ယူတဲ့နေရာ ပြန်ထားပါ
***********************
“ကိုလိုနီလက်ထက်က ရန်ကုန်ဟာ တကယ့်ကို သန့်ရှင်းတာတဲ့။ အမှိုက်တစ်စ မရှိဘူး။ ညဘက်ဆို ရေဆေးတယ်။ နောက်ဖေးလမ်းကြားက အင်မတန် သန့်ရှင်းတယ်။
မြောင်းတွေဆိုလည်း ရေတွေ ကြည်နေတာပဲတဲ့”
***********************
“ကိုလိုနီလက်ထက်က ရန်ကုန်ဟာ တကယ့်ကို သန့်ရှင်းတာတဲ့။ အမှိုက်တစ်စ မရှိဘူး။ ညဘက်ဆို ရေဆေးတယ်။ နောက်ဖေးလမ်းကြားက အင်မတန် သန့်ရှင်းတယ်။
မြောင်းတွေဆိုလည်း ရေတွေ ကြည်နေတာပဲတဲ့”
ပါလီမန် ဒီမိုကရေစီခေတ်မှာအကောင်းဆုံးဖြစ်အောင် ပြုပြင်တယ်လို့ပြောနိုင်တယ်။
ဒီလိုသုံးတာ ကောင်းတာပေါ့။ ဒါပေမဲ့ ပြီးရင်ပြန်ထားပေါ့။ သူ့နေရာသူ ပြန်မထားတော့ အဆင်မပြေတာတွေ ဖြစ်ကုန်တာပဲကွ”
ဒီလိုသုံးတာ ကောင်းတာပေါ့။ ဒါပေမဲ့ ပြီးရင်ပြန်ထားပေါ့။ သူ့နေရာသူ ပြန်မထားတော့ အဆင်မပြေတာတွေ ဖြစ်ကုန်တာပဲကွ”
“ကျွန်တော်မေးမယ်ဆရာ၊ စိတ်တော့မရှိပါနဲ့။ ဆရာတို့ ဒီဘက်ခေတ်မှာ ဘာတွေပြန်မထားတာလဲ”
“ပြောရမှာ အများကြီးပါပဲ၊ တို့ အတွင်းဝန်ရုံးကြီး ရှိတယ်မဟုတ်လား။ အဲဒီရုံးမှာ အတွင်းဝန်ဆိုတာတွေရှိတယ်။ အတွင်းဝန်တွေဟာ အုပ်ချုပ်ရေးကို ကျွမ်းကျင်တယ်။ သူတို့ဟာ ဝန်ကြီးတွေရဲ့ အကြံပေးတွေသာ မကဘူး။အုပ်ချုပ်ရေးယန္တရားကိုလည်ပတ်စေသူတွေ ဖြစ်တယ်။
ဥပမာ ဝန်ကြီးတစ်ဦးဟာ ဘာလုပ်ခွင့်ရှိတယ် မရှိဘူးဆိုတာ သူတို့ပြောပြနိုင်တယ်။ အရင်ဝန်ကြီးတွေ ဘာလုပ်ထားလဲဆိုတာတွေ ရှိတယ်။ စာရင်းဇယား အပြည့်အစုံတွေရှိတယ်”
ဥပမာ ဝန်ကြီးတစ်ဦးဟာ ဘာလုပ်ခွင့်ရှိတယ် မရှိဘူးဆိုတာ သူတို့ပြောပြနိုင်တယ်။ အရင်ဝန်ကြီးတွေ ဘာလုပ်ထားလဲဆိုတာတွေ ရှိတယ်။ စာရင်းဇယား အပြည့်အစုံတွေရှိတယ်”
“ဆရာပြောတာ ဗျူရိုကရေစီယန္တရားပေါ့ ဟုတ်လား”
“ဒီကြိုးနီစနစ်တို့ ဗျူရိုကရေစီယန္တရားတို့ဟာ ပြည်သူတွေကို နှိပ်စက်တယ် မဟုတ်လား”
“မဟုတ်ဘူး။ မှားနေတယ်။ သူက စာရင်းဇယားကျန်အောင် လုပ်ပေးတာပဲ။ ဥပမာ မြေတစ်ကွက်ကို အဖွဲ့အစည်းတစ်ခုက သိမ်းပိုက်မယ်ဆိုရင် လုပ်လို့ရတာ မရတာတွေကို သူတို့ထောက်ပြလို့ရတယ်။ အမှားအမှန် ဝေဖန်ပြလို့ရတယ်။ ခုလက်ရှိတော့ မဟုတ်ဘူးပေါ့လေ။
စောဦးပိုင်းက မြေတွေကို ထင်ရာမြင်ရာလုပ်ပြီး ယူလိုက်ကြတာ မြေတိုင်းစာရေးတွေအားလုံး သူဌေးဖြစ်ကုန်တော့တယ်”
စောဦးပိုင်းက မြေတွေကို ထင်ရာမြင်ရာလုပ်ပြီး ယူလိုက်ကြတာ မြေတိုင်းစာရေးတွေအားလုံး သူဌေးဖြစ်ကုန်တော့တယ်”
“ဒါက အတော်ဆိုးတာပဲပေါ့”
“ဆိုးတာပေါ့ကွာ၊ လွတ်လပ်ရေးဆိုတာ တို့ပိုင်တဲ့မြေ၊ တို့ဆိုင်တဲ့မြေ တို့တစ်တွေခံစား စံစားနိုင်ပါစေတဲ့”
“ပြည်သူတွေ ပိုင်တာပေါ့နော်”
“မှန်တယ် တို့ပြည်သူတွေ ပိုင်တယ်။ ဒါတွေကို စနစ်တကျ ခွဲဝေပေးရမယ်။ ပိုင်တာတွေကို အသိအမှတ်ပြုရမယ်။ အမျိုးမျိုးအကြောင်းပြ သိမ်းယူတယ်ဆိုတာ နှိပ်စက်သလို ဖြစ်နေတာပေါ့။ ခုခေတ်မှာ ခရိုနီကြီးတွေက ဘာမှမလုပ်တော့ပေမယ့် နောက်ခရိုနီ အငယ်တွေကလည်း ဒီလိုဥပဒေကို လက်တစ်လုံးခြား လုပ်လာကြတယ်။ လယ်တွေကို ရေဖြတ်တယ်။ ဒါမှမဟုတ် ရေကြီးအောင်လုပ်တယ်။ ပြီးတော့ စိုက်လို့မဖြစ်ဘူးဆိုပြီး သိမ်းတာတွေ အများကြီးပဲ”
“တို့နိုင်ငံမှာ စိတ်ကောင်းစေတနာကောင်းတွေနဲ့ လုပ်ပြဖို့လိုတယ်။ မမှန်တာတွေ မလုပ်ပါနဲ့။ သူ့နေရာသူ ပြန်ထားဖို့လိုတယ်။ ကြုံတုန်းပြောစရာတစ်ခုရှိတယ်”
“ဟုတ်ကဲ့ဆရာရယ်၊ ကျွန်တော်တို့ မြန်မာမှာလည်း အရှင်မပေးတဲ့ပစ္စည်းကို ယူတာတောင်
မဟုတ်ဘူး။ နေရာပြောင်းထားရင် ခိုးမှုပဲ။ ရဟန်းတော်တွေမှာဆို အကြီးဆုံးပြစ်မှု ပါရာဇိကကံ ထိုက်တယ်။ ရဟန်းမဖြစ်တော့ဘူးပေါ့”
မဟုတ်ဘူး။ နေရာပြောင်းထားရင် ခိုးမှုပဲ။ ရဟန်းတော်တွေမှာဆို အကြီးဆုံးပြစ်မှု ပါရာဇိကကံ ထိုက်တယ်။ ရဟန်းမဖြစ်တော့ဘူးပေါ့”
“ဒါကြောင့် ကျွန်တော့်အဘိုးပြောတာပေါ့။ ယူတော့ယူသုံးပါ၊ သုံးပြီးရင် ပြန်ထားပါဆိုတာ”
“ဒီမိုကရေစီယူသွားတဲ့ စစ်တပ်လည်း သုံးပြီး သူ့အတိုင်းထားဖို့ပေါ့”
“ကောင်းဗျာ၊ ကောင်းဗျာ”
ဒေါက်တာခင်မောင်ညို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။