Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 26, 2014

၁၉၉၀ ရွေးကောက်ပွဲတွင် တာဝန်ကျေပွန်ခဲ့သော ပြည်သူလူထုနှင့် ဝတ္တရားမကျေသောလူတစ်စု

၁၉၉၀ ရွေးကောက်ပွဲတွင် တာဝန်ကျေပွန်ခဲ့သော ပြည်သူလူထုနှင့် ဝတ္တရားမကျေသောလူတစ်စု
**********************************************************************************************
၁၉၉ဝ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ၁၉၉၀ခုနှစ် မေလ ၂၇ရက်မှ စ၍ ရေတွက်လျှင် ယခုဆိုလျှင် (၂၄)နှစ်တင်းတင်းပြည့်ခဲ့ပေပြီ။ ၁၉၉ဝ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည်ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတို့၏အသက်၊ သွေး၊ ချွေးတို့စတေးပြီးမှ
ပေါ်ပေါက်လာရသော ရွေးကောက်ပွဲဖြစ်၍ အလွန်မှပင် ကြီးမြတ်လှသောကြောင့် မြန်မာ့သမိုင်းတွင် မမေ့သင့်မမေ့အပ်သော နေ့တစ်နေ့ဖြစ်ခဲ့သည်။
ထို့နည်းတူ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခဲ့ကြသော ပြည်သူများကလည်း ပြည်သူသည်သာ အချုပ်အခြာ အာဏာပိုင်ဆိုင်သော၊ စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်နှင့် ဒီမိုကရေစီအခွင့်အရေးများကို မိမိတို့သာမက နောင် သားစဉ်မြေးဆက်ခံစားနိုင်ရေး အတွက် မျှော်လင့်ချက်ကြီးစွာ တာဝန်သိသိဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပေသည်။ ထိုသို့ပြည်သူများအသက်၊ သွေး၊ ချွေးတို့ဖြင့်ရင်းပြီးမှထွ က်ပေါ်ခဲ့ရသော ရွေးကောက်ပွဲရလဒ်ကိုအာဏာပိုင်စစ်အစိုးရအနေဖြင့် နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့သည်မှာ အလွန်ပင်အကျည်းတန် အရုပ်ဆိုးလှပေသည်။
၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်မြန်မာ့နိုင်ငံရေး
သမိုင်းအားပြန်လှန်ကြည့်လျှင် (၁၉၆၂)ခုနှစ် မတ်လ(၂)ရက်နေ့တွင် စစ်တပ်မှအာဏာသိမ်းပြီး နောက်ပိုင်းတွင်မြန်မာနိုင် ငံ လွတ်လပ်ရေးရစဉ် အခါကစ၍ ကျင့်သုံးနေသော ဒီမိုကရေစီစနစ်မှာ စစ်အာဏာရှင်တို့ လက်အောက်တွင် ဖျက်ဆီးခံခဲ့ရပြီး၊ ပြည်သူလူထုမှာလည်း ဒီမိုကရေစီ အခွင့်အရေးများ ဆိတ်သုဉ်းကာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည်လည်း ကွယ်ပျောက် ခဲ့ရသည်။ ထိုမှတဖန် အာဏာသိမ်း အစိုးရမှ အသွင်ပြောင်းခဲ့သော (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) တစ်ပါတီ အာဏာရှင်စနစ်အောက်တွင်လည်း လူတို့၏ မွေးရာပါအခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများ ဆက်လက် ဆုံးရှုံးနေရပြီး၊ နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ တိုင်းရင်းသား လူမျိုးစုအရေးအပါအဝင် ကဏ္ဍစုံတွင် အဖက်ဖက်မှ အလုံးစုံ ဆုတ်ယုတ်ကျဆင်းခဲ့ရပေသည်။
ပြည်သူသည် အချုပ်အခြာအာဏာပိုင်၍ နိုင်ငံတော်အာဏာသည် ပြည်သူထံမှ ဆင်းသက်သော နိုင်ငံရေးစနစ်မျိုးနှင့် ဆန့်ကျင်သည့် တစ်ပါတီအာဏာရှင် စနစ်၏အုပ်စိုးမှုအောက်တွင် ပြည်သူတို့မှာ နင်းပြားဘဝသို့ရောက်ခဲ့ရပေသ ည်။ ထိုစဉ်က နိုင်ငံတော်ကို အုပ်ချုပ်သော မ.ဆ.လ.အစိုးရသည် (၁၉၇၄)ခုနှစ်မှစ၍ (၄)နှစ်တကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပ၍ ပြည်သူတို့အားမဲပေးစေခဲ့ပါသ ည်။သို့သော်မဲဆန္ဒလာရောက်ပေး ကြရသည့် ပြည်သူလူထုကြီးမှာ မဲပေးရာတွင်မိမိတို့ နှစ်သက်သည့် ပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့အား ရွေးချယ်၍ မဲပေးရသည် မဟုတ်ပဲ မဆလပါတီမှအဆင့်ဆင့် ရွေးချယ် ပေးထားသော သူများကိုသာ ထောက်ခံမဲ/ ကန့်ကွက်မဲဟူ၍ ပေးရခြင်းဖြစ်၍ အမှန်စင်စစ်မှာ ဆန္ဒခံယူပွဲများ အဆင့်မျှသာရှိပါသည်။ ပြည်သူလူထု၏ ဆန္ဒအမှန်ကို ဖေါ်ထုတ်နိုင်ခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်ရှိသော ရွေးကောက်ပွဲများမှာ(၁၉၄၇)ခုနှစ်ကိုလိုနီခေတ်တွင်ပြုလု ပ်ခဲ့သောတိုင်း ပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲနှင့် လွတ်လပ်ရေးရပြီးနောက် (၁၉၅ဝ)ခုနှစ်များအတွင်းပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲမျှသာဖြစ်သည်။ (၁၉၄၇)ခုနှစ် ရွေးကောက်ပွဲသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ နိုင်ငံလွတ်လပ်ရေးရရှိပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်မြောက်ရေးအတွက်ပြုလုပ်သော ရွေးကောက်ပွဲဖြစ်သကဲ့သို့(၁၉၉ဝ) ပြည့်နှစ်
ရွေးကောက်ပွဲသည်လည်းစစ်အာဏာရှင်အုပ်စိုးမှုလက်အောက်မှ ပြောင်းလဲရေးအတွက်ပြု လုပ်သောရွေးကောက်ပွဲဖြစ်ပေသည်။ ထိုကဲ့သို့ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ပြောင်းလဲရန် အတွက် ရွေးကောက်ပွဲများကျင်းပမည်ဆိုသည့် ယုံကြည်ချက်သည် ပြည်သူတို့၏ ယုံကြည်ချက်သာ ဖြစ်ပေသည်။ နဝတ၏ရည်ရွယ်ချက် မဟုတ်ချေ။
ထို့အတူ ရွေးကောက်ပွဲကြီးမှ ပေါ်ထွက်လာသော ရွေးကောက်ပွဲရလာဒ်သည်ကား ၂၆နှစ်လုံးလုံး တစ်ပါတီအာဏာရှင် အုပ်စိုးမှုအောက် နင်းပြားဘဝသို့ရောက်ခဲ့ရပြီး၊ တဖန်စစ်အာဏာရှင်လက်အောက်သို့ပြောင်းလဲရောက်ရှိကာ ပြားသည်ထက်ပို၍ ပိပြားခဲ့ရသော အခြေအနေဆိုးမှ လွတ်မြောက်ရန်နှင့် အခြေခံလူ့အခွင့်အရေးများကိုအပြည့်အဝ အာမခံသော စစ်မှန်သောဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာစေရန် ပြည်သူလူထုကြီးက မျှော်လင့် ချက် ကြီးမားစွာဖြင့် မဲဆန္ဒပေးခဲ့ခြင်းမှ ပေါ်ထွက်လာရသော ရလဒ်ပင်ဖြစ်ပေသည်။ နဝတ မျှော်လင့်ခဲ့သော ရလဒ် မဟုတ်ချေ။ ဤသို့ဖြင့် နဝတ စစ်အစိုးရလက်အောက် ကျင်းပသော ရွေးကောက်ပွဲပြီးစီးသည်ကား ၁၉၉၀ခုနှစ် မေလ ၂၇ရက်မှ စ၍ ရေတွက်လျှင် ယခုဆိုလျှင် (၂၄)နှစ်တင်းတင်းပြည့်ခဲ့ပြီ။သို့သော်လည်း စစ်အာဏာရှင် အုပ်စိုးမှုမှ ပြည်သူလူထု ဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက် ပေးလိုက်သောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့်ဒီမိုကရေစီအစိုးရအုပ်စိုးမှုသို့ ပြောင်းလဲနိုင်ခြင်းမရှိ ခဲ့ပေ။ ဆယ်စုနှစ်နှစ်ခုကြာမြင့်အောင် ရွေးကောက်ပွဲရလဒ်အားလျစ်လျူရှု၍ ပြည်သူ့လွှတ်တော်ခေါ်ယူပေးခြင်း မပြုပဲနေခဲ့သည်မှာ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့မြန်မာနိုင်ငံတစ်ခုတည်းသာ ရှိလေသည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ယနေ့မျက်မှောက်ခေတ်အခြေအနေ
၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရသည် အာဏာရရန် ပြည်သူလူထုထံမှအမျိုးမျိုးအခွင့်ကောင်းယူပြီး သမ္မတရာထူးရယူကာ ယနေ့နိုင်ငံတော် အာဏာကို ဆုပ်ကိုင်ထားကြသည်။ ၎င်းစစ်အစိုးရသည် ဥပဒေအမျိုးမျိုး ပြဋ္ဌာန်း၍လည်းကောင်း၊အမိန့်အမျိုးမျိုးထုတ်၍လည်းကောင်း၊ဦးတည်ချက်အမျိုးမျိုးချမှတ်၍လည်းကောင်း၊ ဆောင်ပုဒ်အမျိုးမျိုး ကြွေးကြော်၍လည်းကောင်း၊ ခေတ်မှီနိုင်ငံတော်သစ် တည်ဆောက်နေသယောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကာအကွယ်ဖြင့် နိုင်ငံထဲတွင် နိုင်ငံသားများနှင့် လူမျိုးစုများအား ဖိနှိပ်ချုပ်ချယ်၍ နိုင်ငံပြင်ပတွင်ဘီးလူးရုပ်မှ မင်းသမီးရုပ် အသွင်ဆောင်လျက်လူမြင်ကောင်းအောင် ဟန်ဆောင်သရုပ်ပြနေပေသည်။ အသိသညာမကြွယ်သော တောင်သူလယ်သမားများထံမှ လယ်မြေများအား အခကြေးငွေများ သင့်တော်သလိုမပေးဘဲ မိမိအကျိုးစီးပွားအရေးကိုသာ အာရုံစိုက်နေခြင်း၊ လက်ပန်းတောင်းတောင်ကဲ့သို့သော သဘာဝပတ်ဝန်းကျင်အရေး၊ ရခိုင်မူဆလင်အရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်များအရေးတို့တွင် နစ်နာသွားသောလူထုအတွက် လေးစားအပ်လောက်သော တာဝန်ယူမှုမရှိခြင်း၊ မပြည့်ဝသောစေတနာ၊ လူထုပေါ် ရင်ဝယ်သားပမာ ချစ်ခင်မှုတို့တွင် ပြောသလိုမလုပ် အပြောတစ်ခြား အလုပ်တစ်ခြားပြကာ လူထု၏ လိုအပ်ချက်များအား ဖြေရှင်းရာတွင်ယခင်အာဏာရှင်များလုပ်သော အလုပ်များနှင့် မည်သို့မျှမခြားနားသော အာဏာရှင်ဆန်ဆန်ကိုင်တွယ်မှုများနှင့်သာ အဆုံးသတ်သွားခဲ့သည်။
ယခု သမ္မတ ဦးသိန်းစိန်လက်ထက်တွင် လူထုမှာ ယခင်ကထက် ပို၍ဆင်းရဲတွင်းနက်သထက်သာ နက်လာခဲ့သည်။
အဓ္ဓမြေယာသိမ်းဆည်းမှု ပြဿနာများအားဖြေရှင်းမပေးခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား ဗန်းပြ၍တိုက်ပွဲများ ဆင်နွှဲနေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပြုထားသော လေးပွင့်ဆိုင်ဆွေးနွေးပွဲအား ဂရုမစိုက်၊ အလေးမထားဘဲ မျက်ကွယ်ပြုထားခြင်း၊ ၂၀၀၈ အခြေခံဥပဒေအား အသံကောင်းဟစ်၍ ပြင်ဆင်မည်ဟုအကြိမ်ကြိမ်ပြောနေသော်လည်း ယခုတိုင်အကောင်အထည်မဖော်ပေးသေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲဖြင့် မက်လုံးပေးမြူဆွယ်နေခြင်းများဖြင့် မိမိတိုင်းပြည်အပေါ်တာဝန်ခံမှုများအား မသိသားဆိုးရွားစွာ တိမ်းရှောင်နေလေ၏။
အာဏာရှင်အစိုးရအနေဖြင့် ဒုက္ခဆိုးနှင့်ကြုံတွေ့နေရသော တိုင်းပြည်နှင်၊့ ပြည်သူတို့၏ အခြေအနေအမှန်ကို သိလျက်နှင့် ဇွတ်တိုး၍ လုပ်ဆောင်နေပါက ဆုံးရှုံးသည်ထက်ပို၍ မလိုလားအပ်သော ပြည်ထောင်စုအရေးနှင့် နိုင်ငံသားတို့၏ အနာဂတ်အရေးများ ဆုံးရှုံးရမည်သာဖြစ်ပြီး၊ ပြည်သူများမှာ နစ်နာသည်ထက် ပို၍နစ်နာကြမည် သာဖြစ်ပေသည်။
ကိုမင်းကိုနိုင်၏ ၂၀၁၅ ရွေးကောက်ပွဲအမြင်
၂၀၁၅ ရွေးကောက်ပွဲကိုမျှော်လင့်ချက်ထား၍ အိမ်မက်မက်နေသူများအတွက်လည်း ကိုမင်းကိုနိုင်က ၂၀၁၃ခုနစ် အမေရိကန်နိုင်ငံခရီးစဉ်၌
San Francisco Bay Area ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့စဉ် ၂၀၁၅ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့မည်ပုံပါဝင်ပတ်သက်မည်နည်းဟုမေးကြသောအခါ ပြန်လည်ဖြေဆိုခဲ့သည်မှာ ၎င်း၏ “တစ်သက်တာလုံးတွင် ရွေးကောက်ပွဲပေါင်းများစွာအား ကြုံလာခဲ့ရသော်လည်း ထောင်ထဲတွင်သာ အထည့်ခံရသည်ကများကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ထောင်ထဲတွင်ရှိမလား၊ အပြင်မှာ ရှိမလားဟုမသိကြောင်း၊ ရွေးကောက်ပွဲဟုအဘယ်ကြောင့် အထပ်ထပ်ပြောနေကြသည်မှာ စဉ်းစားစရာဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရပါသော်လည်း မပေးပါက ဘာများတတ်နိုင်ပါမည်နည်း” ဟု ပြောကြားခြင်းအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲအား ယုံသင့်မယုံသင့် စဉ်းစားဆင်ခြင်သင့်ကြပါသည်။ ကိုမင်းကိုနိုင်၏အဆိုအရ- ရွေးကောက်ပွဲကိုချည်းတာစူနေ၊ ဇောင်းပေးနေ၊ တစိုက်မတ်မတ် လုပ်နေမည်ဆိုလျှင် မေးခွန်းထုတ်စရာဖြစ်လာသည်မှာ အနှီရွေးကောက်ပွဲသည် -
တရားမျှတပြီး လွတ်လပ်သန့်ရှင်းပါမည်လားဆိုသည်ကို မည်သူအာမခံဦးမည်နည်း။
ရလာဒ်ကို ငြင်းမယ်ဆိုလျှင် အဘယ်သို့လုပ်ကိုင်ဆောင်ရွက်ရပါမည်နည်း။ ထို့ကြောင့် ကိုမင်းကိုနိုင်က
“ရွေးကောက်ပွဲကိုသန့်ရှင်းစေချင်ပါသည်။ ရလာဒ်ကိုဘယ်လိုနည်းနှင့်မျှ မငြင်းပယ်စေချင်ပါဖူး”
ဟု ပြောကြားခဲ့ခြင်းအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်အားသင်ခန်းစာယူ၍ နောက်ထပ် ရွေးကောက်ပွဲများအား လွယ်လွယ်နှင့် ယုံကြည်၍မရနိုင်သကဲ့သို့၊ ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့သော ရွေးကောက်ပွဲမျိုးသည် အများသူငါ ပြည်သူလူထုအတွက် အစစအရာရာသတိထားသင့်သည့် လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်စေချင်ပါသည်ဟု ကျွန်တော့အနေဖြင့် ထပ်လောင်းအကြံပြုချင်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲအကျိုးရလာဒ်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏အမြင်
မေလ ၁၈ရက် ၂၀၁၄မှာ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မန္တလေးလူထုအစည်းအဝေး ပွဲတွင်ဟောပြောခဲ့သည့်မိန့်ခွန်းတွင်- ၁၉၈၈ခုနှစ်တွင် စစ်အစိုးရသည် အိမ်စောင့်အစိုးရသဘောမျိုး တခဏလေးသာနေသွားမည်ဟုပြောပြီး နိုင်ငံအားအုပ်ချုပ်သွားကြောင်း၊ ရွေးကောက်ပွဲကျလျှင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သောအစိုးရသာလျှင် ဒီနိုင်ငံကို အုပ်ချုပ်ရမှာပါဟု ထိုအချိန်တုန်းက တပ်မတော်ခေါင်းဆောင်များက ပြောကြားခဲ့သည်။ ဤသည်ကိုဆက်စပ်၍လည်း ၁၉၉၀ ရွေးကောက်ပွဲကျင်းပခဲ့ပုံအကြောင်းကိုပါထည့်သွင်းပြောကြားခဲ့ပါသည်။
“ ၁၉၉၀ ရွေးကောက်ပွဲကျင်းပုံက တရားမျှတသလား၊ မမျှတဖူးလားဆိုတာ အဲဒီရွေးကောက်ပွဲကို မီခဲ့တဲ့သူတွေ အများစုက သိကြပါတယ်။ အဲဒီတုန်းက ဆိုရင် ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားနိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင်များဟာ အထိန်းသိမ်းခံနေရပါတယ်။ ဒီလိုဘဝနဲ့ယှဉ်ပြိုင်ရတယ်ဆိုတာဟာ တရားမျှမျှတတနဲ့ယှဉ်ပြိုင်ရတာ မဟုတ်ပါဖူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ခိုင်မာတဲ့ စိတ် ဓာတ်ကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ခဲ့ပါတယ်။ အဲလိုအပြတ်အသတ်နိုင်ခဲ့တဲ့အခါကျတော့ ကတိကို လွယ်လွယ်နဲ့ ဖျက်ပြီးတော့ အာဏာကို မလွှဲပေးတော့ပါဖူး။”
ဟု ဆင်ခြေအမျိုးမျိုးပေးကာ စစ်အုပ်ချုပ်သူများသည် ၉၀ရလာဒ်အား အတည်ပြုရန် ငြင်းဆိုခဲ့ပါသည်။
၎င်းစစ်အာဏာရှင်တို့၏ အကြောင်းပြချက်အား ဒေါ်အောင်ဆန်းစုကြည်မှ ပြောပြခဲ့သည်မှာ -
“ဒီရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ဖို့ဘဲဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်။ ဒီရွေးကောက်ပွဲကနေပြီးရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ဖြစ်တယ်။ အစိုးရဖွဲ့ဖို့မဟုတ်ဖူးဆိုပြီးတော့အဲဒီလိုပြောလာပါတယ်။ တကယ်ကျတော့ကျွန်မတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရတာမဟုတ်ပါဖူး။ အဲဒီတုန်းက တပ်မတော်အစိုးရ၊ စစ်အစိုးရက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တာပါ" ဟု မိန့်ဆိုခဲ့ခြင်းအားဖြင့် စစ်အစိုးရအဆက်ဆက်သည် ၁၉၉၀ ရွေးကောက်ပွဲအား အတည်ပြုရန်ငြင်းဆန်ရုံမျှမက၊ အခြားနည်းဖြင့် လိမ်ညာလှည့်ဖြားကာ ရွေးကောက်ပွဲနှင့်လူထုအား မလေးစားဘဲ၊ အာဏာကိုအလွဲသုံးစားပြုခဲ့သည်ကိုတွေ့နိုင်ပါသည်။
ထို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ဝင်ရောက်ယှဉ်ပြိုင်ပါက အာဏာရအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ချုပ်ချုယ်ထားသော ၂၀၀၈ အခြေခံဥပဒေပါ စည်းမျဉ်းဥပဒေများအား NLD မှ ခက်ခက်ခဲခဲ ကြိုးပမ်းဖြတ်သန်းရမည့်အပြင်၊ ရွေးကောက်ပွဲတွင်အနိုင်ရပြီး တရားဝင်အာဏာရရှိလာပါကလည်း ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ နောက်ထပ်တစ်ကြိမ်ပြန်လည်ကျူးလွန်ချိုးဖောက်ပြီး၊ ဥပဒေအားလက်တစ်လုံးခြား မပြုလုပ်နိုင်ဟု မပြောနိုင်ပါ။ ထို့ကြောင့် ၉၀ရလာဒ်အား မည်သည့်နည်းနှင့်မျှ မမေ့သင့်ကြပေ။ ၉၀ ရလာဒ်သည် ပြည်သူလူထု၏ နှလုံးသားတွင် မမေ့သင့် မမေ့အပ်သော အောင်လံထူမှုဖြစ်ခဲ့သည်။အဘယ့်ကြောင့်ဆိုသော်ကျွန်တော်တို့ဗမာပြည်နှင့်ဗမာလူမျိုးအပါအဝင်တိုင်းရင်းသားညီအစ်ကိုမောင်နှမ ရဟန်းရှင်လူပြည်သူလူထုအားလုံးတို့သည် ၁၉၉၀ခုနှစ်တွင်တိုင်းပြည်အတွက် အကောင်းဆုံးရွေးချယ်မှုနှင့်အညီ တိုင်းပြည်၏ အနာဂတ်အတွက် မဲပေးခြင်းဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခဲ့ကြပြီးပါပြီ။
ထို့ကြောင့် ကျွန်တော်တို့၏ ၁၉၉၀ မတ်လ၂၇ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်မှုသည် NLD ၏ အောင်မြင်မှုသာမက ပြည်သူလူထု၏ အောင်မြင်မှု မှတ်တိုင်အဖြစ် စိုက်ထူခဲ့ကြပြီးပြီ။ ထိုအချိန်က စစ်အာဏာရှင်တို့သည် ဥပဒေကိုလက်တစ်လုံးခြားလုပ်ခဲ့ပြီး ကျွန်တော်တို့ ပြည်သူလူထု၏ ဆန္ဒနဲ့ မျှော်လင့်ချက်များကိုရက်ရက်စက်စက်ရိုက်ချိုးခဲ့ကြ၏။ ပြည်သူလူထု၏ ဆန္ဒကို မလေးစားခဲ့ကြချေ။ ယခုအချိန်ထိလဲ ၂၀၀၈အခြေခံဥပဒေကို အကာအကွယ်ယူပြီး၊ ပြည်သူလူထုအား အမျိုးမျိုးလှည့်ကွက်ဆင်လျှက်ရှိနေသေး၏။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏သမိုင်းတွင် ပြည်သူက ရွေးချယ်တင်မြှောက်ပေးလိုက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်နှင့်စစ်မှန်သည့်ဒီမိုကရေစီနိုင်ငံတော်သည်ကား မုချမသွေ ပေါ်ထွန်းလာရန်သာ မျှော်လင့်မိပါကြောင်း ဆန္ဒပြုလိုက်ရပါသည်။
by Kyaw Naing via Martin Swe
26/5/2014
ကိုးကား
Min Ko Naing & Ko Ko Gyi with SF Bay Area Burmese Community - part 3
http://www.youtube.com/watch?feature=relmfu&v=hOyZ3vQaiZk&rl=yes&guid&hl=en&client=mv-samsung-bada&gl=MY&app=desktop

ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မန္တလေးလူထုအစည်းအဝေး ဟောပြောချက်
https://www.youtube.com/watch?v=Ii89N_34_Tw

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။