စိတ်ဝင်စားဖွယ်ရာအချက်များနဲ့မြန်မာပြည်
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကထဲကငလျင်နဲ့ပတ်သက်ပြီးနိုင်ငံပေါင်းမြောက်များစွာမှာသီအိုရီပေါင်းများစွာ၊ဒဏ္ဍာရီပေါင်းများစွာထွက်ပေါ်ခဲ့ပါတယ်။မြောက်အမေရိကားတိုက်မှာနေတဲ့သူတွေဟာအရင်တုန်းကငလျင်နဲ့ပတ်သက်ပြီးယုံကြည်ခဲ့တာကအင်မတန်ကြီးမားတဲ့လိပ်ကြီးတကောင်ကကမ္ဘာကြီးကိုထမ်းထားပါတယ်တဲ့။ဒါကြောင့်ဒီလိပ်ကြီးဟာခြေလှမ်းလှမ်းလိုက်တိုင်းငလျင်ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။
အင်မတန်အေးတဲ့ဆိုက်ဘေးရီးယားမှာတော့ကမ္ဘာကြီးဟာတူလီလို့ခေါ်တဲ့ဘုရား မောင်းတဲ့အင်မတန်ကြီးတဲ့လှည်းကြီးပေါ်မှာရှိတယ်လိုယုံကြည်ကြပါတယ်။ဒီလှည်းကိုဆွဲတဲ့ခွေးလေးတွေဟာခွေးသန်းတွေရှိတော့အဲဒီခွေးသန်းလေးတွေကိုက်ရင်လှည်းကိုရပ်ပြီးကုတ်ရပါတယ်။အဲဒိလိုလုပ်တဲ့အခါမှာကမ္ဘာကြီးဟာတုန်ခါပြီး
ငလျင်တွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။
ငလျင်တွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။
အာဖရိကအနောက်ဖက်ချမ်းမှာရှိတဲ့သူတွေကတော့အချစ်ကိုဦးစားပေးလွန်းတဲ့အင်မတန်မှကြီးတဲ့လူသန်ကြီးကြောင့်လို့အပြစ်ဖို့ပါတယ်ကမ္ဘာရဲ့တခြမ်းကိုသူကထိန်း
ထားပြီးကောင်းကင်ကိုတော့သူ့မိန်းမကထိန်းထားတယ်လို့ဆိုပါတယ်
လူသန်ကြီးဟာသူ့မိန်းမကိုလှမ်းဖက်လိုက်တိုင်းကမ္ဘာကြီးဟာမငြိမ်သက်ပဲ
လှုပ်ရှားမှူတွေကြောင့်ငလျင်တွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။
ထားပြီးကောင်းကင်ကိုတော့သူ့မိန်းမကထိန်းထားတယ်လို့ဆိုပါတယ်
လူသန်ကြီးဟာသူ့မိန်းမကိုလှမ်းဖက်လိုက်တိုင်းကမ္ဘာကြီးဟာမငြိမ်သက်ပဲ
လှုပ်ရှားမှူတွေကြောင့်ငလျင်တွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။
အမေရိကတိုက်အလယ်ပိုင်းမှာပြောလေ့ရှိတဲ့ဒဏ္ဍာရီကတော့ကမ္ဘာကြီးဟာဘုရားလေးပါး
ကထောင့်စွန်းတဖက်စီကိုင်ပြီးထိန်းထားတယ်လို့ဆိုပါတယ်။ကမ္ဘာကြီးကတအားလူတွေပြည့်ကျပ်တယ်လို့သူတို့ထင်လာရင်တော့
လူချောင်သွားအောင် ထောင့်စွန်းတဖက်ကိုခါချလိုက်ကြပါတယ်တဲ့။
ကထောင့်စွန်းတဖက်စီကိုင်ပြီးထိန်းထားတယ်လို့ဆိုပါတယ်။ကမ္ဘာကြီးကတအားလူတွေပြည့်ကျပ်တယ်လို့သူတို့ထင်လာရင်တော့
လူချောင်သွားအောင် ထောင့်စွန်းတဖက်ကိုခါချလိုက်ကြပါတယ်တဲ့။
အာဖရိကားကမိုဇမ်ဘစ်မှာတော့ကမ္ဘာကြီးဟာနေမကောင်းချောင်းဆိုးလာရင်ငလျင်တွေဖြစ်လာတာပါပဲတဲ့။
ဂျပန်ရဲ့ဒဏ္ဍာရီမှာတော့အင်မတန်ကြီးမားတဲ့ငါးခူကြီးဟာ
ပင်လယ် ရေအောက်ကြမ်းပြင်မှာအိပ်နေပါတယ်တဲ့။
သူအိပ်နေရင်ကမ္ဘာကြီးဟာငြိမ်သက်နေပြီးသူနိုးပြီးလှုပ်ရှားလာရင်တော့
သတိထားရပါတယ်တဲ့၊ဘာလို့လဲဆိုငလျင်ဖြစ်တော့တာပဲလို့ဆိုပါတယ်။
ပင်လယ် ရေအောက်ကြမ်းပြင်မှာအိပ်နေပါတယ်တဲ့။
သူအိပ်နေရင်ကမ္ဘာကြီးဟာငြိမ်သက်နေပြီးသူနိုးပြီးလှုပ်ရှားလာရင်တော့
သတိထားရပါတယ်တဲ့၊ဘာလို့လဲဆိုငလျင်ဖြစ်တော့တာပဲလို့ဆိုပါတယ်။
အရင်ခောတ်ကဒဏ္ဍာရီတွေနဲ့ငလျင်ဘာကြောင့်ဖြစ်တယ်ဆိုတာ
ပုံပြင်သဖွယ်ပြောခဲ့ကြတာဟာတကယ်ကဘယ်အချိန်မှာငလျင်လှုပ်မလဲ
ဆိုတာကိုတိတိကျကျခန့်မှန်းဖို့ခဲယဉ်းခဲ့ကြတာကြောင့်လို့ယူဆနိုင်ဖွယ်ရာရှိပါတယ်။
ပုံပြင်သဖွယ်ပြောခဲ့ကြတာဟာတကယ်ကဘယ်အချိန်မှာငလျင်လှုပ်မလဲ
ဆိုတာကိုတိတိကျကျခန့်မှန်းဖို့ခဲယဉ်းခဲ့ကြတာကြောင့်လို့ယူဆနိုင်ဖွယ်ရာရှိပါတယ်။
တကယ်လဲအင်မတန်သိပ္ပံပညာတိုးတက်ပါတယ်ဆိုတဲ့အခုခောတ်မှာတောင် သဘာဝဘေးဒဏ်ကိုတိတိကျကျ ကြိုတင်သိရှိနိုင်ဖို့ ခက်ခဲပါတယ်။ သိပ္ပံပညာရှင်တွေကတော့ တွင်းအောင်နေ သတ္တဝါများ၏ သွားလာလှုပ်ရှားခြင်း မှတ်တမ်းများအရ ငလျင်ကို ကြိုတင်သိရှိနိုင်ပါတယ်လို့  ထုတ်ဖော်ပြောဆိုကြပါတယ်၊ ဒါပေမဲ့လည်း ရာခိုင်နှုန်း အပြည့်အဝ ဖြစ်တယ်လို့ ဆိုလို့မရသေးပါဘူး။
ငလျင်နဲ့ပတ်သက်လို့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချက်ဟာကမ္ဘာမြေပေါ်မှာ ငလျင်ရပ်ဝန်း နှစ်ခုဖြစ်တဲ့ ပစိဖိတ် မီးတောင်ရပ်ဝန်းနဲ့ အယ်လ်ပိုက်ရပ်ဝန်းဆိုပြီးရှိတာမှာ
မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ အနောက်ပိုင်းတွေဟာ အယ်လ်ပိုက်ရပ်ဝန်းမှာကျရောက်နေပါတယ်။ အဲဒီရပ်ဝန်းဟာ ဟိမ၀န္တာတောင်တန်းကနေ အရှေ့ဘက် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကပ္ပလီကျွန်း နှင့် အင်ဒိုနီးရှားနိုင်ငံတွေအထိပါပါတယ်။ မြန်မာနိုင်ငံမှာအဓိက မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ၏ မြောက်ဘက်မှာ ငလျင် ပိုလှုပ်နိုင်တယ်လို့ပညာရှင်အချို့က ပြောပါတယ်။

ကမ္ဘာအေးမြေငလျင်ဌာန၏ ယူဆ သတ်မှတ်ချက်များအပေါ် အခြေခံထားတဲ့အမြင့်ဆုံးလှုပ်နိုင်သည့် ငလျင်အင်အားအဆင့်တွေအရတော့
၁။ စစ်ကိုင်း၊ မန္တလေး၊ အမရပူရ၊ ပဲခူး၊ ဖြူး
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၁၀)
၂။ တောင်ကြီး၊ လားရှိုး၊ ဗန်းမော်၊ မြစ်ကြီးနား၊ စစ်တွေ၊ ကျောက်ဖြူ၊ ခန္တီး၊ မော်လိုက်၊ ကလေးဝ၊ တောင်ငူ၊ ပြည်၊ သရက်
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၉)
၃။ ပျဉ်းမနား၊ ရမည်းသင်း၊ မကွေး၊ မင်းဘူး၊ မုံရွာ၊ မော်ချီး၊ လိါုင်ကော်၊ ရန်ကုန်၊ ပုသိမ်
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၈)
၎။ မိတ္ထီလာ၊ ပခုက္ကူ၊ ချောက်
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၇)
၅။ မော်လမြိုင်၊ ထားဝယ်၊ မြိတ်
အမြင့်ဆုံးလှုပ်နိုင်သည့်အင်အားအဆင့် (၆)တို့ဖြစ်ပါတယ်။

ငလျင်လှုပ်ခဲ့တာတွေကိုမှတ်တမ်းအရကြည့်ရင်ပထမဆုံးတရားဝင် မှတ်တမ်းအရ ရန်ကုန်မြို့အောက်မှာ အားနည်းတဲ့ မြေကြောရှိနိုင်တဲ့အတွက်ကြောင့် ၁၄၃၆ ခုနှစ် မှာ လှုပ် ခဲ့ တာကိုတွေ့ ရှိခဲ့ရပါတယ်။၁၄၇၀ စက်တင်ဘာ(၉)ရက်နေ့ ရန်ကုန်မြို့မှာ ငလျင်ကြီးလှုပ်ခဲ့ပြီး အကြိုငလျင်(၂၅)ကြိမ်၊ နောက်ဆက်တွဲငလျင်အကြိမ်(၅၀)၊ နှစ်လအတွင်းမှာ လှုပ်ခဲ့ ပါတယ်။၁၆၂၀ ခုနှစ်၊ ၁၆၄၄ ခုနှစ် ၊ ၁၆၆၂ ခုနှစ်၊ ၁၆၆၄ ခုနှစ်၊ ၁၆၇၉ ခုနှစ်တို့မှာလည်း ငလျင်တွေ လှုပ်ခဲ့ပါတယ်။အဲဒီနောက် နှစ်ပေါင်း(၂၀၀)နီးပါး မလှုပ်ပဲ နေခဲ့ရာမှ ၁၇၈၆ ဇွန်လ လှုပ်ခဲ့တာမှာ ရွှေတိဂုံ ပထမဖောင်းရစ်ထိ ပြိုကျခဲ့ကြောင်း သိရပါတယ်။
၁၉၂၇ ဒီဇင်ဘာ(၁၇)ရက်မှာလှုပ်ခဲ့တဲ့ ငလျင်ကို ဟံ့သာဝတီ၊ အင်းစိန်၊ မအူပင်ခရိုင်တွေအထိတောင် ငလျင်ရိုက်ခတ်မှူကို ခံစားရပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် အောက်ခံကျောက်ထုတွေ အက်ကွဲကြောင်းတွေအတိုင်းမြင့်တက်လာခြင်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်ငလျင်သမိုင်းမှာ အပြင်းထန်ဆုံးကတော့ ပဲခူးမြို့အနီးကို ဗဟိုပြုခဲ့ပြီး အဆင့်(၈)ကျော်တဲ့၁၉၃၀ မေ (၅)ရက်မှာလှုပ်ခဲ့တဲ့ငလျင်ပဲဖြစ်ပါတယ်။
ပဲခူးမြို့မှာ လှုပ်ခဲ့တဲ့ အပြင်းထန်းဆုံးငလျင်ဟာ ၁၉၃၀ မေလ (၅)ရက်နေငလျင် ဖြစ်ပါတယ်။
မှတ်တမ်းတင်ခဲ့တဲ့ဘီစီ ၁၉၇ နောက်ပိုင်းက (၃၂)ကြိမ်မြောက်ပဲခူး ငလျင်လို့ ဖော်ပြကြပါတယ်။
အဆင့်(၁၀)ရှိပြီး စတုရန်းမိုင် ၂၂၀၀၀၀ ကို လှုပ် ခါ စေ ခဲ့ ပါတယ်။ လူ(၅၀၀)ခန့် အသက်ဆုံးရှုံး ခဲ့ ရပါတယ်။ပဲခူးငလျင်ရဲ့ဗဟိုချက်ဟာ ပဲခူး တောင်ဘက် မိုင်(၂၀)အကွာစစ်တောင်းမြစ်ဝကျွန်းပေါ်
နုန်းမြေ အောက်မှာရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမှာလှုပ်ခဲ့တဲ့ ငလျင်ဟာ၁၉၅၆ ဇူလိုင်လ(၁၆)ရက်ညနေပိုင်းမှာဖြစ်ပြီး ပြင်းထန်အား(၇)ခန့်ရှိပါတယ်။ဒီငလျင်ဒဏ်ကြောင့်စစ်ကိုင်းတံတား နေရာရွေ့ခဲ့ရပြီး
စစ်ကိုင်းတောင်ရိုးကနေ ဘုရားတွေ ပြိုကျခဲ့တာမှာလူအသေအပျောက်တွေရှိခဲ့ပါတယ်။
စစ်ကိုင်းတောင်ရိုးကနေ ဘုရားတွေ ပြိုကျခဲ့တာမှာလူအသေအပျောက်တွေရှိခဲ့ပါတယ်။
ပုဂံမှာလှုပ်ခဲ့တဲ့ငလျင်ကတော့ဆုံးရှုံးမှူများတယ်လို့ဆိုနိုင်ပါတယ်။၁၉၇၅ ဇူလိုင်(၈)ရက်နေ့မှာ ပြင်းအား (၆.၈) နဲ့လှုပ်ခဲ့ပါတယ်။သမိုင်းတစ်လျောက်ငြိမ်သက်ပြခဲ့တဲ့ပခုက္ကူနားက ပြတ်ရွေ့ ကြောင်း လေးခု ဟာ နှစ်ပေါင်း (၁၀၀၀)ထက် မကတည်ငြိမ်ခဲ့ပြီးမှအကြိုငလျင် လုံးဝမရှိဘဲ ပုဂံရဲ့အနောက်တောင်ယွန်းယွန်း (၁၄)မိုင်အကွာကို ဗဟိုပြုပြီးလှုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆက်တွဲငလျင်(၃)ကြိမ်လှုပ်ခဲ့ပါသေးတယ်။တုန်ခါတဲ့ ဧရိယာဟာ စတုရန်းမိုင်ပေါင်း(၂၀၀၀၀)ကျော်ရှိပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းအဆောက်အဦးစေတီ ၉၀%လောက် ပျက်စီးခဲ့ရပါတယ်။ ဧရာဝတီ ရေစီးဆင်းမှု ရပ်သွားပြီး ရေပြင်မှာလှိုင်းကြီးခဲ့တဲ့အပြင်
အခြားမြေပြင် အနေအထားတွေ ပြောင်းလဲမှု ရှိခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။
မင်းဘူး ရွှံ့မီးတောင် (၂)ပေခန့် နိမ့်ဆင်းသွားပြီးရွှံ့ ချော်ရည်များ ကျလာခြင်း၊ ရေတွင်းမှ ရေများ
တိုးထွက်လာခြင်း၊ မြေအက်ကွဲကြောင်းများပေါ်လာခြင်းတို့ ဖြစ်ခဲ့ပါတယ်။

လူ(၃၀၀)ကျော် သေဆုံးခဲ့တဲ့အမရပူရ-အင်းဝငလျင်ဟာ ၁၈၃၉ မတ်လ(၂၃)ရက်နေ့မှာဖြစ်ခဲ့ပြီးအမရပူရ တစ်မြို့လုံးပျက်ဆီးစေခဲ့တဲ့အထိပြင်းထန်အားအဆင့်(၉) အထိ လှုပ်သွားခဲ့ပါတယ်။ စက္ကန့်(၃၀)မျှသာ ကြာပေမဲ့ဧရာဝတီမြစ်ကြောင်းပြောင်းပြန်စီးပြီး မင်းကွန်းခေါင်းလောင်းတော်ကြီး ပြုတ်ကျခဲ့ရပါတယ်။
ပဲ ခူး င လျင်ရဲ့ နောက် ဆက် တွဲ လို့ ယူ ဆ ခဲဖူးတြဲ့ဖူးငလျင်ဟာ၁၉၃၀ မေ(၅)ရက် ပဲခူးငလျင်ဒဏ်ကို ပြင်းအား(၇)အထိ ခံလိုက်ရတဲ့အပြင် ၄င်းနှစ်
ဒီဇင်ဘာလ(၃)ရက်နေ့မှာပဲ ပြင်းအားအဆင့်(၉)အထိ ခံလိုက်ရပြန်ပါတယ်။ ငလျင်ဗဟိုချက်ဟာဖြူးမြို့အနီးမှာ ဗဟို ပြုခဲ့ပါတယ်။
ဒီဇင်ဘာလ(၃)ရက်နေ့မှာပဲ ပြင်းအားအဆင့်(၉)အထိ ခံလိုက်ရပြန်ပါတယ်။ ငလျင်ဗဟိုချက်ဟာဖြူးမြို့အနီးမှာ ဗဟို ပြုခဲ့ပါတယ်။
၁၉၁၂ မေ(၂၃)မှာဖြစ်ပွါးခဲ့တဲ့ တောင်ကြီးငလျင်ဟာ လားရှိုး နဲ့ မိုင်(၂၅၀)ခန့်ဝေးပြီး အင်အား(၇) ကနေ (၈)အထိခံခဲ့ရပါတယ်။
ကျိုင်းတုံဟာလဲငလျင်နဲ့မလွတ်ပါဘူး။၁၉၄၁ ဒီဇင်ဘာ ၊ 1950 ဖေဖော်ဝါရီ(၂)ရက်တို့မှာ အင်အား(၇)နဲ့ လှုပ်ခဲ့တာကိုတွေ့ရပါတယ်။
ငလျင်စက်ကွင်းကမလွတ်တာမှာဗန်းမော်ဟာ၁၉၃၁ ဇန်န၀ါရီ(၂၇) ကာမိုင်းငလျင်၊ ၁၉၄၆ တကောင်းငလျင်တို့ကြောင့် အင်အား(၇) ကနေ (၈)အတွင်းခံခဲ့ရပါတယ်။
ဗန်းမော်မြို့အနီး ပြတ်ရွေ့ကြောင်းတွေဟာတည်ငြိမ်မှု မရှိသောကြောင့်လို့ငလျင်လေ့လာသူ
ပညာရှင်တွေကဆိုပါတယ်။
ဗန်းမော်မြို့အနီး ပြတ်ရွေ့ကြောင်းတွေဟာတည်ငြိမ်မှု မရှိသောကြောင့်လို့ငလျင်လေ့လာသူ
ပညာရှင်တွေကဆိုပါတယ်။
မေမြို့ငလျင် ဟာ မြန်မာပြည်မှာ အပြင်းထန်ဆုံး လှုပ်ခဲ့သည့် ငလျင်ကြီးလိုဆိုလို့ ရပါတယ်။ဒီငလျင်ဟာ၁၉၂၁ မေလ(၂၃)ရက်နေ့မှာ လှုပ်ခဲ့ပါတယ်။ ရှမ်းပြည်နယ် ၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ မန္တလေး၊ စစ်ကိုင်း ၊မိုးကုတ် ခရိုင်များမှာ အပျက်အစီးများ ရှိခဲ့ပါတယ်။ မေမြို့ငလျင်လို့ ခေါ်ပေမဲ့ ဗဟိုချက်ဟာတောင်ကြီးမြို့အနီးမှာ ကျရောက်ပါတယ်။ ပြင်းထန်အင်အားအဆင့်(၈)ရှိခဲ့ပြီး စတုရန်းမိုင် ၃၇၅၀၀၀အထိ လှုပ်ခါစေခဲ့ပါတယ်။ မြန်မာပြည်ဟာအခုချိန်ထိငလျင်
ဒဏ်ခံနေရဆဲဖြစ်ပါတယ်။
ဒဏ်ခံနေရဆဲဖြစ်ပါတယ်။
အင်မတန်စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်ဟာငလျင်ဒဏ်ကိုအများအပြားခံရတဲ့မြန်မာပြည်မှာငလျင်နဲ့ပတ်သက်လို့ဟိုးယခင်တုန်းကဘာကြောင့်ငလျင်ဖြစ်ရတယ်ဆိုတဲ့ဒဏ္ဍာရီပုံပြင်တွေ ရှိခဲ့သလား ၊မရှိခဲ့ဖူးလားဆိုတာဟာပဟေဋ္ဋိသဖွယ်စူးစမ်းစရာ ဖြစ်နေပါတော့တယ်။
Ref: စာပေဗမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ် -မြန်မာ့ငလျင်စာ-၈၇- ၁၉၇၈
(Geological Surver of India .. Brown J.C)
စာကိုး-မော်စကိုဘူမိပါမောက္ခ ဂျီပီဂေါ့၊မောင်နွယ်အောင်(ဒဂုံဆောင်) ငလျင်
Earth -shattering Earthquakes -Anita Ganeri
(Geological Surver of India .. Brown J.C)
စာကိုး-မော်စကိုဘူမိပါမောက္ခ ဂျီပီဂေါ့၊မောင်နွယ်အောင်(ဒဂုံဆောင်) ငလျင်
Earth -shattering Earthquakes -Anita Ganeri
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။