Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 11, 2018

သမိုင်းတစ်လျှောက် သမ္မတသက်တမ်းတစ်နှစ်အတွင်း အအောင်မြင်ဆုံးဖြစ်လာတဲ့ ထရမ့်

သမိုင်းတစ်လျှောက် သမ္မတသက်တမ်းတစ်နှစ်အတွင်း အအောင်မြင်ဆုံးဖြစ်လာတဲ့ ထရမ့်
================================================
သူ့ကိုအစွန်းရောက်လို့ပြောပြော၊ စိတ်မနှံ့တဲ့သူလို့ပဲ ပြောပြော သူကတော့ လုပ်စရာရှိတာ ဆက်လုပ်ခဲ့တာပဲ။
သူဟာ အကောင်းဆုံးကျောင်းကနေ စီးပွားရေးနဲ့ဆိုင်တဲ့ဘွဲ့ကိုရခဲ့တယ်၊ ရုပ်သံအစီအစဉ်တွေမှာ ဆယ်စုနှစ်နဲ့ချီ အောင်မြင်ခဲ့တယ်၊ ဒေါ်လာဘီလီယံပေါင်းများစွာ အမြတ်ထွက်တဲ့စီးပွားရေးလုပ်ငန်းကို လုပ်ခဲ့တယ်၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို တစ်ခါပဲဝင်အရွေးခံပြီး တစ်ခါထဲမှာပဲ သမ္မတ ဖြစ်ခဲ့တယ်၊ သူ့ကိုရတာ အမေရိကန်ပြည်သူတွေကံကောင်းတယ်လို့တောင် ပြောလိုက်သေး။

အခုတော့ အမေရိကန်စီးပွားရေးဟာ သူသမ္မတဖြစ်လာပြီးနောက်ပိုင်း ပညာရှင်တွေမှန်းထားတာထက် ကျော်လွန်ပြီးတိုးတက်လာခဲ့ပြီ။ အလုပ်လက်မဲ့နှုန်းက အနိမ့်ဆုံးထိကျဆင်းခဲ့သလို အလုပ်အကိုင်သစ် သိန်းနဲ့ချီ ဖန်တီးပေးနိုင်ခဲ့ပြီ။ GDP က မျှော်မှန်းထားတာထက်ပိုပြီးတက်လာခဲ့ပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေ ၊ အသေးစား စီးပွားရေးလုပ်ငန်းတွေကလဲ အကုန်အောင်မြင်တော့ ဘာလိုအုံးမှာလဲ။

သူသမ္မတဖြစ်လာတော့ ဒီမိုကရက်တွေက နည်းလမ်းမျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်။ ထရမ့်ကို မကြာခင်ပြုတ်တော့ မယ်လို့ ထင်ရလောက်အောင် ရုရှားနဲ့ပတ်သက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေ၊ ထရမ့်ရဲ့မကောင်းသတင်းတွေ မျိုးစုံဖြန့်ခဲ့ကြတယ်။ ခုတော့ အဲဒီစွပ်စွဲချက်တွေ အလကားဖြစ်ကုန်လို့ ဟီလာရီကလင်တန်တို့ ဒီမိုကရက်တွေ နောက်ထပ်တိုက်ကွက်သစ် စဉ်းစားနေရပြီ။

သူဘာတွေလုပ်ခဲ့ပြီး ဘာတွေ အောင်မြင်ခဲ့သလဲဆိုရင်..

သမ္မတသက်တမ်း ပထမရက် ၁၀၀ အတွင်း အမေရိကန်အတွက် အကျိုးမရှိတဲ့ ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်မှု စာချုပ်ကနေ နုတ်ထွက်တယ်။ ပြည်ထောင်စု တရားသူကြီးချုပ်အသစ်ခန့်တယ်။ မွတ်ဆလင် ၆ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်တော့ သူနဲ့ ပြည်နယ်တရားရုံးတွေအကြား တိုက်ပွဲဆင်နွှဲခဲ့ရသေးတယ်။ တရားစီရင်ရေးစနစ်မှာ သမ္မတလည်း ဥပဒေအထက် မရှိဘူးဆိုတာ သက်သေပြခဲ့တယ်။

မက္ကဆီကိုနဲ့ နယ်စပ်တံတိုင်းကာမယ့် ကိစ္စကို နည်းလမ်းစုံနဲ့ အကောင်အထည် ဖော်တယ်။ ခုတော့ သူ့လက်ထက်ဟာ မက္ကဆီကိုကနေ အမေရိကန်ထဲ ကို ခိုးဝင်တဲ့သူ ၁၇ နှစ်အတွင်း အနည်းဆုံးနှစ်ဖြစ်ခဲ့တယ်။ ( ကိုယ့်ဆီမှာ ကဘင်္ဂါလီတွေ အပြေးဆုံးနှစ်)

အမေရိကန်ရဲ့ စစ်အင်အားကို မြှင့်တယ်။ စစ်လက်နက်ပစ္စည်းတွေကို ကိုယ်တိုင်ထွက်ရောင်းတယ်။ သူသွားတဲ့နေရာတိုင်း ဒေါ်လာဘီလီယံပေါင်းများစွာ တန်တဲ့ စာချုပ်တွေ ချုပ်ခဲ့တယ်။ အမေရိကန် စစ်ဘက်အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့တဲ့အပြင် စစ်ဘက်ကို လုပ်ပိုင်ခွင့်တွေ ပိုပေးခဲ့တယ်။ ပြီးတော့ စစ်ပြန်တွေ၊ စစ်မှုထမ်းဟောင်းတွေအတွက် သူအများကြီး လုပ်ပေးခဲ့ တယ်။ အမေရိကန်စစ်တပ်အသိုက်အ၀န်းကတော့ ထရမ့်ကို နောက်ပိုင်း ပိုထောက်ခံလာဖို့ပဲ ရှိတော့တာပေါ့။

ပြီးတော့ အိုဘားမားလက်ထက်က အခွန်စနစ်တွေ နဲ့ နှစ်ပေါင်း ၃၀ လောက် အရိုးစွဲနေတဲ့ အခွန်စနစ်တွေ အကုန်ပြင်လိုက်တယ်။ အိုဘားမားနဲ့ အရင်သမ္မတတွေ လက်ထက်တုန်းက ပေးထားတဲ့ အမေရိကန်ရောက်ပြည်ပနိုင်ငံသားတွေကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်လိုက်တယ်။ အမေရိကန်အတွက်၊ အမေရိကန်နိုင်ငံသားတွေအတွက် အကျိုးမရှိဘူး ဆိုရင် ဘယ်မျက်နှာကိုမှ မကြည့်တဲ့ ဆုံးဖြတ်ချက်မျိုးကို ချတော့ အမေရိကန်တွေ ထရမ့်ကို ပိုထောက်ခံလာကြတယ်။ ထောက်ခံလို့လဲ သမ္မတဖြစ်ခဲ့တာကိုး။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်က နုတ်ထွက်တော့ တစ်ကမ္ဘာလုံး အံ့သြသင့်ကုန်တယ်။ သူပြောတာက ရှင်းရှင်းလေး၊ တရုတ်တို့၊ အိန္ဒိယတို့က တစ်ဖက်ကနေ ကျောက်မီးသွေးဘယ်လောက်သုံးပြီး ဘယ်လိုတွေ လုပ်နေတဲ့အချိန်မှာ သူ့နိုင်ငံက ရပ်ပေးရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီတော့ ထွက်တယ်။ America First ပဲပေါ့။

အိုဘားမားလက်ထက်က အအောင်မြင်ဆုံးလို့ပြောခဲ့တဲ့ အီရန်နျူကလီးယား သဘောတူညီချက်ကို သူအယုံအကြည် မရှိဘူး၊ နုတ်ထွက်မယ်လို့ ပြောတယ်။ အီရန်ကို ခယနေမယ့်အစား သူနုတ်ထွက်မယ်ပြောတော့ ကျန်တဲ့ အင်အားကြီးနိုင်ငံတွေ သူ့ကို ပြန်ဖားရပါလေရော။

နောက်တော့ အစ္စရေး။ သမ္မတအဆက်ဆက် ခေါင်းရှောင်ခဲ့တဲ့ အမေရိကန်က သဘောတူညီပြီးသား ဂျေရုဆလင်ကို အစ္စရေးမြို့တော်သတ်မှတ်ပြီး အမေရိကန်သံရုံးရွေ့မယ့် ကိစ္စကို သူ့လက်ထက်မှ အတည်ပြု လိုက်တယ်။ အမေရိကန်ဟာ မဟာမိတ်မျက်နှာကိုပဲ ကြည့်တယ်ဆိုတဲ့ သက်သေတစ်ခုဖြစ်သလို လူချမ်းသာ ပညာတတ် ဂျူးလူမျိုးတွေရဲ့ အကြိုက်ပဲ။ သမက်ကလဲ ဂျူးလူမျိုး ဂျူးဘာသာဝင်၊ သမီးကလဲ ဂျူးဘာသာ ပြောင်းပြီးသား၊ အမေရိကန်က ရီပတ်ပလင်ကန်နဲ့ ဒီမိုကရက် ဂျူးမှန်သမျှ ထရမ့်ကို လက်ခုပ်တီးကြတာပဲ။ အာရပ်နိုင်ငံတွေ မကျေနပ်လို့ စစ်ဖြစ်လဲ လက်နက်တွေရောင်းပြီး အမေရိကန်အကျိုးရှိမှာပဲ ။ အမြတ် ထွက်ဆုံးကတော့ ထရမ့်ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်လို့ဆိုပြီး ကုလသမဂ္ဂကို ထောက်ပံ့နေတဲ့ ငွေကို ဖြတ်မယ်လို့ ဆုံးဖြတ်ခဲ့တာပဲ။ အကုန်အကျသက်သာတယ်လေ။

အခုနောက်ဆုံး မြောက်ကိုရီးယား။ ကိုရီးယား ၂ နိုင်ငံကွဲပြီးကတည်းက ဘယ်သူမှ စေ့စပ်ညှိနှိုင်းလို့ မရတဲ့ မြောက်ကိုရီးယားကို သူ့လက်ထက်မှာ နည်းလမ်းစုံသုံးပြီး ကိုင်တယ်။ တစ်ချိန်တုန်းက တစ်ကမ္ဘာလုံး စီးပွားရေး ပိတ်လဲ တရုတ်နဲ့ရုရှားက ထောက်ပံ့လို့ မြောက်ကိုရီးယားက အိနြေ္ဒမပျက်ခဲ့ဘူး။ ခုတော့ တရုတ်ရဲ့ ဘာစီးပွား ရေးတွေပိတ်မယ်၊ အခွန်တွေကောက်ပစ်မယ်လုပ်တော့ တရုတ်လဲ မြောက်ကိုရီးယားကို အရေးယူရတယ်။ မြောက်ကိုရီးယားနဲ့ဆက်သွယ်တဲ့နိုင်ငံမှန်သမျှ အရေးယူမယ်ဆိုတော့ ထိုင်းတို့၊ မလေးရှားတို့ကတောင် မြောက်ကိုရီးယားနဲ့ အဆက်အသွယ်မလုပ်ရဲတော့ဘူး။ ခုဆို မြောက်ကိုရီးယားက ဆွေးနွေးမှုတွေ စနေပြီ။ ထရမ့်ကို ချီးကျူးမှုတွေလဲ ပလူပျံနေပြီ။

ရွေးကောက်ပွဲကာလ သူ့ဝေဖန်တဲ့မီဒီယာမှန်သမျှ သူက တရားစွဲမယ် ခြိမ်းခြောက်တယ်။ သူနဲ့ ပတ်သက်တဲ့သတင်းမှန်သမျှ သူ့ဝေဖန်တဲ့ မီဒီယာတွေ သတင်းမရဘူး။ ပူတင်နဲ့ဖုန်းပြောတဲ့သတင်းတုန်း ကတောင် ရုရှားသတင်းတွေက တင်မှ အမေရိကန်မီဒီယာတွေ သိရတယ်။ ခုထိလဲ ထရမ့်သတင်းဆို ထရမ့် တွစ်တာမှာ ပြောတာတွေပဲ သတင်းလုပ် တင်နေရတဲ့ဘ၀။

တစ်ခါတစ်လေ ထရမ့်ရဲ့အောင်မြင်မှုအကြောင်းတွေ ဖတ်ရတိုင်း ကိုယ့်နိုင်ငံအတွက် တစ်ခုစဉ်းစားမိတယ်။

ဘာဆုညာဆု၊ ဘာပေးဆပ်မှုမှ မလိုဘူး။
မြန်မာနိုင်ငံနဲ့ နိုင်ငံထဲက မြန်မာလူမျိုးတွေအတွက်ပဲ ဦးစားပေးတဲ့ သမ္မတတစ်ယောက် ရရင်ကောင်းမယ်လို့လေ။

ဦးတိမ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။