Melvin Moe added 2 new photos.
စစ်ရေးအမြင် မရှိတဲ့ ရှေ့နေ တစ်ယောက်အုပ်ချုပ်ခဲ့တဲ့ စင်္ကာပူ နိုင်ငံက စစ်သားနဲ့၊ စစ်ရေးအမြင်ရှိတယ်လို့ ထင်နေတဲ့ မြန်မာစစ်ခေါင်းဆောင်များအုပ်ချုပ်ခဲ့တဲ့ မြန်မာပြည်က စစ်သား တွေရဲ့ ဘ၀ ကို နှိုင်းယှဉ်ကြည့်ပါ။
၂၀၁၄ မှာ မြန်မာစစ်သား ၀တ်ထားတဲ့ချပ်ဝတ်တန်ဆာ က ဒုတိယ ကမ္ဘာစစ်ဖြစ်တဲ့အချိန် ၁၉၃၉ - ၁၉၄၅ က စစ်သားတွေရဲ့ အဆင့်အတန်း ကိုတောင် မမှီသေးပါဘူး။
တိုင်းပြည်ရဲ့ ငွေကို ချွေတာ တာပါလို့၊ ခင်ဗျားတို့ကတော့ အကြောင်းပြချက်ပေးမှာပေါ့။ ဒါပေမယ့် ခင်ဗျားတို့ ရဲ့ အကြောင်းပြချက်က အလိမ်အညာကြီးဆိုတာ ခင်ဗျားတို့သိပါတယ်။
မြန်မာပြည်ရဲ့ အဓိက ပြသနာ က လူကိုတန်ဖိုးမထားတာပါ။ လူတစ်ယောက်ရဲ့ အသက်ကို တန်ဖိုးမထားတတ်တာ။ ဒါကို ခင်ဗျားတို့က စစ်ရေးအမြင်လို့လွဲမှားစွာ ယုံကြည်နေတယ်။ ကျွန်တော်တို့ နိုင်ငံအတွက်တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေကို ပြည်တွင်းစစ်မှာ ဖြုန်းတီးပြစ်နေတာကို ခင်ဗျားတို့က ချွေတာတယ်လို့ထင်နေတယ်။
လူသားအရင်းအမြစ် ဆိုတာ ဘာမှန်းနားမလည်တဲ့ အစိုးရ အုပ်ချုပ်နေသမျှ မြန်မာပြည် ဒီထက်ပို စုတ်ပြတ်သပ် ဖို့ ဘဲ ရှိပါတော့တယ်ဗျာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။