ပီလောပီနံရွက်အသုပ်
.......................... .....
ပီလောပီနံရွက်၊ ပီလောပီနံဥ၊ ပီလောပီနံအမှုန့်တွေရဲ့ အသုံးဝင်ပုံတွေကို
ကျွန်တော် တော်တော်များများ ရေးခဲ့ဖူးပါပြီ။ ပီလောပီနံရွက်နှင့်
ငါးကြော်ဟင်းကိုလည်း မိတ်ဆက်ပေးခဲ့ဖူးပါပြီ။ ပီလောပီနံရွက်ကို
ရေနွေးဖျောပြီး အတို့အမြှုပ် အဖြစ် ငါးပိရည် နဲ့ စားသုံးတာများပေမဲ့
ဒီလို သုပ်စားနည်းလေးကတော့ လူသိ နည်းပါတယ်။
အဲဒါကြောင့် အားလပ်ရက် Weekend မှာ သုပ်စားစေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
........................
• ပီလောပီနံရွက် - ၂ စည်း
• ကြက်သွန်နီဥ အကြီး - ၂ ဥ (ပါးပါးလှီးထားပါ)
• ငရုတ်သီးစိမ်း - ၆ တောင့် (ပါးပါးလှီးထားပါ)
• ပုစွန်ခြောက် - စားပွဲဇွန်း ၃ ဇွန်း (ရေဆေးပြီး တောက်တောက်စဉ်းထားပါ)
• သံပရာသီး - ၁ လုံး
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ကြက်သွန်ဖြူဆီချက် - စားပွဲဇွန်း ၃ ဇွန်း
ချက်ပြုတ်နည်း
........................
၁။ ပထမဦးဆုံး ပီလောပီနံအရွက်ကို ခြွေပြီး သန့်ရှင်းအောင်
ဆေးကြောထားပါ။ ပြီးလျှင် ရေနွေးပွက်ပွက်ဆူတွင်ပြုတ်ပါ။
ပြီးလျှင် ရေအေးအေးဖြင့် ဆေးပါ။ပြီးလျှင် ရေ စစ်ပြီး ပါးပါးလှီးပါ။
၂။ ပြီးလျှင် ဇလုံကြီးတစ်လုံးတွင် ပီလောပီနံရွက်အပြည့်နှင့်အတူ
လိုအပ်တဲ့ပစ္စည်းအားလုံးကို ရောနယ်ပြီး စားသုံးနိုင်ပါပြီ။
.......................... .......................... .......................... ..............
Delicious Food From All Over The World By Myint Oo Tha
..........................
ပီလောပီနံရွက်၊ ပီလောပီနံဥ၊ ပီလောပီနံအမှုန့်တွေရဲ့ အသုံးဝင်ပုံတွေကို
ကျွန်တော် တော်တော်များများ ရေးခဲ့ဖူးပါပြီ။ ပီလောပီနံရွက်နှင့်
ငါးကြော်ဟင်းကိုလည်း မိတ်ဆက်ပေးခဲ့ဖူးပါပြီ။ ပီလောပီနံရွက်ကို
ရေနွေးဖျောပြီး အတို့အမြှုပ် အဖြစ် ငါးပိရည် နဲ့ စားသုံးတာများပေမဲ့
ဒီလို သုပ်စားနည်းလေးကတော့ လူသိ နည်းပါတယ်။
အဲဒါကြောင့် အားလပ်ရက် Weekend မှာ သုပ်စားစေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
........................
• ပီလောပီနံရွက် - ၂ စည်း
• ကြက်သွန်နီဥ အကြီး - ၂ ဥ (ပါးပါးလှီးထားပါ)
• ငရုတ်သီးစိမ်း - ၆ တောင့် (ပါးပါးလှီးထားပါ)
• ပုစွန်ခြောက် - စားပွဲဇွန်း ၃ ဇွန်း (ရေဆေးပြီး တောက်တောက်စဉ်းထားပါ)
• သံပရာသီး - ၁ လုံး
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ကြက်သွန်ဖြူဆီချက် - စားပွဲဇွန်း ၃ ဇွန်း
ချက်ပြုတ်နည်း
........................
၁။ ပထမဦးဆုံး ပီလောပီနံအရွက်ကို ခြွေပြီး သန့်ရှင်းအောင်
ဆေးကြောထားပါ။ ပြီးလျှင် ရေနွေးပွက်ပွက်ဆူတွင်ပြုတ်ပ
ပြီးလျှင် ရေအေးအေးဖြင့် ဆေးပါ။ပြီးလျှင် ရေ စစ်ပြီး ပါးပါးလှီးပါ။
၂။ ပြီးလျှင် ဇလုံကြီးတစ်လုံးတွင် ပီလောပီနံရွက်အပြည့်နှင့်အတ
လိုအပ်တဲ့ပစ္စည်းအားလုံးကို ရောနယ်ပြီး စားသုံးနိုင်ပါပြီ။
..........................
Delicious Food From All Over The World By Myint Oo Tha
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။