Arch Enemy အဆိုတော်သစ် Alissa White-Gluz နဲ့အင်တာဗျူး
-------------------
မက်တယ်ဂီတလောကကြီးရဲ့ သြဇာအကြီးမားဆုံးထဲက ဝိုင်းတဝိုင်းဖြစ်တဲ့ Arch Enemy ဝိုင်းက အဆိုတော် အိန်ဂျယ်လာက ဝိုင်းထဲကထွက်ပြီး အသစ်တယောက်ခေါ်လိုက်တယ်ဆိုတဲ့ သတင်းကြားလိုက်တဲ့အချိန်မှာ လူတိုင်းမေးကြတဲ့မေးခွန်းကေ တာ့ “အိန်ဂျယ်လာလို ဆရာမကြီးတယောက်နေရာကို ဘယ်လိုလူမျိုးက အစားထိုးနိုင်ပါလိမ့်“ ဆိုတာပါပဲ။ မကြာပါဘူး။ အဖြေကAlissa White-Gluz ဖြစ်ပါတယ်ဆိုတော့ ရင်ထဲမှာ တထိတ်ထိတ်နဲ့ပါ။ ချက်ချင်းဆိုသလိုပဲ စတူဒီယိုထဲဝင်ပြီး သီချင်းရေးကြ အသံသွင်းကြပြီး အခွေထက်တယ်။ ရလာဒ်ကတော့ War Eternal အယ်လ်ဘန်ဖြစ်ပြီး ပရိတ်သတ်အတော်များများ စိတ်အေးသွားတယ်။ သူမဟာ မက်တယ်သီချင်းတွေကို အပီအပြင်သီဆိုနိုင်ရုံတင်မက အမိုက်စားသီချင်းတွေကိုလဲ တီးဝိုင်းကသူတွေနဲ့ အတူရေးနိုင်သူဖြစ်ပါတယ်။ အယ်လစ်ဆာဟာ မက်တယ်နတ်ဘုရားအသစ်စက်စက်ပေါ့ဗျာ။
Revolver magazine ကြီးနဲ့အင်တာဗျူးလုပ်ထားတာကို စကော်ပီယံဘော်ဒါတွေအတွက် ဘာသာပြန်ပေးလိုက်ပါတယ်။
ခင်တဲ့
ကိုဝီ
---------------
မေး - Arch Enemy မက်တယ်ဝိုင်းမှာ ဝိုင်းသားအသစ်အနေနဲ့ဝင်ရတာ ခက်ခဲပါသလား။ သူတို့က သူတို့အချင်းချင်း အသားတကျဖြစ်ပြီးသားဆိုတော့။
ဖြေ - ဘယ်လိုခေါ်မလဲ အသစ်ပေါ့။ ကျမက ကိုယ့်ဝိုင်းကိုထောင်ပြီး လုပ်ခဲ့တဲ့အတွေ့အကြုံပဲရှိတာလေ။ ကိုယ့်ဝိုင်းကို ကိုယ့်ဖာသာ အစအဆုံးလုပ်ခဲ့ဖူးတာမျိုးပဲ ရှိတာ။ ဒါကြောင့် အခုအတွေ့အကြုံက ကွဲပြားခြားနားတဲ့အတွေ့အကြုံသစ်ဖြစ်ပါတယ်။ ကျမ ဒီဝိုင်းထဲကို မဝင်လာခင်မှာ သူတို့ဘယ်လိုပုံစံမျိုးအလုပ်လုပ်ကြတယ်ဆို မသိဘူးလေ။ သိတဲ့အတိုင်း အိန်ဂျယ်လာက ဝိုင်းမှာမန်နေဂျာအနေနဲ့ဆက် ရှိနေသေးရုံတင်မကဘူး သူ့နေရာကိုအစားထိုးမယ့်သူကိုပါ သေချာစီစဉ်ပေးသွားခဲ့တာပါ။
မေး - အဆိုတော် အိန်ဂျယ်လာကို အစားထိုးဖြစ်သွားတာနဲ့ပတ်သက်လို့ပြောပြပါဦး။
ဖြေ - မနှစ်ကပေါ့။ အိန်ဂျယ်လာက ကျမကို ဆက်သွယ်လာတယ်။ ပြီးတော့ ဂစ်တာသမား မိုက်ကယ်နဲ့ ဖုန်းပြောကြတယ်။ သူတို့က အိန်ဂျယ်လာကို အစားထိုးနေရာယူရမယ်ဆိုတဲ့အေ ကြာင်းကို ပြောပြတယ်။ အဲဒါပဲ အိန်ဂျယ်လာပြောတာက သူကိုယ်တိုင်က ဂီတလောကကြီးထဲမှာကော မီးရောင်အောက်မှာကနေပြီး အနားယူချင်တယ်။ ဒါပေမယ့် ဝိုင်းကိုလဲ အရှိန်မပျက်ဆက်ပြီး တည်ရှိစေချင်တယ်။ အဲဒါကြောင့် ကျမကို သူ့နေရာအစားထိုးခိုင်းပြီး သူက ဝိုင်းရဲ့မန်နေဂျာလုပ်မယ်ပေါ့။ သူတို့က အခုလိုကမ်းလှမ်းတော့ ကျမတကယ်ဂုဏ်ယူမိတယ်။ တချိန်ထဲမှာပဲ ဒီလိုဝိုင်းကြီးမှာ ဆိုရမယ်ဆိုတော့ နည်းနည်းတော့လန့်မိတယ်။
မေး - အရင်တုန်းက ကိုယ့်သီချင်းကိုဆိုပြီးတော့  အခုလို သူများရေးထားတဲ့သီချင်းကို စင်ပေါ်မှာဆိုရတော့မယ်လေ။ အဲဒါက ခက်ခဲသလားဗျ။
ဖြေ - ကျမကိုယ်တိုင်က Arch Enemy ရဲ့ပရိတ်သတ်တဦးပါ။ အခုလိုဆိုရတော့မယ်ဆိုတော့ ဂစ်တာသမား မိုက်ကယ်ကို မေးရတယ်။ “ဒီသီချင်းက ဘာအကြောင်းရေးထားတာလဲ“ အစရှိသဖြင့်ပေါ့။ သီချင်းစာသားတွေကို သေချာလေ့လာရတယ်။ ဒါမှလဲ တီးဝိုင်းနဲ့သေချာချိတ်ဆက်မိမှာလေ။ ဒါမှ စာသာတွေကို ရွတ်ဆိုနေတာမဟုတ်ပဲ တကယ့်ကိုခံစားပြီးဆိုလို့ရမှာကိုး။
မေး - War Eternal အခွေဖန်တီးကြတော့ ဖိအားတွေ အများကြီးရှိခဲ့ပါသလား။
ဖြေ - အသေအချာပေါ့။ ရှိပါ့။ ငါတို့တဝိုင်းလုံးက ဒီအခွေကို ပေါ့ပေါ့တန်တန်မထားခဲ့ပါဘူး ။ အစစအရာရာအဆင်ပြေအောင် သေချာလေး ဖန်တီးထားတာပါ။ ပရိတ်သတ်တွေ အနေနဲ့ အဆိုတော်အသစ်တယောက်ကို ချက်ချင်းလက်ခံဖို့ဆိုတာ ဘယ်လိုခက်ခဲမှန်း ကျမနားလည်တာပေါ့။ တချို့တွေဆို မယုံနိုင်ကြသေးဘူးလေ။ ကျမကတော့ အခုလို ဂစ်တာဆရာကြီးတွေနဲ့အလုပ်အတူ လုပ်ရင်း ဖိအားတွေရှိတာကို သဘောကျတယ်။ အဲဒီလိုဖိအားတွေကြောင့် ပိုမိုကောင်းမွန်တာတွေဖြစ်လာမှာကိုး။
မေး - အိန်ဂျယ်လာလိုပဲ မင်းလဲ သတ်သတ်လွတ်သမားနော်။ ဒီအချက်ဟာ မင်းတို့နှစ်ယောက် ပိုမိုရင်းနှီးဖို့ဖြစ်စေခဲ့ ပါသလား။
ဖြေ - အဲဒီလို ထင်တာပါပဲ။ သူနဲ့ပထမဆုံးအကြိမ်စကားပြော တုန်းကတည်းက သိလိုက်တာက သူနဲ့ကျမမှာ တူညီတဲ့အချက်တွေအများကြီးရှိတယ်ဆိုတာပဲ။ ဂီတတင်မကဘူး Animals တွေအပေါ်မှာထားတဲ့သဘောထား၊ လူ့အခွင့်အရေး၊ ဂီတ အစုံပဲ။ သဘောထားတွေ တိုက်ဆိုင်လွန်းတယ်။ သူနဲ့ခင်ခွင့်ရတာ တကယ်ကိုတန်ဖိုးထားမိပါတယ်။
-------------------
မက်တယ်ဂီတလောကကြီးရဲ့ သြဇာအကြီးမားဆုံးထဲက ဝိုင်းတဝိုင်းဖြစ်တဲ့ Arch Enemy ဝိုင်းက အဆိုတော် အိန်ဂျယ်လာက ဝိုင်းထဲကထွက်ပြီး အသစ်တယောက်ခေါ်လိုက်တယ်ဆိုတဲ
Revolver magazine ကြီးနဲ့အင်တာဗျူးလုပ်ထားတာက
ခင်တဲ့
ကိုဝီ
---------------
မေး - Arch Enemy မက်တယ်ဝိုင်းမှာ ဝိုင်းသားအသစ်အနေနဲ့ဝင်ရတာ ခက်ခဲပါသလား။ သူတို့က သူတို့အချင်းချင်း အသားတကျဖြစ်ပြီးသားဆိုတော့။
ဖြေ - ဘယ်လိုခေါ်မလဲ အသစ်ပေါ့။ ကျမက ကိုယ့်ဝိုင်းကိုထောင်ပြီး လုပ်ခဲ့တဲ့အတွေ့အကြုံပဲရှိတ
မေး - အဆိုတော် အိန်ဂျယ်လာကို အစားထိုးဖြစ်သွားတာနဲ့ပတ်သက
ဖြေ - မနှစ်ကပေါ့။ အိန်ဂျယ်လာက ကျမကို ဆက်သွယ်လာတယ်။ ပြီးတော့ ဂစ်တာသမား မိုက်ကယ်နဲ့ ဖုန်းပြောကြတယ်။ သူတို့က အိန်ဂျယ်လာကို အစားထိုးနေရာယူရမယ်ဆိုတဲ့အေ
မေး - အရင်တုန်းက ကိုယ့်သီချင်းကိုဆိုပြီးတော
ဖြေ - ကျမကိုယ်တိုင်က Arch Enemy ရဲ့ပရိတ်သတ်တဦးပါ။ အခုလိုဆိုရတော့မယ်ဆိုတော့ ဂစ်တာသမား မိုက်ကယ်ကို မေးရတယ်။ “ဒီသီချင်းက ဘာအကြောင်းရေးထားတာလဲ“ အစရှိသဖြင့်ပေါ့။ သီချင်းစာသားတွေကို သေချာလေ့လာရတယ်။ ဒါမှလဲ တီးဝိုင်းနဲ့သေချာချိတ်ဆက်မ
မေး - War Eternal အခွေဖန်တီးကြတော့ ဖိအားတွေ အများကြီးရှိခဲ့ပါသလား။
ဖြေ - အသေအချာပေါ့။ ရှိပါ့။ ငါတို့တဝိုင်းလုံးက ဒီအခွေကို ပေါ့ပေါ့တန်တန်မထားခဲ့ပါဘူး
မေး - အိန်ဂျယ်လာလိုပဲ မင်းလဲ သတ်သတ်လွတ်သမားနော်။ ဒီအချက်ဟာ မင်းတို့နှစ်ယောက် ပိုမိုရင်းနှီးဖို့ဖြစ်စေခဲ
ဖြေ - အဲဒီလို ထင်တာပါပဲ။ သူနဲ့ပထမဆုံးအကြိမ်စကားပြော
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။