Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 31, 2014

မဟာဆန်.. ကဗျာဆန် ..မြန်မာဆန်..ဒေါ်အောင်ဆန်းစုကြည်ဆင်ယဉ်ထုံးဖွဲ့မှု

မဟာဆန်.. ကဗျာဆန် ..မြန်မာဆန်..ဒေါ်အောင်ဆန်းစုကြည်ဆင်ယဉ်ထုံးဖွဲ့မှု

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရယ်လို့်ဆိုရင်ကမ္ဘာ့နိုင်ငံအသီးသီးကဒေါ်အောင်ဆန်းစုကြည်ကိုသာပြေးမြင်ကြတာအမှန်ပါ။နက်ဆင်မင်ဒဲလားလိုမျိုးနိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့စွန့်လွတ်အနစ်နာခံမှုတွေ၊ခွင့်လွတ်တတ်မှုတွေကိုကမ္ဘာကလေးစားသလိုသူမရဲ့ဝတ်စားဆင်ယင်မှုတွေကိုလည်းကမ္ဘာကပါဂရုတစိုက်ရှိလာပါတယ်။သူမရဲ့ထင်ပေါ်ကျော်ကြားမှုတွေကိုပြောဆိုကြမယ်ဆိုရင်ဖြင့်သူမရဲ့မြန်မာဆန်ဆန်သပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်တဲ့ဖက်ရှင်ဒီဇိုင်းတွေကိုလည်းချန်ထားခဲ့လို့မရပါဘူးလို့မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့နယူးဇီလန်နိုင်ငံသူသတင်းလောကသားတစ်ဦးဖြစ်တဲ့ Sue Ahearn ကဆိုပါတယ်။

ရေပိုင်နက် လက်လွှတ်လိုက်ရတဲ့ ဖြစ်စဉ် မှာတော့ UN စကား နားထောင် ရှာတဲ့ အာဂ သူတော်ကောင်းကြီးများ ဖြစ်ခဲ့ ကြပါတယ်။


Melvin Moe added 4 new photos — with Scuba Som and 5 others.

ကျွန်တော်တို့ အိမ်နီးနားချင်း ပတ်ဝန်းကျင် နိုင်ငံတွေအကြားမှာ ရေပိုင်နက် အငြင်းပွားမှု တွေ ဖြစ်နေကြတာကို အားလုံးကြားသိနေကြမှာပါဘဲ။
အရှေ့တရုတ်ပင်လယ် (east china sea) ထဲက ကျွန်းလေးတွေနဲ့ ရေပိုင်နက်ပိုင်ဆိုင်ရယူဖို့အတွက် တရုတ် ဂျပန် နဲ့ ထိုင်ဝမ် နိုင်ငံတို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။
တောင်တရုတ်ပင်လယ် (south China sea) ထဲက ကျွန်းပိစိညောင့်တောက် လေးတွေနဲ့ ရေပိုင်နက် ပိုင်ဆိုင်ရယူလိုမှုအတွက် တရုတ် ဖိလစ်ပိုင် ထိုင်ဝမ် မလေးရှား ဗီယက်နမ် နဲ့ ဂျပန် နိုင်ငံတို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။

စနစ်ဆိုး၏သားကောင် မြန်မာပြည်ရှိ ဆရာဝန် ဆရာမများ

စနစ်ဆိုး၏သားကောင် မြန်မာပြည်ရှိ ဆရာဝန် ဆရာမများ

**********************************************
ဒေါက်တာစိုးထွန်း ရန်ကုန် တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၈)
**********************************************

ခေတ် ၏တိုးတက်မှုပြရန်ညွှန်းကိန်း (Indicator)အဖြစ် ဆေးရုံဘယ်နှရုံ၊ ခုတင်ဘယ် နှလုံးတည်ဆောက်ပေးခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် မကြာခဏတွေ့မြင်ကြရမှာဖြစ်သည်။ သို့သော်လည်း အဆိုပါဆေးရုံ၊ ဆေးခန်းများအတွက် ဆရာ ဝန်၊ သူနာပြု ဆရာမဘယ်နှဦးခန့်ထားမည်။ တစ်နှစ်လျှင် ဆေးဝါးအတွက်သုံးစွဲရန် ငွေမည်မျှတွက်ချက်လျာထား ခြင်းမရှိပါ။ ထို့အပြင် ဓာတ်မှန်စက်၊ ဓာတ်ခွဲခန်းတည်ဆောက် ပေးထားသော်လည်း နေ့စဉ်၊ လစဉ်၊ နှစ်စဉ်ကုန်ကျမည့် ကုန်ကြမ်းပစ္စည်းတန်ဖိုးကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။ ဆေးရုံများတွင် တပ်ထားသည့်ဆိုင်းဘုတ်များက တော့ 'ငွေကြေးတတ်နိုင်သူများကို စရိတ်မျှပေးကျန်းမာရေး စနစ်ကျင့်သုံးရန်' 'ဆင်းရဲချို့တဲ့သောသူများကို အခမဲ့ကုသ ပေးသည်'ဟူသော ဆိုင်းဘုတ်သည် လူနာများနှင့် ဆရာဝန်၊ သူနာပြုများကို ရန်တိုက်ပေးထားသလိုဖြစ်နေပါသည်။

သစ်ပင်ကြီးအောက်က ပန်းကလေး

တခါတုန်းက တောအုပ်ကြီးတစ်ခုထဲမှာ သေးငယ်တဲ့ ပန်းလေးတစ်ပွင့်ရှိတယ် ။ အဲဒီပန်းလေးဟာ အလွန်ကို အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ မှီခိုပြီးပေါက်နေခဲ့တယ် ။ သစ်ပင်ကြီးကသူ့ကို မိုးဒါဏ်လေဒါဏ်တွေကာကွယ်ပေးထားတယ် သူ့ကို စောင့်ရှောက်ပေးထားတယ်လို့ မှတ်ယူပြီး ပန်းကလေးဟာ ပျော်ရွှင်နေခဲ့တယ် ။ 

Friday, May 30, 2014

လူကြီးတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ

လူကြီးတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ

( အသက်ကြီးတဲ.သူတွေအတွက် မှတ်သားသင်.တဲ.အရာမို. ပြန်လည်ဝှေငှ လိုက်ပါသည် )

>>> ၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြောပြတ်သွား တာကိုကြုံခဲ့ရတယ်..။
ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကို မျက်စိထဲက မထွက်ခဲ့ဘူး..။

ဆင်းရဲသား ပရိတ်သတ်ကို လေဒီဂါဂါက နှင်းဆီး တစ်ပွင့်ပေး

ဆင်းရဲသား ပရိတ်သတ်ကို လေဒီဂါဂါက နှင်းဆီး တစ်ပွင့်ပေး

ပရိတ်သတ်တွေကြားထဲမှာပါ။ ဆင်းရဲနွမ်းပါးတဲ့ ပုံစံပေါက်နေတဲ့ အသက်ကြီး ပုဂ္ဂိုလ်တစ်ဦး ကို လေဒီဂါဂါ မှ ငွေကြေးပေးလိုက်ပါတယ်။ ဓာတ်ပုံတွဲရိုက် ချင်ပေ မယ့် ရှက်ရွံ့ နေပုံပေါက်နေတဲ့ ယင်း လူကြီးကို လေဒီဂါဂါမှ ယခုလို ဖက်ပြီး ဓာတ်ပုံအရိုက်ခံဖို့ ကြိုးစားတော့

"ကျနော့ကိုယ်က အနံ့တွေ ထွက်နေတယ်" လို့ ရှက်ရွံ့ စွာနဲ့ပဲ ယင်း ပုဂ္ဂိုလ်က ငြင်းဆန်ပါတယ်။ သို့ပေမယ့် လေဒီဂါဂါက " မစိုးရိမ် ပါနဲ့ရှင်၊ ကျမမှာလည်း အနံ့တွေ ထွက်နေတာပါတယ်" လို့ ပြုံးရယ်စွာပြောပြီး ယင်လူနဲ့ တွဲလို့ ဓာတ်ပုံတစ်ပုံ ရိုက်ပေးလိုက် ပါတယ်။

သစ်ကိုင်းခြောက်ကလေးနဲ့တော့ ထိုးကြည့်သင့်တယ်

သစ်ကိုင်းခြောက်ကလေးနဲ့တော့ ထိုးကြည့်သင့်တယ်

ဆရာသုတ

Job Seekers Journal vol.2,no.31

တစ်ခါက ကမ္ဘာကျော်ကုမ္ပဏီ ကြီးတစ်ခုမှာ ဒုတိယဥက္ကဌ အဆင့် ရှိတဲ့သူတွေကို အဆင့်မြင့်ခေါင်းဆောင်မှုသင်တန်းပေးဖို့ အမျိုးသမီး သင်တန်း ဆရာမတစ်ယောက်ကို ရွေးချယ်လိုက်တယ်။ သင်တန်း ဆရာမက သင်တန်းပို့ချဖို့နေရာကို တောအရပ်က သူပိုင်ဆိုင်တဲ့ မြင်းမွေး တဲ့ ခြံထဲမှာလုပ်ဖို့ ရွေးချယ် လိုက်ပါသတဲ့။ သင်တန်းစပြီး လက်တွေ့လေ့ကျင့်ခန်းအနေနဲ့ အဆင့် မြင့်ရုံးခန်းထဲမှာ စတိုင်ကျကျ ခမ်း ခမ်းနားနား အလုပ်လုပ်နေကျ ကုမ္ပဏီ ဒုတိယဥက္ကဌကြီးတွေကို သစ် သားတိုင်ခတ်ထားတဲ့ ခြံကလေးတစ်ခုထဲ တစ်ယောက်ချင်း ၀င်ခိုင်း ပြီး မြင်းတစ်ကောင်ကိုပါ ထည့်ပေးလိုက်တယ်။

ဝီလီယံ ရှိတ်စပီးယား

ဝီလီယံ ရှိတ်စပီးယား

- ကမ္ဘာကို ပြောင်းလဲစေခဲ့သော ပုဂ္ဂိုလ်များထဲကတယောက်
- ၁၅၆၄ဧပြီလမှာမွေးဖွားသူ
-ကျောင်းကိုအသက်၁၄နှစ်လောက်မှာထွက်ခဲ့သူ
- အင်္ဂလိပ် စာပေမှာအကြီးကျယ်ဆုံး ပြဇာတ် စာရေးဆရာ
- အချစ်ကဗျာ ၁၅၄ ပုဒ်နဲ့ ပြဇာတ် ၄၀ပုဒ် ရေးခဲ့သူ
- အင်္ဂလိပ်ဘာသာမှာစကားလုံးအသစ် ၁၇ဝဝ ကျော် မွေးဖွားပြုစု ပေးနိုင်ခဲ့သူ
- လူပေါင်း၈၂၀,၀၀လောက်နှစ်စဉ်လည်ပတ်ခြင်းခံရသောအိမ်ကိုပိုင်ဆိုင်သူ
- စာပေတိုင်းလိုလိုမှာရည်ညွန်းခြင်းအများဆုံးခံရသောသူ
- ကမ္ဘာပေါ်မှာဘာသာစကားတိုင်းကနေဘာသာပြန်ခြင်းခံရသောစာပေကိုရေးသားခဲ့သူ

အိုင်းစတိုင်းက ဒီလိုပြောတယ်

အိုင်းစတိုင်းက ဒီလိုပြောတယ်

(၁) အမြဲတန်း သိချင်စိတ်ကို ပြင်းပြင်နေပါစေ

(၂) ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့

(၃) ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ

ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံသောသတ်ဖြတ်ရန်ကြံစည်သော မေလ 30 ရက်နေ့ ဒီပဲယင်းနှစ်ပတ်လည်


မြန်မာပြည် မှ ဂုဏ်ယူစရာအချက်များ


 
 
မြန်မာပြည် မှ ဂုဏ်ယူစရာအချက်များ

- ပေပေါင်း ၃၀၀ ခန့် ရှိတဲ့ ရွှေတိဂုံ စေတီတော် မြတ်ကြီး ဟာ နှစ်ပေါင်း ၂၅၀၀ လောက် ကတည်း က တည်ဆောက် ခဲ့တယ် လို့ဆိုပါတယ်။ တန်ပေါင်း များစွာ ရှိတဲ့ ရွှေပြား တွေ၊ ရတီပေါင်း များစွာ ရှိတဲ့ အမျိုးမျိုးသော ကျောက်မျက်ရတနာ တွေနဲ့ပူဇော်ဆင်ယင်ထားပါတယ်
- အာဆီယံ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီ တောင် ရှိရာ နိုင်ငံ
- ဒေသတွင်း မှာ သဘာဝ သယံဇာတ အကြွယ်ဝ ဆုံး နိုင်ငံ
- တိုင်းရင်းသား လူမျိုးစုပေါင်း ၁၀၀ ကျော်ရှိသော နိုင်ငံ
- ကမ္ဘာ့ အကောင်း ဆုံးလို့ ဆိုနိုင်တဲ့ ကျွန်းသစ်ရွှေဝါ ထွက်ရာ နိုင်ငံ
- မြန်မာ နိုင်ငံဟာ ဒေသတွင်း မှာ ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝ ချမ်းသာ ဆုံး နိုင်ငံ
- မြန်မာ စပါးကြီး မြွေ နဲ့ စပါးအုံးမြွေ များဟာ ကမ္ဘာပေါ်မှာ အကြီး ဆုံး မြွေ အမျိုး အစားထဲ တွင်ပါဝင်
- မြန်မာ့ ၀ါးပိုးဝါး ဟာ ဒေသတွင်း မှာ အကြီးဆုံးဝါးမျိုး

အိုဘာမား လမ်းဘေးဆင်းပြီး ဟမ်ဘာဂါစားတာနဲ့ ဝန်ကြီး ငပိရည်ကျိုစားတာ.. ဒီနှစ်ခုဟာ အတူတူပါဆိုတာ သက်သေပြချင်ရင် နောက်ခံလူနေမှုအဆင့်အတန်း တူအောင် အရင်ညှိပါ အဘရေ..

စားဝတ်နေရေးမပြေလည်တဲ့ မိသားစုဆီက ထမင်းကပ်စားပြီး လူတန်းစား မခွဲခြားတတ်ပါဘူးဆိုတာမျိုး လုပ်ပြတာထက်..

ပြည်သူတိုင်းဟာ စားဝတ်နေရေးမပူပင် မကြောင့်ကြရတဲ့၊ ထမင်းဟင်းစုံစုံလင်လင်နဲ့ စားနိုင်တဲ့ လူလတ်တန်းစားတွေအဖြစ် မြှင့်ပေးနိုင်အောင် လုပ်ပေးရမှာ..

အဲဒီလိုမှ မဟုတ်ဘဲ ခင်ဗျားတို့စားသလို ကျုပ်လည်း စားနိုင်ပါတယ်ဗျာဆိုပြီး ကိုယ်စားသလို စားနိုင်အောင် သူတို့ပါဆွဲတင်တာမျိုး မဟုတ်ဘဲ ကိုယ်ပါ စားပြတာတာမျိုးတော့ လက်ခုပ်သံချူတယ်ပဲ မှတ်ပါရစေ..

ကျောင်းဝေးတဲ့ကလေးတွေကို ဆယ်ခါတစ်ခါ လမ်းကြုံလို့ ဖြစ်ဖြစ်၊ မကြုံကြုံအောင် အတင်းခေါ်ပြတာဖြစ်ဖြစ်.. အဲဒါမျိုးလေးတွေထက် အစတည်းက လမ်းကြုံတင် ခေါ်စရာမလိုတဲ့ ရွာတွေမှာ စာသင်ကျောင်းအလုံအလောက်ရှိတဲ့ ပညာရေးစနစ်မျိုးပဲ ကျောင်းသားတွေနဲ့ သူတို့မိဘတွေက လိုလားမှာပါ..

ကမ္ဘာ့ အရည်အချင်း အပြည့်ဝဆုံး နိုင်ငံ ခေါင်းဆောင်

ကမ္ဘာ့ အရည်အချင်း အပြည့်ဝဆုံး နိုင်ငံ ခေါင်းဆောင်

အိန္ဒိယ နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၈၁ နှစ်အရွယ် Manmohan Singh (မာမိုဟန်ဆင်း) ဟာ ကမ္ဘာပေါ်မှာ အရည်အချင်း အပြည့်အဝဆုံး နိုင်ငံခေါင်းဆောင် အဖြစ် စံချိန်တင်ထား ပါတယ်။ သူ ရရှိထားတဲ့ ဘွဲ့နဲ့ အလုပ်အတွေ့အကြုံကို ပြောရမယ် ဆိုရင် -

ပညာ အရည်အချင်း - 

သခင်ယေရှု့ ဘာ ဘာသာစကားကို အသုံးပြုခဲ့ပါသလဲ?


မေလ (၂၇) ရက်
ရိုမန်ကက်သလစ်ဘုန်းတော် ပုပ်ရဟန်းမင်းကြီး အစ္စရေးနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း သွားရောက်ခဲ့ပြီး၊ ယင်းခရီးစဉ်တွင် သခင်ယေရှု့ခရစ် မည်သည့်ဘာသာစကားအသုံးပြုခဲ့သည်ဟူသော ခေါင်းစဉ်ဖြင့် အသေးစား အငြင်းပွားမှုဖြစ်ခဲ့သည်ဟု သိရသည်။

Thursday, May 29, 2014

" ပြည်သူ့ စစ်သား" ဆိုသူများ ဖတ်ရန်...

" ပြည်သူ့ စစ်သား" ဆိုသူများ ဖတ်ရန်...

"ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား " (မောင်သစ်ဆင်း)
==================================

(၁)

ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း
အထက်တန်းကျောင်းသားဘ၀တုန်းက
ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။

မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ
လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”
ဆောင်းပါးကို သင်ပြီးစပေါ့။

မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က
စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား
လာပြီး လှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။
ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့
ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ
သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။

ဘီဂိတ်ကဲ့သို့ အောင်မြင်သူတို့ လမ်းစဉ်

ဘီဂိတ်ကဲ့သို့ အောင်မြင်သူတို့ လမ်းစဉ်

အင်တာဗျူးတစ်ခုမှာ ဘီလ်ဂိတ်ပြောတဲ့ စကားလေးပါ။ "ကျနော် ကျောင်း တက် တုန်းက ဘာသာရပ်အချို့  စာမေးပွဲကျပြီး သူငယ်ချင်းတွေ က အောင်မြင်တယ်။ သူတို့က မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့  ဝန်ထမ်းတွေ ဖြစ် သွားပြီး ကျနော်က မိုက်ဖရိုဆော့ဖ်ကုမ္ပဏီပိုင် ရှင် ဖြစ်လာတယ်"

အယ်လ်နီညို ဆိုတာ ဘာလဲ

>>>အယ်လ်နီညို ဆိုတာ ဘာလဲ <<<
၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လတိုင်အောင် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်တော့မယ်လို့ မိုးလေ၀သပညာရှင်များ သတိပေး ပြောဆိုနေကြပါပြီ။ ဒီနေရာမှာ.. အယ်လ်နီညို ရာသီဥတု၊ သဘောသဘာဝနှင့် ပတ်သက်လို့ ကျနော့် စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရစရာ၊ ကြိုတင်ပြင်ဆင်စရာများကို စဉ်းစားဆုံးဖြတ်နိုင်ရန် ကျနော့်ရဲ့ "အာကာသနှင့် စကြ၀ဠာ" ပေ့ခ်ျမှ တင်ဆက်ပေးသွားပါ့မယ်။

စီးချင်း


စီးချင်း
တစ်ခါတော့ အမတ်ကြီးတို့ တိုင်းပြည်နှင့် အခြားတိုင်းပြည်တစ်ပြည် စစ်ဖြစ်ကြသတဲ့ ။ရှေ့တန်းစခန်းတစ်ခုကို အမတ်ကြီးကို တာဝန်ပေးအပ်ထားပါတယ်။ ဘုရင့်သားလဲ ရှေ့တန်းစခန်းကို လိုက်သွားတာပေါ့။
တစ်ဖက်ရန်သူတွေ ဆီမှာ အလွန်အစွမ်းထက်တဲ့ နတ္တ ဆိုတဲ့ စစ်သူကြီးတစ်ဦးရှိသတဲ့။ အဲဒီစစ်သူကြီးဟာ စစ်ရေးမှာ အလွန်ကျွမ်းကျင်ပြီးတော့ အမတ်ကြီးတို့ရဲ့ စစ်တပ်တွေကို ဦးဆောင်တိုက်ခိုက်နေသူဖြစ်ပါတယ်။ စစ်မက်ဖြစ်ပွားပြီး ၁ လအကြာမှာတော့ အမတ်ကြီးတို့ရဲ့ စစ်စခန်း ၆ ခုကို တစ်ဖက်မှ သိမ်းပိုက်ခြင်းခံရပြီးတော့ အမတ်ကြီးတို့ဘက်မှ နာမည်ကြီးစစ်သူရဲကောင်းတွေလဲ သေဆုံးခဲံရတဲ့အတွက် ရှင်ဘုရင်က အမတ်ကြီးကို လွတ်ပြီးတော့ တိုက်ခိုက်ခိုင်းသတဲ့။

ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)

ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)
***************************************

မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့ တတ်ကြသည်။

အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြ မှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ 

ယနေ့ မှတ်သားမိသောစကား


>>> ယနေ့ မှတ်သားမိသောစကား <<<
၃၅ ယောက်မြောက်အမေရိကန်သမ္မတ
John F Kennedy ကသူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးပါ..
“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”
"တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ" ….တဲ့……။ "
Credit to original post:
အာကာသနှင့် စကြ၀ဠာ

တောဂ်ါလီမဟုတ်တဲ့ အာဏာရှင်သူဌေးတွေရဲ့ဂေါ်လီလေးရေ


 
 
တောဂ်ါလီမဟုတ်တဲ့ အာဏာရှင်သူဌေးတွေရဲ့ဂေါ်လီလေးရေ

စိုင်းစိုင်းခမ်းလှိုင်နဲ့ပတ်သတ်ပြီး ပြောချင်တာလေးပေါ်လာတယ်..

မနိုင်ဝန် မထမ်းလိုပါဆိုတဲ့စကားလေးပါ..ဒီစကားမကြားရရင် အထွေထူးပြောနေမိမှာမဟုတ်ပါ..

လက်မှတ်ထိုးတဲ့ကိစ္စကိုမနိုင်ဝန်လို့ပြောတာ တကယ်တော့ သီချင်းတစ်ပုဒ်ဆိုသလောက်ခက်ခဲလို့လား..ပုံမှန်ဆိုရင်မခက်ခဲဘူးလို့လူတိုင်းမြင်နိုင်ပါတယ်..

ကိုမွန်းအောင် သီချင်းသွင်းဖို့ ဘန်ကောက်ကိုသွားပြီ။


အဆိုတော်မွန်းအောင် တော်လှန်ရေးသီချင်းတွေအပြီးသပ်အသံသွင်းဘို့ ဒီကနေ့(၂၈မေမှာ)ထိုင်းနိုင်ငံဘန်ကောက်ကိုထွက်ခွါသွားပါပြီ။ သူခရီးမထွက်ခင် မေလ ၂၇မှာညနေ အော်စလိုမှာ ကိုမွန်းအောင်နဲ့ဇနီး(မဆွေ)နဲ့အတူတွေ့ဆုံပြီးပန်ချာဘီဆိုင်လေးမှာ နေ့လည်စားအတူစားရင်း နောက်ထွက်မယ့်သီချင်းခွေအကြောင်း စကားစမြီပြောဖြစ်တယ်။

မျောလွင့်သွားတဲ့ "ရိုးသားဖြောင့်မတ်ခြင်း"


မျောလွင့်သွားတဲ့ "ရိုးသားဖြောင့်မတ်ခြင်း"
__________________________ 
"တော်ထက်"တဲ့လူတစ်ယောက်က "ရိုးသားဖြောင့်မတ်ခြင်း"ကို ရေထဲလွှတ်ချစွန့်ပစ်ခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ ကူးရင်းခတ်ရင်း ကျွန်းငယ်လေးတစ်ခုပေါ် ရောက်လာခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ သဲသောင်ပြင်မှာအနားယူရင်း တစ်ယောက်ယောက်လာရင် အကူအညီတောင်းဖို့ စောင့်နေခဲ့တယ်။

ပြောတဲ့စကားချင်းအတူတူ နားဝင်ချိုတာနဲ့ နားထဲကန့်လန့်ဝင်တာ ကွဲသွားတယ်။

ပြောတဲ့စကားချင်းအတူတူ နားဝင်ချိုတာနဲ့ နားထဲကန့်လန့်ဝင်တာ ကွဲသွားတယ်။

ဥပမာအနေနဲ့ပြရရင် အင်္ဂလန်ကလူတွေက "မင်းကြားလား မကြားဘူးလား"လို့ ဘယ်တော့မှ မပြောဘူး။ "ကျွန်တော်ပြောတဲ့အသံ ကြည်လား"လို့ပဲ မေးတယ်။ ဒီလိုစကားနှစ်ခွန်းမှာ ယဉ်ကျေးတာနဲ့ မယဉ်ကျေးတာ မိုးနဲ့မြေလိုကွာခြားသွားပါတယ်။

စကားတစ်ခွန်းချင်းအတူတူပါပဲ...
အပျက်ဖက်ကနေပြောရင် "သူ ငါ့ကို မနာလိုတာ"
အပြုဖက်ကနေပြောရင် "ငါ့မှာ သူမျက်စိစူးစရာရှိလို့ဖြစ်မယ်"

Wednesday, May 28, 2014

ယုံကြည်ချက် မီးအိမ်ကို ထွန်းညှိပါ

ယုံကြည်ချက် မီးအိမ်ကို ထွန်းညှိပါ

၁၅ရာစုတုန်းက ကိုလံဘတ်ဟာ Hispaniolaကျွန်းကို တိုက်ခိုက်အောင်မြင်ပြီး စပိန်ကို ပြန်လာခဲ့တယ်။ ကျွန်းကနေခွာပြီး သိပ်မကြာခင်မှာပဲ ရာသီဥတုအပြောင်းအလဲကြောင့် ကိုလံဘတ်တို့လူတစ်စု လေပြင်းမုန်တိုင်းနဲ့ တိုးခဲ့ကြတယ်။ ကောင်းကင်တစ်ခုလုံး မည်းမှောင်ပြီး လျှပ်စီးလျှပ်ပန်းတွေနဲ့ လှိုင်းတံပိုးရိုက်ဒဏ်ကို သူတို့အလူးအလဲ ခံခဲ့ကြရတယ်။ ဒါဟာ ကိုလံဘတ်ရဲ့ ပင်လယ်ခရီးတစ်လျှောက်မှာ တွေ့ကြုံရတဲ့ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တယ်။ လေပြင်းမုန်တိုင်းဒဏ်ကြောင့် လှေတချို့ ပင်လယ်ရေအောက် နစ်မြှုပ်ခဲ့ကြတယ်။

စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို

စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။

ရှားပါး ဦးနှောက် ဆက်စပ် ရောဂါ တစ်ခု ဖြစ်နေပြီး ဈေးအကြီး ဆုံး အော်ပရေးရှင်း တစ်ခု ဝင်ရမှာမို့ ကလေးငယ် ရဲ့ မိဘ ဖြစ်သူ တို့က ရော်နယ်ဒို ဝတ်ပြီးသား ဂျာစီ အဟောင်း တစ်ထည် နဲ့ ဖိနပ် အဟောင်း တစ်စုံလောက် ပေးဖို့ တောင်းဆို ပါတယ်။ ယင်း အင်္ကျီနဲ့ ဖိနပ်ကို ရောင်းချလို့ ရမှာ ကလေးငယ် အော်ပရေးရှင်း အတွက် ငွေရမှာ မို့ ဖြစ်ပါတယ်။ ကုသ စရိတ်က အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုး ရှိပါတယ်။ 

ကိုငှက် အကြောင်း တစေ့တစောင်း

ကိုငှက် အကြောင်း တစေ့တစောင်း
------------------------------------
"နောက်ခံသမိုင်းကြောင်း"
မွေးနာမည် - ကျော်မြင့်လွင်
မွေးဖွါး - ၁.၇.၁၉၆၃
ပုသိမ်မြို.၊မြန်မာ
သေဆုံး - ၁၄.၈.၂၀၀၄(အသက် ၄၁)
ရန်ကုန် ၊မြန်မာ
သီဆိုခဲ့သောတေးဂီတ - ရော့ခ်, ပေါ.ရော့ခ်
အလုပ်အကိုင် - အဆိုတော် ၊ တေးရေးဆရာ
တူရိယာ - ဂီတာ ၊စန္နယား ၊ဒရမ်
လှုပ်ရှားခဲ့သောခုနှစ် ၁၉၈၆ - ၂၀၀၄
ထူးအိမ်သင်သည်ကျော်ကြားသောအဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်သည်။ အနုပညာ အသိုင်းအဝိုင်းမှ ခင်မင်သူများက ကို ငှက်ကြီးဟု
ခေါ်ကြသည်။ ရင်းနှီးတဲ့သူများကလည်း ကိုဘဲဥဟုခေါ်ကြသည်။

ရိုက်ကွင်းပေါ်က စခဲ့သည့် ဟောလိဝုဒ်အချစ် စုံတွဲ (၁၀)တွဲ


ကမ္ဘာ့ရုပ်ရှင်လောကအား စိုးမိုးထားသည့် ဟောလိဝုဒ်ရုပ်ရှင်လောကတွင် ရုပ်ရှင်ရိုက်ကူးရာမှာ ချစ်ခင်စုံမက်ပြီး အကြောင်းပါခဲ့ကြသော စုံတွဲများအနက် အထင်ပေါ်ဆုံး စုံတွဲ (၁၀) တွဲအား Celebrityအွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့မှုအား ပြန်လည် ဖော်ပြရပါသည်။

၁၀) ဒဲနီရယ် ခရိတ်နှင့် ရာခဲလ်ဝိုက်စ် (Daniel Craig & Rachel Weisz)
ဒီစုံတွဲကတော့ ၁၉၉၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အချစ်ဇတ်လမ်းတကယ် အစပြုတာကတော့ ၂၀၁၀ ခုနှစ်မှာ ရိုက်ခဲ့တဲ့ “Dream House” ဆိုတဲ့ ဇတ်ကားမှာ ဖြစ်ပါတယ်။

မိဘ ၂ ဦးမှ ရံပုံငွေရှာရန် ခရစ်တီယန်နိုရိုနာလ်ဒို ဆီမှာ သူရဲ့ ဘုတ်ဖိနပ် ၁ ရံ နဲ့ တီရှပ် ၁ ထည် လှုဒါန်းရန် ဆက်သွယ်ခဲ့ပါတယ်။


၁၀ လသား ကလေးလေးမှာ ဖြစ်ပွါးရန် ရှားပါးတဲ့ရောဂါ ဦးနှောက်မှာ ရှိနေတာကြောင့် ခွဲစိတ်ကုသဖို့ လိုပါတယ်။ မိဘ ၂ ဦးမှ ရံပုံငွေရှာရန် ခရစ်တီယန်နိုရိုနာလ်ဒို ဆီမှာ သူရဲ့ ဘုတ်ဖိနပ် ၁ ရံ နဲ့ တီရှပ် ၁ ထည် လှုဒါန်းရန် ဆက်သွယ်ခဲ့ပါတယ်။ ရိုနာလ်ဒိုထံမှ ပြန်စာနဲ့အတူ လူနာမိသားစု တောင်းဆိုတဲ့ ဘုတ်ဖိနပ် ၁ ရံ နဲ့ တီရှပ် ၁ ထည် အပြင် လက်ဆောင်ငွေ ယူရို ၆ သောင်း (ဒေါ်လာ ၈ သောင်း ၃ ထောင်) ကိုပါ ပို့ပေးလိုက်ပါတယ်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်ငွေမှန်သမျှ ပေးပေးမှာ ဖြစ်ကြောင်း ထပ်မံအကြောင်းကြားလာပါတယ်။ ဒီသတင်းဖတ်ရသူတိုင်း ကိုယ်စိတ်နှစ်လုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။