"မောင်မောင်ဇော်လတ်ပြောတဲ့ အယ်ဖြူအကြောင်း"
----------------------------------------------------
ကျွန်တော်တို့ပထမဆုံးစရောင်းတဲ့သီချင်းက ကိုငှက်ကိုအရင်ရောင်းတာ။ဒါပေမယ့် အရင် နှင်းဆီလှိုင်းကပရိုဂျူဆာကိုဇော်သစ်က ကိုငှက်နဲ့တအိမ်တည်းနေတာဆိုတော့ တာရာ့အတွက် သီချင်းလိုတယ်ဆိုပြီး ကိုငှက်ဆီကဖြတ်ယူလိုက်တာ။
အဲဒီခေတ်တုန်းက ကျွန်တော်တို့သီချင်းရေးခ ၁၅၀၀လားမသိဘူးရတယ်။အဲဒီခေတ်က၁၅၀၀ဆိုတာ တော်တော်တန်ဖိုးတော့ရှိပါတယ်။သီချင်းအားလုံးပေါင်းရောင်းရငွေ အဲဒီတုန်းက ၈၀၀၀လားမသိဘူး ရလိုက်တယ်။
အယ်ဖြူသီချင်းရော ကျွန်တော့်သီချင်းရောပေါ့။အဲဒီလိုသီချင်းရေးခရလာတော့ ကျွန်တော်ချက်ချင်းပဲ အဲဒီပိုက်ဆံတွေကိုယူပြီးတောင်ကြီးပြန်တယ်။တောင်ကြီးရောက်တော့ သူ့ကိုအိမ်မှာသွားရှာတယ်။ထုံးစံအတိုင်း ကျွန်တော်တို့မာကျူရီအဖွဲ့က သူငယ်ချင်းတွေလည်း ရှိနေတယ်။
ကျွန်တော်က သူ့ကိုတွေ့တွေ့ချင်း"ဟေ့ကောင် သီချင်းရောင်းရတဲ့ပိုက်ဆံတွေ ပါလာပြီကွ"ဆိုတော့ သူက အေးဆေးပဲပြန်ပြောတယ်။"အေး....အဲဒီပိုက်ဆံတွေနဲ့ငါတို့သူငယ်ချင်းတွေ အရက်သွားသောက်ကြမယ်ကွာ"တဲ့ အဲဒီလိုနဲ့ကျွန်တော်တို့ ခါတိုင်းမစားဖူး မသောက်ဖူးတဲ့ လျှံယူဆိုတဲ့စားသောက်ဆိုင်မှာ အရက်သွားသောက်ကြတယ်။မစားဖူးတဲ့အစားအသောက်တွေလည်းမှာစားကြတယ်။
သူငယ်ချင်းတွေကိုလည်း အုပ်စုလိုက်ခေါ်သွားတော့ နောက်ဆုံး ပိုက်ဆံလည်းရှင်းရော ကားခတောင် မရှိတော့ဘူး။လမ်းလျှောက်ပြန်ခဲ့ရတယ်။အဲဒီအချိန်ကစပြီး ကျွန်တော်နဲ့သူ ဂီတလောကထဲကို စရောက်တယ်လို့ ပြောရမှာပေါ့။
Credit : Loud Speaker
--------------------------
ကျွန်တော်တို့ပထမဆုံးစရောင်
အဲဒီခေတ်တုန်းက ကျွန်တော်တို့သီချင်းရေးခ ၁၅၀၀လားမသိဘူးရတယ်။အဲဒီခေတ်
အယ်ဖြူသီချင်းရော ကျွန်တော့်သီချင်းရောပေါ့။အ
ကျွန်တော်က သူ့ကိုတွေ့တွေ့ချင်း"ဟေ့ကော
သူငယ်ချင်းတွေကိုလည်း အုပ်စုလိုက်ခေါ်သွားတော့ နောက်ဆုံး ပိုက်ဆံလည်းရှင်းရော ကားခတောင် မရှိတော့ဘူး။လမ်းလျှောက်ပြန
Credit : Loud Speaker
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။