Myo Min
ဟိုတနေ့က လူ တစ်ယောက် ထမင်းမစားရတာကြာလို့ အစာရေစာ ငတ်ပြတ်ပီး လမ်းဘေးမှာ လဲကျနေတဲ့ ပြည်တွင်းက သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။
တိုင်းပြည်အနှံ့မှာလည်း တောင်သူလယ်သမားဦးကြီးများခမျာ နာမည်တွေအမျိုးမျိုးတပ်ပီး လယ်ယာမြေတွေ သိမ့်းပိုက်ခံရလို့ အော်ဟစ်ပွက်လောရိုက်နေကြတယ်။
လယ်ယာမြေအသိမ်းခံရတဲ့ တောင်သူဦးကြီးများအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချိုတို့ ဦးနေမျိုးဇင် တို့ တောင် ပုဒ်မတွေ အမျိုးမျိုးတပ်ပီး ထောင်ချထားတယ်။
အဲ့ဒိလို တင်းကျပ်ဖိနှိပ်ပီး အနိုင်ကျင့်ခံနေရတဲ့ ဆင်းရဲသား လက်လုပ်လက်စားတောင်သူဦးကြီးတွေ မိမိလယ်ယာမြေလေး မိမိထွန်ယက်စိုက်ပျိုးစားသောက်ဖို့ တောင်းဆို တောင်းပန်တာတွေ တစ်ပြည်လုံးအနှံ့ မိုးလုံးလျှံနေပေမဲ့ သက်ဆိုင်သူအာဏာပိုင်တွေနဲ့ ခရိုနီအပေါင်းတို့ကတော့ ဒူးနှံ့ပေါင်နှံ့ပီး ပီကေဝါးမပြတ် သောက်ဂရုမစိုက်ကြဘူး။
ဆင်းရဲသားပြည်သူတွေကသာ ငတ်ပီးရင်ငတ် မွဲပီးရင်းမွဲ ဆုတ်ချာပီးရင်း ဆုတ်ချာနေကြတာ......
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ စင်ကာပူနိုင်ငံအခြေစိုက် Orange Tee ကုမ္ပဏီဦးဆောင်ပီး 68 residence က ဆောက်လုပ်မဲ့ ၂၆ ထပ်မြင့်တဲ့ ကွန်ဒိုမီဒီယံအပတ်မန့်ခန်းတွေဟာ target completion က ၂၀၁၈ မှ ဖြစ်ပေမဲ့ အခန်းပေါင်း ၁၂၀ ကျော်ကို V VIP အရေးကြီး(အရေးကြီးပုဂ္ဂိုလ်တွေ)က ဝယ်ယူပြီးစီးသွားပီ လို့ စင်ကာပူနိုင်ငံထုတ် Straits Times သတင်းစာမှာ ပါလာတာလေး မျှဝေးပေးတာပါ။
ဆင်းရဲသားနင်းပြားပြည်သူတွေခမျာ ထမင်းအနပ်မမှန်လို့ ဘာလုပ်ကိုင်စားသောက်ရမှန်းမသိ အားကိုးမရှိ ဖြစ်နေကြတဲ့ ဘဝတွေက တစ်ဖက်၊ အာဏာရှင်အသိုင်းအဝိုင်းနဲ့ပေါင်း အာဏာရှင်တစ်ဖြစ်လဲ ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ သုံးမကုန်ထားမကုန်တဲ့ ဥစ္စာဓနစီးပွားကြီးပွားမှုတွေက တစ်ဖက်
လူတန်းစားကွာဟမှု ဆင်းရဲမွဲတေမှုကြီးမြင့်လာမှုတွေ ဗမာပြည်အတွင်းမှာ မြင့်မားသထက် မြင့်မားလာတာ အာဏာရှင်နဲ့ပက်သက်တဲ့ ခရိုနီအပေါင်းအပါအဝင် အာဏာရှင်တွေရဲ့ တိုင်းပြည်အပေါ်ဗိုလ်ကျစိုးမိုးချယ်လှယ်မှု မြင့်မားလာတာတွေဟာ တိုင်းပြည်တစ်ြ့ပည်ရဲ့ စနစ်ဆိုးအကျင့်ဆိုးကြီးကြောင့် လို့ ပဲ မြင်တယ်ဗျာ။
ဒီစနစ်ဆိုး အကျင့်ဆိုးတွေ ကျင့်သုံးဆောင်ရွက်နေတဲ့ ခရိုနီအာဏာရှင်အစိုးရ စနစ် လုံးဝပပျောက်ရေးဟာ တိုင်းပြည်တွင်းနေထိုင်ကြတဲ့ လုပ်သားပြည်သူတစ်ရပ်လုံး၊ ရဟန်းရှင်လူ တောင်သူဦးကြီးထု တစ်ရပ်လုံးရဲ့ အဓိကကျတဲ့ တာဝန်တစ်ရပ်ပဲ ဆိုတာ မမေ့လျော့သင့်ကြဘူးဗျာ။
လက်ရှိ မှာ ဒီခရိုနီအာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး တွန်းလှန်တိုက်ပွဲဝင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်တွန်းလှန်တိုက်ပွဲဝင်ကြတာဟာကျနော်တို့ခင်ဗျားတို့ တိုင်းပြည် နဲ့ ကျနော်တို့ခင်ဗျားတို့အနာဂတ်မျိုးဆက်သစ်တွေ အသီးအပွင့်တွေ ခံစားကြရမှာသာ ဖြစ်တယ်ဆိုတာ အတိအကျ ယုံကြည်ချင်တယ်ဗျာ.......

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။