ အစီရင်ခံစာအရ Xiaomi(ရှောင်မီ) ဟာ လာမည့်နှစ်မှာ ဟန်းဆက် သန်း ၁၀၀ ကျော်ကို တင်ပို့ရောင်းချဖို့ ရှိတယ်လို့ ဆိုပါတယ်။
Xiaomi(ရှောင်မီ) ဟာ သူရဲ့ ၀က်ဆိုက်မှာလဲ တစ်ချို့ပုံတွေကို ခိုးယူကာ ဖြတ်ညှပ်ကပ်လုပ်ကာ အသုံးပြုခဲ့ပါတယ်။ တစ်ချို့ကို ရေစာတွေကို ဖြတ်ကာ ပြန်သုံးခဲ့ပါတယ်။ တစ်ချို့ဟာတွေကိုတော့ National Geographic ကနေ ရယူပြီး တစ်ချို့ကိုတော့ Flickr ဆီကနေ ရယူပါတယ်။ ဖြတ်ညှပ်ကပ်ထားတဲ့ ပုံ ၂ ပုံကိုတော့ Gatty Image Users ဆီကနေ ရယူခဲ့ပါတယ်။ နောက်ဆုံးမှာ Xiaomi(ရှောင်မီ) ဟာ အဲဒီ ပုံတွေအားလုံးကို နိုးတစ်စာနောက်ဆုံးဖြစ်တဲ့ ဇူလိုင်လ ၂၉ နေ့မှာပဲ ဖယ်ရှားခဲ့ပါတယ်။
ကုမ္ပဏီဟာ နုနယ်သေးပြီး သန့်ရှင်းမှုတွေလုပ်ဖို့ လိုပါသေးတယ်။ တကယ်လို့သာ Xiaomi(ရှောင်မီ) ဟာ သူရဲ့ ပုံစံတူကူးချတာတွေကို ရပ်တန့်က မရပ်ဘူးဆိုရင် သူဟာ ကျဉ်းမြောင်းတဲ့ နိုင်ငံတစ်ချို့မှာတောင် လက်ခံနိုင်ဖို့ ခက်ခဲလာစေပါလိမ့်မယ်။ ဒါပေမယ့်လို့ Xiaomi(ရှောင်မီ) ဟာ တစ်နေ့မှာ ကိုယ်ပိုင်ဒီဇိုင်းနဲ့ Apple ကို စိန်ခေါ်နိုင်စွမ်းရှိလာမယ် ဆိုတာတော့ ယုံမှားစရာမရှိ လောက်အောင်ပါပဲ။
မိုးဆက်ကို (1982014)
===========================================
Ref : TechSrunch ၀က်ဆိုက်ဒ်တွင် ဖော်ပြထားသော Matt Burns ၏ Xiaomi's One More Thing ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ထား သည်။
===========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com
Ref : TechSrunch ၀က်ဆိုက်ဒ်တွင် ဖော်ပြထားသော Matt Burns ၏ Xiaomi's One More Thing ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ထား သည်။
===========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။