Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 24, 2014

ထူးအိမ်သင်အမှတ်တရပွဲအတွက် မှတ်ချက်အထွေထွေ


ထူးအိမ်သင် ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်ချိန်မှာ သူ့ကို "လွမ်းခြင်းအားဖြင့်" ပြုလုပ်ခဲ့ကြတဲ့ အမှတ်တရ ဂီတပွဲကို စနေနေ့ညက ရန်ကုန်မှာ ပြုလုပ်ပါတယ်။

ရှင်စောပုလမ်း  MEP ခန်းမမှာ ပြုလုပ်တဲ့ ဒီပွဲကို ကြိုတင်ကြေညာထားတဲ့အတိုင်း အထင်ကရ တေးသံရှင် အများအပြား ဝင်ရောက် သီဆိုကြပါတယ်။
  ပရိတ်သတ်အင်အားလည်း အင်မတန် များပြားပါတယ်။ 

ထူးအိမ်သင်ရဲ့မိခင်ကို ရှေ့ဆုံးတန်းမှာ တွေ့ရပါမယ်။
ဒီလိုမျိုး မြင်ကွင်းကို ထူးအိမ်သင်ရဲ့ ရန်ကုန်မြို့စတိတ်ရှိုးကြီးတခုမှာ တွေခဲ့ရဖူးမှာပါ။
သားဖြစ်သူရဲ့ ပွဲကြီးတွေ  တက်ရောက်အားပေးတဲ့မိခင်ကို တွေ့ရတာ ကြည်နူးစရာ မဟုတ်လား။

ဒီတပွဲမှာတော့ မိခင်ကိုသာမက ... တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သမီးဖြစ်သူကိုပါ သူ့ပရိသတ် တွေ့ရပါတယ်။  



စနေည ဂီတပွဲမြင်ကွင်းတွေကို ဧရာဝတီ ဖေ့စ်ဘုတ်မှာဖော်ပြပြီးတဲ့နောက်မှာ စာဖတ်သူအများအပြားက မှတ်ချက်အမျိုးမျိုး ပေးကြပါတယ်။
အဲဒီထဲက  အများအပြားကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

(ဓာတ်ပုံများ  - ဂျေပိုင်/ဧရာဝတီ)


 ကိုငှက်ကို လေးစားတယ်လို့ ဘယ်လောက်ပြောပြော
    အချိန်ပေးပြီး ကြိုတင်ပြင်ဆင်ထားတာ မတွေ့ရဘူး
    ညီညီညာညာ မရှိဘူး
    ဟာမိုနီ မဖြစ်ဘူး
   ဖြစ်သလို လုပ်နေသလိုပဲ
    အားမရဘူး
    မကျေနပ်ဘူး

 အဆိုတော်တွေကဒီနည်းတနည်းဘဲ အကောင်းဆုံးနဲ့ အများဆုံးပေးနိုင်မှာလေ 
 ဒီအဆိုတော်တွေကိုငှက်သီချင်းဆိုမှ ထမင်းစားရတာ မဟုတ်ဘူး
အခုဟာကအလကားလဲဆိုရနံမည်လဲ အဖျက်ခံရလေတော့ နောက်တစ်ခါကိုငှက်မိသားစုအတွက်ထောက်ပံ့ငွေ ခင်ဗျားတို့ ပေးမှာလား 


  အခွေထွက်မှာမဟုတ်ဘူးစိတ်ချ တော်တော်များများကီးလွဲတယ် စာသားမှားတယ် မဆိုတက်ဘဲ ဆိုချင်သလိုဆိုတယ်

Lလွန်းဝါအကောင်းဆုံးပါ


သီချင်းဆိုတာ ကိုယ့်လိုင်းနဲ့ ကိုယ်ဘဲ
ကိုငှက်ကလဲ လေးဖြူသီချင်းဆိုခဲ့ရင် နားထောင်လို့ ကောင်းမယ်များ ထင်ကြလား
ဒီအထဲမှာအပြောခံအဆိုခံပြီး စိတ်ရောကိုယ်ပါ သီဆိုပေးပြီး ကိုငှက်မိသားစုကို ထောက်ပံ့ပေးတဲ့တေးသံရှင်အားလုံးကို ကျေးဇူးပါ
သူ့ ကိုတကယ်ချစ်လေးစားရင်အခွေထွက်ရင်သာ မာစတာအခွေဝယ်ကြပါ
တေးသံရှင်မကြိုက်ရင်ကျော်ပြီးနားထောင်
 မာစတာအခွေနဲ့ သူ့ ကိုချစ်ကြောင်းသက်သေပြပါ ကိုငှက်မိသားစုလုံလောက်တဲ့ငွေရနိုင်ပါစေဗျား 

ကိုငှက်မေမေနဲ့မိသားစုကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိပါတယ်။ ပွဲကိုသွားမကြည့်ုဖစ်တဲ့အတွက်အခွေထွက်လာရင် ORIGINAL ၀ယ်ပြီး အားပေးပါ့မယ်..လေးစားစွာဖြင့်...


  မိသားစု ကို ဒီလို ပိုက်ဆံတွေမရစေချင်လို့ ဝေဖန်နေကြတာမှ မဟုတ်တာ။ 
သူတို့ တွေ အားလုံး ထူးအိမ်သင် သီချင်းကို ကောင်းအောင်မဆိုနိုင်ကြပါလားလို့ လူတိုင်းရဲ့ အတွေး ထဲကို ရောက်သွားတဲ့ အချိန်မှာ ထူးအိမ်သင်ကို လေးစားတဲ့ စိတ်တွေ ပိုတိုး သွားတာပါ။

အကောင်းဆုံးဆိုနိုင်တာ ၃ ယောက်ပဲရှိတယ် လေးဖြူ အငဲ မျိုးကြီးပဲ 
ဝိုင်ဝိုင်းတောင် စာသားမရလို့ လက်မှာသီချင်းကူးထားတာ 
အကောင်းဆုံးကတော့ ဦးအငဲ ပဲヅ


စာသားမကျေညက်... ဆိုဟန်ကသောက်တလွဲ... အပိုဒ်တွေကကျော်... ထူးအိမ်သင်လို ဂီတသမားတစ်ယောက်ကို လုပ်ရက်ခဲ့တဲ့ ခင်ဗျားတို့ ဂီတသမားတွေ....အေးပေါ့လေ....
    
     
ကျန်ရစ်သူမိသားစုနဲ့ သူ့မျိုးဆက်ကလေးအတွက် တစ်စုံတရာအကျိုးရသွားတယ်ဆို တဲ့ မုဒိတာလေးထားပေးစေချင်ပါတယ် ကြော်ငြာက မူရင်းအဆိုရှင်ထက်သာရစေမယ်လို့ပါ ပါသလားခဗျာ

     
 ဦငှက်သီးချင်းများအားဖျက်စီးသောပွဲပါ  

တစ်ယောက်မှကို အချိုးမပြေဘူး 
  

 ကိုငှက်ကြီးကို မမှီပေမယ့် ဘာဖြစ်လဲ
 ပြန်ဆိုမှလူငယ်တွေသိမှာပေါ့

           ဘာကြောင့်အကောင်းဘက်ကဖြည့်မတွေး နိုင်ကြတာလဲ။

လေးလေးစားစားလေး လုပ်ရင်ဘာမှမပြောပါဘူးကွယ် အခုတော့
    ကြည့်မိတာအမှားပဲ
    မျှော်လင့်ချက်သာမထားခဲ့ရင်
    ငါဒီလို ခံစားရမယ် မထင်ဘူး
   
    သွားမကြည့် ဖြစ်တာကံ ကောင်းတယ်

    
၁ ယောက် ၂ယောက်ပဲ အားရတယ်
    အားလုံး ပေါ့ပျက်နေတယ်
    သူ့ညီက အစ
    ဒီပွဲ က လုပ်သင့်ပါတယ်
    ဒါပေမဲ့ ဒီထက် အများကြီး ဂရုစိုက်သင့် ကြိုးစားသင့်ပါတယ်
    
 ဆားကဆား
    သကြားကသကြားပါပဲ

     
ငှက်ကြီးရေတမလွန်က နေစိတ်ဆိုးနေတော့မှာ အနုပညာကိုငွေနဲ့မလဲခဲ့သူတယောက်တေ့ဝမ်းနည်းနေမလားပါပဲ

အုတ်ဂူကို သွားဖူးကြလားမေးတော့ မသွားဖူးပါဖူး 
ဒါပင်မဲ့တကယ်သီချင်းအစစ်တွေကိုတော့ ကျုပ်တို့ဝေဖန်သံတွေနဲ့ကာကွယ်ခဲ့ကြတယ် ဒါပါပဲ


ဘယ်လိုမှခံစားလို့ကိုမရဘူး

      ကိုငှက်ကိုလိုက်တုပြီး ဆိုကြတာ မဟုတ်သလို သူ့သီချင်းတွေ ပျက်စီးအောင်လိုက်ဆိုကြတာလည်း မဟုတ်ပါဘူး
ကိုငှက်ကိုတကယ်ချစ်လို့ ကိုငှက်ဆိုတာကိုပဲအားပေးချင်ရင် အခုလုပ်တဲ့ပွဲကို လုံးဝမကြည့်နဲ့ပေါ့။ 


ကိုငှက်ကို မှီဖို့မလိုပါဘူးကွယ်...
    ခြေရာတိုင်းဖို့ စင်ပေါ်တက်ကြတာမှမဟုတ်တာ...ချစ်ခြင်းလွမ်းခြင်းအားဖြင့် ကိုယ်တတ်နိုင်သလောက် ပါဝင်ပြီး အနုပညာအားဖြည့်
    ကြတဲ့သူတွေအပေါ် နားလည်ပေးစေလိုပါတယ်..... 

အော မြန်မာပြည် မတိုးတက်တာ ဒီလိုလူတွေကြောင့်ကိုး အကောင်းမြင်တတ်ကြပါစေ


ခေါင်းစဉ်ကိုသေသေချာချာလေးဖတ်ကြပါဦး အမှတ်တရ ဂီတပွဲတော်လို့ရေးထားတာ အသံတုပပြိုင်ပွဲ မဟုတ်ဘူး

 

ခံစားချက်ရှိရမယ် ပါရမီရှိရမယ်
သူအိုးနဲ့သူ့ဆန် မတန်တာ လုပ်နေကြပြီ
 

 မူရင်း ကိုငှက်ဆိုတာနဲ့  အရမ်းကွာဟတဲ့သူတချို့ ကလွဲရင် အားလုံးကို သဘောကျပါတယ် အားလုံးက လေးစားရင် ချစ်ရင် ကိုငှက်ပွဲဟာ စုစည်းရေးနဲ့  ချစ်ခြင်းမေတ္တာတရား ကိုသာဖြစ်စေရမယ် အပိုတွေ တစ်ယောက်တစ်ယောက်နှိပ်ကွက်တာ နာမည်တပ်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်တာဟာ သက်သက်မဲ့  ပဏာဝင်ယူနေကြတာသာဖြစ်ပါကြောင်း ပြောချင်ပါတယ်

ဟန်ထွန်းကောင်းတယ်


 သီချင်းမှာ VARIATION ဆိုတာရှိပါတယ်
နောက်ဆိုတဲ့သူက သူနဲ့လိုက်မဲ့ ARRANGE လုပ်ဆိုမှာပါ
မူလအဆိုတော်နဲ့ အနည်းငယ်ကွဲမှာပါ
ဘာလို့ဆိုတော့ နောက်vocalist မှာလည်း သူ့STYLE ရှိပြီးသားဆိုတော့
Rod Stewart; Bryan Adam နဲ့ Sting တို့ ၃ ယောက်ဆိုတဲ့ All FOR LOVE ဆိုတဲ့သီချင်း ရှာနားထောင်ကြည့်စေလိုပါတယ်
၃ ယောက်လုံး crack TONE တွေပါ
ဒါပေမဲ့ ဆိုတဲ့ တပိုဒ်ချင်းမှာ တစ်ဦးချင်း ပင်ကိုယ်သံနဲနဲစီကွဲပါတယ်
အခုလဲအဲလိုခံစားနားဆင်ကြရင် အဆင်ပြေပါလိမ့်မယ်ထင်ပါတယ်
ကိုငှက်သီချင်း သက်သက်မဲ့ဖျက်သူတော့ပါမယ်မဟုတ်ဟု ယူဆပါတယ်

 လွမ်းခြင်း အား ဖြင့် သီချင်း ကောင်း များ အား ဖျက် ဆီး ခြင်း


  CRAZY ဖြစ်ခဲ့ရတဲ့ကိုငှက် သီချင်းတွေ ပျက်စီးခြင်းမလှပျက်စီးနေတာတွေ့ရလို့ ဝမ်းနည်းကြေကွဲစွာနဲ့ပဲဆက်မကြည့်တော့ပါဘူး

 တလွဲတွေဖြစ်လေ...
မူရင်းက တန်ဖိုးတက်လေပါဘဲဗျာ


  ကိုငှက်လို ပါရမီရှင်မှ မဟုတ်တာ ဒီလောက်ပဲဆိုနိုင်မှာပေါ့ သည်းခံ သည်းခံ မူရင်းကိုနားထောင်ချင်ရင်ခွေပဲဖွင့်လိုက်ပေါ့



  • အဖိုးတန်လှတဲ့  ကိုငှက် ရဲ့  အနုပညာ သီချင်းတွေကို လူအများအထင်ကြီးအောင်ဆိုပြီး မဖျက်ဆီးကြပါနဲ့  (( အရင်တိုင်းဘဲ လှပါတယ် ))

ပွဲကကောင်း မကောင်းတော့မသိ
ရှင်စောပုလမ်းကတော့သွားမရအောင်
ပိတ်သွားတယ်။ကားရပ်နားစခန်းကပေးမဝင်တော့ လမ်းဘေး၂ဖက်မှာစုပုံရပ်တော့
လမ်းတွေပိတ်ကုန်ရော
ပီကယ် နဲ့ ပွဲစီစဉ်သူတွေမျက်စိမပါဘူးလား
ဦးနောက်မရှိဘူးလား။

   ပထမက လူသေတယ်. ခုတော့ ကျန်ခဲ့တဲ့ အနုပညာကိုဝိုင်းပြီးဖျက်ဆီးကြတယ်. အမှတ်တရဆိုတဲ့ခေါင်းစဉ်တပိပြီး


  ဖျက်ဆီးပြစ်လိုက်ကြပြီဝမ်းနည်းပါတယ်

လက်မှတ်မရလို့ ဒေါသထွက်နေတာ


 အားလုံးကောင်းပါတယ် တကယ်အမှတ်တရပါ နားမထောင်ရတာကြာတဲ့သီချင်းလေးတွေပြန်ပြီးနားထောင်ရတော့တမျိုးခံစားရတာပေါ့ 
အဲဒီလိုလေးတွေးလိုက်ကြပါအဆင်ပြေသွားကြမှာပါ
  •  အမေ့အိမ်ပြန်ချင်စိတ် တောင် ပျောက် သွား တယ်

 ကိုငှက်လို ပညာရှင်ရဲ့သီချင်းတွေရေစုန်မျောပါပြီ

မင်းတိုလုပ်မှကိုငှက်ကြီး၇စ၇ာမ၇ှိတောဘုးကွာ 


ထူးအိမ်သင် သီချင်းကို whitney HOUSTON ပြန်ဆိုတောင် မမှီဘူး ပြောမယ့် လူတွေပဲ 
အူတယ်လို့ပဲ နာမည်တပ်မှာပဲ 
ကျွန်တော်တို့ အဖေ ခေတ်ကလူတွေ ဆို FALSETTO သုံးတာကို အသံမနိုင်လို့ လုပ်တာလို့ ထင်နေတတ်ကြတယ် 
အသက်ရှုသံပါရင် မကြိုက်ကြဘူး

လာဆိုပေးတဲ့အဆိုတော်တွေကလဲ ပိုကောင်းအောင်ဆိုနိုင်လို့လာတာမဟုတ်ဘူး ကိုငှက်ကိုလာပြီး ခင်ဗျားတို့နဲ့အတူတမ်းတပေးတာ နားလည်လား။ 
အဲဒီတော့မဝေဖန်နဲ့ နားလည်နိုင်အောင်ကြိုးစား။ ကိုငှက်အတွက်ဆို ခွေးအူနေရင်တောင် အားပေးသင့်တယ်ရှင်းလား။ အဲဒါမှ ကိုငှက်ကိုချစ်ရာရောက်တာနားလည်လား။


 ကြည့်လို့တော့ရပါတယ် ထူးအိမ်သင်တာ ကြားရင်တော့ ခုံဆွခုံဆွ ဖြစ်နေမှာပဲ 

ကိုညီထွဋ် ဆိုသွားတဲ့ အဆုံးမဲ့ သီချင်းကိုတော့အကြိုက်ဆုံးဘဲ.
VOCAL ရောတီးခတ်မှု့ရောအားလုံးကောင်းပါတယ်.


စည်သူလွင် မျော်လင့်ချက်သာမထားခဲ့ရင် ကိုဆိုတာစုတ်ပြတ်နေတာပဲ၊

သွားပါပြီကွာ မဟာဝီရသီချင်း

ကောင်းကောင်း နဲ့ သျှီ ဆို တာ ဟတ် ထိ တယ်။

မကြည့်မိရင်ကောင်းသား


  စုတ်ပြတ်သတ် သွားတာပဲ ဘယ်လိုတွေများဆိုနေကြတာလဲ

အိုင်ရင်းကကောင်းတယ်
နီနီလဲကောင်းတယ်


ကိုငှက်သီချင်းကိုဟစ်ဟော့အဆိုတော်တွေမဆိုနိုင်သလို ဆိုဖို့လည်းမထိုက်တန်ပါ

အခုစင်ပေါ်မှာဆိုတာတွေ အခွေမထုတ်သင့်ဘူးလို့ထင်ပါတယ်


သူတို့၇ဲ့ဆိုပုံက ဆားမပါတဲ့ဟင်းလိုပဲဗျာ


  • နီနီခင်ဇော် ဆိုတာတော့ကောင်းပါတယ်၊

အရမ်းကောင်းပါတယ် ... " စိတ်ပျက်ဖို့ "

ကို ငှက် အ တွက် ဆို ပြီ သူ တို့ အ တွက် ပျော် ပွဲ တစ် ပွဲ ဖန်း တီး သွား သ လို ဘဲ 
ကို ငှက် ကို စော် ကား သ လို ဖြစ် နေ တယ် ထင် တယ်။


ထူးအိမ်သင်အတွက်လို့မညာနဲ့ ရှက်လို့

ကိုတာရာဆိုသွားတာကောင်းတယ်


ကိုငှက် တန်ဖိုး ပိုမြင့်သွားပီ ..အဆိုးထဲကအကောင်းပေါ့

သူ့လိုင်းနဲ့ သူဆိုတာတော့ မှန်ပါ တယ် တချို့ အဆိုတော်တွေ ပေါ့ပျက်ပျက် နိုင်နေသလိုဘဲ ..
 



ထူးအိမ်သင်ရဲ့သမီး မိကွန်ထော
ဝမ်းနည်း သတိရခြင်း အမှတ်တရ ၁ မိနစ် ငြိမ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။