နိုင်းနိုင်းစနေ
overcoming
လူ့ဘဝခရီးလမ်းမှာ ဘယ်သူမဆို အခက်အခဲ ပြဿနာတွေရင်ဆိုင်တွေ့ကြ ရတာပဲ။ အဲဒီအခက်အခဲတွေကို အောင်နိုင်ဖို့ ဆိုတာ ကိုယ့်ရဲ့ စိုးရိမ်ကြောင့်ကျစိတ်၊ အားငယ်စိတ်တွေကို အရင်ကျော်လွှား (overcome) လိုက်ရတယ်။ ကိုယ့်ကိုယ်ကို အရင် အောင်နိုင်ရ တယ်။ တကယ်ဆို လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး ဆိုတဲ့နေရာမှာ အတွေးလေးတစ်စပဲ လိုပါတယ်။
အတွေ့အကြုံဆိုတာ နာကျင်ဝမ်းနည်းမှုတွေကနေ ရလာတာပါပဲ။ နာကျင်ဝမ်းနည်းမှုတွေကို အရင် ကျော်လွန်မှ အခက်အခဲ ကိုဖြေရှင်း မယ့် လမ်းစ တွေ၊ နည်းလမ်းတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Dale Carnegie ကပြောခဲ့တယ်။ ”လူတွေဟာ ဆင်းရဲဒုက္ခခံနေရချိန်မှာ အဲဒီဆင်းရဲဒုက္ခကို ခံနိုင်တဲ့အားက တကယ်အံ့သြဖို့ ကောင်းပါတယ်။ လူတွေဟာ မကောင်းတာတွေကို ကြံ့ကြံ့ခံနိုင်သလို အဲဒီမကောင်းတာတွေကိုလည်း ကျော်လွှားနိုင်ပါ တယ်။ ဒါဟာ လူတွေမှာ အံ့သြ စရာကောင်းလောက် တဲ့ လုပ်နိုင်စွမ်းတွေ ရှိလို့ပါပဲ။ အဲဒီစွမ်းရည်တွေကို ထုတ်သုံးရင် အခက်အခဲ ဆင်းရဲဒုက္ခတွေကို ကျော်လွန် လွန်မြောက်နိုင်ပါတယ်။ မကျော်လွန် မလွန်မြောက်နိုင်တဲ့ အခက်အခဲဆိုတာ မရှိပါဘူး။ မကျော်လွန်ချင်တဲ့ စိတ်ပဲရှိတာပါ။
outstanding
သာမန်ထူးချွန်တာထက် ပိုသာလွန်ထူးချွန်တာလို့ ပြောရမယ်။ လူတစ်ယောက်ထူးချွန်ဖို့က လေ့ကျင့် သင်ကြားပေးလို့ရတယ်။ လေ့လာသင်ကြားခြင်း ဆိုတာ တီထွင် ဖန်ဆင်းခြင်းအတွက် အခြေခံပေါ့။ အဲဒီလိုလေ့ကျင့်သင်ကြားရာမှာ ကိုယ်တိုင် လေ့လာသင်ယူစွမ်း၊ ကိုယ်တိုင်ဖန်တီးစွမ်း၊ ကိုယ် တိုင် တွေးတော စွမ်းတွေ ရှိအောင် ပြုစုပျိုးထောင်ရ တာပေါ့။ ထူးချွန်သူတစ်ယောက်မှာ IQ ရဲ့ အခန်း ကဏ္ဍလည်းအရေးပါသလို EQ ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်လို့ ထင်ပါတယ်။ လူ တစ်ယောက်ဟာ IQ ကောင်းပြီးထူးချွန်ပါရဲ့ EQ မရှိရင် မိမိကိုယ်ကိုယ် သတိပြုဆင်ခြင်မှုလည်း ကင်းမဲ့တယ်။ မကောင်းတဲ့ စိတ်ခံစားချက်ကိုလည်း မကိုင်တွယ် မဖြေ ရှင်းနိုင်ဘူး။ ကိုယ်ချင်းစာတရားလည်း ကင်းမဲ့တယ်။ တခြားလူနဲ့လည်း သင့်မြတ်အောင် မပေါင်းသင်းနိုင်ဘူးဆိုရင် အဲဒီလူဟာ IQ ဘယ်လောက်ပဲမြင့်နေနေ ဘယ်ေ လာက်ပဲ ထူးချွန်နေနေ သာမန်ထူးချွန်တာထက် ပိုသာလွန် ထူးချွန်ထင်ရှားမှာမဟုတ်ပါဘူး။
opportunity
ဒီစကားလုံးက လူတိုင်းနဲ့ ရင်းနှီးတဲ့စကားလုံးပါ။ ကျွန်မတို့ဘဝမှာလည်း ရွေးချယ်စရာ အခွင့်အရေး တွေ အများကြီးရှိပါတယ်။ လူတွေပြောကြတဲ့ ”အခွင့်အရေးကို လက် မလွတ်စေနဲ့၊ လက်လွတ် သွားတဲ့အခွင့်အရေး နောက်တစ်ဖန် ပြန်လာဖို့ ဆိုတာ ခဲယဉ်းတယ်” ဆိုသလို အခွင့်အရေးကို ကျွန်မတို့ ဖမ်းဆုပ်တတ်ရတယ်.. ဒီလိုမှမဟုတ် ရင် အခွင့်အရေးရဖို့ အခွင့်အရေးတောင်ရှိမှာ မဟုတ်ပါဘူး။ ပုံပြင်လေးတစ်ပုဒ်က ဒီလိုရှိတယ်။ ဆရာက တပည့်တွေကို ”အခွင့်အရေးဆိုတာ ဘာလဲ” လို့ မေးတယ်။ တပည့်တွေက ”အခွင့် အရေးဆိုတာ သင်တွေ့ပြီး တခြားလူမတွေ့တဲ့ အထူးကံကောင်းခြင်းတစ်မျိုး” လို့ဆိုတယ်။ တချို့ ကလည်း ”အခွင့်အရေးဆိုတာ တခြားလူက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်တာ” လို့ ဆိုတယ်။ (အခွင့်အရေးပေးတာပေါ့)။ တချို့က လည်း ”အခွင့်အရေးဆိုတာ သင်နေ့စဉ်ပြောဆို ဆက် ဆံနေ တဲ့ ပေါင်းသင်းဆက်ဆံရေး” လို့ဆို တယ်။ (အခွင့်အရေးရဖို့ ဖန်တီးတာပေါ့)။ တပည့် တွေဖြေတာကို ဆရာကဘာမှမပြောဘဲ သူတွေ့ ကြုံခဲ့တဲ့ အတွေ့ အကြုံ တစ် ခုကို ပြောပြလိုက်တယ်။ ”ထိုင်းနိုင်ငံက အုန်းသီးတွေ အမြောက်အများ ထွက်တဲ့နိုင်ငံပါ။ အားလုံးသိတဲ့အတိုင်း အုန်းပင် တစ်ပင်ရဲ့အမြင့်က ၁ဝမီ တာကျော်လောက် ရှိ တယ်။ အုန်းပင်ကချောပြီး အကိုင်းအခက်တွေ လည်း မရှိဘူး။ ဒါကြောင့် အုန်းသီးခူးရာမှာ အခက်အခဲဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း အုန်းသီး ခူးတဲ့အခါ အသက် အန္တရာ ယ်ေ တွ ကြုံတွေ့ရတယ်။ အဲဒီမှာ အထက်တန်းပညာအဆင့်သာရှိတဲ့ အုန်းသီးခူးသူတစ်ဦးက အုန်းသီးခူးဖို့ မျောက်တွေ ကိုလေ့ကျင့်ပေးတယ်။
ပြီးရင် အဲဒီမျောက်တွေကို အုန်းပင်ပိုင်ရှင်တွေဆီရောင်းတယ် ဒါမှမဟုတ် ငှားတယ်။ မျောက်အုန်းသီးခူးတာဟာ လူတွေ ထက် ၃ ဆမြန်တဲ့အတွက်ကြောင့် သူစီးပွားဖြစ်ခဲ့ တယ်။ နှစ်တိုတိုအတွင်းမှာ အဲဒီအုန်းသီးခူးသူဟာ သူဌေးဖြစ်သွားခဲ့တယ်။ တကယ်လို့ အုန်းသီးခူးတဲ့ အခက်အခဲကို အဲဒီလူနားမလည်ခဲ့ရင်၊ စူးစမ်း လေ့လာ တဲ့မျက် လုံး တစ်စုံ သူ့မှာမရှိခဲ့ရင် အခွင့် အရေးက သူ့ရှေ့ရောက်လာမှာမဟုတ်ဘူး” ဆရာ ပြောသလိုပါပဲ.. အခွင့်အရေးက နေရာတိုင်းမှာ ရှိပါတယ်။ အဲဒီအခွင့်အရေးကို ရှာဖွေ တတ် တဲ့ မျက်လုံးတစ်စုံ ကျွန်မတို့ဆီမှာ ရှိသင့်ပါတယ်။ အခွင့်အရေးကို မြင်တတ်ရပါတယ်။ ပြီးရင် ဖမ်းဆုပ်တတ်ရပါတယ်။ စကားလုံးရဲ့အဓိပ္ပာယ်က ချဲ့ရင်ချဲ့သလို လူ တစ်ဦး တစ်ယောက်ကနေ လူတစ်စု ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံအထိ ကျယ် ပြန့်သွားနိုင်ပါတယ်။ ကျွန်မက လူတစ်ဦး တစ်ယောက်ကနေ ရည်ရွယ်ပြီး နားလည် သ လို ပြောရတာပါ။ ကျေးဇူးတင်ပါတယ်။
ဖြိုးစုပိုပို
http://yatimagazine.com/archives/12519
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။